နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန်
 မိမိ Computer ကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် 
ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ 
ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ 
ကြည့်လို့ရပေမယ့် ဘယ်အချိန်မှာဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ 
မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်/မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက်ရတဲ့ စက်များကတော့ Firefox တို့ Internet 
Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ 
ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ 
ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ 
သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။
1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A321593&xgs=1&xg_source=msg_share_post
   
      
    !-kp-3နည်းပညာ-http:>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment