“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, February 11, 2014

ထူးခြားဆန်းပြားတဲ့ မော်တော်ဆိုင်ကယ်များ

ထူးထူးဆန်းဆန်း စိတ်ကူးစိတ်သန်းများနဲ့ ကြံဆတီထွင်ထားတဲ့ ကမ္ဘာတစ်လွှားက မော်တော်ဆိုင်ကယ်များနဲ့ မိတ်ဆက်ပေးပါဦးမယ်..

ကြောက်စရာ သားရဲတိရိစ္ဆာန်ဒီဇိုင်းနဲ့ မော်တော် ဆိုင်ကယ်

ပထမဦးဆုံး မိတ်ဆက်ပေးမဲ့ဆိုင်ကယ်က သားရဲတိရိစ္ဆာန်ပုံတွေနဲ့ ကြီးကြီးမားမား ဆိုင်ကယ်ကြီးဖြစ်ပါတယ်..  ဆိုင်ကယ်ဘေးတစ်ဘက် တစ်ချက်မှာ ဦးခေါင်းခွံ ပုံသဏ္ဍာန်များနဲ့ တန်ဆာဆင်ထားပါတယ်.. နယူးဂျာစီ မှာရှိတဲ့ Pitstop Motors အရောင်းပြခန်းမှာ ရောင်းချထားတဲ့

ဒေါ်လာ ၄၀၀ ပေးပြီး ၀ယ်သွားတဲ့ တွယ်ချိတ်

ဒေါ်လာ ၄၀၀ ပေးပြီး ၀ယ်သွားတဲ့ တွယ်ချိတ်

.........................................................

တွယ်ချိတ် (Safety Pin) ကို ၁၈၂၅ ခုနှစ်က Walter Hunt အမည်ရ အမေရိကန် နိုင်ငံသား တီထွင်ပညာရှင် တစ်ဦးက တီထွင်ခဲ့တာ ဖြစ်ပါတယ်။
တီထွင်ပုံက ထူးဆန်းပါတယ်။ Walter Hunt ဟာ အကြွေး ၁၅ ဒေါ်လာ ရှိနေပြီး ပြန်ဆပ်ဖို့ ခဲယဉ်းနေပါတယ်။ ဒါကြောင့် ၁၅ ဒေါ်လာ အချိန်တိုတွင်း ဘယ်လို ရနိုင်တယ်ဆိုတာကို ခန့်မှန်းရင်း အိမ်မှာရှိတဲ့ သံတိုသံစတွေနဲ့ ပစ္စည်း တစ်ခု စမ်းလုပ်ပါတယ်။ စပရင် သေးသေးလေး ကြားညပ်ပြီး သံတိုလေး ကွေးပြီး ဆက်လိုက်တဲ့အခါ လိုရာ တွယ်ချိတ်လို့ရတယ့် ပင် တစ်ချောင်း ဖြစ်လာပါတယ်။ သူ့ကို Safety Pin လို့ နာမည်ပေးပါတယ်။
တီထွင်ပြီး ၁၈၂၅ ဆိုပေမယ့် မူပိုင်ခွင့် ဥပဒေတို့ အမေရိကန်မှာ အခိုင်အမာ ရှိပါတယ်။ ဒါကြောင့် တီထွင်သူ Walter Hunt ဟာ သူ့ရဲ့ ဖန်တီးချက်ကို မှတ်ပုံတင် မူပိုင်ယူပြီး Simple တစ်ခု စတင် ထုတ်လုပ်ပါတယ်။ သူ စတင် ထုတ်လုပ်လိုက်တဲ့ တွယ်ချိတ် (Safety pin) ကို အမေရိကန်ဒေါ်လာ ၄၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ Safety Pin တင်မကပဲ အဝတ်အထည်နှင့် အထည် ချုပ် လုပ်ငန်းအတွက် အသုံးဝင်တဲ့ စက်ပစ္စည်း တော်တော် များများ ကို Walter Hunt က တီထွင်ပေးနိုင်ခဲ့ပါတယ်။
ပြီးတော့ သူစတင်ရောင်းချတဲ့ Safety Pin ဟာ အမေရိကန်ဒေါ်လာ ၄၀၀ တန်ခဲ့ဖူးတာဟာလည်း သမိုင်းတွင်ခဲ့ပါတယ်။
---
Ref:mazefacts
 အောင်ခမ်း ( ရိုးရာလေး )တွယ်ချိတ် (Safety Pin) ကို ၁၈၂၅ ခုနှစ်က Walter Hunt အမည်ရ အမေရိကန် နိုင်ငံသား တီထွင်ပညာရှင် တစ်ဦးက တီထွင်ခဲ့တာ ဖြစ်ပါတယ်။
တီထွင်ပုံက ထူးဆန်းပါတယ်။ Walter Hunt ဟာ အကြွေး ၁၅ ဒေါ်လာ ရှိနေပြီး ပြန်ဆပ်ဖို့ ခဲယဉ်းနေပါတယ်။ ဒါကြောင့် ၁၅ ဒေါ်လာ အချိန်တိုတွင်း ဘယ်လို ရနိုင်တယ်ဆိုတာကို ခန့်မှန်းရင်း အိမ်မှာရှိတဲ့ သံတိုသံစတွေနဲ့ ပစ္စည်း တစ်ခု စမ်းလုပ်ပါတယ်။ စပရင် သေးသေးလေး ကြားညပ်ပြီး သံတိုလေး ကွေးပြီး ဆက်လိုက်တဲ့အခါ လိုရာ တွယ်ချိတ်လို့ရတယ့် ပင် တစ်ချောင်း ဖြစ်လာပါတယ်။ သူ့ကို Safety Pin လို့ နာမည်ပေးပါတယ်။
တီထွင်ပြီး ၁၈၂၅ ဆိုပေမယ့် မူပိုင်ခွင့် ဥပဒေတို့ အမေရိကန်မှာ အခိုင်အမာ ရှိပါတယ်။ ဒါကြောင့် တီထွင်သူ Walter Hunt ဟာ သူ့ရဲ့ ဖန်တီးချက်ကို မှတ်ပုံတင် မူပိုင်ယူပြီး Simple တစ်ခု စတင် ထုတ်လုပ်ပါတယ်။ သူ စတင် ထုတ်လုပ်လိုက်တဲ့ တွယ်ချိတ် (Safety pin) ကို အမေရိကန်ဒေါ်လာ ၄၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ Safety Pin တင်မကပဲ အဝတ်အထည်နှင့် အထည် ချုပ် လုပ်ငန်းအတွက် အသုံးဝင်တဲ့ စက်ပစ္စည်း တော်တော် များများ ကို Walter Hunt က တီထွင်ပေးနိုင်ခဲ့ပါတယ်။
ပြီးတော့ သူစတင်ရောင်းချတဲ့ Safety Pin ဟာ အမေရိကန်ဒေါ်လာ ၄၀၀ တန်ခဲ့ဖူးတာဟာလည်း သမိုင်းတွင်ခဲ့ပါတယ်။
---
Ref:mazefacts
အောင်ခမ်း ( ရိုးရာလေး )

Monday, February 10, 2014

အကြော် များများ စားရင် အသည်း အတွက် မကောင်း

အကြော် များများ စားရင် အသည်း အတွက် မကောင်း

အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး

အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ အစီစဉ် တစ်ခုမှာ ထုတ်လွင့် သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကြက်ကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်တွေက အဆိုးဆုံး ဖြစ်ပြီး အဲဒီအထဲမှာ ထည့်ထားတဲ့ ပါဝင်တဲ့ ပစ္စည်း တချို့က ကျန်းမာရေး အတွက် မကောင်းဘူးလို့ သိရ ပါတယ်။ ဥပမာ - အာလူးကြော်မှာ ဆားထည့်တယ်၊ ဆီထဲထည့် ကြော်တာကို သိကြပါတယ်။ ဒါပေမဲ့ သကြားလည်း ထည့်သုံးတယ်၊ ဘာကြောင့် လဲဆိုတော့ ရွှေရောင် တမ်းပြီး ကြွတ်ရွနေတာ ဖြစ်အောင် သုံးတာ ဖြစ်ပါတယ်။ ဆားရယ်၊ ဆီရယ်၊ သကြားရယ် မကောင်းတဲ့ အရာ ၃ မျိုး ပါဝင်နေပါတယ်။ သုံးထားတဲ့ ဆီပမာဏ တွေကြောင့် ကြာလာရင် အသည်း အဆီဖုံးတာ ဖြစ်လာကြတယ်၊ အသည်း ထဲက အင်ဇိုင်းဓာတ်တွေ ပြောင်းလဲသွားပြီး အဲဒါက အသည်းရောဂါဖြစ်ပုံနဲ့ သွားတူနေတယ်လို့ Dr. Drew Ordon က ရှင်းပြပါတယ်။

fast food ဆိုင်တွေမှာ အကြော်တွေ မစားဘဲ ကျန်းမာမယ် လတ်ဆတ် မယ်လို့ ထင်ရတဲ့ အရွက်စုံ သုတ် (salad) ကို မှာစားရင်လဲ ဓာတုပစ္စည်း ထည့်သုံးခြင်း ရှိမရှိ မသိရတာကြောင့် စိတ်မချ ရပါဘူး။ တချို့ဆိုင် တွေမှာ အရွက်တွေထဲမှာ propylene glycol ဓာတု ပစ္စည်း ထည့်ထားပြီး အဲဒါက အရွက်တွေ မနွမ်းအောင် မညှိးအောင် ထိန်းပေးတာ ဖြစ်ပါတယ်။ propylene glycol ဆိုတာက anti-freeze အမျိုးအစားလို ဖြစ်ပြီး စားသုံးဖို့ မသင့်ကြောင်း Dr. Drew Ordon က ပြောသွားပါတယ်။

(Ref; Daily Mail, Feb 16, 2013, Eating fast food regularly has the same impact on the liver as hepatitis, study finds)

Myanmar1 အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး

အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ အစီစဉ် တစ်ခုမှာ ထုတ်လွင့် သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကြက်ကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်တွေက အဆိုးဆုံး ဖြစ်ပြီး အဲဒီအထဲမှာ ထည့်ထားတဲ့ ပါဝင်တဲ့ ပစ္စည်း တချို့က ကျန်းမာရေး အတွက် မကောင်းဘူးလို့ သိရ ပါတယ်။ ဥပမာ - အာလူးကြော်မှာ ဆားထည့်တယ်၊ ဆီထဲထည့် ကြော်တာကို သိကြပါတယ်။ ဒါပေမဲ့ သကြားလည်း ထည့်သုံးတယ်၊ ဘာကြောင့် လဲဆိုတော့ ရွှေရောင် တမ်းပြီး ကြွတ်ရွနေတာ ဖြစ်အောင် သုံးတာ ဖြစ်ပါတယ်။ ဆားရယ်၊ ဆီရယ်၊ သကြားရယ် မကောင်းတဲ့ အရာ ၃ မျိုး ပါဝင်နေပါတယ်။ သုံးထားတဲ့ ဆီပမာဏ တွေကြောင့် ကြာလာရင် အသည်း အဆီဖုံးတာ ဖြစ်လာကြတယ်၊ အသည်း ထဲက

ပင်လယ်စာချဉ်စပ်ဟင်းရည်( Hot & Spicy Sea Foods Soup)

ပင်လယ်စာချဉ်စပ်ဟင်းရည်( Hot & Spicy Sea Foods Soup)
****************************************

ပါဝင်ပစ္စည်းများ....

ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၃ လီတာ
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော......................၁ တက် ( ပါးပါးလှီး)
ချင်း............................၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
ရှမ်းနံနံ 
တောရှောက်ခါးရွက်..
ငရုတ်သီးစိမ်းတောင့်..။

အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားမယ်ဗျာ..။

အိုးတစ်လုံးမှာရေနွေးကိုဆူအောင်တည်ပြီး..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးရေနွေးဖျောကာ ..အအေးခံထားပါ။

ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ(ကြည်လင်စေရန်..
အမြှုပ်များကိုခပ်ထုပ်ပစ်ပါ.)

မိမိဆေးကြောသန်.စင်ထားသောပင်လယ်စာများကို.ရေနွေးဆူဆူတွင်ခေတ္တရေနွေးဖျောပေးပါ..။
(သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်).ရေအေးဖြင့်ဆေးပြီး.ရေစစ်ပါ။

ပါဝင်ပစ္စည်းများကိုလိုအပ်သလိုလှီးဖြတ်သန်.စင်ထားပါ...။

အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်...။

ပထမဆုံးကြည်လင်သော
ကြက်ရိုးပြုတ်ရည်ထဲသို.ကြက်သွန်နီလေးစိတ်နှင့်..စပါးလင်.ပဒဲကော၊ချင်း၊
တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။

အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်(သုံးတတ်ပါက)၊ငါးငံပြာရည်၊
သကြားတို.ဖြင့်ဖြည့်စွက်ပါ။

ပာင်းရည်တစ်ခါဆူပွက်လာလျှင်...သန်.စင်ထားသောမှိုကိုထည့်ပါ။ မှိုထည့်ပြီးနောက်တစ်ခါထပ်ဆူပွက်လာလျှင်..မီးပြင်းကို.လျှော့ချပါ(မီးပြင်း
ပြင်းနှင့်ထားလျှင်..မိမိချက်သောပာင်းရည်နောက်ကျိသွားနိုင်ပါသည်...)

ရေနွေးဖျောထားသောပင်လယ်စာတွေကိုထည့်ပေါင်းပါ။

ထိုအချိန်တွင်..ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး..သံပုရာရည်(သို.)ရှောက်ရည်(အသီးကိုညှစ်ထည့်ပါက..ပိုမိုကောင်းမွန်)။ချဉ်....ငံ...စပ်...အရသာကိုတော့မိမိနှစ်ပိုနှစ်သက်သလိုထည့်ပါ.ဥပမာ..ချဉ်တာလေးကို
ပိုကြိုက်ရင်..အချဉ်လေးပိုထည့်ပေးလိုက်ပါ။

မိမိစားသုံး(သို.)ဧည့်ခံကာနီးမှ...ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီး
( ကြိုက်နှစ်သက်ပါက..နံနံပင်လေးပါ)ထည့်သုံးဆောင်နိုင်ကြပါတယ်....။

ချစ်သူငယ်ချင်းများ...။ချစ်မိတ်ဆွေများ...ဒီနေ.ပဲ..စမ်းကြည့်လိုက်ကြပါလား..
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား...။။။။
ပါဝင်ပစ္စည်းများ....

ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၃ လီတာ
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော......................၁ တက် ( ပါးပါးလှီး)
ချင်း............................၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
ရှမ်းနံနံ
တောရှောက်ခါးရွက်..
ငရုတ်သီးစိမ်းတောင့်..။

အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားမယ်ဗျာ..။

အိုးတစ်လုံးမှာရေနွေးကိုဆူအောင်တည်ပြီး..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးရေနွေးဖျောကာ

ဘာဘီရုပ်နှင့် တူသော ကောင်မလေး

ဒီအကြောင်းလေးသိတာတော့ ကြာနေပါပြီ ။ အခုမှပဲတင်ဖြစ်တာ။ အခုပြောမယ့်ကောင်မလေးက တရုတ်နိုင်ငံသူဖြစ်ပါတယ်။ ၁၈ ရက် ဇန်န၀ါရီလ ၁၉၉၃ ခုနှစ်မှာ မွေးတဲ့သူလေးဖြစ်ပါတယ်။ သူ့ရဲ့ နာမည်က Wang Jia Yun ဖြစ်ပါတယ်။ အခုလောလော ဆယ်တော့ ကျောင်းတက်တုန်းပါ။ တရုတ်မှာ ရှိတဲ့ကောင်မလေးက တရုတ်မှာ နာမည်ကြီးတာထက် ကိုရီးယားမှာ အရမ်းနာမည်ကြီးနေပါတယ်။ ကိုရီးယား အင်တာနက် စာမျက်နှာ မှာ ထိပ်ဆုံးမှာရှိနေတယ်လို့ သိရပါတယ်။ ကိုးရီးယား စာရေးဆရာ တစ်ယောက်ကဆို မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားပါတယ်။ Photoshop နဲ့ပြင်ထားပါတယ်လို့ သံသယ၀င်ပါတယ်။ ဒါပေ့မယ် သူရဲ့ ဘလော့ရယ်၊သူရဲ့ ဖေ့ဘွတ်ရယ် ကို စုံစမ်းသိရှိပြီးမှ လက်ခံသွားပါတယ်တဲ့ဗျာ။ တကယ်ပဲ ဘာဘီရုပ်လေးနဲ့ တူပါတယ်။ Final Fantasy ဇာတ်ကားထဲမှာတောင် ခေါ်ရိုက်လို့ရတယ်နော်။ အဲဒီထဲက ကာတွန်း မင်းသမီးလိုလေးပဲ။ လူလို့တောင် ထင်စရာမရှိဘူး။ အောက်မှာ ပုံလေးတွေ တင်ပေးထားပါတယ်။ အလှအပ အဖြစ်သာ ကြည့်ရှု့ ခံစားစေလိုပါတယ်။

ရေအောက်ထဲက အပြည်ပြည်ဆိုင်ရာ တွေ့ဆုံပွဲ တစ်ခု

ရေအောက်ထဲက အပြည်ပြည်ဆိုင်ရာ တွေ့ဆုံပွဲ တစ်ခု

အိန္ဒိယ သမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံ ဖြစ်တဲ့ မောလဒိုက်နိုင်ငံ မှာ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မောလဒိုက်နိုင်ငံမှ ဝန်ကြီးချုပ် အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က သက်ဆိုင်ရာ အရာရှိများက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ရေအောက် မှာ ဆွေးနွေး နှီးနှောဖလှယ်မှု၊ စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ ပါတယ်။ တော်တော်ခက်ခဲပြီး ကမောက်ကမ နိုင်တဲ့ အခြေအနေ တစ်ခု ဖြစ်ပေမယ့် မဖြစ်ဖြစ်အောင် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ရေစိုခံ စာရွက်စာတမ်း၊ စက်ပစ္စည်း၊ ဘောပင်၊ အစရှိသဖြင့်တို့ကို အသုံးပြုခဲ့ကြပါတယ်။

ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပူနွေးလာမှုကို သတိပြုစေရန် ဖြစ်ပြီး Climate Vulnerable Forum ရဲ့  ပထမဆုံး ဖိုရမ်ဆွေးနွေးပွဲ လည်း ဖြစ် ပါတယ်။

မောလဒိုက်နိုင်ငံဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ၇ ပေ သာ မြင့်ပြီး နောင် နှစ်ပေါင်း ၅၀ ဆိုရင် မော်လဒိုက်နိုင်ငံ ဆက်ရှိမရှိဆိုတာ စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ရေခဲမြစ်များ အရည်ပျော်ပြီး ပင်လယ်ရေ မြစ်တက်လာမှုကို သတိပြုလာစေရန် ရေအောက်မှာ ယခုလို ထူးထူးခြားခြား စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Ref: wiki
Credit: အောင်ခမ်း (ရိုးရာလေး)

Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook Page - https://www.facebook.com/nay.zawlin1

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ 

(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

(၃) ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၄) အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။ (၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

(၃) ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၄) အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။
 
မြ၀တီ

အိမ်တံခါးပေါက် မပိတ်တဲ့ နိုင်ငံ

အိမ်တံခါးပေါက် မပိတ်တဲ့ နိုင်ငံ

ဥရောပတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ လစ်သမ်စတိန်းလို့ အမည်ရ တဲ့ နိုင်ငံ ငယ်လေး ဖြစ်ပါတယ်။
သြစတေးရီးရ နဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခု ဖြစ်ပါတယ်။ လူဦးရေက ၄ သောင်းဝန်းကျင်ပဲ ရှိပါတယ်။

ယင်းနိုင်ငံမှာ ထူးခြားချက်က အိမ်တံခါးပေါက် ခတ်စရာ မလိုခြင်း ဖြစ်ပါ တယ်။ သော့ခတ်တဲ့ အလေ့အထကို မကျင့်သုံးကြ ပါဘူး။ အကြောင်းက လစ်သန်စတိန်းမှာ ရာဇဝတ်မရှိလို့ ဖြစ်ပါတယ်။ ၁၅ နှစ်လုံး နေမှ လူသတ်မှု တစ်ခု ဖြစ်ခဲ ပါတယ်။ ၁၉၉၇ ခုနှစ်ဝန်းကျင်လောက် ကပဲ လူသတ်မှု တစ်ခု ဖြစ်ခဲ့ပြီး အရင်ကလည်း ဖြစ်ခဲ သလို၊ ယနေ့အထိလည်း မဖြစ် တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒါကြေင့် လစ်သီစတန်းဟာ ကမ္ဘာ့ပေါ်မှာ သော့ခတ်စရာမလိုသော တစ်ခု တည်းသော နိုင်ငံအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ဥရောပတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ လစ်သမ်စတိန်းလို့ အမည်ရ တဲ့ နိုင်ငံ ငယ်လေး ဖြစ်ပါတယ်။
သြစတေးရီးရ နဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခု ဖြစ်ပါတယ်။ လူဦးရေက ၄ သောင်းဝန်းကျင်ပဲ ရှိပါတယ်။

