ထူးထူးဆန်းဆန်း
 လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ 
အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် 
အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် 
သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို 
ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။ 
ပုံမှာမြင်ရတဲ့ဘုရားကျောင်းဟာ
 အတွင်းထဲမှာတော့ လူ့အရိုးပေါင်းများစွာနဲ့ မျက်နှာကျက်တွေ နံရံတွေ၊ 
တိုင်တွေမှာ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ချက်ဇ်ရီပတ်ပလစ်နိုင်ငံမှာ တည်ရှိတဲ့
 Ossuary ဘုရားကျောင်းဟာ ဘယ်လိုများ တန်ဆာဆင်ထားသလဲဆိုတာ သိချင်ရင် 
ဘုရားကျောင်းထဲ ဝင်ကြည့်ကြပါစို့လားရှင်။

ပုံမှာ
 မြင်ရတဲ့အတိုင်းပါဘဲ။ အားလုံးမြင်နေရတဲ့ အရိုးတွေ ဦးခေါင်းတွေဟာ တကယ်ကို 
လူရိုးတွေ ဖြစ်ပါ တယ်။ Ossuary ဘုရားကျောင်းဟာ (Bone Church) လို့ 
လူသိများပြီး ချက်ဇ်လိုတော့ Kostnice လို့ခေါ်ကြပါတယ်။ လူပေါင်း ၄၀၀၀၀ 
ခန့်ရဲ့ အရိုးများကို ခင်းကျင်း ဆင်ယင်ထားတာ ဖြစ်ပြီး ဒီဘုရားကျောင်းကို 
၁၃ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ အဆောက် အဦး 
ဖြစ်သော်လည်း အလင်း ဝင်ပေါက်မှာ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်း ကနေသာ 
ဝင်ရောက်နိုင်အောင် စီမံထားတာဖြစ်လို့ ဘုရားကျောင်းထဲမှာ လျှပ်စစ်မီးသာ 
မရှိလျှင် အေးစိမ့် မှုန်မှိုင်းနေမှာ သေချာပါတယ်။ ဘုရားကျောင်းရဲ့ နံရံ၊ 
မျက်နှာကျက် ကြည့်လေရာရာ နေရာတိုင်းမှာ လူတွေရဲ့ အရိုးတွေကို 
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အဲဒီအရိုးတွေဟာ
 ဘုရားကျောင်းရဲ့ သင်္ချိုင်း မှာ နောက်ထပ် အသစ်ရောက်လာတဲ့ လူသေ အလောင်းများ 
မြုပ်နှံရန် နေရာ လွတ်အတွက် ယခင်ကမြုပ်နှံ ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို 
ဘုရားကျောင်းမှာ ထိန်းသိမ်းထားရာကနေ ခုလို ပြုပြင်ဖန်တီးဖို့ စိတ်ကူး ရကာ 
ပြင်ဆင်
ထားခဲ့တာဖြစ်ပါတယ်။ 
ဘုရားကျောင်း 
မျက်နှာကျက်ပေါ်မှာလည်း အရိုးတွေချိတ်ဆွဲထားတဲ့အပြင် 
မီးပန်းဆိုင်းကိုပင်လျှင် ပုံမှာ မြင်ရတဲ့အတိုင်း အရိုးများနဲ့ 
ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီမီးပန်းဆိုင်းဟာ မရဏမင်းရဲ့ 
မီးပန်းဆိုင်းလို့လည်း တင်စားကြပါသေးတယ်။
အထက်ပါ ဘုရားကျောင်းဟာ 
လာရောက်ကြည့်ရှုလေ့လာသူများအတွက် တစ်နှစ်ပတ်လုံး ဖွင့်ထားပြီး ဒီဇင်ဘာလ 
၂၄ရက်နဲ့ ၂၅ရက် ၂ရက်တည်းသာ ပိတ်ပါတယ်။ ဝင်ကြေးမှာ ချက်ဇ်ငွေ 40Kč ဖြစ်ပြီး 
ကျောင်း သူကျောင်းသားများ ဆိုရင်တော့ 20Kč သာ ပေးရမှာ ဖြစ်ပါတယ်။ 
ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကင်မရာအတွက် အပိုကြေး 30Kč ထပ်မံ 
ပေးဆောင်ကြရမှာဖြစ်ပါတယ်။
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1421439&xgs=1&xg_source=msg_share_post 
No comments:
Post a Comment