“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, May 18, 2013

ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ

Photo: ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ
Sunday, May 19, 2013

မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည်အညစ်အကြေးစု၍ နေသောနေရာ ဖြစ်
တတ်သည်။

ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း
ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော
ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံး
ပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ
ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရ
ပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။

မုန်ညင်းဆီရဲ့ ကျန်းမာရေး အကျိုးပြု အာနိသင်များ

မုန်ညင်းဆီဟာ မြောက်ပိုင်း အိန္ဒိယ၊ ကိုရီးယား၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ သုံးစွဲမှု များပြားတဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။
အမေရိကန် ဥရောပနဲ့ ကနေဒါနိုင်ငံ တွေမှာတော့ လူသားတွေ စားသုံးဖို့ မသင့်တော်ဘူးလို့ သတ်မှတ် ကြပါတယ်။ သူ့မှာ ပါဝင်တဲ့ erucic acid ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမုန်ညင်းဆီကို နှိပ်နယ်တဲ့ နေရာမှာတော့ အသုံးများ ကြပါတယ်။
မုန်ညင်းဆီဟာ အခြားဟင်း ချက်ဆီတွေထက် စာရင် ပြည့်ဝဆီတွေ များပြားတဲ့ အတွက် ဟင်းချက်ရာမှာ အသုံးမပြုဘဲ ဆေးဝါး အဖြစ်သာ အသုံးပြု ကြပါတယ်။ ဆီး၊၀မ်း စွန့်ထုတ်ခြင်း၊ သွေးလှည့်ပတ်ခြင်းနဲ့ အစာခြေဖျက်ခြင်း ဖြစ်စဉ်တွေလို ကိုယ်ခန္ဓာအတွက် အရေးပါတဲ့ဖြစ် ရပ်တွေမှာ အရေးကြီးတဲ့ သည်းခြေရည်နဲ့ အစာခြေရည်တွေ ထုတ်လုပ်ခြင်းကို မုန်ညင်းဆီက အားပေး ပါတယ်။ နောက်ပြီး အ၀လွန်ခြင်းနဲ့ ကျောက်ကပ် ရောဂါတွေကို မုန်ညင်းဆီ အနည်းငယ် စားသုံးပေးခြင်းက ကာကွယ် နိုင်ပါတယ်။
နောက်ပြီး မုန်ညင်းစေ့မှာ phytonutrients တွေပါဝင်တဲ့အတွက် အစာအိမ် ကင်ဆာနဲ့ အူမကြီး ကင်ဆာကို ကာကွယ် နိုင်ပါတယ်။ မုန်ညင်းဆီ လိမ်းပြီး နှိပ်နယ် ပေးမယ်ဆိုရင် အဆစ်အမြစ် ရောင်ရောဂါနဲ့ လေးဖက် နာရောဂါတွေ၊ ကြွက်သား နာကျင် ကိုက်ခဲခြင်းတွေကို သက်သာ စေပါတယ်။ မုန်ညင်းဆီမှာ ပါဝင်တဲ့ selenium ကြောင့် ရှူပေးမယ်ဆိုရင် ပန်းနာရင်ကြပ် ရောဂါနဲ့ အဆစ်ကိုက်ခြင်း တွေကို သက်သာ စေပါတယ်။
မုန်ညင်းဆီမှာ ပါဝင်တဲ့ ဗီတာမင်အီးက အရေပြား ကျန်းမာရေးကို အထောက်အကူ ပြုစေရုံသာမက ခရမ်းလွန် ရောင်ခြည် ဒဏ်ကနေ ကာကွယ်ပေးသလို အရေးအကြောင်း ဖြစ်ပေါ်ခြင်း ကိုလည်း တားဆီး ပေးပါတယ်။ အအေးမိခြင်း၊ နှာစေး ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း တွေမှာ မုန်ညင်းဆီကို အသုံးပြုပေးရင် သက်သာ စေတယ်လို့ သိရပါတယ်။ ဟင်းချက်တဲ့ အခါမှာလည်း မုန်ညင်းစေ့ လေးတွေကို ဖြူးပေးရင် အရသာ တစ်မျိုးလေး ကောင်းမွန် စေပါတယ်။

သန့်စင်
Ref: MedIndia
Health Updates Journal

ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့

Photo: ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့
************************************

၁။ ယုံကြည်မှု၊

၂။ ကတိ၊

၃။ ခင်မင်ခြင်းနဲ့

၎။ နှလုံးသားတို့ပဲ။

ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့

နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။

(မင်းသားကြီး ချားလ်စ်)

By - M Sai Mon Thar

အေးချမ်းမွန် Credit & Copy From >'ဌေး' သာမဏေကျော်< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ဆေးလိပ်သောက်သူကိုယ်ဝန်ဆောင်များ ဗိုက်တာမင်စီသောက်သုံးခြင်းဖြစ် မွေးလာသောကလေးငယ်၏ အဆုတ်အား အထိုက်အလျှောက် ကာကွယ်ပေးနိုင်

Photo: ဆေးလိပ်သောက်သူကိုယ်ဝန်ဆောင်များ ဗိုက်တာမင်စီသောက်သုံးခြင်းဖြစ် မွေးလာသောကလေးငယ်၏ အဆုတ်အား အထိုက်အလျှောက် ကာကွယ်ပေးနိုင်

လေ့လာစမ်းသင်ချက်တစ်ခု အရ ဗိုက်တာမင်စီ သည် ကိုယ်ဝန်ဆောင်ဆေးလိပ်သောက်သူများတွင် ကြံတွေ့ရလေ့ရှိသော
မွေးဖွားလာသည့်ကလေးငယ် တွင် အဆုတ်ရောဂါဖြစ်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးသည်ဟု (http://www.medicinenet.com/script/main/art.asp?articlekey=169702 )အင်တာနက်စာမျက်နှာတွင်

မေလ (၇) ရက်နေ့က ဖော်ပြထားသည်။

ကိုယ်ဝန်ဆောင်ဆေးလိပ်သောက်ခြင်းသည် မွေးလာသည့်ကလေးငယ်တွင် အဆုတ်ရောဂါဖြစ်တတ်ခြင်း၊ ပန်းနာရင်ကျတ်ဖြစ်ခြင်း တိုကို ဖြစ်စေသည့်အတွက် ကိုယ်ဝန်ဆောင်များအား ဆေးလိပ်မသောက်ရန် အကြံပြုထားသော်လည်း
မဖြတ်နိုင်သူများအတွက် ဗီတာမင် စီ သည် အထိုက်အလျောက် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။

လေ့လာစမ်းသက်မှုတွင် ကိုယ်ဝန်ဆောင်ချိန်(၂၂) ပတ်နှင့်အောက် ဆေးလိပ်မဖြတ်နိုင်သည့် အမျိုးသမီး

၁၅၉ ဦးပါဝင်သည်။ ထိုအမျိုးသမီးများကို ဗီတာမင်စီ ၅၀၀ မီလီဂရမ်ပါဝင်သော ဆေးတောင့်
တစ်နေ့တစ်လုံး ကို မွေးဖွားချိန်အထိ သောက်စေခဲ့သည်။

ကလေးမွေးဖွားပြီး ၂ ရက်တွင်၊ ဗီတာမင် စီသောက်သော ကိုယ်ဝန်ဆောင်များမှ မွေးလာသော ကလေးငယ်များသည် ဗီတာမင်မသောက်သုံးသော ကလေးငယ်များမှ မွေးလာသော ကလေးငယ်များထက် အဆုတ်အား ပိုမိုကောင်းမွန်ကြောင်း တွေ့ရသည်။ပြီးနောက် ပထမတစ်နှစ်အတွင်း ပြန်လည်သတင်းပို့သည်မှာ ဗီတာမင်စီသောက်သုံးခဲ့သော အမျိုးသမီး၏ ကလေး၂၁ ရာခိုင်နှုန်းသည် အဆုတ်ရောဂါ တစ်ခု ဖြစ်တတ်ကြောင်းနှင့် ဗီတာမင်စီ မသောက်ခဲ့သော အမျိုးသမီးများ၏ ကလေးငယ် ၄၀ ရာခိုင်နှုန်းသည် အဆုတ်ရောဂါရခဲ့ကြောင်း ဟူ၍ ဖြစ်သည်။

ပညာရှင်များသည်ဗီတာမင်စီ မသောက်သော မိခင်မှမွေးလာသောကလေး များ၏ ၂၂ % ၊ ဗီတာမင်စီ သောက်သော မိခင်မှ မွေးလာသောကလေး များ၏ ၁၃ % နှင့် ဆေးလိပ်မသောက်သော သူမိခင်မှ မွေးလာသော ကလေးငယ်များ၏ ၁၀ % ကို ကုသမှုပေးခဲ့ရကြောင်း တွေ့ရသည်။

