“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, October 10, 2013

ယောက္ခမ နိုင်နည်း

Photo: ယောက္ခမနိုင်နည်း
===========

တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့…။
သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့…။ လင်ယောက်ျားကိုချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး…။

များမကြာမီမှာပဲ မိန်းကလေးဟာ သူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်းသွားလို့ဖြစ်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေပါတယ်…။ ချွေးမလုပ်သူက ယောက္ခမရဲ့  လုပ်ရပ်တွေကို မကြိုက်သလို…ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့…။
သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့  ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်…။

ချွေးမဖြစ်သူဟာ ယောက္ခမရဲ့  ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပါတယ်…။ ဒါကြောင့် သူ့အဖေရဲ့ သူငယ်ချင်းတစ်ယောက်ဆီသွားပြီးအကူအညီတောင်းပါတယ်…။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ…။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့  အခြေအနေအကြောင်းစုံကို ရှင်းပြပါတယ်…။ ပြီးတော့ဒီလိုပြောတယ်…

“ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား…စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ …ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿနာတွေအကုန်အေးရော…”

ဆိုတော့ ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်…

“ အေးဟ…ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ်… ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့တော့လိုမယ်… တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး…ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ်…”

“ စိတ်ချုပါဦးလေးရာ…ဦးလေးပြောတဲ့အတိုင်းကျမအတိအကျလိုက်နာပါမယ်…”

ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေးတစ်ထုတ်ပါလာတယ်…။

“ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူးဟ…လူတွေရိပ်မိကုန်မယ်…ဒီတော့ ငါအဆိပ်တစ်မျိုးဖော်ထားတာရှိတယ်…ဒီအဆိပ်က တဖြည်းဖြည်းချင်းအာနိသင်ပြတဲ့အဆိပ်မျိုး …ဘယ်သူမှလည်းမရိပ်မိတော့ဘူးပေါ့ဟာ…နေ့စဉ်သူ့ကို ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြီး ဒီဆေးလေးတွေနည်းနည်းချင်းခပ်ပေး…သူကိုယ်တိုင်ရော တစ်ခြားသူတွေရောမရိပ်မိအောင် နင်ဘက်ကတော်တော်ဂရုစိုက်ဖို့လိုမယ်…သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံ…သူနဲ့ပြိုင်ရန်မဖြစ်နဲ့…အတတ်နိုင်ဆုံးသည်းခံပေး…ကိုယ့်ရဲ့ အရှင်သခင်တစ်ယောက်လိုသဘောထားပြီး သူပြောသမျှနာခံပေး…ဒါဆို သူသေသွားခဲ့ရင် နင့်ကြောင့်ဆိုတာ ဘယ်သူမှမရိပ်မိတော့ဘူး…”

မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင်အထည်ဖော်ပါတော့တယ်…။

ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်…။ ပရဆေးရောင်းတဲ့ ဦးလေးကြီး မှာတဲ့အတိုင်းလည်း ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ကိုသူထိန်းပြီး ယောက္ခမပြောသမျှကို သည်းခံနေပါသတဲ့…။ သူရဲ့ အမေအရင်းတစ်ယောက်လို ဆက်ဆံပါတယ်…။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့ အိမ်တွင်းရေးအခြေအနေတွေက အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲသွားပါသတဲ့..။

ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ …စိတ်အေးချမ်းလာပါတယ်…။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ…ယောက္ခမကြီးဟာ ကြင်နာတတ်သူ ဆက်ဆံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်…။

ယောက္ခမကြီးရဲ့ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်…။ သူ့သမီးအရင်းလေးတစ်ယောက်လို ချစ်ခင်လာသတဲ့…။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမလေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှာ အတော်ဆုံးပဲဆိုတာ ချီးမွမ်းခန်းဖွင့်လို့မဆုံးပါဘူးတဲ့…။ ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တကယ့်သားအမိအရင်းတွေလို ချစ်ခင်သွားကြပါတော့သတဲ့…။ မိန်းကလေးရဲ့ ယောက်ျားဖြစ်သူဟာလည်း ခုလိုအမေနဲ့ မိန်းမ အဆင်ပြေသွားတာတွေ့တော့ အလွန်ဝမ်းသာနေပါတော့တယ်…။

တစ်နေ့မှာတော့… ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည်စက်လက်နဲ့ ပြောပါတယ်…

“ ဦးလေးရယ်…ကယ်ပါဦး…ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား…ကျမယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ်…ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ်နေပြီ .. ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး…”

ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ်…

“ ငါ့တူမ…နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို…”

“အဲ့ဒါက အဲ့ဒီတုန်းကလေ…ခုမှကျမ သူကောင်းမှန်းသိရတာ…ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ်…တောင်းပန်ပါတယ်…”

လို့ပြောကာမျက်ရည်တွေကျဆင်းလာပါတော့သတဲ့…ဒီတော့မှ ဦးလေးကြီးက မိန်းကလေးရဲ့ ခေါင်းကို အသာပုတ်ပြီး…

“ ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ်…ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး…ဦးလေးပေးလိုက်တာ…အားဆေးတွေပါ…သူ့အတွက်ပိုလို့တောင် ကျန်းမာရေးအထောက်အကူပြုသေးတယ်…တကယ်အဆိပ်သင့်နေတာက တူမကြီးရဲ့  စိတ်နေသဘောထားတွေပါ…ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီးသူ့အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြီ…”

