!-kp-3နည်းပညာ-http:>
Thursday, January 9, 2014
အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး
Sunday, January 5, 2014
အပါယ်လားကြောင်း အလှူမျိုး (၁၀) ပါး
၁။ သမဇ္ဇဒါန - ကချေသည်အလှူ၊ အငြိမ့်ဇာတ်ပွဲအလှူ
၂။ မဇ္ဇဒါ - သေရည်သေရက် မူးယစ်ဆေးဝါး အလှူ
၃။ ဣတ္ထိဒါန - မိန်းမ(ပြည့်တန်ဆာမ)အလှူ
၎။ ဥသဘဒါန - နွားလား မြင်းလား အလှူ
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို ဆွပေးသော ပန်းချီဆေးရေးအလှူ
၆။ သတ္တဒါန - လက်နက်ခဲယမ်း မီးကျောက် အလှူ
၇။ ၀ိသဒါန - အဆိပ်အလှူ
၈။ သင်္ခလိကဒါန - လက်ထပ်၊ သံခြေကျင်း နှောင်ကြိုးအလှူ
၉။ ကုက္ကုဋသူကရဒါန - ကြက် ၀က် သားကောင် အလှူ
၁၀။ တုလာကူဋမာနကူဋဒါန - ချိန်စဉ်းလဲ တင်းစဉ်းလဲ အလှူ
(အလေးချိန် မပြည့်သော ချိန်ခွင်၊ ကတ္တား၊ အလေး၊ပြည်တောင်း၊ တင်းတောင်း စသည်အလှူ)
(သုခမှတ်စု မှ)

ကမ္ဘာ့ စွမ်းအားအမြင့်ဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် Voxan Wattman
ပြင်သစ် Voxan က ထုတ်တဲ့ ဆိုင်ကယ် ဖြစ်ပြီး Voxan Wattman လို့ အမည်ပေး
ထားပါတယ်။ ကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်ဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် အဖြစ်
အသိမှတ်ပြုခံခဲ့ ရပါတယ်။
အသိမှတ်ပြုခံရခြင်း အဓိက အကြောင်းအရင်းက မြင်းကောင်ရေအား ထုတ်လုပ်မှုအား များလို့ ဖြစ်ပါတယ်။ ၂၀၀ hp အထိ ရှိပြီး ၃.၄ စက္ကန့်အတွင်း တစ်နာရီ ၆၂ မိုင်နှုန်း အမြန်ကို တင်ပေး နိုင်ပါတယ်။ ၅.၉ စက္ကန့် အတွင်း ဆိုရင် ၉၉.၄ မိုင်နှုန်းကို တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
စုစုပေါင်း အမြန်ဆုံးမောင်းနှင်နိုင်မှု Top Speed ကတော့ တစ်နာရီ ၁၀၅.၆ မိုင် ဖြစ်ပါတယ်။ ဆိုင်ကယ်ရဲ့  အလေးချိန်က ၇၇၁.၆ ပေါင် ရှိပါတယ်။
အရွယ်လည်း ကြီးပါတယ်။
အသုံးပြုထားတဲ့ ဘက်ထရီက လစ်သီယမ် ၁၂.၈ ကီလိုဝပ်နာရီအား ဘက်ထရီ ဖြစ်ပြီး ၁၁၁.၈ မိုင်အထိ မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။ Voxan Wattman လို့အမည်ပေးထားတဲ့ ဆိုင်ကယ်အား ကမ္ဘာတစ်ဝန်း ဖြန့်ချိ ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( www.mmsocialsky.com )

ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်
သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...
လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။
တစ်ည ခုနစ်နာရီ အိပ်စက်ပါ...
အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေး အတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲ ကျော်ကို နှစ်၂၀ကြာ လေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူ တွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။
ထောပတ်အတု လျှော့စားပါ...
ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက် စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ် အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ် တွေကို ထိခိုက် စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။
credit to နှင်းဆီဖူးလေးများ-Love BUDS
http://www.myawady.net.mm/healthknowledge/item/13590-2013-05-13-09-46-35

မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့
ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး
လူသူတစ်ဦး တစ်ယောက်မျှ
နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင်တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော
ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ
ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ
ထားကြောင်း သိရသည်။
အဆိုပါ ထူးဆန်းသော ကျောက်ခေါင်းအုံးအား တွေ့ရှိခဲ့သူ ကျွန်းစုမြို့နယ်နေ ရေလုပ်သား ကိုမောင်ဝင်းအား သိလိုသည်များ မေးမြန်း ခဲ့မှုအပေါ် ၎င်းက ''လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ၉လပိုင်း လောက်က ဒန်းကျွန်း လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ရောက်ခဲ့ပါတယ်။
ဒီကျွန်းမှာက လူသူတစ် ဦးတစ်ယောက်မျှ မနေပါဘူး။ ဒီကျွန်းက ရေချို၊ ရေငန် စပ်တာဆိုတော့

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်
ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။
ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင် ဖြစ်သည်။ စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှ တဆင့် အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။
ပင်စိမ်းပင်သည် အပင်ငယ်မျိုး ဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့် အထိ ရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူ ကလေးများ ပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ

Wednesday, January 1, 2014
ယောင်္ကျားလေးများ သိထားရမည့် မိန်းကလေးများ လိမ်တတ်သော အချက်များ

ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။
သို့ပေမယ့်လည်း တစ်ချို့သော အတိတ် ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း
ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ် ပဲ
ဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။
တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု
မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။
ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြ ပါလိမ့်မယ်။
ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း
ဖော်ပြမှာ ဖြစ်ပါတယ်။
(၁) သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်
သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ
ရည်းစား ဘယ်နှစ် ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ
အရေအတွက်ကို လိမ်ထား ပါပြီ။ အိမ်ထောင်မကျခင်
ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေအမြင်မှာတော့ တားမြစ်ချက်
တစ်ခုပါ။ တခြား လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ
ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒီတော့ သေးငယ်တဲ့
ဒီလိမ်ညာမှုလေးကို ဒီအတိုင်းပဲ ထားပြီး ပြန်လည် မတူးဆွပါနဲ့တော့။
(၂) သူမရဲ့ အလေးချိန်
အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ
ရှိသင့်ပါတယ်။ ဒီ့ထက် ကျော်ပြီး ၀သွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။
ဒါကြောင့် ၀နေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး
ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ
သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း
၅၀ကီလိုလို့ ဖြေတတ်ကြ ပါတယ်။ ဒီအခါ သင်ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက်
၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀
ကီလိုဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရ တာလဲ”လို့
တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀
ကီလိုဝန်းကျင် လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။
(၃) သူမရဲ့ ရပ်တည်မှု
အမျိုးသမီးတွေ အမှီအခိုကင်းအောင် ရပ်တည်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူမ
ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့
အော်ပြောတတ်တာဟာ တကယ်တော့ ညာတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့ သိထားရမှာက
သူမဘာတွေပဲပြောနေနေ အမျိုးသားတစ်ယောက် မရှိဘဲ မရပ်တည်နိုင်ပါဘူး။
(၄) သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်
အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိတယ် ၊ သန်စွမ်း တယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ
အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာ ကြောင့် သူမတို့ဟာ
စိတ်ကူးယဉ်မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ
ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ
အမျိုးသမီးတွေထဲ အမျိုး သမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း
စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိ နေပါတယ်။
Ref:mensxp
By Trend Myanmar
[18+ Only] မိန်းခလေးများ ညစ်ပတ် မခံရစေဖို့ နှင့် ဘူးချင်သောကိုကိုများ သတိထားစေဖို့ Naked Scanner Pro (Girls) v3.0.2 [21MB]
Dec 20 ရက် နေ့ကမှ V 3.0.2 Update ထွက်လာတဲ့ APP လေးလဲ
ဖြစ်ပါတယ်.. ဒီကောင်လေးက ဘာလုပ်တဲ့ ဟာလဲ ဆိုရင် Adult Photo တွေ
ကြည့်ရုံတင် မဟုတ်ပါဘူး ကောင်မလေးတွေလဲ သတိထားရမဲ့ Apk ဖြစ်ပါတယ်..
ဘာလို့လဲဆိုရင် ရိုးရိုး ကောင်မလေး တစ်ယောက် ပုံကို ဒီ Apk သုံးပြီး Adult
Bikini Photo လုပ်ပစ်လို့ရပါတယ်.. သတိထားရအောင် တင်ပေးလိုက်တာ ဖြစ်သလို
အားလုံးကို ဒီလို လုပ်လို့ ရတယ် ဆိုတာပါ သိအောင် တင်ပေးလိုက်တာ ဖြစ်ပါတယ်..
အားလုံးသိအောင် ရှယ် ပေးစေလိုပါတယ်..
PlayStore မှာ CZK59.90 နဲ့ ရောင်းတဲ့ APK ဖြစ်ပါတယ်.. ဘာလုပ်လို့ရသလဲ ဆိုရင် ကောင်မလေး တစ်ယောက် ကိုယ်လုံးပေါ် ဓာတ်ပုံကို

လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို
ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့
ကုသနည်းတွေကို လိုက်နာပေးပါ။
၁) ရေကုထုံးသုံးပါ
ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား
Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး
တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့
သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။
ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။
၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက်

ငါအိုသွားသောအခါ
၁။ ငါအိုသွားသောအခါ ငါအရင်ကလိုမဟုတ်တော့ဘူး ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ထား ဆက်ဆံပေးပါ။
၂။ ချည့်နဲနဲလက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ် သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
၃။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သည်းခံနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
၎။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
၅။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
၆။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ။သားတို့သမီးတို့ရေ ထာဝရပျော်ရွှင်ချမ်းမြေ့ပြည့်စုံကြပါစေကွယ်….
Credit to Zin Lin

မြ၀တီ
ပျော်ရွှင်ခြင်းနိုင်ငံ (သို့) ဘူတန်
ကမ္ဘာပေါ်မှာ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့တိုင်းပြည်တစ် ခုကိုပြပါဆိုရင်တော့
ဘူတန်နိုင်ငံကို ပြရပါလိမ့်မယ်...
အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်စွန်းကျဆုံး မှာတည်ရှိတဲ့ ဘူတန်နိုင်ငံဟာ
လူဦးရေ (၇)သိန်းလောက်ပဲရှိပြီး၊ ပါတ်လည် ကီလိုမီတာ (၄)သိန်း (၇)သောင်းလောက်ပဲကျယ်ဝန်းတဲ့
အတွက် တကယ့်ကို နိုင်ငံသေးသေးလေးပါပဲ....
ဘူတန်နိုင်ငံမှာ ဘူတန်လူမျိုး (၅၀)ရာခိုင်နှုန်း၊ နိပေါလူမျိုး (၃၅)ရာခိုင်နှုန်း၊ အခြားလူမျိုး (၁၅)ရာခိုင်နှုန်း နေထိုင်ကြပါတယ်..
အဓိက ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာ (၇၅)ရာခိုင်နှုန်းရှိပါတယ်..
ကျန် (၂၅)ရာခိုင်နှုန်းကတော့ ဟိန္ဒူဘာသာဝင်တွေဖြစ်ပါတယ်..
မြို့တော်ကတော့ သင်မ်ဖျူး(Thimphu)ဖြစ်ပါတယ်..
ဘူတန်နိုင်ငံဟာ တိုးတက်တဲ့နိုင်မဟုတ်ဘဲ ဘာကြောင့်ပျော်စရာကောင်းတဲ့ တိုင်းပြည်ဖြစ်တာလည်း
ဘူတန်နိုင်ငံရဲ့ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး...
လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင် (ဖာ) မရှိဘူး...
ဇင်ဘာဘွေ နိုင်ငံတွင် အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့
ဇင်ဘာဘွေ နိုင်ငံရှိ ကျေးလက်ဒေသ တစ်ခုတွင် ဖခင် တစ်ဦးသည် ၎င်း၏ သားငယ်အား
ကိုက်ခဲထားသည့် မိကျောင်း တစ်ကောင်ကို တိုက်ခိုက်၍ ၎င်း၏ပါးစပ် အတွင်းမှ အသက်
၁၁ နှစ်အရွယ် သားဖြစ်သူအား ကယ်ဆယ် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဖြစ်ပွားပုံမှာ တာဖက် ဇွာကာချီယာ အမည်ရှိ ယင်းအမျိုး သားသည် ခရစ္စမတ် အကြိုနေ့က သားဖြစ်သူ တာပီဝါနှင့် အတူ မှုတိုကိုမြို့ အရှေ့ မြောက်ပိုင်းရှိ မြစ် တစ်ခုကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် မိကျောင်း တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း Herald သတင်းစာ၏ ထုတ်ပြန်ချက် အရ သိရသည်။
ထို့နောက် ကာချီယာသည် မိကျောင်းအကိုက် ခံခဲ့ရသော သားဖြစ်သူအား ကယ်ဆယ်ရန် အတွက် ၎င်းသတ္တဝါ၏ ကျောပေါ်သို့ ခုန်တက်၍ ဦးခေါင်းအား ရိုက်နှက်ကာ မျက်လုံးများကို ထိုးဖောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ကာချီယာသည် လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး သားဖြစ်သူမှာ ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ကြောင်း Herald သတင်းစာက ထုတ်ပြန် ခဲ့သည်။
http://www.myawady.net.mm/allnews/global/item/33607-2013-12-30-12-38-29

သင်မကြားဖူးသည့် အကြောက်ရောဂါများ
(၁) ပုလွေကြောက်ရောဂါ (Aulophobia)
ပုလွေသံကြောက်ခြင်း၊ ပုလွေ မြင်ရသည်နှင့် ကြောက်ခြင်းသည် လူသိနည်းသော်လည်း အဖြစ်များ
သည့် ရောဂါတစ်ခုဖြစ်သည်။
(၂) မြေပဲထောပတ်ကြောက်ရောဂါ (Arachibutyrophobia)
မြေပဲထောပတ်စားသည့်အခါ ထောပတ်များ အာခေါင်တွင်ကပ်ကျန်ရစ်ခဲ့မည်ကို ကြောက်သော ရောဂါဖြစ်သည်။
(၃) အရယ်ကြောက်ရောဂါ (Geliophobia)
ရယ်သံကိုလည်းကောင်း၊ ရယ် ခြင်းကိုလည်းကောင်း ကြောက်သည့် ရောဂါဖြစ်သည်။
(၄)ဒူးကြောက်ရောဂါ (Genuphobia)
ဒူးကြောက်ရောဂါရှိသူများ သည် ဒူးဖုံးသည့် အ၀တ်အစားများ သာ ၀တ်ဆင်ရလေ့ရှိပြီး အခြားသူ များ၏

Friday, December 27, 2013
အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို
လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက
သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို
တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ
သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်
အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ
ဖတ်ပြီးရင်လည်း ကျန်တဲ့သူငယ်ချင်းတွေ သိအောင် ပြန် Share ပေးလိုက်ပါဦးနော်။
ကြက်ခြံမွေးမြူရေးတစ်ချို့တွေ မှာ ကြက် အသားတိုးစေဖို့အတွက် အသားတိုးဆေး ၊ ဘာဆေးညာဆေး ထိုးကြပါတယ်။
တော်တော်များများက ဒီဆေးထိုးဖို့ကို လည်း ကြက်တွေရဲ့တောင်ပံကနေ တဆင့် ထိုးကြပါတယ်။
ဒီလို ဆေးထိုးထားတဲ့ ကြက်တောင်ပံကိုတွေကို စားသုံးတာ များလာတာနဲ့အမျှ သားအိမ်မှာ အသားလုံး ၊ သွေးလုံးတို့ တည်လာပါတယ်။
နောက်ဆုံးအဆင့် သားအိမ်ကင်ဆာထိတောင် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် မနုဿ ရဲ့ ပရိတ်သတ်တွေအားလုံးလည်း မွေးမြူရေးကြက်ကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။
ဒီလိုပြောတော့ မနုဿကို ကြက်သားရောင်းတဲ့သူတွေ လာဝိုင်းရိုက်ကြတော့မယ်နဲ့တူတယ်နော်။ ဖြစ်မှကုတာထက် မဖြစ်ခင် ကြိုတားနိုင်ဖို့က မနုဿ တာဝန်ဖြစ်တဲ့အတွက် ရရှိလာတဲ့ သတင်းလေးကို ချက်ချင်းရေးသား ဝေမျှ လိုက်ပါတယ်။
ချစ်တဲ့ .... မနုဿ