ယင်းနိုင်ငံမှာ ထူးခြားချက်က အိမ်တံခါးပေါက် ခတ်စရာ မလိုခြင်း ဖြစ်ပါ တယ်။ သော့ခတ်တဲ့ အလေ့အထကို မကျင့်သုံးကြ ပါဘူး။ အကြောင်းက လစ်သန်စတိန်းမှာ ရာဇဝတ်မရှိလို့ ဖြစ်ပါတယ်။ ၁၅ နှစ်လုံး နေမှ လူသတ်မှု တစ်ခု ဖြစ်ခဲ ပါတယ်။ ၁၉၉၇ ခုနှစ်ဝန်းကျင်လောက် ကပဲ လူသတ်မှု တစ်ခု ဖြစ်ခဲ့ပြီး အရင်ကလည်း ဖြစ်ခဲ သလို၊ ယနေ့အထိလည်း မဖြစ် တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒါကြေင့် လစ်သီစတန်းဟာ ကမ္ဘာ့ပေါ်မှာ သော့ခတ်စရာမလိုသော တစ်ခု တည်းသော နိုင်ငံအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား

နံနက် စောစောမှာ နေခြည်နုနု ခံယူတာကြောင့် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိ စေနိုင်ပါတယ်။

ဗီတာမင်ဒီ ရရှိခြင်း

နံနက်ခင်း နေခြည်နုနုကို ၁၅ မိနစ်ခန့် ခံယူတာကြောင့် သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီကို အလုံအလောက် ရရှိစေပါတယ်။

ဗောက်ပျောက်စေခြင်း

နေခြည်နုနုကို အနည်းငယ် ခံယူတာကြောင့် သင့်ဦးခေါင်းမှာ ဗောက်ထတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ နေရောင်ခြည်မှာ ဗောက်ပျောက် စေတဲ့ အစွမ်း ရှိလို့ပါ။

စွမ်းအင်တိုးစေခြင်း

နေခြည်နုနုကို အချိန် ၁ဝ မိနစ်ခန့် ခံယူတာကြောင့် တစ်နေ့လုံး စွမ်းအင် အဆင့်တိုးပြီး လန်းဆန်း စေပါတယ်။

ကူးစက်ပိုးများကို ကာကွယ်နိုင်ခြင်း

နေခြည်နုနုကို ခံယူတာကြောင့် ဘက်တီးရီးယား၊ မှိုပိုးနဲ့ ဗိုင်းရပ်စ် ပိုးတွေ ကူးစက်ခံရမှု မရှိအောင် ကာကွယ် နိုင်ပါတယ်။ နေခြည်နုနု ခံယူတာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးမှာ သွေးဖြူဥ အရေအတွက် တိုးစေပြီး ကိုယ်ခံ စွမ်းအားစနစ်ကို ကောင်းမွန် စေတာကြောင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို တွန်းလှန် ပေးနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်ကို သယ်ဆောင် ပေးမယ့် သွေးနီဥ အရည်အသွေးကိုလည်း ကောင်းမွန် စေပါတယ်။

အရေပြား ရောဂါဝေဒနာများကို လျော့ကျစေခြင်း

နေခြည်နုနုဟာ အရေပြားရဲ့ ခုခံနိုင်စွမ်းကို တိုးစေတာကြောင့် နှင်းခူ၊ ဆိုရီးယေးစစ်နဲ့ အဖုအပိမ့် ပြဿနာတွေကို လျော့ကျ စေပါတယ်။ အကြောင်းကတော့ နေခြည်နုနု ခံယူတာကြောင့် ပိုင်နီရယ်ဂလင်းကို လှုံ့ဆော်ပေးနိုင်ပြီး ထရိုင်တမင်းဓာတ်ကို ထုတ်လုပ် ပေးနိုင်လို့ပါ။

သွေးတိုးကျပြီး နှလုံးကျန်းမာခြင်း

လေ့လာမှုတွေ အရ နံနက်ခင်း နေခြည်နုနု ဖြာထွက်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက သွေးခုန်နှုန်းနဲ့ သွေးတိုး တာကို လျော့ကျစေကာ နှလုံးကို ကျန်းမာ စေကြောင်း သိရပါတယ်။
နံနက် စောစောမှာ နေခြည်နုနု ခံယူတာကြောင့် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိ စေနိုင်ပါတယ်။

ဗီတာမင်ဒီ ရရှိခြင်း

နံနက်ခင်း နေခြည်နုနုကို ၁၅ မိနစ်ခန့် ခံယူတာကြောင့် သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီကို အလုံအလောက် ရရှိစေပါတယ်။

ဗောက်ပျောက်စေခြင်း

နေခြည်နုနုကို အနည်းငယ် ခံယူတာကြောင့် သင့်ဦးခေါင်းမှာ ဗောက်ထတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ နေရောင်ခြည်မှာ ဗောက်ပျောက် စေတဲ့ အစွမ်း ရှိလို့ပါ။

စွမ်းအင်တိုးစေခြင်း

နေခြည်နုနုကို အချိန် ၁ဝ မိနစ်ခန့် ခံယူတာကြောင့် တစ်နေ့လုံး စွမ်းအင် အဆင့်တိုးပြီး လန်းဆန်း စေပါတယ်။

ကူးစက်ပိုးများကို ကာကွယ်နိုင်ခြင်း

နေခြည်နုနုကို ခံယူတာကြောင့် ဘက်တီးရီးယား၊ မှိုပိုးနဲ့ ဗိုင်းရပ်စ် ပိုးတွေ ကူးစက်ခံရမှု မရှိအောင် ကာကွယ် နိုင်ပါတယ်။ နေခြည်နုနု ခံယူတာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးမှာ သွေးဖြူဥ အရေအတွက်

Sunday, February 9, 2014

Skype အသုံးပြုနည်းစာအုပ်

Photo: Skype ကိုကောင်းစွာအသုံးပြုတတ်အောင် မြန်မာလိုရေးသားထားသော စာအုပ်ဖြစ်ပါတယ်။
ရေးသားသူကတော့ ဒေါ်စုကြည်ထွေး ဖြစ်ပါတယ်။ သိမ်းထားတာကြာပါပြီ တောင်းဆိုလာတဲ့သူငယ်ချင်း
တွေအတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။ အထဲမှာပါဝင်တဲ့ အခန်းတွေကတော့...

Skype အကောင့်တစ်ခုကိုလွယ်လွယ်ကူကူဘယ်လိုလုပ်မလဲ ?
Skype ရဲ့ Profile တွေကိုဘယ်လိုပြင်ဆင်မလဲ ?
Skype ရဲ့ Password တွေကိုဘယ်လိုပြောင်းမလဲ ?
Skype မှာဘာသာစကားတွေဘယ်လိုပြောင်းမလဲ ?

နောက်ထက်များစွာသော အခန်းပေါင်း 31 ခန်းပါဝင်ပါတယ်။ အဆုံးထိတော့မရေးတော့ပါဘူး။
အောက်မှာဒေါင်းပြီး ကိုယ်တိုင်ဖတ်လေ့လာကြည့်လိုက်ပါ။
Skype Ebook (မြန်မာလို)ဒေါင်းရန်

http://mm-knowledgeinfo.blogspot.com/2013/10/skype-e-book-5mb.html
Skype ကိုကောင်းစွာအသုံးပြု တတ်အောင် မြန်မာလိုရေးသားထားသော စာအုပ်ဖြစ်ပါတယ်။
ရေးသားသူကတော့ ဒေါ်စုကြည်ထွေး ဖြစ်ပါတယ်။ သိမ်းထားတာကြာပါပြီ တောင်းဆိုလာတဲ့သူငယ်ချင်း
တွေအတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။ အထဲမှာပါဝင်တဲ့ အခန်းတွေကတော့...

Skype အကောင့်တစ်ခုကိုလွယ်လွယ်ကူကူဘယ်လိုလုပ်မလဲ ?
Skype ရဲ့ Profile တွေကိုဘယ်လိုပြင်ဆင်မလဲ ?
Skype ရဲ့ Password တွေကိုဘယ်လိုပြောင်းမလဲ ?
Skype မှာဘာသာစကားတွေဘယ်လိုပြောင်းမလဲ ?

နောက်ထက်များစွာသော အခန်းပေါင်း 31 ခန်းပါဝင်ပါတယ်။ အဆုံးထိတော့မရေးတော့ပါဘူး။
အောက်မှာဒေါင်းပြီး ကိုယ်တိုင်ဖတ်လေ့လာကြည့်လိုက်ပါ။
http://mm-knowledgeinfo.blogspot.com/2013/10/skype-e-book-5mb.html
အပေါ်က link တွင် Skype Ebook (မြန်မာလို)ဒေါင်းရန်

သစ္စာရှိတဲ့သူ

Photo: သစ္စာရှိတဲ့သူ
========

(ရင်ထဲကိုနင့်နေအောင် ခံစားမှုပေးစွမ်းနိုင်တဲ့ ပို့စ်ကောင်းတစ်ခုပါပဲ )
.....................................................................................

စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။

"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။

ရှင် ကျွန်မကိုကြိုက်လား"

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။
ဒါပေမဲ့

"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"

စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။

"ရှင် သူ့ ကိုချစ်တယ်? သူ့ ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူးမလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••"

ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့် တွေကြောင့် စကားကိုရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။

"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "

ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်။
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "

"ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။"

"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောက်ျားတွေလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "

"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်။
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်။

"သူကြောင့်လား?"
"အင်း"

"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့တယ်။ အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့။ မျက်စိရှေ့ က ပြသာနာကိုအရမ်းအလေးမထားဖို့ ။

လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ ငါကိုသင်ပေးတယ်။
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကိုမြင်သလိုမျိုးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်။

အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။

ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။

"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့ရတယ်။
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။
ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်
ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"

ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိလိုက်ဘူး။ အတိတ်ကအကြောင်းတွေကိုမနားတမ်းပြောနေမိတယ်။

မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောက်ျားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။

"ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်။

"အခုမင်းနားလည်နိုင်ပြီလား?။ သူ့ အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး"

"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ်"
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"

"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့ မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။

"သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။

ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။

"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ?
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ?
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"
သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့် ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။

==============================

(webpageတခုက ဖတ်ခဲ့ရတဲ့တရုတ်ပုံပြင်လေးပါ။အတတ်နိုင်ဆုံး ဘာသာပြန်ဆိုပေးထားပါတယ်။ တကယ်အချစ်စစ်မှန်တဲ့ချစ်သူတွေလည်း တသက်လုံးပေါင်းဖက်သွားနိုင်ကြပါစေ)

Translated by Ko AungYar Zar
---

(မဖတ်ရသေးတဲ့မိဘပြည်သူများအတွက် ၀င့်ဝါ-ပိုးထည်ချည်ထည် မှ မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်)

(ရင်ထဲကိုနင့်နေအောင် ခံစားမှုပေးစွမ်းနိုင်တဲ့ ပို့စ်ကောင်းတစ်ခုပါပဲ )
.................................. ...................................................

စားသောက်ဆိုင်စားပွဲဝိုင်း တခုမှာ ယောက်ျားတယောက်နဲ့ မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။

"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။

ရှင် ကျွန်မကိုကြိုက်လား"

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။

မိန်းမ(၄)မျိုး

Photo: မိန်းမ(၄)မျိုး
=========

(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ။ သံသာမြည်ကြွေး, စက္က၀က်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။

(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊

(၃) စိတြနီ မိန်းမမျိုး- ၀ါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊

(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား။ ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ၀မ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏။ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊

ယောကျာင်္းတို့ အိမ်ထောင်ပြုသင့်သောမိန်းမတို့ မှာ ပဒုမ္မိနီ မိန်းမမျိုး နှင့် သင်္ခနီ မိန်းမမျိုး ဖြစ်သည်။ ကျန်နှစ်မျိုးမှာ အိမ်ထောင်ပြုမိသော်လည်း ဖောက်ပြန်တတ်သော မိန်းမယုတ်အမျိုးအစားတည်း။

လောကီ ဣတ္ထိသျှတ္တရကျမ်းမှ (၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ။ သံသာမြည်ကြွေး, စက္က၀က်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။

(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊

(၃) စိတြနီ မိန်းမမျိုး- ၀ါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊

(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား။ ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ၀မ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏။ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊

ယောကျာင်္းတို့ အိမ်ထောင်ပြုသင့်သောမိန်းမတို့ မှာ ပဒုမ္မိနီ မိန်းမမျိုး နှင့် သင်္ခနီ မိန်းမမျိုး ဖြစ်သည်။ ကျန်နှစ်မျိုးမှာ အိမ်ထောင်ပြုမိသော်လည်း ဖောက်ပြန်တတ်သော မိန်းမယုတ်အမျိုးအစားတည်း။

လောကီ ဣတ္ထိသျှတ္တရကျမ်းမှ

Friday, February 7, 2014

ကွန်ပြူတာ ပိတ်ထားလဲ အချိန်က ဘာကြောင့် မှန်နေလဲ

ကွန်ပြူတာ ပိတ်ထားလဲ အချိန်က ဘာကြောင့် မှန်နေလဲ

ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ CMOS ကြောင့်ပေါ့။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆို အထက်က ပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကို မပြောင်းလဲအောင် ထိန်းသိမ်းပေးပြီး အခြားသော ကွန်ပြူတာကို ပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကို ဆက်မောင်းပေးပါတယ်။

CMOS ဘက်ထရီ ကို စက်ရုံက ထုတ်ကတည်းက သွင်းပြီးသားပါ။ စွမ်းအင် အသုံးပြုမှုကလည်း မထင်ရ လောက်အောင် အင်မတန် နည်းပါးပါတယ်။ ဒါကြောင့် နှစ်လရှည်ကြာ အတော်ခံပါတယ်။ အချို့  ဆို ကွန်ပြူတာ ပျက်တဲ့အထိ Life Time တောင် အာမခံတာ ရှိပါတ်။ အကယ်၍ ကွန်ပြူတာရဲ့  Time and Date က မှားနေပြီဆိုရင် CMOS ဘက်ထရီ ပျက်နေပြီ သို့မဟုတ် အားကုန်နေပြီဆိုတာကို သိနိုင်ပါတယ်။ သူပျက်တယ်ဆိုရင် ကွန်ပြူတာ ဖွင့်တိုင်း CMOS မှာ အချိန်၊နေ့စွဲကို setup လုပ်ပေးနေရမှာ ဖြစ်ပါတ်။ ဒီတော့ CMOS ဘက်ထရီကို ပြန်လှဲရမှာပါ။

အများအားဖြင့် ကွန်ပြူတာ စဖွင့်ပြီး Boot တက်ချိန်မှာ Delet ကီးနှိပ်ပြီး CMOS ကို စိတ်ကြိုက် ဝင်ရောက် Option ပေး၊ Edit လုပ်နိုင်ပါတယ်။

Ref: hardwarelearning, wiki

Special Trick –

ကွန်ပြူတာ Time and Date ကို အမှားပေးပြီး Location ကိုပါ အမှာပေးထားရင် Log in လုပ်ရတဲ့ ဆိုဒ်အတော်များများ ဝင်လို့ မရပါဘူး။ ဥပမာ - Facebook, Google Mail တို့ကို ဝင်လို့ရမရ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ယင်း ဆိုဒ် Server များက Client ရဲ့  ကွန်ပြူတာ ဟာ ဘယ်ဒေကလာတယ်။ ဘယ် OS သုံးတယ်၊ ဘယ်အချိန် အစရှိသဖြင့် အခြေခံအချက်အလက်ကို ယူသုံးပါတယ်။ ဒါကြောင့် အဲဒါတွေ အမှာပေးထားရင် DNS တောင် Response မပေးပါဘူး။ Security ထိခိုက်နိုင်လို့ Log in ဆိုဒ် အများစုက set up လုပ်ထားတဲ့ Policy ဖြစ်ပါတယ်။

