“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, September 26, 2013

တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်

အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်
တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )

အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်..

တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။

အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )
မြ၀တီ

နော်ဝေမှ Atlantic Ocean လမ်း (Atlantic Ocean Road)

ပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ်အခြေပြုတည် ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Ref:wikiepdia

အောင်ခမ်း (ရိုးရာလေး)
ပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ် အခြေပြုတည်   ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Ref:wikiepdia

အောင်ခမ်း (ရိုးရာလေး)
 
မှတ်သားဖွယ် ဗဟုသုတများ

မှတ်သားဖွယ် ဗဟုသုတများ
==============

ဘယ်တော့မှ ပြန်မရနိုင်သော အရာ (၃) မျိုး
၁။ ကုန်ဆုံး သွားသောအချိန်များ
၂။ ပြောပြီးသော စကားများ
၃။ အခွင့်အရေးကောင်းများ

အကောင်းဆုံးကို ဖန်တီးနို်င်သော အရာ (၃) မျိုး
၁။ အလုပ် ကြိုးစားခြင်း
၂။ စိတ်ရင်း မှန်ဖြင့် လုပ်ဆောင်ခြင်း ၊ ရိုးသားခြင်း
၃။ စိတ်ရော ကိုယ်ပါ နှစ်မြုပ်ထားခြင်း ။

တန်ဖိုး ကြီးဆုံး အရာ (၃) မျိုး
၁။ အချစ်
၂။ မိမိကိုယ် မိမိယုံကြည်မှု
၃။ မိတ်ဆွေ

တစ်ကြိမ်ဆုံး ရှုံးပြီးနောက် ပြန်လည် တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး
၁။ ရိုသေလေးစားမှု
၂။ ယုံကြည် စိတ်ချမှု
၃။ ခင်မင် ရင်းနှီးမှု

ပျက်စီးစေသော အရာ (၃) မျိုး
၁။ အရက်သေ စာ ။
၂။ မာနကြီးခြင်း ၊ မိမိကိုယ်မိမိ အထင်ကြီးခြင်း နှင့် ၀င့်ကြွားခြင်း။
၃။ ဒေါသကြီး ခြင်း ။

ဘယ်တော့မှ မသေချာသော အရာ (၃) မျိုး
၁။ အိမ်မက်
၂။ စိတ်ကူး ၊ ရည်ရွယ်ချက်
၃။ ကံကြမ္မာ

မီးပြတိုက် ( mee-pya-tite )

ခေါင်းကိုက်ဝေဒနာပျောက်ရန် သဘာဝနည်းလမ်း

ခေါင်းကိုက်ဝေဒနာပျောက်ရန် သဘာဝနည်းလမ်း

ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခေါင်းဘယ်လောက်ပဲ ကိုက်ကိုက်၊ ဘယ်လောက်ပဲ မူးမူး သဘာဝအတိုင်း ပျောက်စေတဲ့ နည်းလမ်း ရှိပါတယ်။

ယင်းကတော့ သံပုရာသီးကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သံပုရာသီးကို နှစ်ခြမ်း ခြမ်းပြီး အတွင်းသားကို နဖူးမှာ သာသာလေး ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။ ယင်းသို့ ပွတ်သပ်ခြင်းဖြင့် တကယ်ပဲ ခေါင်းကိုက် သက်သာ ပျောက်ကင်းစေပါတယ်။

သံပုရာသီးက အအေးဓာတ်နဲ့ အနံ့က ဦးနှောက်ကို လန်းဆန်းစေပြီး ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။
--
Ref: medic-facts
Aung Kham ( International news for myanmar )

အသားလှုပ် ဟောကိန်း

ထိပ်ဦးအသား၊ လှုပ်ဘိငြားမူ၊ မင်းများကြည်ညွတ်၊ ပူဇော်လတ်အံ့။

အမြတ်တင်ရာ၊ လယ်ယာဦးကင်း၊ လှုပ်ခြင်းတဖြာ၊ လက်ယာအက္ခိ၊ မျက်စိအပေါ်၊ လှုပ်သော်တကြောင်း၊ ခင်ပွန်းကောင်းနှင့်၊ ပေါင်းမိတတ်စွ၊ လာဘ်သော်ရလိမ့်။

အောက်ကလှုပ်မူ၊ ချစ်သူရန်လို၊ မျက်ပိုစမြဲ။
လက်ဝဲမျက်ခုံး၊ လှုပ်သည့်ထုံးကား၊ ကံဘုန်းထွန်းသစ်၊ ကြံတိုင်းဖြစ်လိမ့်။

မျက်ရစ်အောက်သား၊ လှုပ်ခဲ့ငြားမူ၊ မြေး-သား-မျိုးဆွေ၊ ပျက်စီးလေ၍။

မျက်ရည်ကျငြား၊ လက်ယာနားမူ၊ ရန်ပွားခိုက်ဆစ်၊ ဖြစ်အံ့တချက်၊ ရာထူးတက်လိမ့်။

လက်ဝဲနားမှာ၊ လာဘ်များစွာ၏။
နှာခေါင်းစင်စစ်၊ တုန်လှုပ်လစ်မူ၊ ချစ်သည်သူနှင့်၊ ကလူကျီစယ်၊ ပျော်ရဖွယ်တည့်။

ထက်ဝယ်နှုတ်ခမ်း၊ လှုပ်ဆမ်းဘိငြား၊ စကားရန်စ၊ တွေ့လေရအံ့။

အောက်ကလှုပ်လာ၊ ဝေးရပ်ရွာမှ၊ ရောက်လာစကား၊ သတင်းကြား၏။

Wednesday, September 25, 2013

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”
Thursday, September 26, 2013

(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ

(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိ
ုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွား
ပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေက
ို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန
့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနေ
ာ်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့်
ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ

"လူကြိုက်များတဲ့ငရဲ"(ဟာသ)

"လူကြိုက်များတဲ့ငရဲ"

ဆဒမ်ဟူစိန်သေတော့ ငရဲကျရော...
ငရဲပြည်မှာက နိုင်ငံအလိုက်ငရဲခန်းတွေရှိတယ်
ကိုယ်ကြိုက်တဲ့ ငရဲခန်းကို ရွေးချယ်ခွင့် ရှိတယ်

ငရဲမင်းကြီးက ဆဒမ်ဟူစိန်ကို ငရဲပြည်အနှံ့လိုက်ပြပြီး ကြိုက်တဲ့ငရဲခန်းကို ရွေးချယ်ခိုင်းတယ်

ပထမဆုံးတွေ့တာက အမေရိကန်ငရဲ
ဒီငရဲမှာနှိပ်စက်နည်းက...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး အမေရိကန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်တခုက ဂျာမဏီငရဲ
ဒီငရဲမှာနှိပ်စက်နည်းကလည်း...

ပြီးရင် ကျန်တဲ့တနေ့လုံး ဂျာမန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်ငရဲတွေလိုက်ပြတော့လည်း နှိပ်စက်ပုံတွေက အတူတူချည်းဆိုတော့ ဘာရွေးရမှန်းမသိဘူး ဖြစ်နေတယ်

အဲ
တနေရာရောက်တော့ လူတွေအများကြီး တန်းစီနေတဲ့ ငရဲတခုကို တွေ့ပါလေရော
နှိပ်စက်နည်းတွေများ သက်သာလို့လားဆိုတော့ မသက်သာဘူး
ရှေ့ကငရဲတွေနဲ့ ပုံစံတူနှိပ်စက်နည်းတွေပဲ

ဒါနဲ့ ငရဲမင်းကြီးကို မေးကြည့်တာပေါ့... ...

"နှိပ်စက်တဲ့နည်းခြင်း အတူတူကို ဘာလို့ဒီငရဲကျမှ လူကြိုက်များရတာလဲ"

ဒီတော့ ငရဲမင်းကြီးက ရှင်းပြတယ်... ...

"ဒါမြန်မာပြည်ငရဲကွ၊ ဘာလို့လူကြိုက်များလဲဆိုရင် လျှပ်စစ်ကုလားထိုင်က မီးမလာတော့ ရှော့တိုက်လို့ မရဘူးကွာ၊ သံချွန်တွေကလည်း ဈေးကောင်းရလို့ ပိသာချိန်နဲ့ ရောင်းစားလိုက်ကြပြီကွာ"
"ဒါဆို ကြာပွတ်နဲ့ပဲ အရိုက်ခံရတာပေါ့နော်"
"မခံရဘူး"
"ဘာလို့လဲဗျ"
"ကြာပွတ်နဲ့ ရိုက်တဲ့ ငရဲသားတွေကလည်း ဝန်ထမ်းတွေဆိုတော့ ရုံးတက်လက်မှတ်ထိုးပြီးတာနဲ့ တနေကုန် လဘက်ရည်ဆိုင် သွားထိုင်နေကြရော"
"ကောင်းဗျာ"

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ယနေ့အကြိုက်ဆုံး ဟာသ

ယနေ့အကြိုက်ဆုံး ဟာသ
==============

အညာဘက်မှာ ရွာတွေရှိတယ် ရွာနာမည်ဆန်းဆန်းတွေပေါ့ကွယ်။

ရွာတရွာရဲ့နာမည်က "ဂွေးကြီး" ရွာတဲ့။ ရွာက ဘုန်းကြီးကျောင်းမှာ ဆရာတော်ရှိတယ်။ ဒီတော့ လူတွေက လေးလေးစားစား "ဂွေးကြီး ဆရာတော်" လို့ ခေါ်ကြသတဲ့။ လူကြားထဲ လော်နဲ့အော်ခံရတော့ ဆရာတော် စိတ်ညစ်သတဲ့။

ဒါနဲ့ နာမည်ပြောင်းအောင် အလှူခံပြီး ကိုးတောင်ပြည့်စေတီလေး ရွာထိပ်မှာ တည်သတဲ့။

တည်ပြီးမှ လူတွေက ဘုန်းဘုန်းကို လေးလေးစားစား "ကိုးတောင်ပြည့် ဂွေးကြီး ဆရာတော်" လို့ ခေါ်တော့တာပဲကွယ်။

အလှူမှာ လှူဖွယ်ပစ္စည်းတွေမဲနှိုက်ပြီး ကြေညာတယ်၊၊ဆရာတော်တွေများတော့ ကြေညာတဲ့သူက အလွယ်ပဲကြေညာတယ်၊၊

ဥပမာ.. တောရဆရာတော်ဆွမ်းချိုင့် ပေါက် ရင် ...တောရဆရာတော် ဆွမ်းချိုင့်ပါဘုရား....လို့ အော်တယ်၊၊၊

ခုနက ဆရာတော် နှာ ရှူဆေးဗူး ပေါက်တော့ ကြေညာလိုက်တာက.... "ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဗူးပါဘုရား......."

(ဟာသအမြင်ဖြင့်သာ ဖတ်ကြရန်)

(originally posted by အနက် မဲ့ )

အခမဲ့ကြော်ငြာ

Tuesday, September 24, 2013

Facebook က သင့်ကို Block ရခြင်းအကြောင်းများ

Friend အသားကုန် Add ခြင်း
ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

Monday, September 23, 2013

ဇူလိုက်လ အတွက် အကောင်းဆုံး လူအကြိုက်အများဆုံး Ring Tone များ ပြန်လည်စုစည်းမူ

http://rqringtone.wordpress.com/
  • (1) Ring Tone Title
သစ္စာ
  • Ring Tone Artists
ဘန်နီဖြိုး & ဆိုတေး
  • For You !!
  • (2) Ring Tone Title
အရောင်မဆိုးနဲ့ 
  • Ring Tone Artists
နီနီခင်ဇော်
  • For You !!
  • (3) Ring Tone Title
Priyanka Chopra
  • Ring Tone Artists
 Exotic (ft Pitbull)
  • For You !!
  • (4) Ring Tone Title
Looking at me
  • Ring Tone Artists
step up 2 movie song
  • For You !!
  • (5) Ring Tone Title
VIP
  • Ring Tone Artists
ရဲရင်အောင်
  • For You !!
  • (6) Ring Tone Title
Like a G 6
  • Ring Tone Artists
Far East
  • For You !!
  • (7) Ring Tone Title
window Eorr Remix
  • Ring Tone Artists
SMS Tone
  • For You !!
  • (8) Ring Tone Title
Gangnam Gummy Style
  • Ring Tone Artists
RING TONE
  • For You !!
  • (9) Ring Tone Title
နင်သာရှိရင်
  • Ring Tone Artists
Ning One (9 one)
  • For You !!
  • (10) Ring Tone Title
ဥမ္မာလီဇာ
  • Ring Tone Artists
bunny phyo
  • For You !!
  • (11) Ring Tone Title
Oye Brazil Vs Hey Baby
  • Ring Tone Artists
 Pitbull ft. T-Pain
  • For You !!
  • (12) Ring Tone Title
ဖုန်းမကိုင်ဘူးကွာ
  • Ring Tone Artists
funny Ring tone
  • For You !!
  • (13) Ring Tone Title
Dance Again
  • Ring Tone Artists
jennifer Lopez & pitbull
  • For You !!
  • (15) Ring Tone Title
ThatPower
  • Ring Tone Artists
Feat Justin Bieber
  • For You !!
  • (16) Ring Tone Title
အလွမ်းသက်သေ
  • Ring Tone Artists
Wolf Clown family
  • For You !!

AUG လ အတွက် တစ်လတာ မန်ဘာအကြိုက်ဆုံး Ring TOne စုစည်းမူ ထွက်ပါပြီး !

Rq Ring TOne Main LOGO!!
မင်္ဂလာပါခင်ဗျာ..။
AUG လ အတွက် တစ်လတာ မန်ဘာအကြိုက်ဆုံး Ring TOne စုစည်းမူ ထွက်ပါပြီး !
အားလုံး တစ်နေရာရာမှ အသုံးဝင်နိုင်ပါစေဗျာ..။

http://mmflashsongs.ning.com/မှ ကူးယူဖော်ပြပါသည်...
  • (1) Ring Tone Title
နတ်သက်ကြွေ
  • Ring Tone Artists
ဘန်နီဖြိုး
  • For You !!
  • (2) Ring Tone Title
Sasung Mix 2013
  • Ring Tone Artists
best in 2013
  • For You !!
  • (3) Ring Tone Title
You Have text massage
  • Ring Tone Artists
SMS TONE
  • For You !!
  • (4) Ring Tone Title
Hey Baby !!
  • Ring Tone Artists
T pain & bitpull
  • For You !!
  • (5) Ring Tone Title
Ring TONE NEW
  • Ring Tone Artists
in 2013
  • For You !!
  • (6) Ring Tone Title
FANTASTICBABY
  • Ring Tone Artists
Big Bang (KOREA)
  • For You !!
  • (7) Ring Tone Title
Just Give Me A Reason
  • Ring Tone Artists
P!nk feat Nate Ruess
  • For You !!
  • (8) Ring Tone Title
ဝေးခဲ့ရင်
  • Ring Tone Artists
ဖော်ကာ
  • For You !!
  • (9) Ring Tone Title
ရင်ထဲကဂီတာ
  • Ring Tone Artists
လင်းလင်း ( သံမဏိလိပ်ပြာ)
  • For You !!
  • (10) Ring Tone Title
ချစ်သူသို့ 
  • Ring Tone Artists
Bachit(B-Lord) ft Joe Jar
  • For You !!
  • (11) Ring Tone Title
အသက်မဲ့စကား
  • Ring Tone Artists
G LET (ဂျီလတ်)
  • For You !!
  • (12) Ring Tone Title
လွမ်းလွန်းလို့ 
  • Ring Tone Artists
ရဲရင့်အောင်
  • For You !!
  • (13) Ring Tone Title
Sexy Me(sexy lady)
  • Ring Tone Artists
hip hop
  • For You !!
  • (14) Ring Tone Title
Sexy Me(sexy lady)
  • Ring Tone Artists
Solo
  • For You !!
  • (15) Ring Tone Title
COOL DJ Remix songs
  • Ring Tone Artists
for sms & Ring Tone
  • For You !!

Sunday, September 22, 2013

"စည်းကမ်းအတိုင်း"(ဟာသ)

Photo: "စည်းကမ်းအတိုင်း"

မိတ်ဆုံစားပွဲတခု တက်ရောက်ချီးမြှင့်ပေးဖို့ မစ္စတာဘင်းတစ်ယောက် ဖိတ်ကြားခြင်း ခံရတယ်
ဖိတ်ကြားတာကလည်း ထူးဆန်းတဲ့ စည်းကမ်းသတ်မှတ်ချက်ကြီးနဲ့
လာဖိတ်တဲ့လူက မစ္စတာဘင်းကို ပြောသွားတာ...

'တက်ရောက်လာသူအားလုံး အဖြူရောင် နက်ကတိုင်တခုပဲ စည်းရမယ်'... တဲ့

ဒါနဲ့ ဖိတ်ကြားထားတဲ့နေ့ရောက်တော့ မစ္စတာဘင်းလည်း အဖြူရောင် နက်ကတိုင်ကြီးစည်းပြီး သွားတာပေါ့
ခန်းမထဲလည်းဝင်ရော မစ္စတာဘင်းခမြာ အံ့သြလွန်းလို့ မှင်သက်မိသွားတယ်...
တခြားလူတွေလည်း အဖြူရောင်နက်ကတိုင်တွေနဲ့ချည်းပဲ

ဒါပေမယ့်...
သူတို့က ဘောင်းဘီတွေ အင်္ကျီတွေပါတယ်

Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ ဘယ်လိုအလုပ်ကြသလဲ

Photo: Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ ဘယ်လိုအလုပ်ကြသလဲ

Google အနေနဲ့ ၂၅ စက္ကန့်မှာ အလုပ်လျှောက်လွှာတစ်ခု လက်ခံရရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအင်အား ၃ သောင်းကျော် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ Google ရဲ့ ရုံးများအနက်မှ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့၌ တည်ရှိသည့် ဌာနချုပ်ကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်သလို ဝန်ထမ်းများ အသုံးပြုဖို့ ထားရှိပေးထားတဲ့ ပစ္စည်းတွေ၊ အပန်းဖြေ အနားယူဖို့ နေရာတွေနဲ့ စားသောက်ခန်းမတွေဟာလည်း အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ 

ဒါဆိုရင် ဂိမ်းကစားခန်းတွေ၊ ရေကူးကန်တွေ၊ အနှိပ်ခန်းတွေ၊ အခမဲ့စားသောက်ဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ အလုပ်လုပ်ဖို့ အချိန်ကော ရှိကြမယ်လို့ ထင်ပါသလား။ 

Google ရဲ့ ရည်မှန်းချက်ကတော့ ဝန်ထမ်းများအနေနဲ့ အလုပ်လုပ်ချိန်နဲ့ အနားယူချိန် မျှတဖို့ပဲဖြစ်ပြီး ယင်းမှသာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ 

ယင်းအတွက်ကြောင့် Google အနေနဲ့ ယင်းတို့ရဲ့ ဝန်ထမ်းများအတွက် အခမဲ့ စားသောက်ဆိုင်တွေ၊ ဆံသဆိုင်တွေ၊ အဝတ်လျှော်ဆိုင်တွေ၊ ဆေးပေးခန်းတွေစတဲ့ ဝန်ဆောင်မှုများကိုပါ ထည့်သွင်း ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ 

Google ရဲ့ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Corin Anderson ကတော့ “အားလုံးက အလုပ်ကို ကြိုးစားအားထုတ်ပြီး လုပ်ကြပါတယ်။ အနားယူချိန်မှာလည်း စိတ်လွတ်ကိုယ်လွတ် အနားယူကြပါတယ်။ အဓိကအချက်ကတော့ ဝန်ထမ်းတွေအားလုံးဟာ စိတ်ချမ်းသာပျော်ရွှင်ကြပါတယ်။” လို့ ဆိုသွားပါတယ်။
Google အနေနဲ့ ၂၅ စက္ကန့်မှာ အလုပ်လျှောက်လွှာတစ်ခု လက်ခံရရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအင်အား ၃ သောင်းကျော် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ Google ရဲ့ ရုံးများအနက်မှ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့၌ တည်ရှိသည့် ဌာနချုပ်ကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်သလို ဝန်ထမ်းများ အသုံးပြုဖို့ ထားရှိပေးထားတဲ့ ပစ္စည်းတွေ၊ အပန်းဖြေ အနားယူဖို့ နေရာတွေနဲ့ စားသောက်ခန်းမတွေဟာလည်း အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် ဂိမ်းကစားခန်းတွေ၊ ရေကူးကန်တွေ၊ အနှိပ်ခန်းတွေ၊ အခမဲ့စားသောက်ဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ အလုပ်လုပ်ဖို့ အချိန်ကော ရှိကြမယ်လို့ ထင်ပါသလား။

Google ရဲ့ ရည်မှန်းချက်ကတော့ ဝန်ထမ်းများအနေနဲ့ အလုပ်လုပ်ချိန်နဲ့ အနားယူချိန် မျှတဖို့ပဲဖြစ်ပြီး ယင်းမှသာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် Google အနေနဲ့ ယင်းတို့ရဲ့ ဝန်ထမ်းများအတွက် အခမဲ့ စားသောက်ဆိုင်တွေ၊

သင် ဘယ်လိုလူ လုပ်မှာလဲ ဖြေပါ.....?

Photo: သင် ဘယ်လိုလူ လုပ်မှာလဲ ဖြေပါ.....?

ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့ အကြောင်း အားပျက်မိတဲ့အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

ရေနွေးတွေလဲဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီးထည့်လိုက်တယ်။ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။

နောက်၁၀မိနစ်လောက်ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့် လိုက်တယ်။ နောက်တစ်အိုးက ကြက်ဥတွေကိုဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲကလက်ဖက်ခြောက်တွေခပ်ထားတဲ့ ရေနွေးတွေကို ခွပ်တစ်လုံးထဲ ထည့်လိုက်တယ်။

အဲဒိနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲလို့ မေးတဲ့အခါမှာ သမီးလုပ်သူက မုန်လာဥပြုတ်၊ ကြက်ဥပြုတ်
နဲ့ ရေနွေးကြမ်းတွေပါလို့ ပြန်ဖြေလိုက်တယ်။

သမီးက အဲဒိလိုပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက မုန်လာဥကို ဇွန်းနဲ့  ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာတွေ့ ရတယ်။ နောက် ကြက်ဥကိုယူပြီးစမ်းခိုင်းပြန်တယ်။ ကြက်ဥကို ခွာလိုက်တဲ့ အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ်တစ်လုံးဖြစ်နေတာ တွေ့ ရပြန်တယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့
အခါမှာအနံ့  အရသာနဲ့ ပြည့်စုံတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်နေတာ သတိထားမိပြန်တယ်။

အားလုံးစမ်းသပ်ပြီးတဲ့အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလိုဆုံးမပါတယ်။

မုန်လာဥက ရေနွေးထဲမရောက်ခက်မှာ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးပေါ့။ ဒါပေမယ့် ရေနွေးနဲ့ လဲ ပြုတ်လိုက်ရော တစ်ခါထဲကို ဖျော့ဖတ်သွားတော့တာဘဲ။

ကြက်ဥကျပြန်တော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။ ကြမ်းကြမ်းလေးထိမိတာနဲ့  ခွက်ကနဲ ကွဲသွားရော။ အပေါ်ခွံ ပါးပါးလေးက အထဲက အရည်ကြည့်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလဲ ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေက အားလုံးမာကုန်ပြန်ဘဲ။

လက်ဖက်ခြောက်ကတော့ တစ်ဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလဲရောက်ရော အဲဒိအဖြူရောင် ရေနွေးတွေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပြစ်လိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အနေနဲ့  ပြောင်းသွားတယ်။

