“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, April 21, 2013

ကမ္မဋ္ဌာန်းလေးမျိုးနှင့် မျက်နှာသစ်နည်း

ကမ္မဋ္ဌာန်းလေးမျိုးနှင့် မျက်နှာသစ်နည်း
*************************

နံနက် အိပ်ရာထ၍ မျက်နှာသစ်တော့မည်ဆိုပါစို့...။ 
မျက်နှာမသစ်မီ ရေတစ်ခွက်ခပ်ယူ ပြီးသည်နှင့်-

(၁) ဤမျက်နှာသစ်သောရေကို ကိလေသာအပူကင်းတော်မူသော မြတ်စွာဘုရားအား ကပ်လှူပါ၏ ဘုရား..။(ဒါန၊ ဗုဒ္ဓါနုဿတိ)

(၂) ဤရေကဲ့သို့ သတ္တ၀ါများ ကြည်လင်အေးမြကြပါစေ...။ (မေတ္တာ)

(၃) မျက်ဝတ်ထွက်ခြင်း၊ ခံတွင်းမှ အပုပ်ရေစီးကျခြင်း စသည်ကြောင့် အမြဲတမ်း ဆေးကြောသုတ်သင်နေရသော ဤခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် အတိပါတကား...။ (အသုဘဘာဝနာ)

(၄) အင်း....တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ၊ ထွက်လေ မ၀င်ခင်၊ ၀င်လေ မထွက်ခင် နံနက်နေ့ညမရွေး သေနိုင်ပေသည်တကား...။ (မရဏာနုဿတိဘာဝနာ)

ဤသို့ ကျင့်ဝတ်လုပ်ထားပါမူကား မြတ်စွာဘုရားရှင်၏ တရားတော်သည် အလွန်လွယ်ကူလှပါပေ၏။ 

လက်တွေ့စမ်းကြည့်ပါက ပြောပြ၍မရနိုင်အောင်သော လောကီ လောကုတ္တရာ အကျိုးစီးပွားတို့ကား များပြားလှတော့သည်။ (ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူးစာအုပ်မှ တင်ပြသည်) 

https://www.facebook.com/venwanna.maha ဘုန်းဘုန်းဆီမှ ပြန်လည်ကူးယူဖော်ပြပါသည်ခင်ဗျာ။

သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး

Photo: သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး

သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။ ကိုယ်ခန္ဓာ အချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်း ကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၁)

နဖူးပေါ် ဝက်ခြံပေါက်လျှင်

တရုတ်ဆေးပညာအရ နဖူးဟာ အစာခြေစနစ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခု ကြားနေရာက အသည်းနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ သိရပါတယ်။ အယ်လ်ကိုဟောနဲ့ အဆီအအိမ့် များလွန်းတဲ့ အစာတွေကို စားသောက်တာကြောင့် ဒီနေရာတွေမှာ ယာယီ အဖုအပိမ့်တွေ ဖြစ်စေပါတယ်။ အာဟာရချို့တဲ့မှု ဖြစ်တာကြောင့် မျက်နှာ အပြစ်အနာအဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဖုအပိမ့်တွေ ပျောက်အောင် အာဟာရရှိတဲ့ အစားအသောက်တွေကို စားပြီး ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ။

ကျန်းမာရေး အချက်ပြမှု (၂)

ပါးပြင်ပေါ်တွင် အပြစ်အနာအဆာရှိလျှင်

မိတ်ကပ်အလှကုန်တွေ၊ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်သလို ဒီနေရာက အဆုတ်နဲ့ ဆက်စပ်နေတာကြောင့် ဆေးလိပ်သောက်သူ၊ ပန်းနာရင်ကျပ်ရောဂါ ရှိသူနဲ့ ဓာတ်မတည့်မှု ဝေဒနာရှင်တွေလို အသက်ရှူလမ်းကြောင်း ဝေဒနာရတာကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်တယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၃)

မေးစေ့နှင့် မေးရိုးတစ်လျှောက် အဖုအပိမ့်များ ရှိလျှင်

မေးစေ့နဲ့ မေးရိုးလိုင်းတစ်လျှောက် အဖုအပိမ့်တွေ ရှိနေတာက ဟော်မုန်း အတက်အကျကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီလာစဉ် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာတွေမှာ ကြာရှည် အဖုအပိမ့်ပေါက်တာက ဟော်မုန်းမညီမျှတာနဲ့ အန်ဒိုခရိုင်းဝေဒနာတို့ရဲ့ လက္ခဏာအနေနဲ့ ပြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာတာနဲ့ ကိုယ်အလေးချိန် တက်တာတို့လို တခြားလက္ခဏာတွေ ဖြစ်ပေါ်ရင် ဟော်မုန်း အတက်အကျကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။

ကျန်းမာရေး အချက်ပြမှု (၄)

မျက်ကွင်းညိုပြီး မျက်အိတ်ဖြစ်နေလျှင်

မျက်ကွင်းညိုတာနဲ့ မျက်အိတ် ဖြစ်ပေါ်တာက အများအားဖြင့် မျိုးရိုးလိုက်လို့ ဖြစ်ရတာပါ။ ဒါပေမဲ့ ရုတ်တရက် ဖြစ်ပေါ်လာရင်နဲ့ သိသိသာသာ ပိုဆိုးလာရင်တော့ ကျန်းမာရေး ပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ မျက်လုံးအောက် နေရာတစ်ဝိုက်က ကျောက်ကပ်နဲ့ ဆက်စပ်နေတာကြောင့် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်တာက ရေဓာတ်ခန်းခြောက်တာနဲ့ အဆိပ်တွေ စုဆောင်းမှု ရှိနေတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့ ရေများများသောက်ပါ၊ အယ်လ်ကိုဟော၊ ကဖင်းနဲ့ ဆားကို ရှောင်ပါ။ မျက်ကွင်းညိုတာက ဗီတာမင်ဘီ ၁၂ ဒါမှမဟုတ် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၅)