အားလုံး ဗဟုသုတ တိုးပွားစေဖို့ မျှဝေ ပေးလိုက် ရပါတယ်။
. ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ CMOS ကြောင့်ပေါ့။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆို အထက်က ပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကို မပြောင်းလဲအောင် ထိန်းသိမ်းပေးပြီး အခြားသော ကွန်ပြူတာကို ပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကို ဆက်မောင်းပေးပါတယ်။

Monday, February 3, 2014

ဆေးဖက်ဝင် ပင်စိမ်းပင်

ဆေးပင်အဖြစ်သာမက ဘာသာရေးစာပေတွေမှာပါ အတွေ့ရများတဲ့ အပင်တွေထဲမှာ ပင်စိမ်းပင်
ဟာ ထင်ရှားပါတယ်။ ပင်စိမ်းနဲ့ ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်းတနားတွေ့ရမှာဖြစ်ပါတယ်။ 
ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနက် ဝေဿန္တာရာဇာတ်ပါဠိတော်ကြီးမှာ  နီလပုမ္ဖိ သေတပါရီ၊ 
ကလေရုက္ခ တုလသီဟိ လို့ ပါရှိရာမှာ တုလသီ ဆိုတဲ့ ပါ   ဠိဝေါဟာရဟာ ပင်စိမ်းပင်ကို ညွန်းပါတယ်။
ဟိန္ဒူ ဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင် အကြောင်းကို အများကြီးတွေ့ ရပါတယ်။ပင်စိပ်းပင်ဟာ ဗစ်ရှနူး(vishnu) လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကိုပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ပန်းပင်အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကို ပူဇော်ခဲ့ရင် 

mp3သီချင်းများ ဒေါင်း၇န်

သီချင်း များကို Download လုပ်ရန် သီချင်းပေါ်ကလစ်၍ Save လုပ်ပါ

D ဖြိုး ဒီကောင်မလေးအတွက်.mp3 - D ဖြိုး အိပ်မက်နိဂုံး .mp3 - D ဖြိုး နှမျှောတယ်.mp3 - ဆည်းဆာအလှခွေသစ်မှ ဇော်ပိုင်၏ သီချင်း ပြည့်စုံလွန်း.mp3 - ဆည်းဆာအလှ ခွေသစ်မှ ချမ်းချမ်းသီဆိုထားသော " ညှို့နိုင်လွန်းတဲ့ ကျမချစ်သူ.mp3 - ဧသင်ချိုဆွေ ရှုပ်ထွေးခြင်း.mp3 - ဧသင်ချိုဆွေ မင်းသမီး.mp3 - ဧသင်ချိုဆွေ လမ်းမခွဲကြေး .mp3 - ဧသင်ချိုဆွေ လေပြေ.mp3 - ဧသင်ချိုဆွေ ရပ်.mp3 - ဧသင်ချိုဆွေ အပြုံးလေး .mp3 - ဧသင်ချိုဆွေ ပြိုလဲကြေကွဲ .mp3
ဝိုင်ဝိုင်း၏သီချင်းကောင်းများ

Memory ကတ်ကို password နဲ့ပိတ်ပြီး ကိုယ်တစ်ယောက်တည်းသုံးလိုသူတွေအတွက်

Windows 8 Pro သုံးသူတွေအနေနဲ့ တစ်ခြားဆော့ဝဲတွေကိုသုံးစရာမလိုဘဲ သင့်ရဲ့  external storage device တွေကို encrypt & password ခတ်ပေးနိုင်ပါတယ်။

Encrypt လုပ်တယ်ဆိုတာကတော့ ဒေတာတွေကို ဖတ်လို့ မရနိုင်တဲ့ ကုတ်တွေ အနေနဲ့ သိမ်းပေး
ထားတာပါ။

facebook Password ရော အကောင့်နာမည် ..gmail ရော ချိန်းချင်တဲ့ သူငယ်ချင်းတွေ အတွက်

ကဲ...facebook Password ရော အကောင့်နာမည် ..gmail ရော ချိန်းချင်တဲ့ သူငယ်ချင်းတွေ အတွက်ပါ ...မသိသေးတဲ့ သူတွေအတွက်ပါဗျာ...သိပီးသားသူတွေ ကျော်ကြည်...

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း

သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖြော်ပပေးလိုက်ပါတယ။်
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

နီကိုရဲ e-book များ

တစ်စိမ့်စိမ့်ဟာသများ

အိုးလေး

Sim Card lock ကျသွားတဲ့အခါမျက်စိမလည်အောင်

Sim Card lock ကျသွားတဲ့အခါ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ် PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် မပုတုရုံး ဆီရောက်ရောက်သွားရတယ် တကယ်တော့ ဖုန်းဝယ်ကတည်းက PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို)

လက်ဝှေ့ နဲ့ ကိုယ်ခံပညာ သင်ယူချင်သူအတွက် မြန်မာ့လက်ဝှေ့ 

Credit to = http://thaingwizard.wordpress.com

Download - မြန်မာ့လက်ဝှေ့ ထိုးသတ်နည်း

ဆရာတော် ဦးအရိယဓမ္မ ဖြေဆိုထားသော ဖတ်မှတ်သင့်တဲ့စာအုပ်ကောင်း

Download - http://www.mediafire.com/ အမေးအဖြေစာအုပ်