ကဲ…………. ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။

လောကဒဏ်ဆိုတာ လူတိုင်းဟာတစ်နည်းနည်းနဲ့ ရင်ဆိုင်နေရတာဘဲ။ အဲဒါလောကဒဏ်နဲ့  နဖူးတွေ့ ၊ ဒူးတွေ့  ရင်ဆိုင်လာရတဲ့အခါမှာ သမီးက ဘယ်လိုတုန့် ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါတဲ့။

ပုံပြင်လေးက ဒါပါဘဲ။ ဒါပေမယ့် အဲဒိပုံပြင်ထဲမှာ ဘာတွေရလိုက်သလဲ။

အပြင်ပန်းအမြင်မှာ မုန်လာဥလို မာချာချာ တောင့်တောင့်တင်းတင်းနဲ့  ၊ လောကဒဏ်ကို တကယ်ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလား။

အစတုန်းကတော့ ထိလွယ်ကွဲလွယ်တဲ့စိတ်ရှိနေတယ်။ စိတ်ကလဲပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို တစ်ခုခုကို အပြင်းအထန် ခံစားပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ လောကဒဏ်ဆိုတဲ့ စိတ်၊ ထီမထင်တဲ့စိတ်ဓါတ်နဲ့  မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့  ပြုတ်ပြီးသားကြက်ဥလို အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီးမာကြောနေတဲ့
နှလုံးသားနဲ့ လူမျိုးလား။

လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ အရသာပိုကောင်းလေလေဘဲ။ လက်ဖက်ခြောက်လို လူဆိုတာကလဲ
ဒုကတွေနဲ့ အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဘို့ ဆုံးဖြတ်ထားပါသလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မူရင်း ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

https://www.facebook.com/photo.php?fbid=487874001249925&set=a.477305768973415.102490.477299495640709&type=1&theater

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ

သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။
Photo: သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။

ကြိုက်လွန်းလိုပြန်ရှယ်လိုက်တာပါ။

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။

၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

credit to Career Hope Opportunity -CHO

အေးချမ်းမွန် Credit To >Myanmarbizhelp.com< Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia

"မယားစရိတ်"(ဟာသ)

Photo: "မယားစရိတ်"

လင်မယားကွာရှင်းလိုမှု တစ်ခုကို တရားသူကြီးက ဆုံးဖြတ်ချက် ချပါတော့မယ်။တရားသူကြီးက ပြောတယ်... ...
"မစ္စတာစိုင်းမင်း၊ ကျုပ် ဒီအမှုကို သေသေချာချာ လေ့လာပြီးပြီ၊ လင်မယားကွာတယ်ဆိုတာ ဒီအတိုင်း လက်လွတ်ကိုယ်ကျွတ် ကွာလို့မရဘူး"

"ဟုတ်ကဲ့"

"ဒီတော့ ခင်ဗျားမိန်းမကို တစ်လ သုံးသိန်းပေးဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်၊ ကျေနပ်လား"

"ဟာ ကျနော့်ကိုယ်စား
တရားသူကြီးမင်းကထောက်ပံ့တာ ကျေးဇူးတောင် တင်သေး အဟေး ဟေး"
"ဘာာာာ... "

ဟာသဗိမာန်-ဆရာသန်

"အလုပ်များနေလို့"(ဟာသ)

Photo: "အလုပ်များနေလို့"

တခါက...
ဘယ်ဘာသာတရားကိုမှ မယုံကြည်တဲ့ "ဘုရားမဲ့ဝါဒီ" တစ်ယောက်ရှိသတဲ့
တနေ့တော့ အဲဒီလူဟာ ခန်းမဆောင်တခုအတွင်းမှာ သူ့နောက်လိုက်တွေကို ဟောပြောနေတယ်

"လောကမှာ ဘုရားမရှိကြောင်း ခင်ဗျားတို့ကို ကျုပ်လက်တွေ့ပြမယ်"

...ဆိုပြီး သူက ဒီလို အော်တယ်

"ဘုရားသခင် ဆိုတာ တကယ်ရှိရင် အခုလာပြီး ကျုပ်ကို ဒီစင်မြင့်ပေါ်ကနေ ထိုးချလိုက်စမ်းပါ"

ခဏစောင့်တယ်၊ ဘာမှ ဖြစ်မလာတော့ ထပ်အော်တယ်... ..

ခဏထပ်စောင့်တယ်၊ ဘာမှမဖြစ်လာဘူး ဒါနဲ့ ထပ်အော်ပြန်တယ်... ...

အဲ...
ကံဆိုးချင်တော့ ကော်ရစ်ဒါကနေ ဖြတ်လျှောက်သွားတဲ့ နဘမ်းသမားတစ်ယောက်က သူအော်တာကို ကြားလို့ ရပ်ကြည့်နေတာ သူမသိဘူး
ခဏခဏအော်နေတော့ နဘမ်းသမားက အမြင်ကပ်လာပြီး အခန်းထဲဝင်လာတယ်
ပြီးတော့ အဲဒီလူကို နှစ်ချက်သုံးချက် ထိုးချလိုက်တာ စင်အောက်ကျသွားပြီး ပုံ့ပုံ့ကြီး လဲနေပါလေရော
နာနေတဲ့ကြားထဲက မေးရှာတယ်... ...

"မင်းက ဘာလို့ ငါ့ကိုထိုးတာလဲ"
"မင်းပဲ ဘုရားသခင်တကယ်ရှိရင် လာထိုးဆို"
"ဒါဆို မင်းက ဘုရားသခင်လား"

ဒီတော့ နဘမ်းသမားက ပြန်ပြောတယ်... ...

"မဟုတ်ဘူး၊ သူ မအားလို့ ငါ့ကိုလွှတ်လိုက်တာ"... တဲ့
 
ဆီစားသက်သာအောင်

Photo: ဆီစားသက်သာအောင်
Sunday, September 22, 2013

☼ ညအချိန် သို့မဟုတ် မနက်အစောပိုင်းတွင် ဆီဖြည့်ပါ

မြေပြင်အပူချိန် အေးမြနေဆဲဖြစ်တဲ့ မနက်အစောပိုင်းအချိန်အတွင်းမှာ သင့်ဆိုင်ကယ် ဒါမှမဟုတ် ကားကို ဆီဖြည့်တာ အကောင်းဆုံးဖြစ်ပါတယ်.... စက်သုံးဆီဆိုင်ကြီးတွေအားလုံးလိုလိုဟာ သူတို့ရဲ့ ဆီသိုလှောင်ကန်တွေကို မြေကြီးထဲမှာ မြှုပ်နှံတည်ဆောက်ထားကြတယ်ဆိုတာကို သင်သိပြီးဖြစ်ပါလိမ့်မယ်... မြေပြင်ကအေးလေလေ ဆီရဲ့သိပ်သည်းမှုက ပိုများလေလေပါပဲ... မြေပြင်က ပူလာတဲ့အခါမှတော့ ဆီတွေကပွလာပါတယ်... ဒါကြောင့် နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ သင်ဆီဝယ်ဖြည့်မယ်ဆိုရင် သင်ဝယ်လိုက်တဲ့ ဆီပမာဏအတိုင်း အတိအကျ အပြည့်အဝမရနိုင်ပါဘူး... ဆီရောင်းဝယ်တဲ့လုပ်ငန်းမှာ သိပ်သည်းဆ (specific gravity) နဲ့ အပူချိန်တို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်... အပူချိန် ၁ ဒီဂရီလောက်မြင့်တက်လာတာဟာ ငွေပမာဏအများအပြားကို ကိုယ်စားပြုနိုင်ပါတယ်... ဒါပေမဲ့ စက်သုံးဆီဆိုင်တွေမှာတော့ မီးဘေးအန္တရာယ်ကျရောက်နိုင်တဲ့အတွက် အပူချိန်တိုးမြင့်စေဖို့ လုပ်ဆောင်တာမျိုး မလုပ်ကြပါဘူး...

☼ ဆီတစ်ဝက်ကုန်တာနဲ့ဖြည့်ပါ

စက်သုံးဆီဖြည့်တာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ သင့်ဆီသိုလှောင်ကန်မှာ တစ်ဝက်လျော့သွားတာနဲ့ ပြန်ဖြည့်ဖို့ပါပဲ... အကြောင်းရင်းကတော့ သင့်ဆီသိုလှောင်ကန်ထဲမှာ ဆီများများရှိတဲ့အခါ လေဝင်နိုင်တဲ့ နေရာလွတ်နည်းသွားစေမှာဖြစ်လို့ပါပဲ... လျော့နေတဲ့ဆီလှောင်ကန်ထဲကဆီတွေဟာ သင်ထင်ထားတာထက်ကို ပိုပြီးမြန်မြန်ခန်းခြောက် အငွေ့ပျံနိုင်ပါတယ်...

☼ ခလုတ်ကိုမြန်မြန်မညှစ်နဲ့

ဆီဖြည့်တဲ့အခါ ဆီပန့်တွေမှာ လက်ကိုင်ခလုတ်လေးတွေနဲ့ထားပေးတတ်ပါတယ်... ဆီပိုက်ကို ကိုယ်တိုင်ကိုင်ပြီး ဖြည့်ရတဲ့အခါမျိုးမှာ အဲ့ဒီခလုတ်ကို မြန်မြန်မညှစ်ဘဲ တဖြည်းဖြည်းညှစ်ခြင်းဟာ ရေငွေ့ပါဝင်မှုနှုန်းကိုလျော့ကျစေပြီး သင့်အတွက်ဆီဖြည့်ရတာ တွက်ခြေပိုကိုက်ပါတယ်... ဂရုတစိုက်ကြည့်မယ်ဆိုရင် ခလုတ်မှာ အဆင့်သုံးဆင့်ရှိတာကို သင်သတိထားမိပါလိမ့်မယ်... ဆီကို ခပ်မြန်မြန်ဖြည့်ခြင်းဟာ သင်ဖြည့်လိုက်တဲ့ဆီအရည်ထဲမှာ လေ၊ ရေငွေ့နဲ့ ဓာတ်ငွေ့တွေ ပိုပါနေတဲ့ သဘောလည်းဖြစ်ပါတယ်...

☼ သိုလှောင်ကန်ထဲကို ဆီဖြည့်နေချိန်မှာ ဆီမထည့်နဲ့

ဒီအချက်ကလည်း အထူးသတိပြုဆင်ခြင်သင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... စက်သုံးဆီဆိုင်က ဆီသိုလှောင်ကန်တွေထဲကို ဆီလာဖြည့်နေချိန်မှာ သင့်ကားထဲ ဒါမှမဟုတ် ဆိုင်ကယ်ထဲကို ဆီမထည့်သင့်ပါဘူး... အဲ့ဒီအချိန်မှာ ဆီလှောင်ကန်ထဲက အနည်တွေထနေမှာဖြစ်တဲ့အတွက် အဲ့ဒီဆီတွေ သင့်ယာဉ်ထဲရောက်လာရင် အင်ဂျင်ကိုဒုက္ခပေးပါလိမ့်မယ်...

☼ ဘီးထဲ လေရှိပါစေ

ဘီးထဲလေရှိမရှိကို နှစ်ပတ်တစ်ခါလောက် စစ်ရပါမယ်... လေမရှိတဲ့ တာယာတွေဟာ နောက်ပြန်ဆွဲအား (drag) တွေပိုဖြစ်စေတဲ့အတွက် သင့်ယာဉ်က ဆီပိုစားပါလိမ့်မယ်... ကားတွေ ဆိုင်ကယ်တွေမှာ လေပေါင်ချိန်ဘယ်လောက်ရှိရမယ်ဆိုတာကို သက်ဆိုင်ရာယာဉ်အမျိုးအစားအလိုက် သတ်မှတ်ချက်လေးတွေရှိပါတယ်... အဲ့ဒီအတိုင်း လေချိန်ထားဖို့လိုပါမယ်...

☼ မလိုတာတွေဖယ်ထား

သင့်ယာဉ်ထဲမှာ မလိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေရှိနေမယ်ဆိုရင် ဖယ်ထားဖို့လည်းလိုပါမယ်... သင်တစ်နေရာရာကို သွားတော့မယ်ဆိုရင် မလိုတာတွေကို စစ်ပြီး ဖြုတ်ချန်ထားခဲ့ပါ... ပစ္စည်းအလေးတွေပါလေလေ ဆီပိုစားလေလေဖြစ်တဲ့အတွက် ဒီနည်းလမ်းကလည်း ဆီကုန်သက်သာစေဖို့ အထောက်အကူပြုပါတယ်...
----------------------------------------------------------------

နှိုင်းရင့်နွေ
ညအချိန် သို့မဟုတ် မနက်အစောပိုင်းတွင် ဆီဖြည့်ပါ

မြေပြင်အပူချိန် အေးမြနေဆဲဖြစ်တဲ့ မနက်အစောပိုင်းအချိန်အတွင်းမှာ သင့်ဆိုင်ကယ် ဒါမှမဟုတ် ကားကို ဆီဖြည့်တာ အကောင်းဆုံးဖြစ်ပါတယ်.... စက်သုံးဆီဆိုင်ကြီးတွေအားလုံးလိုလိုဟာ သူတို့ရဲ့ ဆီသိုလှောင်ကန်တွေကို  မြေကြီးထဲမှာ မြှုပ်နှံတည်ဆောက်ထားကြတယ်ဆိုတာကို သင်သိပြီးဖြစ်ပါလိမ့်မယ်... မြေပြင်ကအေးလေလေ ဆီရဲ့သိပ်သည်းမှုက ပိုများလေလေပါပဲ... မြေပြင်က ပူလာတဲ့အခါမှတော့ ဆီတွေကပွလာပါတယ်... ဒါကြောင့် နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ သင်ဆီဝယ်ဖြည့်မယ်ဆိုရင် သင်ဝယ်လိုက်တဲ့ ဆီပမာဏအတိုင်း အတိအကျ အပြည့်အဝမရနိုင်ပါဘူး... ဆီရောင်းဝယ်တဲ့လုပ်ငန်းမှာ သိပ်သည်းဆ (specific gravity) နဲ့ အပူချိန်တို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်... အပူချိန် ၁ ဒီဂရီလောက်မြင့်တက်လာတာဟာ ငွေပမာဏအများအပြားကို