မှဲ့

မှဲ့တွေရှိရင် နေကာခရင်မ် မှန်မှန်လိမ်းတာ၊ နေရောင်ထဲ မထွက်ဘဲ အိမ်တွင်းအောင်းနေတာ၊ မှဲ့တွေကို မကြာခဏ စစ်ဆေးတာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ မှဲ့ ၁၀၀ ကျော်ရှိရင် အရိုးတွေ အားနည်းတတ်ပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိတယ်လို့ လန်ဒန်ကင်းကောလိပ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၆)

လျှာက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေလျှင်

တရုတ်ဆေးပညာအရ လျှာက ကျန်းမာရေးကို ဖော်ပြနေတဲ့ မြေပုံဖြစ်တာကြောင့် လျှာကို ကြည့်ပြီး ကျန်းမာရေး ချို့တဲ့မှုတွေကို သိနိုင်ပါတယ်။ သံဓာတ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီ ၁၂ တို့ ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ လျှာအနာ၊ လျှာနီတာတို့နဲ့ ဆက်စပ်နေသလို လျှာအရောင်က ဖြူဖွေးနေတတ်ပါတယ်။ လျှာက အပြာရောင် သန်းနေရင် သွေးကြောထဲ အောက်ဆီဂျင် ပြတ်လပ်တဲ့ လက္ခဏာ ဖြစ်နိုင်သလို လျှာပေါ်မှာ အဖြူရောင်အနာ ဖြစ်ပေါ်တာက မှက္ခရုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၇)

မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေး အလွန်အမင်း ပေါက်နေလျှင်

မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ များလွန်းရင် အင်ဒိုခရိုင်းပြဿနာ (Endocrine Disorder) ကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များဆုံး အင်ဒိုခရိုင်း ပြဿနာက သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (PCOS) ဖြစ်ပြီး ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန် တက်တာ၊ ရာသီမမှန်တာနဲ့ အမွေးအမှင် ထူထဲတာတို့လို လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ကြယ်စင်
Ref : Good Health Journal

အစစ်ပဲလိုချင်တယ်(ဟာသ)

Photo: အစစ်ပဲလိုချင်တယ်...

တက်သစ်စ ရုပ်ရှင် နဲ့ မော်ဒယ် သရုပ်ဆောင်မင်းသမီးတဦးသည် အရမ်းဂျီးများ၏။

ထမင်းဆိုလဲ သူ့အတွက်သီးသန့်မှ......ဟင်းဆိုလဲ သူမှာသည့်ဆိုင်မှ အဲဒီလို ဂျီးများ၏။ အဲဒီလိုဂျီကျ၏။

ဒါပေမဲ့ သူမ က အရမ်း ဇာတာတက်ပီး လူကြိုက်များနေ၍ ရူတင်တခုလုံး သီးခံနေရ၏။သူမရဲ့ သဘောတော်အတိုင်းပေါ့ဗျာ။

ဒီလိုနဲ့ ...တောင်ပေါ်ဒေသ ရိုက်ကွင်းတခုမှာ စပါလေရော။ ဒါရိုက်တာက လည်း အေးတာနဲ့ နဲနဲသောက်ထားတယ်ဗျ.။

မင်းသမီး။    ။ဒီအခန်းမှာ ကျမ ၀တ်မဲ့ ဂျာကင်က မိချောင်းသားရေ အစစ်ဖြစ်ချင်တယ်ရှင့်...။ကျမက အားလုံး အစစ်ပဲ သုံးတယ်ရှင့်။

ဒါရိုက်တာ။   ။ဟုတ် ....ဖြစ်ရပါစေမယ်....။ဟေ့ တပည့်ရေ...ဈေးထဲသွားပီး အမြန်ဝယ်စမ်းဟေ့။

နဲနဲ ကြာတော့...

မင်းသမီး။      ။ကျမ စီးတဲ့ ဖိနပ်ကလည်း.....မိချောင်းသားရေ အစစ်နဲ့ ချုပ်ထားတာမှရမှာနော်။ဒါရိုက်တာာကြီး......

ဒါရိုက်တာ။   ။ကဲ.....ဈေး..သွားမဲ့ တပည့် ရေ။မိချောင်းသားရေ..စစ်စစ်နဲ့ ချုပ်တဲ့ ဖိနပ်တစ်ရံပါသေချာကြည့်ဝယ်ခဲ့ဟေ့။

                        ဒီအခန်းက အရေးကြီးတယ်။ အကယ်ဒမီပါမှန်းထားတာ...မင်းသမီးသဘောကျမှဖြစ်မှာဟေ့။သေချာလုပ်ကြဟေ့။

မင်းသမီးကျေနပ်သွား၏။ သို့နှင့်....နာရီဝက်ခန့်ကြာသော်.......မင်းသမီးမှ...

မင်းသမီး။     ။ခဏရှင့်။ဒီအခန်းမှာ ကျမ ၀တ်ရတဲ့ ပုလဲ ပုတီးက အစစ်လဲမဟုတ်ဖူး...။ကျမက အစစ်ပဲဆွဲချင်တာရှင့်..။စီစဉ်ပေးပါဦးဒါရိုက်တာကြီး။

ဒါရိုက်တာ နဲနဲတော့တင်းသွားသည်သာမက.....စိတ်ပါရှုပ်သွား၏။ ခုထိ ၀ယ်လို့မဆုံးသေး....။သို့နှင့် တပည့်နောက်တစ်ယောက်အားခေါ်ကာ...

ဒါရိုက်တာ။    ။ကဲ ...မင်း...ငါ့ကားယူသွား....။မင်းသမီး က ပုလဲ အစစ်နဲ့လုပ်တဲ့ ပုတီးတဲ့။ ဈေးထဲက ဆိုင်မှာ ရအောင်ရှာဝယ်ခဲ့ ...ပုလဲအစစ်နော်။

                   ကြားလား...။ဟေ့ကောင်....

မီးသမီး ကလည်း ပြုံးပျော်နေတာပေါ့။ဒါနဲ့ တပည့်လဲ ကားပေါ်တက်ပီးမောင်းကာနီးတွင် ဒါရိုက်တာကြီးမှ...လှမ်းပြောလိုက်တာက....

" အော်.....ဟေ့....နေဦး......ပုလဲပုတီးအစစ်လဲဝယ်ခဲ့။နောက် ပီး ဒီတောင်ပေါ်မှာ ဇာတ်သိမ်းခန်းပါရိုက်မှာကွ.....။

မင်းသမီးက အစစ်ပဲ ကြိုက်သူဖြစ်တော့ ထပ်မမှာရအောင် ဒီလိုလုပ်ကွာ။

ဇာတ်သိမ်းခန်းမှာ  မင်းသမီးက အဆိပ်စားရမှာ.....ဆိုတော့...ပိုးသတ်ဆေး  အစစ်နှစ်ပုလင်းပါ ၀ယ်ခဲ့ဟေ့။

ကဲ.....အား လုံး....အစစ်ကြီးပဲဖြစ်စေရမယ်နော်...။တဲ့။...."

တိန်

ရီမောပျော်ရွှင်ပါစေ...

Lon Ely......

အမေ့မေတ္တာ

Photo: [အမေ့မေတ္တာ]
*********
*အမေ- သား! အမေ့လက်ကို ကိုင်ပါ။
*သား- မကိုင်ဘူး မေမေ။
* အမေ- ဘာလို့လဲသားလေးရဲ့။
* သား- အမေ့လက်ကိုသားကကိုင်ထားမယ်ဆိုလျှင် အန္တရာယ်တစ်ခုခုဖြစ်တဲ့အခါ အမေ့လက်ကိုသားကလွှတ်ကောင်းလွှတ်မိမယ်။ 
ဒါပေမယ့်- သေချာတယ်၊ အမေက သားလက်ကို ကိုင်ထားမယ်ဆိုလျှင် ဘယ်လိုအန္တရာယ်နှင့်ပဲတွေ့တွေ့ သားလက်ကိုလွှတ်မှာမဟုတ်ဘူးဆိုတာ။ (အဲဒါကြောင့် သားလက်ကိုအမေပဲကိုင်ပေးထားပါ။)
လပြည့်ဝန်း [သာစည်]

ဓမ္မလမ်းပြကြယ်

Window Admin Password ကို USB နှင့် ကျော်ဝင်နည်း

2GB (or) 4GB ပမာဏ ရှိတဲ့ USB တစ်ချောင်းကို ကွန်ပြူတာမှာ တပ်ပြီး Format ချပါ.. 
အပေါ်က Download Button ကိုနှိပ်.rar ဖိုင်လ် လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ..။
ဖြည်ထားတဲ့ ဖိုလ်ဒါ ထဲက kno-boot-usb ဆိုတဲ့ Application လေးကို Double Click လိုက်ပါ...

CMD command box ပွင့်လာရင် မိမိ ရဲ့ USB Drive F , G , H တခုခုကို ရေးပြီး....(ဥပမာ မိမိ ရဲ့ USB Drive က F ဆိုရင် CMD command မှာ ကိုရေးထည့်ပြီး Enter ခေါက်လိုက်ပါ...။ ပြီးရင် Any Key ကီး တခုခု ကိုနှိပ်ပေးပြီး ထွက်လို့ရပါပြီ....:)
အားလုံးပြီးသွားပြီ ဆိုရင်တော့ ကွန်ပြူတာကို Restart ချ (F2 (or) F12 (or) Del (or) F9 BIOS ထဲဝင်ဖို့ နှိပ်ရမဲ့ Key တွေကတော့ ကွန်ပြူတာ အမျိုးစားပေါ်မူတည်ပြီး ကွဲသွားနိုင်ပါတယ်) တခုခုကနေ BIOS Device Menu ကို ဝင်ပြီး 1st BOOT မှာ 1st Kon-Boot ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ..။
ခဏ နေလို့ Window တတ်လာရင် Enter ခေါက်ပြီး Admin Password ကို ကျော်လို့ရသွားပါပြီ...။
အားလုံး အဆင်ပြေကြပါစေ.... အဆင်မပြေရင် ဒီမူရင်းဆိုက်ဒ် မှာလေ့လာနိုင်ပါတယ်ခင်မျာ.....:)
 
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1417494&xgs=1&xg_source=msg_share_post

ဘလော့မှာ You Might Also Like ပုံလေးတွေ ထည့်နည်း

 သည်နည်းလေးကတော့ ပထမတစ်ခါ တင်ထားဘူးပါတယ်.. သိပ်မရှင်းလို့ ထပ်ပြီး တင်ပြလိုက်ရတာပါ..
မိမိတို့ ပို့အောက်က ပုံလေးတွေနဲ့ ပြထားတဲ့ You Might Also Like This ဆိုတာလေးထည့်နည်းပါ....
ပထမဆုံး   သည်နေရာ   ကိုသွားလုပ်ရပါ့မယ်.. ပုံလေးတွေ အတိုင်းကြည့်လုပ်လိုက်ပါ...

 အဆင့် (၁) 

အဆင့်တစ်မှာ သင့်ရဲ့ အီးမေးထည့်ရမယ်... ဘလော့လိပ်စာထည့်ရမယ်... ကိုယ်ထားမလောက်

မိမိဘလော့ကို Summit ပုံမှန် လုပ်ကြပါ

မိမိတို့ဘလော့ကို SUMMIT လုပ်ပေးကြပါနော်..
အလွယ်တကူ လုပ်နိုင်ရန် တင်ပေးထားပါ့မယ်...
မကြာခဏ လုပ်ပေးနိုင်ရင် ကောင်းမှာပါ။
ပုံလေးပေါ် မောင်တင်တာနဲ့ SUMMIT လုပ်ဖို့ ပေါ်လာမယ်..
မိမိတို့ဘလော့လိပ်စာလေးထည့်ပြီး ကလစ်ပါ.
.နောက်စာမျက်မှာ မိမိတို့ အီးမေး ထည့်ကလစ်ပါ။။။ဒါဘဲနော်..လွယ်လွယ်လေးရယ်..
လုပ်ရခြင်းအကြောင်းကတော့ Search Box မှာရှာဖွေမှု လွယ်ကူစေဖို့ပါဘဲ...
မိမိတို့ ဘလော့အတွက်   summit လုပ်ဖို့အတွက်   သည်မှာ  သွားလိုက်ပါ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်..
တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။
အဆင်မပြေတာများရှိခဲ့ပါက...
တို့ရဲ့ cbox မှာ ပြောခဲ့ကြပါနော်..

သိထားသင့်တဲ့ အလွယ်ကူဆုံး နည်းလမ်းကောင်းလေးများ

ဒီနေ့တော့ သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာ လေးတွေရွေးလို့ မှတ်သားစရာလေးများ ပြောပြဦးမယ်နော်။တကယ်လဲအသုံးဝင်
တဲ့နည်းလေးတွေပါ။

(၁) ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေသက်သာသွားပါလိမ့်မယ်

(၂) ခြင်ကိုက်လို့ယားနေပါလား၊
ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

(၃) သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

(၄) တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ်
ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

(၅) ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။

(၆) ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

(၇) ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ။

(၈) ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ။

(၉) မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။

(၁၀) ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး။

(၁၁) ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ။

(၁၂) အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။

(၁၃) ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။

(၁၄) ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး။

(၁၅) သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်။

(၁၆) ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။

(၁၇) ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။

အေးချမ်းမွန်မှ သဘာဝရဲ့အားအင် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဖေ့စ်ဘွတ်မှာ ကူးယူဖော်ပြပါသည်။

ပိုမိုနုပျိုစေမည့် အပြုအမူ (၅)မျိုး

စိတ်ဖိ စီးမှုတွေ ကြောင့် သင့်ရုပ် သွင် က ပို ပင်ပန်းနွမ်းနယ်ကာ အိုစာ နေတတ် ပါတယ်။ဒါကြောင့် သင့်ကို အခုထက် ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ ပါးကာ ကြည်နူးမှုဖြစ်စေမယ့် အပြုအမူ တွေကို ဖော်ပြလိုက်ရပါတယ်။

(၁) အသက်ပြင်းပြင်းရှူပေးပါ

တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊
ရှူထုတ်လုပ်ပေးတာက အသားအရေကို ကြည်လင်စေတဲ့အပြင်
ခန္ဓာကိုယ်မှာ အနာကျက်စွမ်းအားကို တိုး စေပါတယ်။
ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ကျန်းမာစေကာ အရွယ်တင်နုပျိုစေပါ တယ်။

(၂) ရယ်မောပါ

ရယ်မောတာကြောင့် ခန္ဓာကိုယ်ထဲ မှာ ကောင်းတဲ့ ဟော်မုန်းဓာတ်တွေ
အ ထွက်တိုးလာပြီး ကြည်နူးနှစ်သိမ့်မှုကို ရရှိ စေပါတယ်။

(၃) စိတ်ပါလက်ပါ သီချင်းဆိုပါ

တကယ်လို့ သီချင်းမဆိုချင်ရင် တောင် သီချင်းညည်းတာ၊
စည်းချက် လိုက်တာတို့ လုပ်ပြီး စိတ်ပျော်ရွှင်အောင် ထားပါ။
သီချင်းဆိုတာ ကောင်းဖို့၊ မ ကောင်းဖို့က အဓိက မကျပါဘူး။
စိတ် ပါလက်ပါ သီချင်းဆိုတာကြောင့် စိတ်ဖိ စီးမှုလျော့ပါးကာ နုပျိုလှပစေပါတယ်။

(၄) လှုပ်ရှားပါ

မကောင်းတဲ့ ကိုယ်နေဟန်ထားကို ပြင်ဆင်ပြီး လှုပ်ရှားမှုလုပ်ပေးရင်
ကိုယ် တွင်းမှာ သွေးလှည့်ပတ်မှုကောင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။
တ ကယ်လို့ အချိန်မရရင် အကြောဆန့်တာ မျိုးကို လုပ်ဆောင်သင့်ပါတယ်။

(၅) ချစ်မြတ်နိုးပါ

ကောင်းတဲ့အရာပဲ ဖြစ်ဖြစ်၊ အကျည်း တန်တဲ့အရာပဲ ဖြစ်ဖြစ်
သင့်အနေနဲ့ ချစ် မြတ်နိုးစွာ လက်ခံတတ်အောင် ကြိုးစား ပါ။
ဒါဆိုရင် အကောင်းအဆိုး လောက ဓံတရားကို ခံနိုင်ရည်ရှိလာပြီး
အရာရာ ကို အပြုံးမပျက် ရင်ဆိုင်နိုင်ပါလိမ့်မယ်။

Credit To ကြယ်စင်
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2041602&xgs=1&xg_source=msg_share_post

***တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်သော အကြောင်းအရင်း( ၆)ရပ် ***

(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်

ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာ ကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထား
သလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

(၂) ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်

ဘက်တီးရီးယားတွေဟာ သွားပေါ်မှာ ၂၄ နာရီကြာအောင်ရှိနေခဲ့ရင် ပွားများဖို့ လွယ်ကူသွားနိုင်ပါတယ်။ ၁၂ နာရီသာရှိနေမယ်ဆိုရင် ဘက်တီးရီးယားတွေ ပွားများချိန် ထက်ဝက်ခန့် လျော့ကျ သွားနိုင်ပါတယ်။ ဘက်တီးရီးယားတွေ မပွားများနိုင်အောင် တစ်နေ့နှစ်ကြိမ် သွားတိုက်တာ အပြင် သွားကြားထိုးကြိုးနဲ့ Floss လုပ်တာ၊ Antiseptic ခံတွင်း သန့်ရှင်းရည်နဲ့ ပလုတ်ကျင်းတာပါ တွဲလုပ်နိုင်ရင် ပိုမို ထိရောက်မှုရှိပါတယ်။

(၃) တံတွေး ပိုမို ထွက်ရှိလာနိုင်ပါတယ်

အိပ်ပျော်နေစဉ်မှာ ခံတွင်းထဲ တံတွေးထွက်ရှိမှု နည်းသွားပါတယ်။ တံတွေးဟာအစာ၊ ဘက်တီးရီးယားနဲ့သွားပိုးပေါက်ဖြစ်စေတဲ့ သွားချေးဖတ် တွေကို ဖြိုခွဲနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် သွားတိုက်တာကြောင့် ပါးစပ် တွင်း စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်လိုက်ပြီး သွားပိုးစားဒဏ်မှ ကာကွယ်နိုင်ပါတယ်။ သင်ဟာ အာခေါင်ခြောက်တတ်တဲ့ ဆေးဝါးတွေ အသုံးပြုနေရရင် တံတွေးများများ ထွက်အောင် သကြားမပါတဲ့ ပီကေဝါးပေးပါ။ ရေများများသောက်ပေးပါ။

(၄) သွားချိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်

သွားချိုးတွေဟာ သွားဖုံးအပေါ်နဲ့ အောက်ဘက်မှာ ရှိတတ်ကြပါတယ်။ ဆီးချိုရောဂါရှိသူ၊ ဆေးလိပ်သောက်သူ၊ ကွမ်းစားသူ ဒါမှမဟုတ် မကြာခဏ အာခေါင်ခြောက်တတ်သူ တွေဟာ သွားချိုးကပ်တတ်တာမို့ နေ့စဉ် သွားနှစ်ကြိမ်တိုက်ပေးပြီး ခံတွင်းသန့်ဆေးရည် အသုံးပြုသင့်ပါတယ်။

(၅) သွားဖုံးကို ကာကွယ်နိုင်ပါတယ်

သွားဖုံးမကောင်းရင် သွားဖုံးရောဂါ၊ သွားပြည်တည်နာနဲ့ သွားဆုံးရှုံးမှုတွေ ဖြစ်နိုင်တာမို့ သွားဖုံးရောဂါ မဖြစ်အောင် နေ့စဉ် တစ်နေ့နှစ်ကြိမ်သွားတိုက်ပြီး သွားကြားကြိုးထိုးတာ၊ ပလုတ်ကျင်းတာနဲ့ သွားဆရာဝန်နဲ့ ပုံမှန် Checkup လုပ်တာတွေ လုပ်ပေးပါ။

(၆) ခံတွင်းအနံ့ဆိုး မထွက်အောင် ကူညီနိုင်ပါတယ်

ခံတွင်းမှာ ကျန်ရှိနေတဲ့ ဘက်တီးရီးယားတွေဟာ ဖြိုခွဲရခက်ခဲပြီး သွားတွေ ပျက်စီးစေတဲ့အတွက် အပုပ်အဆွေးနံ့တွေထွက်လာတတ်ပါတယ်။ ဒါကြောင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ရမယ့်အပြင် လျှာကိုပါ ပွတ်တိုက်သင့်ပါတယ်။

Credit ဒေါက်တာခင်မိုးမိုး
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2041938&xgs=1&xg_source=msg_share_post

Friday, April 19, 2013

ကွန်ပျုတာကနေ မိုဘိုင်းဖုန်းကို Free ဖုန်းခေါ်လို့ရပြီ...

မြန်မာပြည်မှာ အခုဆိုရင် မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေကြပါပြီ။ Gtalk ကို မိုဘိုင်းဖုန်းနဲ့ တွဲသုံးပြီးတော့ Chatting
လုပ်လို့လည်းရနေပါပြီ။ အင်တာနက်ဆိုင် သွားစရာမလိုတော့ဘူးပေါ့။

ပြသာနာကဘာလဲဆိုတော့ မြန်မာပြည်ကနေပြီး မိုဘိုင်းဖုန်းနဲ့ Chatting လုပ်တာပဲ အဆင်ပြေတယ်။ အသံနဲ့
Voice Chat လုပ်တာ အဆင်မပြေသေးပါဘူး။ အခု အင်တာနက်တွဲသုံးလို့ရတဲ့ မြန်မာ Mobile Users တွေအတွက်
Viber ဆိုတဲ့ Program လေးအကြောင်း အသိပေးချင်ပါတယ်။

Viber ကို Android, Windows နဲ့ Apple (Phone & PC) တွေမှာပဲ လောလောဆယ် သုံးခွင့်ရပါသေးတယ်။
ရှင်းရှင်းပြောမယ်ဆိုရင် Smart Phone နဲ့ တွဲသုံးလို့ရတာပေါ့။
ဒါပေမယ့် .. အခု
သင့်ရဲ့ ကွန်ပျုတာမှ Viber Program ထည့်သုံးထားသော မည့်သည့် Smart ဖုန်း အသုံးပြုသူကိုမဆို
Free Phone Call and Message လုပ်လို့ရပြီ။ 

- www.bluestacks.com ထဲကိုသွားပြီး Android App on PC (Blue Stacks) ကို Download ဆွဲချလိုက်ပါ။

- Download လုပ်မည့် File ကို သင့်ကွန်ပျုတာတွင်းရှိ Desktop ဖြစ်ဖြစ် တနေရာရာ တွင် Save လုပ်ထားပါ။

- Download လုပ်ပြီးသွားရင် ၎င်း file ကို Double click နှိပ်၍ Install လုပ်လိုက်ပါ။

(Install လုပ်သောအခါ သင့် အင်တာနက်အမြန်နှုန်းပေါ်မူတည်၍ အချိန်ကြာလိမ့်မယ်)

Download ပြီးသွားသောအခါ BlueStacks ပုံကလေး သင့် ကွန်ပျုတာ Desktop ပေါ်မှာမြင်ရမယ်။
၎င်းကို Double click နှိပ်၍ဖွင့်ကြည့်လျင် Android Phone တစ်လုံးကဲသို့ သင့်ကွန်ပျုတာထဲတွင် မြင်နေရမယ်။

 အထဲတွင် Viber, Kakao, Skype စသော Program များမြင့်နေရပြီ။

အကယ်၍ ၎င်းအထဲတွင်ရှိသော Viber ကိုသုံးချင်ရင် ၎င်းကို Double Click နှိပ်ပါ။ Install လုပ်ပေးသွားပါလိမ့်မယ်။
(အကယ်၍ Viber မတွေ့ပါက Search Box ထဲတွင် Viber လို့ရိုက်ထည့်ပြီးရှာပါ)

Viber Installation ၏အဆုံးတွင် Activate လုပ်ဖို့လိုပါမယ်။

          - သင့် မိုဘိုင်းဖုန်းနံပါတ် ရိုက်ထည့်ပေးရပါမယ်။

          - Submit လုပ်လိုက်တာနဲ့ သင့်ထံ Message တစ်ခု ၁ မိနစ်အတွင်းရောက်လာမယ်။ Message ထဲမှာ
Activation Code ဂဏန်း လေးလုံးပေးလိမ့်မယ်။ အကယ်၍ 1 မိနစ်အတွင်း မည့်သည့် Message မှ မရောက်လျှင်
scream ပေါ်တွင် link တစ်ခုအနေနဲ့ ဒုတိယ Option အနေနဲ့ ၎င်းကို နှိပ်လိုက်လျှင် သင့်ထံကို ဖုန်းခေါ်လာပြီး
Activation Code ဂဏန်းလေးလုံးပြောပြပါလိမ့်မယ်။ သေချာမှတ်သားထားပါ။

          - မိမိရရှိသော ဂဏန်းလေးလုံးကို Activation Code ရိုက်ထည့်ရမယ့်နေရာတွင် ရိုက်ထည့်လိုက်ပါ။
          - ပြီးရင် Submit လုပ်လိုက်ရင် ပြီးပါပြီ။ Viber သုံးသော သင့်သူငယ်ချင်းကို Free ဖုန်းခေါ်လို့ရပါပြီ။
သင့်သူငယ်ချင်းဆီ ဖုန်းခေါ်သောအခါတွင် သင့်ဖုန်းနံပါတ်နဲ့ နာမည့်ပေါ်လိမ့်မယ်။
(Viber အသုံးပြုသူများ အချင်းချင်းသာ Free Phone call လုပ်လို့ရပါတယ်)
ဒါဆိုရင် အခု ကွန်ပျုတာကနေ မိုဘိုင်းဖုန်းကို Free ခေါ်လို့ရပြီပေါ့။

Kakao Talk ကိုလည်း Viber ကဲ့သို့ Install လုပ်ပြိးသုံးကြည့်နိုင်ပါတယ်။
သူလည်း Free Call လုပ်လို့ရတယ်။

ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီး

ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ တရုတ်နိုင်ငံက Xie Qiuping ဖြစ်ပါတယ်....

သူမရဲ့ဆံပင်ဟာ 5.627 မီတာ (18 ပေ 5.54 လက်မ) ရှိပြီး ဒီအရှည်ကို 2004 ခုနှစ် မေလ 8 ရက်နေ့မှာ တိုင်းတာခဲ့တာဖြစ်ပါတယ်...

သူမဟာ အသက် 13 နှစ်အရွယ် 1973 ခုနှစ်ကတည်းက ဆံပင်ကို အရှည်ထားခဲ့တယ်လို့သိရပါတယ်...
Photo: ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီး ---------------------------------------------------------------- နှိုင်းရင့်နွေမှတင်ဆက်သည်... <a href=

ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ တရုတ်နိုင်ငံက Xie Qiuping ဖြစ်ပါတယ်.... သူမရဲ့ဆံပင်ဟာ 5.627 မီတာ (18 ပေ 5.54 လက်မ) ရှိပြီး ဒီအရှည်ကို 2004 ခုနှစ် မေလ 8 ရက်နေ့မှာ တိုင်းတာခဲ့တာဖြစ်ပါတယ်... သူမဟာ အသက် 13 နှစ်အရွယ် 1973 ခုနှစ်ကတည်းက ဆံပင်ကို အရှည်ထားခဲ့တယ်လို့သိရပါတယ်... ----------------------------------------------------------------
 
 Source: guinnessworldrecords.com" width="403" height="403" />
Source: guinnessworldrecords.com

ခေါင်ကိုက်ပျောက်နည်း ( ဟာသ )

ရုံးအတွင်းတွင်ဆရာ တပည့် ၂ယောက်စကားပြောကြရာ
ဆရာ။      ။ အား..ကျွတ်...
တပည့်။     ။ ဆရာဘာဖြစ်နေတာလဲ
ဆရာ။      ။ခေါင်ကိုက်နေလို့ပါ
တပည့်။    ။ဒါများဆရာရယ် လွယ်၂ လေးပါ ကျနော်ဆိုရင် အိမ်ရောက်ရင် မိန်းမကိုနမ်းပြီးအိပ်လိုက်ရင် ပျောက်
သွားတာဘဲ။
ဆရာ။      ။မင်ပြောတာ တကယ် လား
တပည်။    ။တကယ်ပေါ့
ဆရာ။      ။အေး.. အဲ့တာဆိုရင် မင်းမိန်းမငါ့ဆီလွှတ်လိုက်လေ
တပည့်။    ။ ဗျာာာာာာာာာာာ

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2039867&xgs=1&xg_source=msg_share_post

ဖုန်းနဲ့ Video Chat လိုရပြီ

mza_5831926613074964698.320x480-75
iPhone/Pad/Pod touch တွေအတွက် Bluetooth video chat app လေးပါ။ bluetooth ချိတ်ထားမယ်ဆိုရင် ဒီ app ရှိတဲ့ device အချင်းချင်း video chat လို့ရပါတယ်။
Internet Connection မလိုပါဘူး။ Bluetooth ချိတ်ထားရုံနဲ့ Video Chat နိုင်မှာဖြစ်တဲ့ အတွက် အသုံးဝင်ပါတယ်။ အသံလည်းကြားနိုင်မှာ ဖြစ်ပြီး camera ကိုလည်း front, back နှစ်ခုလုံးသုံးနိုင်မှာဖြစ်ပါတယ်။ စာရေးပြီးလည်း chat လို့ရပါတယ်။အောက်က link မှာရယူပါ။
Mirror link: Download Bluetooth Video Chat
MMUG မှ ကို Zarni Kyaw Myint ဖော်ပြသော Post ကိုပြန်လည်ဝေမျှခြင်းဖြစ်သည်။
http://www.myanmarmobileapp.com/2013/04/18/bluetooth-video-chat-ipa/

ငုံဥရဲ့အကျိုးကျေးဇူးများ

ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။

ငုံးဥထဲမှာ ပါတဲ့ အာဟာရတန်းဖိုးဟာဆိုရင် ကြက်ဥနှစ်လုံးစာနဲ့ညီမျှတယ်ဆိုတာကော သိကြပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကိုအားကောင်းစေပါတယ်။

ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေး တွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွား ပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။

ဦးနှောက်သွေးကြော ရှိတဲ့သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင်(Lecithin)၊vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊
ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် ၊ခယ်လီယမ်၊ကန့်ညို(ဆီလီနီယမ်)၊သတ္တုဓာတ် နဲ့ ကို
လက်စထရော တွေ လုံလောက်စွာ ပါဝင်ပါတယ်။

ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့ က အရေးကြီးပါတယ်။အက်နေတဲ့၊အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိ ထားရပါမယ်။ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ဝယ်တဲ့နေ့ကစပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ်လိုက်ပါ။

ငုံးဥကိုစားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော်ပါတယ်။ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီကုသပေးပါတယ်။အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်းကိုပါ ကုသပေးနိုင်တယ်။ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်တာကြောင့် ၀နေတဲ့ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

ပါဝင်တဲ့ဓာတ်တွေကြောင့် သွေးကျ စေပြီး သွေးကြော ကောင်းမွန်အောင်ကာကွယ်ထိန်းပေးတယ်။သွေးကြော မှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့်သွေးဖတ်ပိတ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။နှလုံးသွေးကြော ရောဂါ
သည်တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါ တယ်။ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥ ထဲမှာ ပါဝင်တာထက် ၃၊၄ ဆပိုပါ တယ်။ငုံးဥဟာ သန္ဒေသားနဲ့ ကလေး ငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ကိုယ်ခန္ဒာအင်အားချည့်နဲ့နေသူ၊အစာအိမ် အားနည်းနေသူ အတွက် အကျိုးရှိပါတယ်။
၂။ ငုံးဥဆန်ပြုတ်စားမယ်ဆိုရင် သွေးတိုးသမားကို သွေးကျစေပါမယ်။ပြီးရင်အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပါတယ်။

၃။ ငုံးဥနဲ့တရုတ်ကြက်သွန်မြိတ်ကြော်တွဲစားရင် ကျောက်ကပ်အားနည်းခြင်း၊ခါးနာခြင်း၊ပန်းသေပန်းညိုးခြင်းကို ပြန်လှည်ကောင်းမွန်စေဖို့ ပြုပြင်ပေးပါတယ်။တီဘီရောဂါ၊အဆုတ်အားနည်းပြီး ချောင်း အကြာကြီး ဆိုးနေသူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေနိုင်ပါတယ်။

ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစားသင့်ပါဘူး။တွဲစားမိရင်တော့ဝမ်းပျက်ခြင်း၊၀မ်းဖောရောင်ခြင်းနဲ့အစာမကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။ပြီးဒါနဲ့ငုံးဥကိုဝက်အသည်းနဲ့တွဲမစားမိဖို့လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်းစက်တွေထွက်ပေါ်လာနိုင်ပါတယ်။(ပြန်လည်မျှဝေပါသည်။)

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1603492&xgs=1&xg_source=msg_share_post

ဘလော့တစ်ခုရဲ့ အရေးပါသော Importblog-Exportblog

သည်တစ်ခါတော့ မိတ်ဆွေအပေါင်းတို့ အတွက် ဘလော့တစ်ခုမှ အမှန်တစ်ကယ်လိုအပ်တဲ့နည်းပညာလေးတစ်ခုဆိုရပါတယ်.. သူ့ရဲ့အသုံးဝင်ပုံလေးကို သိထားသင့်ပါတယ်... ကျနော် ပုံလေးတွေနဲ့အတူ သေခြာရှင်းပြပေးသွားပါ့မယ်...
အဆင့် ( ၁ )   အေနနဲ့.. ဘေလာ့ကာဝငိလိုက်ပါ...

အဆင့်  ( ၂ )  အနေနဲ့ အပေါ်ပုံအတိုင်း Setting ကလစ်တာနဲ့ သည်လိုလေးတွေ့မယ်...

အပေါ်ပုံရဲ့ စာမျက်နှာမှာ  0ther ဆိုတာကိုကလစ်ပေးလိုက်ပါ..ပြီးတာနဲ့ ပုံထဲ့အတိုင်း Import Blog--

ဘလော့ Share လေးလှလှလေးလုပ်မယ်ဆို...

သည်နည်းပညာလေးကတော့... မိမိတို့ဘလော့အတွက် အရမ်းလိုအပ်တဲ့နည်းပညာလေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်.. ဘလော့အတွက် fb like လေး share လေး  Printer လေးတွေကို အကုန်ပါဝင်စေတဲ့ ရှယ်လေးတစ်ခုပါ...သေခြာရှင်းပြအပါ့မယ်...
လုပ်မယ်ဆို  ပထမဆုံး   သည်နေရာ   လေးကိုသွားလိုက်ပါ။
အဲမှာဘဲ Create Account ဆိုတာကလစ်လိုက်ပါ.....