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ
သက္ကရာဇ် ၂၀၀၂ ခုနှစ်တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့
အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး
ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။
သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်းခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံးကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ မိန်းမအပျော်အပါးလိုက်စား ပါတယ်။ နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့ အမှိုက်ကောက်သမား

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
၁။ကန်စွန်းဥစားပါ
ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။
အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။
၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ်

"ရိုက်ပေါက်"
တခါက... ...
စကားပြောရင် အပိုမပြော တိုတိုပြတ်ပြတ်ပဲ ပြောတတ်တဲ့ လူတစ်ယောက်ရှိသတဲ့
တနေ့တော့ သူ့အိမ်ပေါက်ကို အမျိုးသမီးအရောင်းကိုယ်စားလှယ်တစ်ယောက် ရောက်လာတယ်...
"ကျမတို့ ကုမ္မဏီကထုတ်တဲ့ အလှကုန်ပစ္စည်းတချို့ ကြော်ငြာချင်လို့ပါရှင့်"
"အင်း..."
"ဦးရဲ့ အမျိုးသမီးရော?"
"အလုပ်သွားတယ်"
"သူပြန်လာမှာလား"
"အင်း..."
"ကျမ ထိုင်စောင့်မယ်နော်"
"စောင့်ပေါ့"
ဒီလိုနဲ့ ဧည့်ခန်းမှာထိုင်စောင့်နေတယ်
တစ်နာရီနဲ့လည်း မလာ
နှစ်နာရီနဲ့လည်း မလာ
သုံးနာရီနဲ့လည်း မလာ
... ဆိုတော့ အရောင်းကိုယ်စားလှယ်လည်း နည်းနည်း စိတ်ညစ်လာပြီး အိမ်ရှင်ကို မေးတာပေါ့... ...
"ဦးရဲ့ အမျိုးသမီးကလည်း ကြာလိုက်တာနော်"
"အင်း..."
"ဘယ်တော့ ပြန်လာမှာလဲ"
"နောက်နှစ်ကုန်လောက်မှ"
"ရှင်... ဦး ခုနကပြောတော့ သူက အလုပ်သွားတာဆို"
"သူ့အလုပ်က စင်္ကာပူမှာ"
"ရွှမ်..."
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ
ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။
သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။
ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို

**သတိ အမျိုးကောင်းသမီးများ သိစေအပ်သည်**
အမျိုးသမီးငယ်များ ဂရုပြု ရှောင်ကြဉ်နိုင်စေဖို့ ပုံတွင်ဖော်ပြပါ
ဆေးအမျိုးအစားသည် အမျိုးသမီးများ သောက်သုံးမည့် အချိုရည်၊ ရေ နှင့်
အစားအသောက်များထဲသို့ ဆေးရေ နှစ်စက် သုံးစက်မျှ ထည့်သွင်းရုံဖြင့် အမျိုးသမီးတို့၏ ကာမစိတ်ကို ပြင်းထန်လာစေသည်။ အရောင်၊ အနံနှင့် အရသာမရှိခြင်းတို့ကြောင့် လူငယ်ထုများ သုံးစွဲကြသည်ဟုဆိုသည်။
ထို့ကြောင့် မိမိချစ်သူ ၊ အမျိုးသား သူငယ်ချင်းများ ကျွေးသော အစားအသောက်များကို အလွယ်တစ်ကူ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ရှောင်လွဲ နိုင်ရန်စေရန် ဖော်ပြပေးလိုက်ပါသည်။
Aung YeSoe
ဗမာပြည်ဖွား ညီနောင်များ
Aye Chan Mon# Credit To: ကြေးမုံသတင်းစာ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Subscribe to:
Posts (Atom)