Credit To Nyein Chan Win
တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့…။
သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့…။ လင်ယောက်ျားကိုချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး…။
များမကြာမီမှာပဲ မိန်းကလေးဟာ သူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်း သွားလို့ဖြစ်မှာ မဟုတ်ဘူးဆိုတာ သဘော ပေါက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေ ပါတယ်…။ ချွေးမလုပ်သူက ယောက္ခမရဲ့  လုပ်ရပ်တွေကို မကြိုက်သလို…ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့…။
သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့  ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်…။
ချွေးမဖြစ်သူဟာ ယောက္ခမရဲ့  ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်…။ ဒါကြောင့် သူ့အဖေရဲ့ သူငယ်ချင်း တစ်ယောက်ဆီ သွားပြီး အကူအညီ တောင်းပါတယ်…။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ…။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့  အခြေအနေအကြောင်းစုံကို ရှင်းပြပါတယ်…။ ပြီးတော့ဒီလိုပြောတယ်…
“ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား…စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ …ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿနာတွေအကုန်အေးရော…”
ဆိုတော့ ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်…
“ အေးဟ…ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ်… ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့ တော့လိုမယ်… တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး…ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ်…”
“ စိတ်ချုပါဦးလေးရာ…ဦးလေးပြောတဲ့အတိုင်းကျမအတိအကျလိုက်နာပါမယ်…”
ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေး တစ်ထုတ်ပါ လာတယ်…။
“ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူးဟ…လူတွေရိပ်မိကုန်မယ်…ဒီတော့ ငါအဆိပ်တစ်မျိုး ဖော်ထားတာရှိတယ်…ဒီအဆိပ်က တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့အဆိပ်မျိုး …ဘယ်သူမှလည်း မရိပ်မိ တော့ ဘူးပေါ့ဟာ…နေ့စဉ်သူ့ကို ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြီး ဒီဆေးလေးတွေနည်းနည်းချင်းခပ်ပေး…သူကိုယ်တိုင်ရော တစ်ခြားသူတွေရောမရိပ်မိအောင် နင်ဘက်ကတော်တော်ဂရုစိုက်ဖို့လိုမယ်…သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ…သူနဲ့ပြိုင်ရန်မဖြစ်နဲ့…အတတ်နိုင်ဆုံးသည်းခံပေး…ကိုယ့်ရဲ့ အရှင်သခင် တစ်ယောက်လိုသဘောထားပြီး သူပြောသမျှနာခံပေး…ဒါဆို သူသေသွားခဲ့ရင် နင့်ကြောင့်ဆိုတာ ဘယ်သူ မှ မရိပ်မိတော့ဘူး…”
မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင် အထည်ဖော်ပါတော့တယ်…။
ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်…။ ပရဆေးရောင်းတဲ့ ဦးလေးကြီး မှာတဲ့အတိုင်း လည်း ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ကိုသူထိန်းပြီး ယောက္ခမပြောသမျှကို သည်းခံနေပါသတဲ့…။ သူရဲ့ အမေအရင်းတစ်ယောက်လို ဆက်ဆံပါတယ်…။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့ အိမ်တွင်းရေး အခြေအနေတွေက အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲသွားပါသတဲ့..။
ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ …စိတ်အေးချမ်းလာပါတယ်…။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ…ယောက္ခ မကြီးဟာ ကြင်နာတတ်သူ ဆက်ဆံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်…။
ယောက္ခမကြီးရဲ့ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်…။ သူ့သမီးအရင်း လေးတစ်ယောက်လို ချစ်ခင်လာသတဲ့…။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမ လေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှာ အတော်ဆုံးပဲဆိုတာ ချီးမွမ်းခန်းဖွင့်လို့မဆုံးပါဘူးတဲ့…။ ဒီအချိန်မှာ တော့ သူတို့နှစ်ယောက်ဟာ တကယ့်သားအမိအရင်းတွေလို ချစ်ခင်သွားကြပါတော့သတဲ့…။ မိန်းကလေးရဲ့ ယောက်ျားဖြစ်သူဟာလည်း ခုလိုအမေနဲ့ မိန်းမ အဆင်ပြေသွားတာတွေ့တော့ အလွန်ဝမ်းသာနေပါတော့ တယ်…။
တစ်နေ့မှာတော့… ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည် စက်လက်နဲ့ ပြောပါတယ်…
“ ဦးလေးရယ်…ကယ်ပါဦး…ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား…ကျမ ယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ်…ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ် နေပြီ .. ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး…”
ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ်…
“ ငါ့တူမ…နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို…”
“အဲ့ဒါက အဲ့ဒီတုန်းကလေ…ခုမှကျမ သူကောင်းမှန်းသိရတာ…ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ်…တောင်း ပန်ပါတယ်…”
လို့ပြောကာမျက်ရည်တွေကျဆင်းလာပါတော့သတဲ့…ဒီတော့မှ ဦးလေးကြီးက မိန်းကလေးရဲ့ ခေါင်းကို အသာပုတ်ပြီး…
“ ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ်…ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး…ဦးလေးပေးလိုက်တာ…အားဆေးတွေပါ…သူ့အတွက်ပိုလို့တောင် ကျန်းမာရေးအထောက်အကူပြုသေးတယ်…တကယ်အဆိပ်သင့် နေတာက တူမကြီးရဲ့  စိတ်နေသဘောထားတွေပါ…ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီးသူ့ အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြီ…”
Credit To Nyein Chan Win
http://www.todaymyanmar.net/2013/10/blog-post_3035.html

လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်

လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်
Thursday, October 10, 2013

အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွားရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် စည်းကမ်းမဲ့ ကားများအား အရေးယူရန် ရဲကားဖြင့် စစ်ဆေးရေးဆင်းနေသည့် ရဲအရာရှိက လမ်းမပေါ် စည်းကမ်းမဲ့ရပ်ထားသော Autumn ၏ ကားလေးကို ချလန်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုချလန်မှာ ဒဏ်ငွေ ပေးဆောင်ရန် မဟုတ်ဘဲ နောက်နောင် ယခုကဲ့သို့ မလုပ်ရန် သတိပေးထားသည့် စာသားဖြစ်သည်။ ချလန် အဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Autumn ၏ ဖခင် ဖြစ်သူက မိမိအနေဖြင့် ချလန်ကို မြင် ခဲ့ရပြီးနောက် အလွန် အံ့အားသင့်ခဲ့ရကြောင်း၊ ယခု ချလန်ဖြတ်ပိုင်းမှာ မိမိအကြိုက်ဆုံး ချလန်တစ်ရွက်ဖြစ်ပြီး သမီးလေးအနေဖြင့်လည်း ယခုကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းကို နောက်နောင် ဘယ်တော့မှ ပြု လုပ်တော့မည်မဟုတ်ကြောင်း ဆိုခဲ့သည်။Fork ရဲဌာနကလည်း ယခုကဲ့သို့ ချလန် ဖြတ်ခဲ့ခြင်းမှာ Autumn တို့ အိမ်နီးချင်းများအနေဖြင့် ၎င်းတို့ ပစ္စည်းများကို ကားလမ်းမပေါ် စည်းကမ်းမဲ့ ထားရစ်ခြင်းမရှိစေရေးအတွက် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Automobile Journal
အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွားရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် စည်းကမ်းမဲ့ ကားများအား အရေးယူရန် ရဲကားဖြင့် စစ်ဆေးရေးဆင်းနေသည့် ရဲအရာရှိက လမ်းမပေါ် စည်းကမ်းမဲ့ရပ်ထားသော Autumn ၏ ကားလေးကို ချလန်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုချလန်မှာ ဒဏ်ငွေ ပေးဆောင်ရန် မဟုတ်ဘဲ နောက်နောင် ယခုကဲ့သို့ မလုပ်ရန် သတိပေးထားသည့် စာသားဖြစ်သည်။ ချလန် အဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Autumn ၏ ဖခင် ဖြစ်သူက မိမိအနေဖြင့်

Tuesday, October 8, 2013

"မာနကြီးတဲ့ ယောက္ခမ"(ဟာသ)

"မာနကြီးတဲ့ ယောက္ခမ"

ညဆိုင်းအလုပ်ဆင်းပြီး ပြန်လာတဲ့ယောက်ျားဟာ အိပ်ခန်းထဲဝင်လာတော့ မိန်းမလုပ်သူက စောင်ကြီးခေါင်းမြီးခြုံပြီး အိပ်နေတုန်း။
ဒါနဲ့ ဘာမှပြောမနေဘူး စောင်ခြုံထဲအသာတိုးဝင်လိုက်တယ်
ပြီးတော့ မိန်းမကို ပွတ်သီးပွတ်သပ်သွားလုပ်ပြီး ချစ်မဏ္ဍိုင်လေး စိုက်လိုက်မိတယ်။

ခဏနေတော့ ဗိုက်ဆာလာတာနဲ့ စားစရာယူမလို့  မီးဖိုထဲသွားလိုက်တာ... ...
ဟင် ... မိန်းမက မီးဖိုထဲ ရောက်နေပါလား
မြန်လိုက်တာ
အဲ ... မဟုတ်သေးပါဘူး
မသင်္ကာတာနဲ့ မေးကြည့်တယ်... ...

"မိန်းမ၊ မင်းက ဘယ်လိုလုပ်ပြီး မီးဖိုထဲ ရောက်နေတာလဲ"
"ဘာတွေလာပြောနေတာလဲ၊ ကျမ ဒီမှာ ဟင်းချက်နေတာ ကြာလှပြီ"

"ဟင်.... ဒါဆို ဟို..ဟို... အိပ်ရာထဲက ဘယ်သူတုန်း"
"ကျမအမေလေ၊ မနက်ကမှ ရောက်တာ၊ ခရီးပန်းလာပြီး ခေါင်းကိုက်နေလို့ ကျမတို့ အိပ်ရာထဲ ဝင်အိပ်ခိုင်းထားတာလေ"

"ဘုရား... ဘုရား၊ မှားကုန်ပြီ မိန်းမရေ၊ ငါက မင်းမှတ်လို့ ဟို ဟို ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီကွာ"
"ရှင်ဟင် ဟင်... အီး ဟီး လုပ်ရက်လှချည်လား ယောက်ျားရယ် အီး "

မိန်းမလုပ်သူလည်း ငိုယိုပြီး အိပ်ခန်းထဲ ပြေးသွားတယ်
ပြီးတော့ အိပ်ရာပေါ်မှာ ငေါင်စင်းစင်းနဲ့ ငုတ်တုတ်ကြီးထိုင်နေတဲ့ အမေကို ရန်တွေ့တာပေါ့... ...

"မေမေရယ်၊ ခုနတုန်းက ဟိုသင်း ဒီသင်းဖြစ်တာ သမီးယောက်ျားမှန်း မသိဘူးလား"
"သိသားပဲ"

"ရက်စက်လိုက်တာ မေမေရယ်၊ သိရက်သားနဲ့၊ ဘာလို့ ဘာမှပြန်မပြောဘဲ ငြိမ်နေရတာလဲ မေမေရဲ့"
"အောင်မယ်... လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ငါသဘောမတူဘဲနဲ့ ညည်းကို ဒီအကောင် ခိုးပြေးတာ မှတ်မိလား"

"မှတ်မိပါတယ် မေမေ"

"အေး... အဲဒီကတည်းက ဒီကောင့်ကို မုန်းလွန်းလို့ စကားမပြောပဲ နေလာတာ၊ ခုချိန်ကျမှ ငါက ခေါ်ခေါ်ပြောပြော လုပ်နေရအုံးမှာလားအေ့... ကဲ"

"ရှမ်..."

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

ကမ္ဘာ့ ပထမဆုံးသော အင်တာနက် စာမျက်နှာအား ပြန်လည်လွှင့်တင်

Photo: ကမ္ဘာ့ ပထမဆုံးသော အင်တာနက် စာမျက်နှာအား ပြန်လည်လွှင့်တင်

အင်တာနက်ဆိုတာ ကြီးမားကျယ်ပြန့်လှပါတယ်။ ဘာပဲလိုလို အင်တာနက်မှာ ရှာဖွေပါဆိုတဲ့ စကားရပ်ဟာ လွန်စွာမှန်ကန်လှပါတယ်။ ဘီလီယံနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေဟာ World Wide Web (W3) လို့ခေါ်တဲ့ ကွန်ယက်ကြီးပေါ်မှာ လွှင့်တင်ထားပါတယ်။ နှစ်ပေါင်းများစွာ တာရှည်ခံပြီး နာမည်ကျော်သွားတဲ့ စာမျက်နှာတွေ ရှိသလို သက်ဆိုးမရှည်ပဲ နေ့မြင်ညပျော် ဖြစ်ခဲ့ရတဲ့ စာမျက်နှာတွေလဲ ဒုနဲ့ဒေးပါပဲ။ 

W3 ဆိုတဲ့ အင်တာနက် ကွန်ယက်ကြီးကို လူအများ စတင်ပြီး အသုံးပြုနိုင်ခဲ့တာ ပြီးခဲ့သည့် ဧပရယ်လ ၃၀ ရက်နေ့က နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါတယ်။ ဒီ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ပျောက်ကွယ်သွားတဲ့ ထောင်သောင်းချီတဲ့ စာမျက်နှာတွေထဲမှာ အင်တာနက်ခေတ်ဦးပိုင်းက စာမျက်နှာတွေက အများစု ဖြစ်နေပါတယ်။ 

MCG ရဲ့ W3 ပေါ်ပေါက်လာပုံ ဆောင်းပါအား ဖတ်ရှုရန် - http://on.fb.me/10wGgAs

သို့သော်လည်း W3 ရဲ့ မျိုးစေ့လဲဖြစ်၊ ကမ္ဘာ့ ပထမဦးဆုံးသော အင်တာနက် စာမျက်နှာလို့လဲ ခေါ်ဆိုနိုင်တဲ့ စာမျက်နှာတစ်ခုကို သမိုင်းကြောင်းကနေ မပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အင်တာနက် စတင်မွေးဖွားခဲ့ရာ European Organization for Nuclear Research (CERN) အနေနဲ့ ဤ သမိုင်းဝင် အင်တာနက် စာမျက်နှာအား အင်တာနက် နှစ်ပေါင်း ၂၀ ပြည့် အထိန်းအမှတ်အဖြစ် ယမန်နေ့တွင် ပြန်လည်လွှင့်တင် ပေးခဲ့ပါတယ်။ 

အောက်ပါပုံအား ကြည့်မယ်ဆိုရင် ကမ္ဘာ့ ပထမဆုံး အင်တာနက် စာမျက်နှာနဲ့ ယနေ့ခေတ် အင်တာနက် စာမျက်နှာများရဲ့ ကြီးမားတဲ့ ကွာခြားမှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

မျက်မှောက်ခေတ်မှာလို ရှုပ်ထွေးလှတဲ့ ကြော်ငြာတွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ မပါရှိသလို CSS တို့ ၊ HTML5 တို့ ၊ Flash တို့ လည်း အသုံးမပြုထားပဲ အလွန်ရိုးရှင်းတဲ့ မူလပထမ Hypertext Markup Language (သို့) HTML ကို အသုံးပြုကာ Times New Roman ဖောင့်ကို အသုံးပြုကာ text သီသန့် စာမျက်နှာအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ 

W3 Project နှင့် မူလပထမ အင်တာနက် စာမျက်နှာတို့ကို လေ့လာလိုပါက - http://info.cern.ch/hypertext/WWW/
အင်တာနက်ဆိုတာ ကြီးမားကျယ်ပြန့်လှပါတယ်။ ဘာပဲလိုလို အင်တာနက်မှာ ရှာဖွေပါဆိုတဲ့ စကားရပ်ဟာ လွန်စွာမှန်ကန်လှပါတယ်။ ဘီလီယံနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေဟာ World Wide Web (W3) လို့ခေါ်တဲ့ ကွန်ယက်ကြီးပေါ်မှာ လွှင့်တင်ထားပါတယ်။ နှစ်ပေါင်းများစွာ တာရှည်ခံပြီး နာမည်ကျော်သွားတဲ့ စာမျက်နှာတွေ ရှိသလို သက်ဆိုးမရှည်ပဲ နေ့မြင်ညပျော် ဖြစ်ခဲ့ရတဲ့ စာမျက်နှာတွေလဲ ဒုနဲ့ဒေးပါပဲ။

W3 ဆိုတဲ့ အင်တာနက် ကွန်ယက်ကြီးကို လူအများ စတင်ပြီး အသုံးပြုနိုင်ခဲ့တာ ပြီးခဲ့သည့် ဧပရယ်လ ၃၀ ရက်နေ့က နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါတယ်။ ဒီ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ပျောက်ကွယ်သွားတဲ့ ထောင်သောင်းချီတဲ့ စာမျက်နှာတွေထဲမှာ အင်တာနက်ခေတ်ဦးပိုင်းက စာမျက်နှာတွေက အများစု ဖြစ်နေပါတယ်။

MCG ရဲ့ W3 ပေါ်ပေါက်လာပုံ ဆောင်းပါအား ဖတ်ရှုရန် - http://on.fb.me/10wGgAs

သို့သော်လည်း W3 ရဲ့ မျိုးစေ့လဲဖြစ်၊ ကမ္ဘာ့ ပထမဦးဆုံးသော အင်တာနက် စာမျက်နှာလို့လဲ ခေါ်ဆိုနိုင်တဲ့ စာမျက်နှာတစ်ခုကို သမိုင်းကြောင်းကနေ မပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကော်ဖီနှင့် လက်ဖက်ရည်သောက်ပေးက အသည်းကျန်းမာစေနိုင်

Photo: ကော်ဖီနှင့် လက်ဖက်ရည်သောက်ပေးက အသည်းကျန်းမာစေနိုင်

ကော်ဖီ (သို့မဟုတ်) လက်ဖက် ရည်(tea)ကို တစ်နေ့လေးခွက် သောက် သုံးပေးခြင်းဟာ အသည်းအဆီ ဖုံးခြင်းကို သက်သာစေပြီး အသည်းကို ပိုမို ကျန်းမာစေတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ Duke National University of Singapore က သုတေသီများရဲ့ လေ့ လာမှုအရ ကဖင်း ဓာတ်ဟာ အသည်း အတွက် အခုလိုအာနိသင်တွေ ရှိနေ ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ် ပါတယ်။

ဆီးချိုသွေးချိုရောဂါရှင်တွေနဲ့ အဝလွန်သူတွေရဲ့၇၀%မှာ အသည်း အဆီဖုံးနေပြီး ယမကာမှီဝဲသူတွေမှာ အများဆုံးတွေ့ရတဲ့ အခြေအနေဖြစ် ပါတယ်။ အစားအစာနဲ့ လေ့ကျင့် ခန်းကကုသမှုထက် ပိုထိရောက် တယ်လို့သိရပါတယ်။ ဆဲလ် culture များ နဲ့ ကြွက်သားများမှာ လေ့လာမှုများ အရ ကဖင်း ဓာတ်ဟာ အသည်းမှာ သိုလှောင်နိုင်တဲ့ အဆီဓာတ်တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေကို သက်ရောက် မှုရှိပြီး အသည်း အဆီဖုံးခြင်းကို ကာ ကွယ်နိုင်တယ်ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။
တွေ့ရှိမှုအရ နေ့စဉ်ကော်ဖီ သို့မဟုတ် လက်ဖက်ရည် လေးခွက်မျှ သောက်သုံးသူတွေဟာ အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ “ကော်ဖီနဲ့ လက်ဖက်ရည်ကရတဲ့ ကဖင်း ဓာတ်ဟာ ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေ ပေမယ့်လည်း ဒီသုတေသနမှာတော့ အသည်းကိုပိုပြီး ကျန်းမာ စေတယ်လို့ မိမိတို့သိရှိခဲ့ပါတယ်” လို့ သုတေသန ခေါင်းဆောင် Dr.Paul Yen က ပြောကြားခဲ့ပါတယ်။
ဒီလေ့လာမှုကို Journal Hepa- tology မှာ ဖော်ပြထားပါတယ်။

မြ၀တီ

"ကျားမာယာ"(ဟာသ)

Photo: "ကျားမာယာ"

မိန်းမဖြစ်သူက သူ့ယောက်ျားကို မသင်္ကာနေတာကြာပြီ
အကြောင်းကတော့ သူ့ရုံးက စာရေးမလေးနဲ့ ဘာလိုညာလို ကြားနေလို့လေ

ယောက်ျားက အောင်မြင်နေတဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်ပေါ့

တရက်တော့ သူ့ယောက်ျားက ရုံးကနေ ဖုန်းဆက်တယ်... ...

"မိန်းမရေ... ဒီနေ့ အိမ်ပြန်နောက်ကျမယ်ကွာ၊ ရုံးမှာ အလုပ်နည်းနည်း ရှုပ်နေလို့"... တဲ့

အလုပ်ရှုပ်နေလို့ နောက်ကျမယ်ဆိုတာ ယုံတော့ မယုံဘူး၊ 
ဒါပေမယ့် အချိုသတ်ပြီး ပြန်ပြောလိုက်တယ်.. ...

"ဟုတ်ကဲ့ပါ ရှင့်အလုပ်ကိုသာ ဖြောင့်ဖြောင့်တန်းတန်းလုပ်ပါ"

ခဏနေတော့ သူ့ယောက်ျားရဲ့ ရုံးခန်းရှိရာကို တိတ်တိတ်လေးလိုက်သွားတယ်
ဟိုရောက်လို့ သူ့ယောက်ျားရဲ့ ရုံးခန်းတံခါးကိုလည်း ဖွင့်လိုက်ရော... ...
အထဲမှာ မြင်လိုက်ရတာက... ... ...

ရှေ့နေကြီးက ဖုန်းပြောနေတယ်... 
စာရေးမလေးက ရှေ့နေကြီးရဲ့ပေါင်ပေါ် တက်ထိုင်နေတယ်

ကဲ... တခါဖြင့် ခက်ကြပြီ
ရုတ်တရက်ဆိုတော့ အထဲကနှစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်

ဒါပေမယ့်...
သူ့ယောက်ျား ရှေ့နေကြီးက ပြောနေတဲ့ ဖုန်းကို ချက်ခြင်းအသံမြှင့်ပြီး ပြောထည့်လိုက်တယ်.... 

"ခင်ဗျားတို့ကို မှာထားတဲ့ထိုင်ခုံက ဘယ်တော့ရမှာလဲ၊ ဒီမှာ ကျုပ်နဲ့ ကျုပ်စာရေးမ ထိုင်ခုံလေးတစ်လုံးကို မျှထိုင်နေရတာ လွယ်တာမဟုတ်ဘူး... ဟွင်း" ... တဲ့

— with Soe Tint San.

“ လက်တွေ့ပျောက် ဆေးမီးတို ”***ကြွက်နို့

Photo: “ လက်တွေ့ပျောက် ဆေးမီးတို ”***ကြွက်နို့
*****************************

ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။

နောက်တစ်နည်းကတော့ ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့”ပေါ်တွင် အမြဲမပြက် လိမ်း လိမ်းပေးပါ။ တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင်ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။

***ဆီးရောဂါ
၁၈နှစ်လောက်ဖြစ်ခဲ့တဲ့ ဆီးရောဂါကို တစ်ရက်နဲ့ပျောက်ကင်းပြီးပြန်မဖြစ်တော့တဲ့နည်းပါ။ ကျောက်ဖရုံသီး အူနဲ့ ကန်ဇွန်းရွက်ကိုနုတ်နုတ်စင်းပြီး ဆီးစပ်မှာအုံထားပါ။

***နားထဲပိုးကောင်ဝင်ရင်
ဘယ်လောက်ဆိုးတယ်ဆိုတာကြုံးဘူးမှသိပါမယ်။ ဆွေ့ဆွေ့ခုန်အော်ဟစ်နေရတာမျိုးပါ။ ပိုးကောင်ဝင်နေတဲ့ နားထဲကို အုန်းဆီလောင်းထည့်ပါ။ ခဏနေရင် အုန်းဆီတွေပြန်ထွက်အောင် ခေါင်းဆောင်းလိုက်ပါ။ ပိုးကောင်ထွက်သွားပါလိမ့်မယ်။
ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။

နောက်တစ်နည်းကတော့ ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့”ပေါ်တွင် အမြဲမပြက် လိမ်း လိမ်းပေးပါ။ တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင်ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။

***ဆီးရောဂါ
၁၈နှစ်လောက်ဖြစ်ခဲ့တဲ့ ဆီးရောဂါကို တစ်ရက်နဲ့ပျောက်ကင်းပြီးပြန်မဖြစ်တော့တဲ့နည်းပါ။ ကျောက်ဖရုံသီး

Friday, October 4, 2013

သင့် နား အဆင်တန်ဆာက ပြောသော သင့်အကြောင်း

သင့် နား အဆင်တန်ဆာက ပြောသော သင့်အကြောင်း
___________________________________
Thursday, October 3, 2013

သင့်နားအဆင်တန်ဆာကပြောသော သင့်အကြောင်းမီးဆိုင်းပုံစံ နားဆွဲကနေ ကျောက်မျက် ရတနာ တစ်လုံးတည်းပါတဲ့ နားကပ်အထိ

သင့်နားမှာ ပန်ဆင်ထားတဲ့ အဆင် တန်ဆာတွေဟာ သင့်မျက်နှာ ပုံပန်းသဏ္ဍာန်ကို ပိုမို ပနံရတင့်တယ် စေပါတယ်။ ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့ နားကပ် အမျိုးအစားက သင့်ကိုယ်ရည်ကိုယ်သွေး အကြောင်းကို ပြောပြနိုင်ပါတယ်။

သင်က နားဆွဲကြိုက်သူဖြစ်လျှင်

သင်က တော်ဝင်ဆန်ဆန် စိတ်ကူးယဉ် တတ်သူပါ ချစ်စရာကောင်းပြီး အမြဲတမ်း စွဲမက် ဖွယ်ရာအလှကို ဖော်ပြနိုင်တဲ့ နားဆွဲဟာ သင်ရဲ့ အဆင့်အတန်းရှိတဲ့ ကိုယ်ရည်ကိုယ် သွေးကို ဖော်ပြနိုင်ပါတယ်။ မင်္ဂလာဆောင် အခမ်းအနားမှာ တော်ဝင်မင်းသမီး ကိတ်မစ် ဒယ်တန်ဆွဲထားတဲ့ စိန်နားဆွဲကို ကြည့်ရင် သူမရဲ့ စိတ်ကူးယဉ်ဖွယ်ရာ ပင်ကိုအလှနဲ့ တင့်တယ်မှုကို မိန်းမဆန်ဆန် ထင်ဟပ်ပေါ် လွင်စေတာ မြင်ရမှာပါ။

သင်က တစ်လုံးတည်း နားကပ်ကြိုက်သူဖြစ်လျှင်

သင်က စွယ်စုံရ အနုပညာရှင်ပါ တစ်လုံးတည်းပါတဲ့ နားကပ်ကို ပန်လေ့ရှိ တဲ့ သင်က စွယ်စုံရတဲ့ အနုပညာရှင်ပါ။ စိတ် လှုပ်ရှားလွယ်ပြီး စကားကို နူးနူးညံ့ညံ့ပြောတတ် တဲ့ သင်က ကျောက်မျက်ရတနာ တစ်လုံးတည်း ပါတဲ့ နားကပ်ပန်လိုက်တဲ့အခါ ဝင့်ကြွားတောက် ပနေပါလိမ့်မယ်။

သင်က ကျောက်အစုံပါ နားကပ်ကို ကြိုက်သူဖြစ်လျှင်

သင်က စွဲမက်ဖွယ်ရာ ကောင်းသူပါ သင်က ကျောက်အစုံပါတဲ့ နားကပ်ကို သဘောတကျ ပန်တတ်သူဆိုရင် သင်ရဲ့ စွဲမက်ဖွယ်ရာကောင်းတဲ့ လှပမှုကို ဖော်ပြ နေတဲ့အတွက် သင်ရဲ့ တောက်ပတဲ့ ကိုယ်ရည်ကိုယ်သွေးကို လှစ်ဟပြသနေပါတယ်။ သင့်ကျောက်မျက်ရတနာ သေတ္တာလိုပဲ သင်ဟာ သင့်ဘဝကို မြင့်မြတ်မှု၊ နွေးထွေးမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်
ပါတယ်။ လူ တကာရဲ့ အာရုံစိုက်မှုအပေါ် သက်သောင့်သက်သာ ရှိရှိနေတတ်တဲ့ သင်ဟာ စင်ပေါ်မှာအမြဲ ဝင့်ကြွားတတ်သူပါ။

သင်က နားကွင်း ကြိုက်သူဖြစ်လျှင်

သင်က သန်စွမ်းသူပါ ထာဝရ တင့်တယ်လှပမှုရဲ့ သင်္ကေတဖြစ်တဲ့ နားကွင်းဟာ သင် ရဲ့ သန်စွမ်းမှုနဲ့ စစ်မှန်မှုကို ဖော်ပြနိုင် ပါတယ်။ သင်ဟာ စိန်ခေါ်မှုတွေနဲ့အတူ ရောက်လာတတ်တဲ့ အခွင့်အရေးတွေကို မြင်တတ်ပြီး အရာရာတိုင်းရဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်းစဉ်းစားလေ့ရှိသူပါ။ တကယ်တော့ သင့်ကျောက်မျက်ရတနာ သေတ္တာ ထဲက နားကွင်းတစ်စုံဟာ သင့်မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဂရုစိုက် စောင့်ရှောက်တတ်မှုနဲ့ သင်ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုကို ဖော်ပြနေပါတယ်။

သင်က မီးဆိုင်းကဲ့သို့ နားဆွဲကြိုက်သူ ဖြစ်လျှင်

သင်က နုပျိုစွာ ချစ်စဖွယ် ကောင်းသူပါ မီးဆိုင်းလို နားဆွဲဟာ သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေလုပ်တိုင်း သင်ရဲ့ နုပျိုမှုနဲ့ လက်တွေ့ကျနမှုကို ဖော်ပြနေ
ပါတယ်။ မီးဆိုင်းပုံစံ နားဆွဲဟာ သင်ရဲ့ ထူးခြားတဲ့ စတိုင်ကို ပြသနိုင်ပြီး သင့်စကားပြောဟန်၊ နွေးထွေးတဲ့ လှုပ်ရှားမှုနဲ့ ကိုယ်နေဟန် ထားတို့က လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရာမှာ အဆင်ပြေစေပါတယ်။

Good Health

အေးချမ်းမွန် Credit To > မြန်မာပြည်သား <Thanks
Re-posted By ACM 4-10-2013 
https://www.facebook.com/excellencemedia
သင့်နားအဆင်တန်ဆာကပြောသော သင့်အကြောင်းမီးဆိုင်းပုံစံ နားဆွဲကနေ ကျောက်မျက် ရတနာ တစ်လုံးတည်းပါတဲ့ နားကပ်အထိ

သင့်နားမှာ ပန်ဆင်ထားတဲ့ အဆင် တန်ဆာတွေဟာ သင့်မျက်နှာ ပုံပန်းသဏ္ဍာန်ကို ပိုမို ပနံရတင့်တယ် စေပါတယ်။ ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့ နားကပ် အမျိုးအစားက သင့်ကိုယ်ရည်ကိုယ်သွေး အကြောင်းကို ပြောပြနိုင်ပါတယ်။

သင်က နားဆွဲကြိုက်သူဖြစ်လျှင်

သင်က တော်ဝင်ဆန်ဆန် စိတ်ကူးယဉ် တတ်သူပါ ချစ်စရာကောင်းပြီး အမြဲတမ်း စွဲမက် ဖွယ်ရာအလှကို ဖော်ပြနိုင်တဲ့ နားဆွဲဟာ သင်ရဲ့ အဆင့်အတန်းရှိတဲ့ ကိုယ်ရည်ကိုယ် သွေးကို ဖော်ပြနိုင်ပါတယ်။ မင်္ဂလာဆောင် အခမ်းအနားမှာ တော်ဝင်မင်းသမီး ကိတ်မစ် ဒယ်တန်ဆွဲထားတဲ့ စိန်နားဆွဲကို ကြည့်ရင် သူမရဲ့ စိတ်ကူးယဉ်ဖွယ်ရာ ပင်ကိုအလှနဲ့ တင့်တယ်မှုကိုမိန်းမဆန်ဆန် ထင်ဟပ်ပေါ် လွင်စေတာ မြင်ရမှာပါ။

သင်က တစ်လုံးတည်း နားကပ်ကြိုက်သူဖြစ်လျှင်

Tuesday, October 1, 2013

အိမ်ရှင်မလုပ်မည့်.. မမများအတွက်...

အိမ်ရှင်မလုပ်မည့်.. မမများအတွက်...

ကဲ ဧဒင်ထမင်းဆိုင်က ချက်နည်းမသင်ခင်လေးမှာအိမ်ရှင်မလုပ်မည့် မမများအတွက်.... သိထားသင့်တာလေးသင်ပေးပါမယ်...။။။
မမကတော့အချက်အပြုတ်ရှေ့ တန်းကပေါ့ .. ဇွန်းကိုင်ပြိးမြည်းတတ်တာ...

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။

ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။
အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။
(သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အက်ႌကို
သံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲ
မူရင်းရေးတဲ့သူကို ပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -
ပီကေ၀ါးပါ (လို့ပြောတာပဲ)။

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -
အားလူးတစ်ခြမ်း (တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို
ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။
နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။
ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. ...သိထားတာရှိလဲ ဝေမျှပေးခဲ့ပါနော်..

ကျေးဇူးတင်ပါတယ်.

ရွှေအိမ်စည်စာကြည့်တိုက်

http://myawadynews.blogspot.com/2013/10/blog-post_1791.html
ကဲ ဧဒင်ထမင်းဆိုင်က ချက်နည်းမသင်ခင်လေးမှာအိမ်ရှင်မလုပ်မည့် မမများအတွက်.... သိထားသင့်တာလေးသင်ပေးပါမယ်...။။
မမကတော့အချက်အပြုတ်ရှေ့ တန်းကပေါ့ .. ဇွန်းကိုင်ပြိးမြည်းတတ်တာ...

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။

ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။
အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု

(ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်)

သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။

ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။

ဒါကို ဗြိတိန်နိုင်ငံသား စွန့်စားသူ Daniel Hughes က ယမန်နေ့ (မေလ ၁၉ ရက်) မှာ လက်တွေ့ပြသခဲ့ပါတယ်။ Daniel ဟာ ကမ္ဘာ့ အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကနေ စမတ်ဖုန်းအသုံးပြုပြီး ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ယင်း အသုံးပြုခဲ့တဲ့ စမတ်ဖုန်းကတော့ HTC One ဖြစ်ပြီး BBC သတင်းဌာနနဲ့ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Daniel အနေနဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်ခဲ့ခြင်းမှာ ယင်း၏ လူမှုရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ရရှိရန်ဖြစ်ပြီး ဤကဲ့သို့ ပထမဆုံးအကြိမ် စမတ်ဖုန်းဖြင့် ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့ခြင်းဖြင့် ယင်း၏ ရည်ရွယ်ချက်အား လူသိများစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

Daniel ၏ ရန်ပုံငွေမှာအဖွဲ့မှာ ဗြိတိန်အခြေစိုက် Comic Relief အဖွဲ့ဖြစ်ပြီး ယင်းတို့အနေဖြင့် ယခု ခရီးစဉ်နှင့် ဆက်စပ်ပြီါ် ဒေါ်လာ ၁.၅ သန်း ရန်ပုံငွေ ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ Comic Relief အဖွဲ့သည် ဗြိတိန်နိုင်ငံမှာ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများအား ထောက်ပံ့ပေးနေသည့် အဖွဲ့ဖြစ်သည်။

ဗီဒီယိုကြည့်ရှုရန်လင့်ခ် - http://www.youtube.com/watch?feature=player_embedded&v=j7grH7EOMfA

http://myawadynews.blogspot.com/2013/10/blog-post_2539.html
သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။

ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။

ဒါကို ဗြိတိန်နိုင်ငံသား စွန့်စားသူ Daniel Hughes က ယမန်နေ့ (မေလ ၁၉ ရက်) မှာ လက်တွေ့ပြသခဲ့ပါတယ်။ Daniel ဟာ ကမ္ဘာ့ အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကနေ စမတ်ဖုန်းအသုံးပြုပြီး ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ယင်း အသုံးပြုခဲ့တဲ့ စမတ်ဖုန်းကတော့ HTC One ဖြစ်ပြီး BBC သတင်းဌာနနဲ့ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Daniel အနေနဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်ခဲ့ခြင်းမှာ ယင်း၏ လူမှုရေး လုပ်ငန်းများအတွက်

ရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် အမေရိကန် ဆယ်ကျော်သက်လူငယ်

Photo: ရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် အမေရိကန် ဆယ်ကျော်သက်လူငယ်

Justin Beckerman လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ နူးဂျာစီပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသာတစ်ဦးဟာ အနက်ပေ ၃၀ တွင် ခုတ်မောင်းနိုင်သည့် ရေငုပ်သင်္ဘောတစ်စင်းအား အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ 

ထူးခြားလှတဲ့ ဤတီထွင်မှုဟာ ချက်ခြင်းဆိုသလို ပြန်နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းဌာနများက Justin အား ခေတ်သစ်ရဲ့ သော်မတ်စ်အက်ဒီဆင်လို့တောင် တင်စားခေါ်ဝေါ နေကြပြီဖြစ်ပါတယ်။ 

ယင်းအနေနဲ့ အဆိုပါ ရေငုပ်သင်္ဘောအား ရေပိုက်များတွင် အသုံးပြုသည့် ပလတ်စတတ်သားဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် ငယ်စဉ်ဘဝကတည်းက အီလက်ထရောနစ်ပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာပါသူဟု သိရှိရသည်။ ယင်း၏ ရေငုပ်သင်္ဘောအတွက် လိုအပ်သည့် စက်ကရိယာများနှင့် အီလက်ထရောနစ် ပစ္စည်းများကို ယင်း၏နေအိမ် ဂိုထောင်အတွင်းမှ ရှိပြီးသား ပစ္စည်းများကို အသုံးချခဲ့ခြင်းဖြစ်သည်။ 

ဤရေငုပ်သင်္ဘော တည်ဆောက်မှု၏ စုစုပေါင်း ကုန်ကျစရိတ်မှာ မယုံကြည်နိုင်ဖွယ်ရာ ဒေါ်လာ ၁ ထောင်သာ ဖြစ်သည်ဟု သိရှိရသည်။ 

Justin သည် ကလေးဘဝကပင် အင်ဂျင်နီယာ နည်းပညာနှင့် တီထွင်ဖန်တီးမှုတို့ကို လွန်စွာစိတ်ဝင်စားသူဖြစ်ကြောင်း ယင်းအနေဖြင့် ဖုန်စုပ်စက်များ ၊ ဂျက်အင်ဂျင် အသေးစားများ ၊ ဒီဗီဒီ ကြည့်ရှုနိုင်သည့် စက်များကို တည်ထွင်ခဲ့ဖူးကြောင်း သိရှိရသည်။

Justin Beckerman လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ နူးဂျာစီပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသာတစ်ဦးဟာ အနက်ပေ ၃၀ တွင် ခုတ်မောင်းနိုင် သည့် ရေငုပ်သင်္ဘောတစ်စင်း အား အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

ထူးခြားလှတဲ့ ဤတီထွင်မှုဟာ ချက်ခြင်းဆိုသလို ပြန်နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းဌာနများက Justin အား ခေတ်သစ်ရဲ့ သော်မတ်စ်အက်ဒီဆင်လို့တောင် တင်စားခေါ်ဝေါ နေကြပြီဖြစ်ပါတယ်။

ယင်းအနေနဲ့ အဆိုပါ ရေငုပ်သင်္ဘောအား ရေပိုက်များတွင် အသုံးပြုသည့် ပလတ်စတတ်သားဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် ငယ်စဉ်ဘဝကတည်းက အီလက်ထရောနစ်ပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာပါသူဟု သိရှိရသည်။ ယင်း၏ ရေငုပ်သင်္ဘောအတွက် လိုအပ်သည့်

ကျွန်ုပ်တို့ Glaxy ထဲမှ အမှောင်ဆုံးဂြိုလ်

Photo: ကျွန်ုတို့ Glaxyထဲမှ အမှောင်ဆုံးဂြိုလ်
•••••••••••••••••••••••••••••••

NASA မှစတင်တွေ့ ရှိခဲ့တာဖြစ်ပြီး TrES-2bလို့ အမည်ပေးထားပါတယ်။

အရွယ်အစားကတော့ ဂျူပီတာဂြိုလ်လောက်ရှိပြီး
GSC 03549-02811 လို့ ခေါ်တဲ့အ၀ါရောင်(နေနဲ့ အလားတူ)
ကြယ်တစ်လုံး ကိုလှည့်ပတ်နေပြီး Draco နက္ခနဲ့ ဆိုရင်တော့
အလင်းနှစ် 75ဝေးကွာပါတယ်။

ဒီဂြိုလ်ဟာ ကျောက်မီးသွေးထက်ပင်မှောင်သောအရောင်ရှိပြီး
သူလှည့်ပတ်နေတဲ့နေမှလာတဲ့အလင်းကို 99%ကျော်ကျော်စုပ်ယူ
ထားပြီး အလင်းပြန်နှုန်းကတော့ 1%အောက်နည်းသော
အလင်းပမာဏ သာရှိပါတယ်။