ယခုလေ့လာတွေ့ရှိချက်ကို ၀ါရှင်တန်ဒီစီတွင် ယခုအပတ် ပြုလုပ်ခဲ့သည့် ''The Pediatric Academic Societies'' ၏ နှစ်ပတ်လည်အစီးအဝေးတွင် တင်ပြခဲ့ပြီးသည်။

စာရေးသူ Dr. Cynthia McEvoy, တွဲဖက်ပါမောက္ခ၊ Oregon Health & Science University Children's Hospital က

''ဗီတာမင်စီသည်စိတ်ချရမှုရှိကာ ဆေးလိပ်သုံးစွဲသူကိုယ်ဝန်ဆောင်မှ
မွေးလာသော ကလေးငယ်များ ၏အဆုတ်ရောဂါကုသမှုအတွက်
ဈေးနုန်းမကြီးသော၊စိတ်ချရသော၊ သုံးရလွယ်ကူအဆင်ပြေသော ကုသမှုတစ်ခုဖြစ်သည်'' ဟု

American Academy of Pediatrics news တွင် ပြောခဲ့သည်''

ဒေါက်တာခင်နိုင်ဦး
Reproductive Health For All

ကျန်းမာရေးစာတိုများစုစည်းမှု(facebook)

မိမိ Laptop ကနေ အလွယ်တကူ Wifi ပြန်လွှင့်မယ်

ဒီနေ့ နည်းလေးကတော့ အင်မတန်မိုက်တယ်လို့ပါ ဆိုရတော့မှာပေါ့
ဒါပေမယ့် စက်တိုင်းတော့ မရဘူးဗျ မရဘူးဆိုတာက ဒီလိုပါ hotspot ပြန်လွှင့်ဖို့
မရတဲ့ စက်တွေဆိုရင်တော့ လုပ်မရနိုင်ပါဘူး 
အဲဒါဘယ်လိုသိနိုင်မလဲဆိုတော့ Windows+R နဲ့ တွဲနှိပ်ပြီး cmd လို့ရိုက်ထည့်လိုက်ပါ
ဒါဆို Command Prompt လေးကျလာပါမယ်
အဲဒီမှာ netsh wlan show drivers ကို ရိုက်ထည့်လိုက်ပါ ပြိးရင် Enter နှိပ်
အောက်ကပုံလေးအတိုင်းဖြစ်လာလိမ့်မယ်
အဲဓိကက အဲမှာစတာ ကြည့်လိုက် 
Hosted network supported : နေရာမှာ Yes ပြရင် hotspot လုပ်ရပါတယ်
No ပြနေမယ်ဆိုရင်တော့ ဒီအဆင့်မှာတင်ရပ်လိုက်ပါတော့ မရပါဘူး
 
ပြီးသွားရင် ဒီဆော့ဝဲ  ကိုဒေါင်း ဖိုင်ဆိုဒ်က ပါးပါးလေး
ဒေါင်းပြီးရင် Zip မဖြည်ပါနဲ့ အဲဒီဖိုင်လေးကိုနှစ်ချက်နှိပ်ပြီး
virtual Router Plus လို့ အနီလေးနဲ့ ပြထားတဲ့ ဟာလေးကို ကလစ်လိုက်ပါ
အဲဒါဆိုရင် ဆော့ဝဲလေး တက်လာပါလိမ့်မယ် (ခဏကြာနေတတ်သည် ခဏစောင့်ပေးပါ)
 
ကျွန်တော် ပုံမှာပြထားတဲ့အတိုင်းပဲ နာမည်ပေး password ထည့်ပြီး Start လုပ်လိုက်ပါ
ဒီအဆင့်မှာ error ပြတတ်ပါသည် မပူနဲ့ နောက်တစ်ကြိမ် Start လုပ်ကြည့်ပါ အဆင်ပြေပါလိမ့်မည်
အဆင်ပြေရင် အောက်ကပုံလေးလို notification လေးပြလာပါလိမ့်မယ်
 
အားလုံး အဆင်ပြေကြပါစေ
အောင်ကျော်ခိုင်(ပုသိမ်)

လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်

Photo: လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်
Sunday, May 19, 2013

ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? အကြောင်းရှိပါတယ်..။

ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။
ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။

ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ၀တ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။ဆိုင်က အလုပ်သမားတွေက တစ်ခါတစ်လေ Little Pascuala က သူတို့တွေကို စိုက်ကြည့်နေတတ်သလို တစ်ချို့ကလည်း သူမရဲ့အသားဟာ နွေးနေတယ်လို့ပြောကြပါတယ်..။ တစ်ယောက်ကဆိုရင် သူမရဲ့လက် မှာ တစ်ခါတစ်လေ ချွေးလေးတွေထွက်နေတတ်တယ်လို့တောင် ပြောပါတယ်..။ အောက်က ပုံမှာ သူမရဲ့ လက်ကိုကြည့်လိုက်ပါ..။ တစ်ကယ့် သက်ရှိတစ်ယောက်ရဲ့ လက်ပုံစံပါပဲ။

အောင်ထွန်းဦး

ဧဒင်အချစ်ပုံပြင်

ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်

Photo: ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ

၁။ပေးကမ်းကျိုးရှိ၏။

၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။

၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။

၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။

၅။ဤလူ့ဘုံလောကသည်ရှိ၏။

၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။

၇။အမိ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ကောင်းကျိုး၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။

၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ ကောင်းကျိုး ၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။

၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။

၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် ရှိကုန်၏ ဟု သိထားရမည်တည်း။

(ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း)

ဤသမ္မာဒိဋ္ဌိတည်လျှင်ပင် ဗုဒ္ဓဘာသာဝင်ဆိုရပြီ။ ပထမအဆင့်ပင်ဖြစ်၏။ ခန္ဓာ အာယတန၊ဓာတ်၊သစ္စာ၊ပဋိစ္စ သမုပ္ပါဒ်တို့ကို ဓာတ်ကွဲအောင်ကြည့်နိုင်၊ မြင်နိုင်မှ ဗုဒ္ဓဘာသာဝင် အလတ်တည်း။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဥာဏ်ကိုရသော ပုဂ္ဂိုလ်ကား ဘာသာဝင်အကြီးတည်း။ သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင်အစစ်ကြီးပေတည်း။ အဘယ့်ကြောင့်ဆိုသော် သောတာပန် ပုဂ္ဂိုလ်သည် နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုံ အပြီး မြဲနေသောကြောင့် တည်း။ဗုဒ္ဓဘာသာဝင်အလတ်၊အကြီးတို့ကား ယခုဘဝသာလျှင် စိတ်ချရကုန်၏။ အငယ်သည်ကား တစ်နေ့ တစ်ရက်မျှပင် စိတ်မချရသေး။ ယနေ့ ဗုဒ္ဓဘာသာ နက်ဖြန် စာဖြူဝင် ဖြစ်နိုင်သေးသူဖြစ်၏။ စိတ်မချရသေး။ ဒါကြောင့် အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများလည်း ပရမတ္ထ ဗုဒ္ဓဘာသာဝင် မဖြစ်သေးလင့် ကစား ဗုဒ္ဓဘာသာ အလတ်၊ အကြီးအဆင့်လောက်တော့ ရောက်အောင် ကြိုးစားကြပါလို့ တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

စာတ်ဖတ်သူအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://thenobleeightfoldpath.wordpress.comမှတဆင့်တင်ပြသည်/။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

နှစ်ပေါင်း ၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများ သိပ္ပံညာရှင်များ တွေ့ရှိ

Photo: နှစ်ပေါင်း ၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများ သိပ္ပံညာရှင်များ တွေ့ရှိ

သိပ္ပံပညာရှင်များသည် နှစ်ပေါင်း၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများကို ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်ရှိ ဘင်မင်းစ်မြို့တွင် တွေ့ရှိခဲ့ကြောင်းနှင့် ထိုရေကန်သည် သတ္တု ကျောက်တုံးများ ပါဝင်သည့် တစ်ခုတည်းသော ရေကန်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသမှ ရွှေတူးဖော်ရေး အလုပ်သမားများသည် မြေလွှာအောက်မှ ကျောက်သားကို ထွင်းဖောက်စဉ် အဆိုပါရေများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ရှေးဟောင်း သမုဒ္ဒရာကို အကောင်းပကတိအတိုင်း အမှန်တကယ် မြင်တွေ့နေရပြီ ဖြစ်ကြောင်း၊ အဆိုပါရေကန်ကို လေ့လာသည့် အဖွဲ့တွင် ပါဝင်သော ဘူမိဓာတု ပညာရှင်က ပြောကြားခဲ့သည်။ အဆိုပါ ရေထဲတွင် ကောင်းမွန်သော ဟိုက်ဒရိုဂျင် ဓာတ်ငွေ့များ ပါဝင်ပြီး ရှေးဟောင်းသက်ရှိ သတ္တဝါများကို ထိန်းသိမ်းပေးနိုင်ကြောင်းနှင့် ယင်းကဲ့သို့ သက်ရှိများ ရှိပါက မြင်တွေ့နိုင်ရန် အတွက် ကျောက်တုံး နမူနာများကို သိပ္ပံပညာရှင်များက စမ်းသပ်မှုများများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ယင်းနမူနာများသည် တစ်ချိန်က အင်္ဂါဂြိုဟ်တွင် သမုဒ္ဒရာများ ရှိခဲ့သည့် အချိန်က သက်ရှိများ တည်ရှိမှု ပုံစံနှင့် တူညီနိုင်မည့် မျှော်လင့်ချက်ကို ဖြည့်ဆည်း နိုင်မည်ဟု သိပ္ပံပညာရှင်များ က မျှော်မှန်းထားကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/14287-2013-05-19-08-36-44

Friday, May 17, 2013

““““ စစ်မှန်တဲ့အချစ် ???? ””””

Photo: ““““ စစ်မှန်တဲ့အချစ် ???? ””””

အချစ်ဆိုတာ ဘာလဲ ငါ အသေအချာ မသိချိန်မှာ
သနားညှာတာမှုနဲ့ အနစ်နာခံ စွန့်လွှတ်မယ်ဆိုတဲ့ စိတ်တွေက
အချစ်ဆိုတဲ့ အယောင်ဆောင်ပီး ငါ့ရင်ထဲကို တိုးဝင်လာခဲ့တယ်..

ငါ နောင်တ မရပါဘူး .. 
ဒါပေမယ့် သူ့ဆိုးနွဲ့မှုတွေကို ငါ ဟန်ဆောင်းပြုံးပြ နှစ်သိမ့်နေရတယ် ..
သူ့ဒေါသ သူ့မာနတွေ မြင်ရပြန်တော့လဲ စွန်းထင်းသွားမယ့် သူ့ဘ၀လေးကို ငဲ့ညှာရင်း
ငါ ဟန်ဆောင် အလျှော့ပေးရပြန်တယ် ..

ညီမလေးတစ်ယောက်လိုဘဲ ချစ်ခဲ့တာပါလို့ သိလာချိန်မှာ
ငါဟာ ဟန်ဆောင်ရလွန်းလို့ မောလှပါပီ ...
လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို ငါအ်ာဟစ် ငိုကြွေးလို့ ရရင်ကောင်းမှာဘဲ .. 

တဇွတ်ထိုးဆန်တဲ့ အပယ်ခံ ရောဂါသည် ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ကိုလဲ သနားတယ် .. 
အချိန်တိုင်း ဟန်ဆောင်ရတဲ့ ဒီဘ၀ကိုလဲ မုန်းလှပီ .. 
ဖြစ်နိုင်ရင် တစ်က ပြန်စခွင့်ရှိမယ့် နောက်ဘ၀တစ်ခုကို ငါထွက်သွားချင်မိတယ် ..

အော် .. ဘ၀ရယ် ... ဘယ်တော့များမှ ငါ့ကို မျက်နှာသာပေးမှာလဲ ...
အလိုချင် အတောင့်တဆုံး မိသားစု ဘ၀ဆိုတာကရော ဘယ်မှာလဲ ...
ငါ ငယ်ငယ်က ကိုးကွယ်ခဲ့တဲ့ အချစ်ဆိုတာကရော ဘယ်တော့များမှလဲ ...

ပထမဆုံး အော်ဟစ်လိုက်ချင်တယ် ...
နောက်တော့ ငါရူးသွပ်သွားချင်တယ် ...
အဆုံးသတ်အဖြစ်နဲ့  အပူပင်မဲ့ ဒီဘ၀က ငါထွက်သွားချင်တယ် ...

(အောင်ကျော်မြင့် - akmyint.kooo@gmail.com)

၁ဝ၁ ဒသမ ၇၃ ကာရက်ရှိ စိန်ပွင့်အား အမေရိကန်ဒေါ်လာ၂၆ ဒသမ ၇ သန်းဖြင့် လေလံတင် ရောင်းချ

Photo: ၁ဝ၁ ဒသမ ၇၃ ကာရက်ရှိ စိန်ပွင့်အား အမေရိကန်ဒေါ်လာ၂၆ ဒသမ ၇ သန်းဖြင့် လေလံတင် ရောင်းချ

ဘော့စ်ဝါနာ နိုင်ငံမှ တူးဖော် ရရှိခဲ့သည့် ၁ဝ၁ ဒသမ ၇၃ကာရက်ရှိ စိန်တစ်ပွင့်အား ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မေ ၁၅ရက်က ကျင်းပသော Christie's ကုမ္ပဏီ၏ ကျောက်မျက် ရတနာ လေလံပွဲတွင် အမေရိကန် ဒေါ်လာ၂၆ ဒသမ ၇သန်းဖြင့် ရောင်းချခဲ့ သည်ဟု သိရသည်။ အပြစ်အနာ အဆာကင်း၍ သစ်တော်သီးပုံ သဏ္ဌာန်ရှိသော အဆိုပါ စိန်ပွင့်သည် D-color အဆင့်ရှိပြီး ၎င်းကို ဘော့စ်ဝါနာ နိုင်ငံရှိ ဂျာဝါနမ် မိုင်းတွင်း၌ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းစိန်ပွင့်ကို အရောင်တင်ရန် ၂၁လကြာ အချိန်ယူခဲ့ ရသည်ဟု သတင်းရရှိသည်။

http://bit.ly/105N9dt

မြ၀တီ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား ၇ နှစ်အကြာတွင် ပြန်လည်ရယူ ခဲ့သည့် Bill Gates

Photo: ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား ၇ နှစ်အကြာတွင် ပြန်လည်ရယူ
ခဲ့သည့် Bill Gates
Friday, May 17, 2013

Microsoft ထူထောင်သူ Bill Gates ဆိုသည်မှာ ကမ္ဘာပေါ်တွင် အချမ်းသာ
ဆုံးနဲ့ ပေးကမ်းစွန့်ကြဲမှု အများဆုံး ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ ယင်းထူထောင်ခဲ့သည့် Microsoft ကနေ ထွက်ခွာလာခဲ့ပြီးနောက် Bill & Melinda Gates Foundation ကနေတဆင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်
ပံ့ပေးလှူ နေခဲ့သူလည်း ဖြစ်ပါတယ်။

Mr. Gates ဟာ ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်
ဘွဲ့အား မက္ကဆီကိုမှ ဆက်သွယ်ရေး လုပ်ငန်းရှင် သူကြွယ်ကြီး
Carlos Slim ထံ လက်လွှတ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် Bill Gates
အနေနဲ့ ယင်းပေးလှူခဲ့ပြီးဖြစ်တဲ့ ဒေါ်လာ ဘီလီယံ ၂၀ ကျော်အား ထည့်သွင်းတွက်ချက်ပါက မည်သူမှ လိုက်မှီနိုင်ဖွယ် မရှိပါ။ လက်ရှိ
အချိန်မှာ ယင်းအနေနဲ့ Microsoft ရဲ့ စတော့ရှယ်ရာ အများစုကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ယနေ့တွင် အမြင့်ဆုံးစံချိန်အား ရရှိခဲ့သည့် Microsoft ၏ စတော့ရှယ်ရာ ဈေးနှုန်းများအရ Bill Gates ၏ စုစုပေါင်း ကြွယ်ဝမှုသည် ဒေါ်လာ ၇၂.၇ ဘီလီယံအထိ မြင့်တက်သွားခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဟူသည့် ဘွဲ့ထူးအား ပြန်လည်ရယူ
နိုင်ခဲ့ပြီဖြစ်သည်။

နေရာဖယ်ပေးလိုက်ရသည် သူကြွယ်ကြီး Carlos Slim ၏ ကြွယ်ဝမှုမှာမူ
ဒေါ်လာ ၇၂.၁ ဘီလီယံရှိကြောင်း Bloomberg သတင်းဌာန၏ ခန့်မှန်းချက်များအရ သိရှိရသည်။

