Viking
 ခေတ်ကာလ ဖြစ်သည့် သက္ကရာဇ် ၈၅၄ ခန့်က မြှုပ်နှံခဲ့သည်ဟု ယူဆရသော 
ရှားပါးသည့် အာရပ် ငွေဒင်္ဂါးများအား ဘောလ်တစ် ပင်လယ်အတွင်းရှိ ဒိန်းမတ် 
နိုင်ငံပိုင် ဘွန်းဟွမ်လ် ကျွန်းတွင် ရှာဖွေ တွေ့ရှိခဲ့ သည်ဟု 
အဆိုပါကျွန်း၏  ပြတိုက် တာဝန်ခံက အောက်တိုဘာ ၁၁ ရက်က ပြောကြား ခဲ့ကြောင်း 
သိရသည်။ အဆိုပါ ငွေဒင်္ဂါးများသည် ရှစ်ရာစုက ငွေဒင်္ဂါးများ ဖြစ်ြ
ပီး
 ထိုခေတ် အခါက အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံများတွင် အာရပ်နှင့် 
ပါရှားငွေဒင်္ဂါး များအား သွန်းလုပ်ကာ အသုံးပြုနေပြီ ဖြစ်ကြောင်း ၄င်းက 
ထပ်လောင်း ပြောကြား ခဲ့သည်။ အလုပ် သင် ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးသည် 
ယခုနှစ် စက် တင်ဘာလအတွင်း အာရပ် ငွေဒင်္ဂါးများအား ဦးစွာရှာဖွေ 
တွေ့ရှိခဲ့ပြီးနောက် အဆိုပါပြတိုက်မှ  တာဝန်ရှိသူ များက ဘွန်းဟွမ်လ် 
ကျွန်းပေါ်တွင် တူးဖော်ခဲ့ကြရာမှ အာရပ်နှင့် ပါရှားငွေဒင်္ဂါး ၁၅၂ ပြား ကို 
တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက သတင်းဌာန များသို့ ပြောကြား ခဲ့သည်။
 
http://www.facebook.com/mwdmedia?ref=stream 

No comments:
Post a Comment