ဒါ့ကြောင့်ယခုတွေ့ ရှိသမျှထဲမှလတွေဂြိုလ်တွေထဲမှတော့ အမှောင်ဆုံးဂြိုလ်တစ်လုံးဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To >Scientist Myanmar < Thanks
Re-posted By ACM 30-9-2013 
https://www.facebook.com/excellencemedia
NASA မှစတင်တွေ့ ရှိခဲ့တာဖြစ်ပြီး TrES-2bလို့ အမည်ပေးထားပါတယ်။

အရွယ်အစားကတော့ ဂျူပီတာဂြိုလ်လောက်ရှိပြီး
GSC 03549-02811 လို့ ခေါ်တဲ့အ၀ါရောင်(နေနဲ့ အလားတူ)
ကြယ်တစ်လုံး ကိုလှည့်ပတ်နေပြီး Draco နက္ခနဲ့ ဆိုရင်တော့
အလင်းနှစ် 75ဝေးကွာပါတယ်။

ဒီဂြိုလ်ဟာ ကျောက်မီးသွေးထက် ပင်မှောင်သောအရောင်ရှိပြီး
သူလှည့်ပတ်နေတဲ့နေမှလာတဲ့အလင်းကို 99%ကျော်ကျော်စုပ်ယူ
ထားပြီး အလင်းပြန်နှုန်းကတော့ 1%အောက်နည်းသော
အလင်းပမာဏ သာရှိပါတယ်။

ဒါ့ကြောင့်ယခုတွေ့ ရှိသမျှထဲမှလတွေဂြိုလ်တွေထဲမှတော့ အမှောင်ဆုံးဂြိုလ်တစ်လုံးဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To >Scientist Myanmar < Thanks
Re-posted By ACM 30-9-2013
https://www.facebook.com/excellencemedia

Monday, September 30, 2013

ယူရိုငွေ ၁.၂၅ သန်းတန် မာစီဒီး ရွက်လှေ

ယူရိုငွေ ၁.၂၅ သန်းတန် မာစီဒီး ရွက်လှေ

Monday, September 30, 2013

ဂျာမနီ မာစီဒီးက ကားပဲ ထုတ်တာ မဟုတ်ပါဘူး။ ရွက်လှေနဲ့ အခြားသော စက်အစိတ်အပိုင်းများလည်း ထုတ်လုပ်ပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့နေရတဲ့ လှေက မာစီဒီးက ထုတ်မယ့်လှေ ဖြစ်ပါတယ်။

မာစီဒီး ကုမ္မဏီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ Silver Arrow Marine အမည်ရ ကုမ္မဏီက စက်ပိုင်းဆိုင်ရာကို အဓိက တာဝန်ယူပြီး ဇိမ်ခံ ရွက်လှေဖြစ်လာအောင်နဲ့ ဒီဇိုင်းထူးခြားသွားအောင်ကတော့ မာစီဒီးက တာဝန်ယူမှာ ဖြစ်ပါတယ်။ ရွက်လှေ အရှည်ပေ ကတော့ ၄၆.၂ ပေ ရှိပါတယ်။ ဒီဇယ်အင်ဂျင် ၂ လုံး တပ်ဆင်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှုအားက ၉၄၀ ရှိပါတယ်။

ရွက်လှေရဲ့  ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁.၆၉ သန်း ရှိပါတယ်။ ယူရိုငွေနဲ့ တွက်တော့ ၁.၂၅ သန်း ဖြစ်ပါတယ်။ ၂၀၁၅ အမှီရောင်းချနိုင်ဖို့ ပြင်ဆင်နေတဲ့ ရွက်လှေ ဖြစ်ပြီး ရွက်လှေ တည်ဆောက်မှုကို စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

http://myawadynews.blogspot.com/2013/09/blog-post_8027.html

သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု

သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။

၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူး ဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက် ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။

၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲဖြစ်ဖြစ် ၊ အွန်လိုင်းဂိမ်းတစ်ခုခုကို ကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဂိမ်းအခွေတစ်ခွေကို ကစားတာပဲဖြစ်ဖြစ်ပေါ့၊ ဂိမ်းကစားခြင်းဟာ သင့်ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

၃။ အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး လိုက်ဆိုပါ။ ကခုန်ပါ။ သီချင်းသံနဲ့အတူစီးမျောရင်း
သင့်ရဲ့အချိန်ကို ပျော်ရွှင်စွာ ခံစားပါ။

၎။ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြီး သူတို့မှာ လုပ်စရာ

ဥာဏ်ရည်ဥာဏ်သွေး(ဟာသ)

Photo: "ဥာဏ်ရည်ဥာဏ်သွေး"

အင်ဂျင်နီယာတစ်ယောက်နဲ့ ရှေ့နေတစ်ယောက် တောထဲကရေကန်တခုမှာ ငါးမျှားဖို့ရောက်လာတယ်။
ဖြစ်ချင်တော့...
တက္ကသိုလ်ကျောင်းသူတစုကလည်း ပျော်ပွဲစားထွက်လာရင်း ဘယ်သူမှမရှိတာနဲ့ ကန်ထဲရေဆင်းချိုးရင်း ဆော့နေကြတယ်။

ခိုးခိုးခစ်ခစ်ရယ်သံတွေကြားတော့ ငါးမမျှားသေးပဲ ချောင်းကြည့်လိုက်တယ်
ရေထဲမှာ ကောင်မလေးတွေ...
ကမ်းပေါ် ခပ်လှမ်းလှမ်းမှာက အဝတ်အစားပုံ...
ရွှီ... ပွပြီပေါ့

အင်ဂျင်နီယာက ပြောတယ်... ...
"ငါတို့ ဒီကစောင့်ပြီး ခြောင်းကြည့်ရအောင်၊ သူတို့ရေထဲကတက်လာရင် ရှယ်ပဲ"

ဒီတော့ ရှေ့နေက ပြန်ပြောတယ်... ...
"အာ... ဘာလို့ခြောင်းကြည့်မှာလဲ"
"ဟမ်... မင်းက မကြည့်ချင်ဘူးလား"
"ကြည့်မှာပေါ့ကွ၊ ဒါပေမယ့် စောင့်စရာမလိုတဲ့အကြံ ငါ့မှာရှိတယ်"
"ဘယ်လိုလဲ"
"လာကွာ.... " ... ဆိုပြီး ရှေ့နေက အနားမှာတွေ့တဲ့ ပုံးအစုပ်တလုံးကို ကောက်လို့ ရေကန်စပ်ဆင်းသွားတယ်...

ကောင်မလေးတွေက သူတို့ကို မြင်တော့ အော်တာပေါ့... ...
"အဲ... အား... အီး... ရှင်တို့ ရှင်တို့ ကျမတို့ရေချိုးနေတာကို မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရဲ့သားနဲ့ ရေကန်စပ်ကို ဘာလာလုပ်တာလဲ"

ဒီတော့ ရှေ့နေက လက်ထဲကိုင်လာတဲ့ ပုံးကို မြှောက်ပြလိုက်ရင်း ပြောတယ်... ...
"အို... ဒီအချိန်ဆို ကန်ထဲကမိကျောင်းတွေကို အစာကျွေးရတာ င့ါအလုပ်ကွ"
"ရှင်... မိကျောင်း"
"ဟယ်... မိကျောင်း"
"ဘုရား ဘုရား"
"အမလေး အမလေး... မိကျောင်းတဲ့"

ဒီတော့... 
ရှေ့နေက အင်ဂျင်နီယာကို ပြုံးပြုံးလေးလှည့်ကြည့်ရင်း ပြောလိုက်တယ်... ...

"ကဲ... သူငယ်ချင်း၊ စိတ်တိုင်းကျ ရှုစားပေတော့"... တဲ့

ကမ္ဘာ့ ဆံပင်အရှည်ဆုံးအမျိုးသ္မီး

ကမ္ဘာ့ ဆံပင်အရှည်ဆုံးအမျိုးသ္မီး
++++++++++++++++++++

သူမရဲ့နာမည်ကတော့ Asha Mandela ဖြစ်ပြီး
သူမရဲ့အသက်ဟာ 47နှစ်ရှိနေပါပြီ။

သူမရဲ့ဆံပင်ကိုသူမအသက် 25နှစ်ထဲကမညှပ်ပဲထားခဲ့ကာ
ယခုအချိန်မှာတော့သမရဲ့ဆံပင်အရှည်ဟာ 55ပေအထိရှိနေပြီး
ဒီအရှည်ကတော့ City Bus တစ်စီးအရှည်စာလောက်ရှိပါတယ်။

ဆရာဝန်ရဲ့ပြောဆိုချက်အရတော့ သူမသာဒီဆံပင်ကိုဆက်ပြီး
အရှည်ထားနေမယ်ဆိုရင်သွက်ချာပါဒရောဂါရနိုင်ပြီး
ယခုအချိန်တွင်လည်းသူမတွင်နှလုံးရောဂါရှိနေပါတယ်။

သူမကတော့ဆံပင်ကိုညှပ်မဲ့အစားမိမိကိုယ်ကိုသက်သေလိုက်မည်ဟု
သူမရဲ့ဆံပင်အပေါ်အလွန်ခင်တွယ်နေပါတယ်။

ယခုအချိန်မှာ Asha Mandela သည်ကမ္ဘာ့ ဆံပင်အရှည်ဆုံးသူအဖြစ်
ဂင်းနစ်စံချိန်တင်ခံထားရသူဖြစ်နေပါပြီ။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To > Scientist Myanmar < Thanks
Re-posted By ACM 28-9-2013 
https://www.facebook.com/excellencemedia

သူမရဲ့နာမည်ကတော့ Asha Mandela ဖြစ်ပြီး သူမရဲ့အသက်ဟာ 47နှစ်ရှိနေပါပြီ။

သူမရဲ့ဆံပင်ကိုသူမအသက် 25နှစ်ထဲကမညှပ်ပဲထားခဲ့ကာ ယခုအချိန်မှာတော့သမရဲ့ဆံပင်အရှည်ဟာ 55ပေအထိရှိနေပြီး
ဒီအရှည်ကတော့ City Bus တစ်စီးအရှည်စာလောက်ရှိပါတယ်။

ဆရာဝန်ရဲ့ပြောဆိုချက်အရတော့ သူမသာဒီဆံပင်ကိုဆက်ပြီး အရှည်ထားနေမယ်ဆိုရင်သွက်ချာပါဒရောဂါရနိုင်ပြီး
ယခုအချိန်တွင်လည်းသူမတွင်နှလုံးရောဂါရှိနေပါတယ်။

သူမကတော့ဆံပင်ကိုညှပ်မဲ့အစားမိမိကိုယ်ကိုသက်သေလိုက်မည်ဟု သူမရဲ့ဆံပင်အပေါ်အလွန်ခင်တွယ်နေပါတယ်။

ယခုအချိန်မှာ Asha Mandela သည်ကမ္ဘာ့ ဆံပင်အရှည်ဆုံးသူအဖြစ် ဂင်းနစ်စံချိန်တင်ခံထားရသူဖြစ်နေပါပြီ။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To > Scientist Myanmar < Thanks
Re-posted By ACM 28-9-2013
https://www.facebook.com/excellencemedia

အဖေသို့ သမီးပေးစာ

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ

ချစ်သော ဖေဖေ
ဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။
သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။
ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။
ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး
စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော.
 
Today Myanmar

Saturday, September 28, 2013

Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်(အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)for android

sky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ။
 
 လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ :D 
 
ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်။
 
အဆင်ပြေပါစေ......
Enjoy!
Hnget Ngai

First Look: Samsung Galaxy Gear Smartwatch(စမတ်လက်ပတ်နာရီ)

Galaxy Gear ဆိုတာကတော့ အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung မှ ထုတ်လုပ်ထားတဲ့ စမတ်လက်ပတ်နာရီပဲ ဖြစ်ပါတယ်။ Galaxy Gear ကို စမတ်ဖုန်း (သို့) တက်ဘလက်နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ Galaxy Note 3 နှင့် Note 10.1 တို့နဲ့သာ ချိတ်ဆက်ပြီး သုံးစွဲလို့ရပါလိမ့်မယ်။ Samsung အနေနဲ့ မကြာမီ အချိန်မှာ Galaxy S4 ၊ Note 2 တို့နဲ့လည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် Galaxy Gear ရဲ့ ဈေးနှုန်းကတော့ ပေါ့သေးသေး မဟုတ်ပါဘူး။ သီးသန့် ဝယ်ယူမယ်ဆိုရင် ကျပ် ၂ သိန်းခွဲကျော် ကျသင့်မှာဖြစ်ပြီး Note 3 နဲ့ အတူဝယ်ယူမယ်ဆိုရင်တော့ ကျပ် ၇ သိန်းကျော် ကျသင့်ပါလိမ်မယ်။ အဓိကပြဿနာက Galaxy Gear ကို Samsung ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေ တက်ဘလက်တွေနဲ့သာ လက်ရှိအချိန်မှာ ချိတ်ဆက်သုံးစွဲလို့ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Galaxy Gear ကို Myanmar Consumer Guide မှ ပထမဆုံးအကြိမ် ကိုင်တွယ်စမ်းသပ် ကြည့်ခဲ့ရာမှာတော့ -

Specifications:

မျက်နှာပြင် - 1.63-inch (320 x 320 pixels)
ပရော်ဆက်ဆာ - 800MHz
သိုမှီးမှုပမာဏ - 4GB

Thursday, September 26, 2013

တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်

တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်
Thursday, September 26, 2013

အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်
တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )

အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်..

တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။

အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )
မြ၀တီ

နော်ဝေမှ Atlantic Ocean လမ်း (Atlantic Ocean Road)

နော်ဝေမှ Atlantic Ocean လမ်း (Atlantic Ocean Road)

ပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ်အခြေပြုတည် ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Ref:wikiepdia

အောင်ခမ်း (ရိုးရာလေး)
ပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ် အခြေပြုတည်   ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Ref:wikiepdia

အောင်ခမ်း (ရိုးရာလေး)
 
မှတ်သားဖွယ် ဗဟုသုတများ

မှတ်သားဖွယ် ဗဟုသုတများ
==============

ဘယ်တော့မှ ပြန်မရနိုင်သော အရာ (၃) မျိုး
၁။ ကုန်ဆုံး သွားသောအချိန်များ
၂။ ပြောပြီးသော စကားများ
၃။ အခွင့်အရေးကောင်းများ

အကောင်းဆုံးကို ဖန်တီးနို်င်သော အရာ (၃) မျိုး
၁။ အလုပ် ကြိုးစားခြင်း
၂။ စိတ်ရင်း မှန်ဖြင့် လုပ်ဆောင်ခြင်း ၊ ရိုးသားခြင်း
၃။ စိတ်ရော ကိုယ်ပါ နှစ်မြုပ်ထားခြင်း ။

တန်ဖိုး ကြီးဆုံး အရာ (၃) မျိုး
၁။ အချစ်
၂။ မိမိကိုယ် မိမိယုံကြည်မှု
၃။ မိတ်ဆွေ

တစ်ကြိမ်ဆုံး ရှုံးပြီးနောက် ပြန်လည် တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး
၁။ ရိုသေလေးစားမှု
၂။ ယုံကြည် စိတ်ချမှု
၃။ ခင်မင် ရင်းနှီးမှု

ပျက်စီးစေသော အရာ (၃) မျိုး
၁။ အရက်သေ စာ ။
၂။ မာနကြီးခြင်း ၊ မိမိကိုယ်မိမိ အထင်ကြီးခြင်း နှင့် ၀င့်ကြွားခြင်း။
၃။ ဒေါသကြီး ခြင်း ။

ဘယ်တော့မှ မသေချာသော အရာ (၃) မျိုး
၁။ အိမ်မက်
၂။ စိတ်ကူး ၊ ရည်ရွယ်ချက်
၃။ ကံကြမ္မာ

မီးပြတိုက် ( mee-pya-tite )