Myanmar Consumer Guide

ခြောက်နာရီ အတွင်း အုန်းသီး အလုံးပေါင်း ၅၀၀ ကို သွားဖြင့်ကိုက်၍ အခွံ ခွာနိုင်သည့် အမျိုးသားကြီး ဂင်းနစ် စံချိန်တင်ရန် ကြိုးပမ်း သွားမည်ဟုဆို

Photo: ခြောက်နာရီ အတွင်း အုန်းသီး အလုံးပေါင်း ၅၀၀ ကို သွားဖြင့်ကိုက်၍ အခွံ ခွာနိုင်သည့် အမျိုးသားကြီး ဂင်းနစ် စံချိန်တင်ရန် ကြိုးပမ်း သွားမည်ဟုဆို

ပနားမား နိုင်ငံမှ အန်ဒရေ ဂါဒင် အမည်ရှိ အမျိုးသား ကြီးသည် အုန်းသီးကို  သွားဖြင့် ကိုက်၍ အမြန်ဆုံး အခွံ ခွာနိုင်သောကြောင့် ၎င်းကို အများက အုန်းသီး အခွံခွာ လူသားအဖြစ် တင်စား ခေါ်ဝေါ်ကြသည်။

ဂါဒင်၏ အသက်မှာ ၆၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး ၎င်း၏ ထူးခြားသော အရည် အချင်းကြောင့် ဂင်းနစ် မှတ်တမ်းတင် ခံသင့်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားထားသည်။

ဂါဒင်၏ အသက် အရွယ်တွင် လူအများစုက နားနားနေနေ နေထိုင်ရန်သာ စိတ်ဝင်စား သော်လည်း ၎င်းကမူ ၁၁ နှစ်အရွယ်မှ စ၍ အုန်းသီးများကို သွားဖြင့် ကျွမ်းကျင်စွာ ခွာလာ ခဲ့သည်မှာ ယနေ့ အချိန်အထိပင် ဖြစ်သည်။

၎င်းသည် ပနားမား စီးတီးမြို့တွင် ခြောက်နာရီ အတွင်း အုန်းသီး အလုံးပေါင်း ၅၀၀ ကိုသွားနှင့် လက်ကိုသာ အသုံးပြု၍ အမြန်ဆုံး ခွာပြ နိုင်ခဲ့ပြီး သူ၏ အရည် အချင်းမျိုး မည်သူ့ ထံတွင်မှ မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ဂါဒင်သည် ယခုအခါ ပနားမား နိုင်ငံရှိ ကာရစ်ဘီယံ ကမ်းရိုးတန်းသို့ လာရောက် လည်ပတ်သော ခရီးသွား ဧည့်သည်များအား သူ၏ အုန်းသီးခွာ စွမ်းရည်ကို ပြသလျက် ရှိရာ ခရီးသွားများ တအံ့ တသြဖြင့် ၎င်း၏ စွမ်းဆောင်ချက်ကို ဗီဒီယို မှတ်တမ်းတင်ခဲ့ ကြသည်ဟု သိရသည်။

မိမိ အနေဖြင့် အုန်းသီးများကို သွားဖြင့် အမြန်ဆုံး ခွာနိုင်သူ အဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ရန်  အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဂါဒင်က ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/102LXrk

လူအချင်းချင်း အနီးကပ် ထိစပ်မှုကြောင့် ကူးစက်နိုင်သော ဗိုင်းရပ်စ်ဆန်း

လူအချင်းချင်း အနီးကပ် ထိစပ်မှုကြောင့် NCo Vခေါ် ကော်ရိုနာ ဗိုင်းရပ်စ်ဆန်း တစ်မျိုး ကူးစက် နိုင်ဖွယ် ရှိသည်ဟု WHO ( ကမ္ဘာ့ ကျန်းမာရေး အဖွဲ့) က
ထုတ်ပြန် ကြေညာ ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ လူအချင်းချင်း ကူးစက်စေနိုင်၍ အဆိုပါ ဗိုင်းရပ်စ်ကို ဒုတိယလူ ကတစ်ဆင့် ကူးစက်မှု ပြန့်ပွားခဲ့ကြောင်း ပြင်သစ် ကျန်းမာရေး ဝန်ကြီး ဌာနက အတည်ပြု အပြီးတွင် ထိုကဲ့သို့ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး အရာရှိများ၏ အဆိုအရ ယင်းဗိုင်းရပ်စ်ကြောင့် ဆော်ဒီအာရေဗျမှ လူနှစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ NCo V ဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင် ရောဂါကို ဖြစ်စေကာ တစ်ခါတရံ ကျောက်ကပ် ပျက်စီး တတ်သည်ဟု ဆိုသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် ပျံ့နှံ့ဖွယ်ရာ ရှိ၍ စိုးရိမ်မကင်း ဖြစ်မိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ တာဝန်ရှိ သူများက ထုတ်ဖော် ပြောဆိုခဲ့သည်။ အရှေ့အလယ်ပိုင်း တစ်ခွင်တွင် ၃၃ ဦးရောဂါ ခံစားခဲ့ ရကြောင်း၊ ၎င်းတို့ အနက် ၁၈ ဦးသေဆုံး ခဲ့ကြောင်း ဒဗလျူအိတ်ခ်ျအို၏ များမကြာမီ က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါ ရောဂါဖြစ်ပွားမှုကြောင့် ဆော်ဒီအာရေဗျနှင့် ဂျော်ဒန် နိုင်ငံတို့တွင် စုံစမ်း စစ်ဆေးလျက် ရှိသည်။ ဂျာမဏီ၊ ယူကေနှင့် ပြင်သစ်နိုင်ငံတို့ အထိ ယင်းရောဂါ ပြန့်ပွားလျက် ရှိသည်ဟု ဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် အရပြီးခဲ့သည့် နွေရာသီမှစ၍ ယင်း ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားသူ ၂၄ ဦးရှိခဲ့သည့် အနက် ၁၅ ဦး သေဆုံး ခဲ့ကြောင်း ဖော်ပြထား သည်။ NCo V ခေါ် ကော်ရိုနာဗိုင်း ရပ်စ်ဆန်း တစ်မျိုးသည် ၂၀၀၃ ခုနှစ်တွင် အာရှတိုက်၌ ပေါ်ပေါက် ဖြစ်ပွားခဲ့သော (Severe Acute Respiratory Syndrome - Sars) ခေါ်အသက်ရှု ကျပ်ရောဂါဖြစ်စေ သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးနှင့် မျိုးရင်းတူ ဖြစ်ကြောင်း ဒဗလျူအိတ် ခ်ျအိုက ထုတ်ဖော်ပြောဆို ခဲ့သည်။
NCo V နှင့် Sars တို့သည် တစ်ဦးနှင့် တစ်ဦးကူးစက်ရန် လွယ်ကူ သည်ဟု မေလ ၁၂ ရက်နေ့ ထုတ်ပြန် ကြေညာချက်ဖြင့် ဒဗလျူအိတ်ခ်ျအိုက ဆိုသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် လူနှင့် တိရစ္ဆာန် နှစ်မျိုးစလုံးအတွက် အသက်ရှု လမ်းကြောင်းတွင် ကူးစက် စေနိုင်သည်ဟု ဆိုကြောင်း ဘီဘီစီ သတင်းတွင် ရေးသားထားသည်။ 

မာန်သစ်နိုး
မြ၀တီ

မိကျောင်းလူသား တဲ့

Photo: မိကျောင်းလူသား တဲ့
====================

ဖလော်ရီဒါမှာ ပုံပြင်တစ်ပုဒ်လိုဖြစ်နေတဲ့ မိကျောင်းလူသား ဂျိတ် ဆိုတာလူတွေပြောပြောနေတာကြာပါပြီ။လူတစ်ပိုင်း မိကျောင်းတစ်ပိုင်းနဲ့၊ပါးစပ်ပြောပြောနေကြတာပေါ့။ကိုယ်တိုင်မြင်ဖူးတဲ့သူတွေကလဲ ရှိတာပေါ့။တော်တော်များများက မယုံကြပါဘူး။

အခုတော့ အဲဒါကို သက်သေ ခိုင်ခိုင်မာမာ ပြနိုင်ပါပြီ။၁၉၆၇ တစ်ဝှိုက်က Marian နဲ့ Junior Marsh တို့နှစ်ဦးဟာ ကမ်းခြေတစ်လျှောက်အဖြစ်မှန်လိုက်စုံစမ်းရာကနေ ကမ်းခြေရွာတစ်ရွာက ရှေးဟောင်းပစ္စည်းစုစောင်းသူထံကနေ ဒေါ်လာ ၇၅၀ နဲ့ဝယ်ယူခဲ့ပါတယ်။မံမီ ဖြစ်နေတဲ့အလောင်းဖြစ်ပါတယ်။Marsh က အဲဒီ အလောင်းကို ခင်းကျင်းပြသခဲ့ပြီး မိကျောင်းပုံပါတဲ့ ပို့စကဒ်ပေါင်း သုံးသောင်းကျော် ရောင်းရခဲ့ရပါတယ်။

အခုတော့ မိကျောင်းလူသားက အမျိုးသားရတနာဖြစ်သွားပါပြီ။

မောင်စိုင်း
(ကနောင်)
[SOURCE: www.marshsfreemuseum, www.web.archive.org]

Ref: Scientist Myanmar

သတင်းလေးများဆုံဆည်းရာ(facebook)

ကျန်းမာရေး ဆိုင်ရာ ကမ္ဘာ့ စကားပုံများ

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရ သူများထက် ပိုလွန်နေသည်။ (ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။ အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။ (စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။ (အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက် သင်၏ ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။ ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။ (ဂျာမန်)

လိမ္မော်ရည် သံပုရာရည် တို့သည် ဘုရားရှိခိုးကျောင်းမှ ရေစင်ကဲ့သို့ ကောင်းမွန်၏။ (စပိန်)

ကျန်းမာနေလိုလျှင် အ၀တ်အစား နွေးနွေးထွေးထွေးကို ၀တ်ပြီး အစားကို လျှော့စားပါ။ (အင်္ဂလိပ်)

အစား လျှော့စားခြင်းက ရောဂါဘယကို ကင်းဝေးစေသည်။ (အာရပ်)

အစား တပန်းကန်ထက်မပိုက ဆေးဆရာ လိုခဲသည်။ (အင်္ဂလိပ်)

အစားအစာသည် ပထမဆုံး ဆေးဝါးဖြစ်သည်။ (အီတလီ)

ယနေ့ အစားလွန်က နက်ဖြန် အလောင်းကောင် ဖြစ်သွားနိုင်သည်။ (ပြင်သစ်)

ပေါင်မုန့်နဲ့ ဒိန်ခဲသည် ကျန်းမာသော သူတို့၏ ဓာတ်ဆေးဝါးပင် ဖြစ်သည်။ (ပြင်သစ်)

ညနေ အစာစားပြီးက ခေတ္တ အနားယူပါ။ ညစာ စားပြီးက တမိုင်ခရီးခန့် လမ်းလျှောက်ပေးပါ။ (လက်တင်)

ခြေထောက်ကို ခြောက်သွေ့အောင် ထားပြီး လည်ပင်းကို နွေးအောင် ထားပါ။ လားကဲ့သို့ အစာစားပြီး နွားကဲ့သို့ ရေသောက်ပါ။ (အီတလီ)

ရောဂါကို တအောင်စမျှ ကာကွယ်ခြင်းသည် တပေါင်ဖိုး ကုသခြင်းထက် သာလွန်သည်။ (စပိန်)

အကောင်းဆုံး ရေဟူသည် အနံ့ အရသာ အရောင် အဆင်း ကင်းရမည်။ (စပိန်)

အစဉ် ကျန်းမာလိုလျှင် လူကြီးများ၏ စိတ်နေစိတ်ထားမျိုး ထားပေးပါ။ (စပိန်)

ကြက်သွန်နီဥက ရောဂါ ၇-မျိုးကို ကုသနိုင်စွမ်းရှိသည်။ (ဂျာမန်)

ဦးနှောက်ကို အေးအေးထား၍ အစာအိမ်ကို အနားပေးကာ ခြေထောက်ကို အစဉ် နွေးထွေးအောင် ထားပါ။ (ရုရှား)

ကြက်သွန်နီဥနှင့် ရေနွေးက ရောဂါမျိုးစုံကို ကုသနိုင်စွမ်းရှိ၏။ (ဂျာမန်)

အစာလျှော့စားခြင်းကြောင့် အသက်ရှည်စေနိုင်သည်။ (စကော့)

စောစောအိပ်၍ စောစောထသူသည် ကျန်းမာချမ်းသာပြီး ပညာရှိသူဟု ဆိုရမည်။ (အမေရိကန်)

တသွင်သွင် စီးဆင်းနေသော ရေက လူတို့အသက်ကို ရန်မရှာ။ မစီးဆင်းဘဲ တည်ငြိမ်နေသော ရေကသာ ဒုက္ခ ပေးတတ်သည်။ (စပိန်)

ဤကား ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများကို ကွယ်လွန်သူ ဆရာဝန်တင်ရွှေ၏ ရှာဖွေ တင်ပြချက်များ ဖြစ်သည်။

credit to သတင်းလေးများဆုံဆည်းရာ
မြ၀တီ

Wednesday, May 15, 2013

Time မဂ္ဂဇင်းကပြောတဲ့ လုံခြုံစိတ်ချရတဲ့ Passwords တစ်ခုအကြောင်း

မိမိတို့ အသုံးပြုတဲ့ Email၊ Facebookနဲ့ Twitter စတာတွေရဲ့ Passwords တွေအပြင် ဘယ်လို User Account မျိုးကိုမဆို လုံခြုံစိတ်ချရစေဖို့ မိမိရဲ့ Account ကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများ အလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwords တစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။ ဒီလိုမျိုး စိတ်ချရပြီး ကြံခိုင်တဲ့ Passwords တစ်ခု ပေးဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို Time မဂ္ဂဇင်းက ဖော်ပြပေးထားပါတယ်။

Passwords ကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။
စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ ၈လုံး ပါပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅ လုံး ပေးထားရင်တော့ အကောင်းဆုံးပါပဲတဲ့။

စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။
Passwordsတစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသားနဲ့ ကိန်းဂဏန်းနှစ်မျိုး ရောစပ် ပေးထားပြီး သင့် Passwords ကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ် ပေးလိုက်ပါ။ ဒါ့အပြင် စာလုံးတွေကိုလည်း အကြီးအသေး နှစ်မျိုးစလုံး သုံးပေးရင် ပိုကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆိုတဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

Dictionary ထဲမှာပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။
ဥပမာအနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother”ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionaryထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ်မချရပါဘူး။ အဲဒါကြောင့် စာသားတွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲ သုံးစွဲပါ။
တချို့စာလုံးတွေကို ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာအနေနဲ့ ပြောရရင် Letter “O”အစား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်လာမှာပါ။

ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။
တချို့စာလုံးတွေက Dictionaryထဲမှာ မပါဝင်ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာမည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ်တို့ကို Passwordsအဖြစ် ထားရင် တစ်ဖက်လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။ User Nameကို Passwordsအဖြစ် ပြန်ပေးတာမျိုးတွေ ရှိသလို အစဉ်လိုက် ကိန်းဂဏန်းတွေနဲ့ Keyboardပေါ်မှာ အစဉ်လိုက် ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။

User Accountတစ်ခုမှာ အသုံးပြုပြီးသား Passwordsကို နောက်ထပ် Accountတစ်ခုမှာ အသုံးမပြုပါနဲ့။
ဒီအချက်ကတော့ ရှင်းပါတယ်။ သင့် User Accountတစ်ခုရဲ့ Passwords ခိုးယူခံခဲ့ရင် အခြား Passwords အတူတူပေးထားတဲ့ Accountတွေအတွက်ပါ အန္တရာယ်ရှိလာလို့ပဲ ဖြစ်ပါတယ်။

မူရင်းlink

http://koaungmyotun.ning.com/

ဟာသတိုများ(၁၂)

အခန်းမကျော်အောင်
၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။

“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”

“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”

..............
ချစ်ရတဲ့ မြေးလေး

အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”

“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါတယ်ရှင်”

.............................................
ဧည့်နှင်နည်း

“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”

“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို အော်ဆိုခိုင်းလို့ပါ”

...........................................
ရိုက်မှာစိုးလို့

“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေးလိုက်ပါဦး”

“ဟင့်အင်း၊ သားကြောက်တယ် မေမေ”

“ဘာဖြစ်လို့လဲ”

“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”
.....................................................................
သူဆိုရင် လက်တည့်တယ်

“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့ကို ခဲနဲ့လှမ်းပေါက်တာ ခင်ဗျား သားဖြစ်မယ်ထင်တယ်”

“ခင်ဗျားကို ထိသွားလို့လား”

“ဟင့်အင်း”

“အဲ့ဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
................................................................................................
ယုံကြည်လာသူ

“ငါ့မိန်းမက င့ါကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”

“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”

“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယိဆိုတာငါ မယုံခဲ့ဘူးလေ”

...................................
သမက်ရဲ့ စေတနာ

“ယောကျာ်းရေ မေမေ ပြောနေတယ်။ ရှင် ပြောတဲ့ ဟာသတွေက အရမ်းရယ်ရလွန်းလို့ အူတက်ပြီးသေမတတ်ပဲတဲ့”

“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”

....................................................
ပေါက်ကရ မပြောနဲု့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသာကိုပြောလိုက်သည်။

“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅မိုင်ဖြစ်နေပါတယ်”

“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနစ်ပဲ ရှိသေးတယ်”

.....................................................................
မိထားတဲ့သူက

“ဟဲလို.. ဋ္ဌာနချုပ်ကလား။ ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်ယောက်ကိုတော့ ကျွန်တော် မိထားပါတယ်။”

“ဘယ်တစ်ယောက်လဲ”

“အလုပ်ခံရတဲ့သူ”

.....................................................................................
ထိုင်ခုံမရှိလို့

“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာ ဘာကြောင့်လဲ မောင်မောင်ဖြေစမ်း။”

“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”

................................................

ရဲစတိုင်း ၏ ဟာသများ

မေမေ မှာထားလို့

“ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”

“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”

.........................................................................
ရီမောခြင်းဖြင့်အသက်ရှည်နိုင်ကျပါစေ။။။။။

http://www.mmcfamily.org/

ဖိနပ်တိုက်ခဲ့တဲ့ ဆင်းရဲသား ကောင်လေးဟာ ဘယ်သူလဲ...???

ဖိနပ်တိုက်ခဲ့တဲ့ ဆင်းရဲသား ကောင်လေးဟာ ဘယ်သူလဲ...??? ================================== ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်..။ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်..။ ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး..။ ကျောင်းစ တက်စ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်..။ အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်...။ ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်... တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်...။ ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်..။ ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်...။ နောက်ဆုံးတော့ သူဌေးက အကြွေစေ့ ၂ စေ့ ကိုထုတ်ပြီး “ဖိနပ်တိုက်ခ ၂ ကျပ်ပေးမယ်... ဘယ်သူဖိနပ်တိုက်ပေးမလဲ...” ဆိုပြီးမေးပါတယ်...။ ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့....။ တစ်ယောက်က “ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး...၊ စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်....” ဆိုပြီး ပြောလေရာ... နောက်တစ်ယောက်ကလည်း “ကျနော်တို့အိမ်မှာ အစာပြတ်နေတာ ၃ ရက်ရှိသွားပါပြီ...၊ အမေကလည်း နေမကောင်းဘူး..၊ အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ..၊ ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်...” ဆိုပြီးပြောရှာပါတယ်...။ ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်..ပြီးတော့.... “တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်...” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်...။ “သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ..၊ သူတို့တကယ်ဆာနေကြတာပါ...၊ ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်..၊ သူဌေးဖိနပ်ကို ကျနော်တိုက်ပါရစေ...၊ သူဌေးကျေနပ်စေရပါ့မယ်....” ကောင်လေးရဲ့စကားကြောင့် သူဌေးခံစားသွားရတယ်...။ ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကိုပေးလိုက်တယ်..။ ကောင်လေးက ဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်...။ ရက်အနည်းငယ်အကြာမှာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်းဆိုင်မှာ အလုပ်ဝင်စေပါတယ်...။ ညစာထမင်းပါကျွေးခဲ့တယ်..။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်...။ ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်...။ ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်...။ နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့ပါတယ်...။ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်...။ အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်...။ အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်...။ ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန်စားစေရမယ်...” ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်...။ ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်...။ အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...။ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်...။ တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်န့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်...။ သူကတော့ တခြားလူမဟုတ်ပါဘူး...။ ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်...။ ဒါကြောင့် ဘယ်လိုဘ၀ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ... ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့...။ လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ...။ အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ မိမိတာဝန်ဖြစ်ပါတယ်....။ လင်းညှို့သွေး ရေးသော “ကြိုး”စာအုပ်မှ ထုတ်နုတ်ပြီး စိတ်ဓါတ်ခွန်အားဖြစ်လိုဖြစ်ငြား ရည်ရွယ်၍ ဝေမျှပေးလိုက်ပါသည် Credit To:Ko Nay Myo ZinYawNews

၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်..။ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်..။ ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး..။ ကျောင်းစ တက်စ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်..။ အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်...။

ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်... တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်...။ ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်..။ ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်...။ နောက်ဆုံးတော့ သူဌေးက အကြွေစေ့ ၂ စေ့ ကိုထုတ်ပြီး “ဖိနပ်တိုက်ခ ၂ ကျပ်ပေးမယ်... ဘယ်သူဖိနပ်တိုက်ပေးမလဲ...” ဆိုပြီးမေးပါတယ်...။ ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့....။ တစ်ယောက်က “ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး...၊ စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်....” ဆိုပြီး ပြောလေရာ... နောက်တစ်ယောက်ကလည်း “ကျနော်တို့အိမ်မှာ အစာပြတ်နေတာ ၃ ရက်ရှိသွားပါပြီ...၊ အမေကလည်း နေမကောင်းဘူး..၊ အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ..၊ ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်...” ဆိုပြီးပြောရှာပါတယ်...။ ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်..ပြီးတော့.... “တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်...” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်...။ “သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ..၊ သူတို့တကယ်ဆာနေကြတာပါ...၊ ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်..၊ သူဌေးဖိနပ်ကို ကျနော်တိုက်ပါရစေ...၊ သူဌေးကျေနပ်စေရပါ့မယ်....” ကောင်လေးရဲ့စကားကြောင့် သူဌေးခံစားသွားရတယ်...။ ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကိုပေးလိုက်တယ်..။ ကောင်လေးက ဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်...။

ရက်အနည်းငယ်အကြာမှာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်းဆိုင်မှာ အလုပ်ဝင်စေပါတယ်...။ ညစာထမင်းပါကျွေးခဲ့တယ်..။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်...။ ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်...။ ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်...။ နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့ပါတယ်...။ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်...။ အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်...။ အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်...။ ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန်စားစေရမယ်...” ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်...။ ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်...။ အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...။ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်...။ တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်န့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်...။

သူကတော့ တခြားလူမဟုတ်ပါဘူး...။ ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်...။

ဒါကြောင့် ဘယ်လိုဘ၀ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ... ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့...။ လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ...။ အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ မိမိတာဝန်ဖြစ်ပါတယ်....။

လင်းညှို့သွေး ရေးသော “ကြိုး”စာအုပ်မှ ထုတ်နုတ်ပြီး စိတ်ဓါတ်ခွန်အားဖြစ်လိုဖြစ်ငြားရည်ရွယ်၍ ဝေမျှပေးလိုက်ပါသည်...

Credit To:Ko Nay Myo
http://friendsdaygroup.ning.com/

ကမ္ဘာမြေဆွဲအားနှင့် ငြိမ့်ငြောင်းစေမည့် ထိုင်ခုံ

Photo: ကမ္ဘာမြေဆွဲအားနှင့် ငြိမ့်ငြောင်းစေမည့် ထိုင်ခုံ
Wednesday, May 15, 2013

Gravity Balans လို့ အမည်ပေးထားပါတယ်။ နော်ဝေနိုင်ငံမှ Varier အမည်ရ ကုမ္မဏီက ထုတ်လုပ်တာ ဖြစ်ပါတယ်။

အနိမ့်အမြင့် စိတ်ကြိုက်ချိန်နိုင်ပြီး ကမ္ဘာမြေဆွဲအားကို လိုချင်တဲ့ Angle ကနေ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျိုးလည်း မသွားနိုင်ပါဘူး။ ထောင့်ကျကျ၊ နည်းစနစ် ကျကျ ဖွဲ့စည်းတည်ဆောက်ထားပြီး အသုံးပြုတဲ့ ဖိုက်ဘာ ကြောင့် ခိုင်ခံမှုလည်း ရှိပါတယ်။ ခုံပေါ်မှာခင်းတဲ့ သားရေနဲ့ ဆွဲသားတို့ ကြောင့် လျောင်းအိပ်လို့လည်း
အဆင်ပြေပါတယ်။

ရုံးမှာ စားခွဲခုံ့ရှေ့ မတ်မတ်ထား အသုံးပြုနိုင်သလို၊ တစ်နေ့တာ ပင်းပန်မှုအတွက် ခဏ လှဲအိပ်ချင်ရင်လည်း ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပုံစံ ပြောင်းနိုင်ပါတယ်။ Gravity Balans နဲ့ ပက်သက်လို့ အသေးစိတ် လေ့လာချင်ရင် အောက်ပါ
လခ့်မှာ ကြည့်ရှု နိုင်ပါတယ်။

Aung Kham (Stuff Myanmar)
Stuff Myanmar Magazine

http://www.ergodepot.com/Gravity_Balans_by_Varier_p/v233.htm

သားအိမ်ခေါင်းကင်ဆာဆိုတာ

Photo: သားအိမ်ခေါင်းကင်ဆာဆိုတာ ..........

လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်။ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။ 

ရောဂါဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးများ၊ အိမ်ထောင် တစ်ဆက်ထက် ပို၍များတဲ့အမျိုးသမီးများ၊ သားသမီးငါးယောက်ထက်များတဲ့ မိခင်များ၊ လိင်ဆက်ဆံရာမှတဆင့် ကူးစက်တက်တဲ့ ရောဂါတစ်ခုခု ရှိခဲ့ဖူးသူများ၊ မျိုးရိုးထဲမှာ သားအိမ်ကင်ဆာဖြစ်ဖူးသူရှိသူများ၊ အမျိုးသမီးများမှာ သဘာဝအတိုင်း ဆင်းတဲ့အဖြူ မဟုတ်ဘဲ ထူးခြားပြီး ရေရှည်အဖြူဆင်းနေတဲ့ အမျိုးသမီးများ၊ အမျိုးသားများနှင့် လိင်ဆက်ဆံတဲ့အခါ သွေးစသွေးနတွေ့တဲ့ အမျိုးသမီးများလည်း အန္တရာယ်ရှိတဲ့ အုပ်စုထဲမှာပါပါတယ်။ အရက်စွဲနေတဲ့ အမျိုးသမီးများ၊ ဆေးလိပ်များများသောက်တဲ့ အမျိုးသမီးများကိုလည်း အန္တရာယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီမှာ အထူးပြောချင်တာက ဒီအုပ်စုထဲမှာပါလို့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရမယ်လို့ တစ်ထစ်ချမပြောနိုင်သလို၊ ဒီအုပ်စုစာရင်းထဲက လွတ်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်း ကင်ဆာ မဖြစ်တော့ဘူးလို့ မှတ်ယူလို့မရပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။

၃။ ရောဂါဖြစ်မှန်း ဘယ်လိုလုပ်သိမလဲ။ 

ကင်ဆာတွေအားလုံးဟာ အဆင့်စောတဲ့အခြေအနေမှာ နာကျင်ခြင်းစတဲ့ လက္ခဏာတွေမပြသလို့ ဒုက္ခရောက်နေကြရတာပါ။ သားအိမ်လည်တံ ကင်ဆာကလည်း ရောဂါဖြစ်မှန်း သိပ်မသိလွယ်ပါဘူး။ စောတုန်း အဆင့်မှာ အစားအသောက်လည်း မပျက်ပါဘူး ရောဂါရင့်တဲ့ အဆင့်ရောက်မှ ၀မ်းဗိုက်အောက်ပိုင်းနာတာတို့၊ ခါးနာတာတို့၊ ပေါင်ထိပ်နာတာတို့ ဖြစ်တတ်တာပါ။ အမျိုးသားနဲ့ ဆက်ဆံရင် သွေးစသွေးနတွေ့တယ်ဆိုတာကလည်း၊ ဆရာဝန်စမ်းသပ်တဲ့အခါ ရိုးရိုးမျက်စိနဲ့ မြင်နိုင်လောက်တဲ့ သဖန်းသီးများ ခွဲထားသလိုမျိုး၊ အနာလိုလို၊ အဖုလိုလိုတွေ့တဲ့အခါမှသာ သွေးထွက်ပါတယ်။ ရိုးရိုးမျက်စိနဲ့ ကြည့်လိုက်ရင် ချောမွေ့ပြီးဘာမျှ မမြင်ရဘူး။ ဒါပေမယ့် Pap-Smear လို့ခေါ်တဲ့ မှန်ပြားလေးနဲ့ သူ့မှာတွယ်ကပ်နေတဲ့ ကလာပ်စည်းလေးတွေကို ခြစ်ယူလိုက်ပြီး အဏုဇီဝမှန်ပြောင်းအောက်မှာ ကြည့်လိုက်ရင်၊ အဲဒီကလာပ် စည်းလေးတွေရဲ့ အတွင်းထဲမှာ ကလာပ်စည်း နံရံကို မကျော်သေးဘဲ ဖြစ်ပွားနေတဲ့ ကင်ဆာအဆင့်ကို တွေ့နိုင်ပါတယ်။ Pap-Smear လုပ်တဲ့နည်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်မှန်းကို အစောဆုံး သိနိုင်တဲ့ နည်းပါးပဲ။ ယနေ့အချိန်မှာ အားမရတဲ့အချက်တစ်ခုက ဆေးရုံတွေမှာရော၊ အပြင်ဆေးခန်းတွေမှာပါ သားအိမ်ခေါင်း ကင်ဆာသိရတဲ့အချိန်မှာ ၆၅% လောက်ဟာ အဆင့်လွန်နေတဲ့သူတွေပါပဲ။ ၃၅%ကသာ အန္တရာယ်ရှိနိုင်တဲ့ အုပ်စုထဲက လာရောက် ဆေးစစ်ရင်းနဲ့တွေ့တာပါ။ သားအိမ်ခေါင်း ကင်ဆာဖြစ်တဲ့ လူတော်တော်များများက မီးယပ်ဖြူ၊ မီးယပ်နီဆင်းတယ်။ ခါးတွေ၊ ဆီးစပ် တွေကို ခဲနာကျင်တယ်။ သွေးစသွေးနထွက်တယ်။ အစားအသောက်ပျက်လို့ ပိန်းချုံးသွားတယ်ဆိုတဲ့ သူတွေကများတယ်။ Pap-Smear စမ်းသပ်ခြင်းကို သားဖွားမီးယပ်ဆရာဝန်ထိုင်တဲ့ မည်သည့် ဆေးခန်းမှာမဆို လုပ်လို့ရနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း မများပါဘူး။ မှန်ပြားယူရတာလည်း မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပြီးပါတယ်။ အဖြေကလည်း ငါးရက်မှ တစ်ပတ်အတွင်းရပါတယ်။ ပုံမှန်ဝင်ငွေရှိတဲ့ လူတိုင်းနီးပါး ဒီလောက်ကုန်ကျစရိတ်ကို တက်နိုင်ကြပါတယ်။ Pap-Smaear မှာ ကင်ဆာဖြစ်တယ်လို့ သိရရုံနဲ့ ဓာတ်ကင်လို့မရပါဘူး။ နောက်တစ်ဆင့် အသားစယူရပါတယ်။ အသာစယူတဲ့အခါမှာ တိုက်ရိုက်ပဲယူယူ၊ မှန်ပြောင်းနဲ့ ကြည့်ပြီယူယူ၊ အသားစအဖြေထွက်မှသာလျှင် သားအိမ်ခေါင်းကင်ဆာ တကယ်ဖြစ်ပြီလို့ ရာနှုန်းပြည့်ပြောနိုင်ပါတယ်။

၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။ 

ယခင်တုန်းကတည်းက သုံးလာတဲ့ စံကုထုံးတွေရှိပါတယ်။ ခေတ်မီရောဂါကုထုံး (၃)ခုရှိပါတယ်။ ပထမတစ်ခုက ခွဲစိတ်ကု သတဲ့နည်း။ စောသေးရင် သားအိမ်လည်တံလောက်ပဲဖြစ်တယ် (သို့) သားအိမ်ကိုပါ ထုတ်တယ် (သို့) သားအိမ်တင်မကဘူး သားဥ ပြွန်မျိုးဥ သားနံရည်ကျိတ်တွေတောင် အကုန်ထုတ်တဲ့နည်းရှိပါတယ်။ ဒုတိယနည်းကတော့ အခြားကင်ဆာများလိုပဲ ကင်ဆာဆေး များ နှစ်မျိုး၊ သုံးမျိုးပူးပေါင်းပြီး အကြောဆေးပေးတဲ့နည်းရှိပါတယ်။ စောစောကပြောတဲ့ သားအိမ်နှင့်တကွ သားဥပြွန်မျိုးဥ၊ သားနံ ရည် ကျိတ်တွေကို သမားရိုးကျခွဲစိတ်နည်းနဲ့ မထုတ်ဘဲ Key Hole ဆာဂျရီလို့ခေါ်တဲ့ ပေါက်သေးသေးလေးဖောက်ပြီး အဏုကြည့် မှန်ပြောင်းကို အသုံးပြုပြီး ခွဲတဲ့နည်းကို အသုံးပြုနေပါပြီ။ စင်ကာပူတို့၊ ဘန်ကောက်တို့မှာ လုပ်နေပါပြီ။ ဒီကုထုံး(၃)မျိုးထဲမှာ လူနာ ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ အဆင့်ပေါ်မူတည်ပြီး ခွဲသင့်တဲ့လူနာခွဲတယ်။ ဓာတ်ကင်တဲ့လူနာ ဓာတ်ကင်တယ်။ တစ်ခါတစ်ရံ ဓာတ်ကင်တာရော၊ ခွဲတာရော နှစ်ခုပေါင်းလုပ်တာရှိသလို ကင်ဆာဆေးပါ ပေးရတဲ့နည်း (၃) မျိုးစလုံး ပေါင်းလုပ်ရတာလည်း ရှိပါတယ်။

၅။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမှန်းသိပြီးရင် ဘာတွေလုပ်မလဲ။ 

ဒါက သိပ်အရေးကြီးပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီလို့ ဓာတ်ခွဲခန်းအဖြေရတဲ့အခါ စိတ်ဓာတ်ကျသွားတဲ့ အမျိုးသမီး တွေ အများကြီးပါပဲ။ အမျိုးတွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေက တစ်ယောက်တစ်ပေါက် အကြံပေးကြတာ ဒါမျိုးဖြစ်ရင် ဓာတ်မကင်နဲ့ ရောဂါကနည်းနည်း၊ ဓာတ်ကင်တာက သေသွားမယ်၊ ဒါမျိုးဆိုရင် မခွဲနဲ့၊ ခွဲလိုက်ရင် ဆီးအိမ်ပေါက်တာတို့၊ ဆီးပြွန်ပြတ်တာတို့၊ အူမကြီးပေါက်တာတို့၊ ပြောတတ်ကြပါတယ်။ ဒါကြောင့် ဘေးစကားကို မယုံပါနဲ့။ ကုန်ကုန်ပြောရရင် သားအိမခေါင်းကင်ဆာ ရောဂါဖြစ်ပြီး ကုသမှုခံယူထားသူရဲ့ စကားကိုတောင်မယုံပါနဲ့။ ဘာလို့လဲဆိုတော့ ကင်ဆာကလာပ်စည်း အမျိုးအစားတူချင်မှ တူမယ်။ ကင်ဆာအဆင့်လည်း တူချင်မှတူမယ်။ ဒါ့ကြောင့် ကိုယ်ယုံကြည် အားကိုးလို့ အပ်နှံထားတဲ့ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာပါ။

၆။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။ 

သားအိမ်ခေါင်း ကင်ဆာဟာရောဂါ လက္ခဏာတွေမပေါ်ခင် အစောဆုံး သိနိုင်တဲ့နည်းရှိပါတယ်။ အဲဒါကတော့ အသက် (၃၅) နှစ်ကျော်တဲ့ အိမ်ထောင် သားမွေးပြုဖူးသူတိုင်း တစ်နှစ်တစ်ခါ Pap-Smear ကို သတိထားပြီး စမ်းသပ်သင့်ပါတယ်၊ ငွေကုန်ကြေးကျ လည်း မများပါဘူး။ 
Health
Mg Mandalay

အိပ်ပျော်နေစဉ် အသက်ရှူရပ်သည့် ရောဂါနှင့် နှလုံးပြဿနာ

Photo: အိပ်ပျော်နေစဉ် အသက်ရှူရပ်သည့် ရောဂါနှင့် နှလုံးပြဿနာ

အိပ်ပျော် နေစဉ် သွားတဲ့ ရောဂါ Obstructive Sleep Apnoea(OSA) ဟာ ကမ္ဘာ့ ဒေသအနှံ့ရှိ လူသန်းပေါင်း များစွာကို ထိခိုက်နေ စေပါတယ်။ အဖြစ်များ တတ်တဲ့ ဤ ရောဂါဟာ အိပ်ပျော်နေစဉ် ကြား ကာလမှာ အသက်ရှူတာ ရပ်ရပ်သွား တာ ဖြစ်တယ်။ အသက်ပြင်းပြင်း ရှူသွင်းခြင်းကြောင့် ဟောက်သံထွက် လာပြီး ဟောက်သံမှန်မှန် ထွက်ပေါ် လာစဉ် ကြားထဲမှာ အသံပျောက် သွားကာ မကြား ရတော့ပါ။ အသက် ရှူခြင်းကြောင့် ဟောက်သံ ဖြစ်ပေါ်စေ ပေမယ့် အသက်ရှူ ရပ်သွားတဲ့အခါ ဟောက်သံ မကြားဘဲ ရပ်သွားပါ တော့တယ်။ ဒီအခါ တခေါခေါ ဟောက်သံ ဆက်တိုက် ထွက်လာပြီး ကြားမှာ ဟောက်သံ ရပ်လိုက်၊ ပြန် ထွက်လိုက် အသံကို ကြားရခြင်းဖြစ် တယ်။ OSA ကြောင့် ထိုသူမှာ သွေးတိုး ရောဂါနှင့် နှလုံး ရောဂါဖြစ်ပွား နိုင်ပါတယ်။ သွေးရောဂါဆိုင်ရာ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြချက်အရ ဤအခြေအနေက OSA ရောဂါ ခံစားနေရသူများမှာ သွေးကြောများ ပုံမမှန်ဖြစ်ပွား လာခြင်းကြောင့် နှလုံး ထဲသို့ စီးဝင်တဲ့ သွေးကြောတွေ ပိတ် ဆို့စေ နိုင်တယ်လို့ ရေးသားထားပါ တယ်။ ဤသို့ ဖြစ်ပွားခံစားနေပါက အဆက်မပြတ် လေဝင်လေထွက် ကောင်းစေတဲ့ လေဖိအား ကုထုံးဖြင့် ကုသ သင့်ကြောင်း သုတေသီ များက တိုက်တွန်း လိုက်ပါတယ်။  
 
မေ
BY HEALTH DIGEST

မလေးရှား အိန်ဂျလီနာ ဂျိုလီဟု တင်စား ခံရသည့် ကီလာဖယ်ရီ

Photo: မလေးရှား အိန်ဂျလီနာ ဂျိုလီဟု တင်စား ခံရသည့် ကီလာဖယ်ရီ
Wednesday, May 15, 2013

မလေးရှား အိန်ဂျလီနာ ဂျိုလီအဖြစ် ပရိသတ် များက တင်စားကြသည့် ဆွဲဆောင်မှု ရှိပြီး ကိုယ်ခန္ဓာ ကောက်ကြောင်းအလှ၊ ထူပြည့်ပြည့် နှုတ်ခမ်း အလှနှင့် ဆွဲညှို့သော အကြည့် တို့ကို ပိုင်ဆိုင်ထားသူ ကီလာဖယ်ရီက သူမတွင် ချစ်သူ မရှိသေးကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

အသက် ၂၀ အရွယ်သာ ရှိသေးသည့် ကီလာက သူမတွင် ချစ်ရမည့်သူ မရှိသေးကြောင်း လက်ရှိတွင် ချစ်သူရှာရန် အချိန်မပေး နိုင်သေးကြောင်း၊ လိုက်လံ ရှာဖွေ ရာမှ တွေ့ရှိမည့် ချစ်မေတ္တာ ကိုလည်း မလိုချင်ကြောင်း နိုင်ငံပိုင် သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။

ကမ္ဘာကျော် မင်းသမီး ဂျိုလီသည် အိမ်ထောင်နှစ်ခါ ပြုဖူးသူ ဖြစ်ပြီး လက်ရှိ အချိန်၌ သူမ၏ ချစ်သူ ဟောလီးဝုဒ် အကျော်အမော် ဘရတ်ပစ်နှင့် လက်ထပ်ရန် စောင့်ဆိုင်းနေသူ တစ်ဦးဖြစ်သည်။

သို့သော် ဂျိုလီနှင့် ဆင်တူသည့် မလေးရှား မင်းသမီးချော ကီလာကမူ မိမိသည် ဘ၀ တစ်လျှောက်လုံးတွင် အချစ်ဆုံးသူ တစ်ယောက်နှင့်သာ ရာသက်ပန် လက်တွဲသွား လိုကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။