အကောင့်ဝင်ပြီးးတာနဲ့..လုပ်စရာလေးတွေ ဆက်လုပ်ကြမယ်..နော် ကြည့်လိုက်ပါ

ဘလော့ရဲ့ resent post လှလှလေးထည့်ကြမယ်

မိမိတို့ဘလော့မှာ resent post ပုံလေးတွေနဲ့ လှလှလေးထားလိုပါက နည်းလမ်းလေးကို မျှဝေတင်ပြလိုက်ပါပြီနော်..
ထည့်နည်းကတော့.....
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
<style>img.recent_thumb
 {padding:1px;width:55px;height:55px;border:0;float:right;margin:0 0 5px
 10px;}.recent_posts_with_thumbs {float: left;width: 100%;min-height:
70px;margin: 5px 0px 5px 0px;padding:
0;font-size:12px;}ul.recent_posts_with_thumbs li
{padding-bottom:5px;padding-top:5px;min-height:65px;}.recent_posts_with_thumbs

အလွယ်ကူဆုံး Button Tab Menu ထည့်နည်းလာပြီနော်

ကဲဗျာ ဘလော့ကာ မိတ်ဆေံအပေါင်းတို့အတွက် သတင်းကောင်း နည်းလမ်းကောင်းလေးတစိခု
မျှဝေ လိုက်ပါရစေ... ဘလော့မှာ ခေါင်းစဉ်လို့ခေါ်တဲ့ Tab Menu အတွက်ရင်လေးနေစေတဲ့သူများအတွက်ပါ.. ကျွန်တော် အရင်ပို့စ်တွေမှာလဲ Menu အကြောင်းအတော်များများ တင်ပြခဲ့ဘူးပါပြီ... ဒါလေးကတော့ သူတို့နဲ့မတူ တမူထူးခြားဆိုသလိုပေါ့... အရမ်းကို လွယ်ကူပြီး ရိုးးရှင်းလွန်းလှပါတယ်... အမှန်တကယ်လဲ
လိုအပ်တဲ့ နည်းလမ်းလေးဆို မမှားပါဘူးး  ဘာကြောင့်ဆိုတော့  တက်ပလက် တွေဟာ  Tab Menu
အော်တိုမပါတတ်သလို ပါလာတာကျတော့လဲ မနှစ်သက်တတ်ကြတဲ့ ပြဿနာလေးတွေ ကျွန်တော်ကိုယ်တိုင်ပင် ကြုံဘူးပါရဲ့... အဲအတွက် ထောက်ထားစာနာလို့ မျှဝေတင်ပြလိုက်ရပါတယ်... ဒါကတော့ ကျွန်တော့အနေနဲ့တော့..  တွေ့သမျှ...သိသမျှ
အရိုးရှင်းးဆုံးး  အလွယ်ကူးဆုံးးလို့ဘဲ   ယူဆမိပါတယ်...သူက Button ပုံစံလေးနဲ့မို့

ဘလော့ကိုမြန်စေတဲ့ Loading Speed လေးလာပြီ..

ခုတင်ပေးမယ့် ပို့စ်လေးကတော့ ဘလော့အတွက် Loading Times တွေကို ပိုမိုမြန်ဆန်စေတဲ့
နည်းပညာလေးတစ်ခုပါဘဲ.. တချို့ဘလောတွေ့မှာ Video တွေ စသဖြင့် ဆိုဒ်ကိုလေးစေတဲ့
အရာတွေ တင်တော့  ဘလော့ရဲ့ Loading ကနှေးကွေးလေးလံစေပါတယ်..ဒါကြောင့် သည်နည်းလမ်းလေးကို ရှာဖွေ ပြီး တင်ပြမျှဝေလိုက်ရခြင်းဖြစ်ပါတယ်...

 ထည့်နည်းကတော့ လွယ်ပါတယ်...
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

</head> ကုဒ်ကိုရှာလိုက်ပါ..တွေ့တာနဲ့ ပေးထားတဲ့ကုဒ်တွေကို သူ့အောက်မှာ ကပ်ထည့်ပါ။

ဘလော့ဆိုဒ် မှာ အလှဆင်ဖို့ widget အချို့ 

ယခုမှ ဘလော့စပေါ့ဆိုဒ်ထောင်တဲ့ သူငယ်ချင်းတွေ အတွက်နှင့် မသိသေးသော သူငယ်ချင်း မိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်။

ဘလော့မှာ ထည့်ဖို့  အပေါ်သို့  ဆိုသော ကုဒ်

 အသုံးပြုနည်းကတော့လွယ်ပါတယ်။ အပေါ်ကပုံအတွက် Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

ကူညီပါ(ဟာသ)

Photo: ကူညီပါ

ဘဏ်တိုက် တခု သို့ ဘဏ်ပိတ်ချိန်တွင် လူဆိုးများ ၀င်ရောက်လာရာ ငွေကိုင်စာရေးမှာ ငွေစာရင်း စာအုပ်နှင့် အလုပ်ရှုပ်နေသည်ကိုတွေ့ရလေ၏။

လူဆိုးများက ငွေကိုင် စာရေးကို ဖမ်းဆီး ချုပ်နှောင် ၍ ငွေများကို ထုတ်ယူခိုင်းလေသည်။

လူဆိုးများလည်း ငွေများကို ထုပ်ပိုးယူငင်လေ၏။

လူဆိုးများ ဘဏ်တိုက်မှ ထွက်ခွာမည်အလုပ်တွင် တချိန်လုံး ငြိမ်နေသော ငွေကိုင်စာရေးသည်...

ပါးစပ်အား အ၀တ် ပိတ်ဆို့ ထားသည့်ကြားက....ချည်ထားသောလက်ဖြင့်

ပိုက်ဆံပုံ လက်ကိုဝိုင်းပြလိုက်.......ရှေ့တည့်တည့်ရှိ စားပွဲ သို့ ညွှန်ပြလိုက်ဖြင့် ၀ူးဝူးဝါးဝါး လုပ်လေတော့သည်။

သို့နှင့် လူဆိုးများလည်း.ထူးဆန်းသောစာရေး၏ အပြုအမူကြောင့် ...ခဏမျှ တွေဝေသွားပီး.....ရပ်ကြည့်မိ၏။

ထိုစဉ် လူဆိုးများထဲမှတယောက်မှ   လာ၍ စာရေးကြီးပါးစပ်တွင် ပိတ်ဆို့ထားသော အ၀တ်ကိုဖယ်လိုက်လေသည်။

ထိုအခါ  ငွေကိုင်စာရေးမှ လူဆိုးများကို တောင်းတောင်းပန်ပန် နှင့်ပြောလိုက်ပုံက.....

" ဆရာတို့ ရယ်။ကျေးဇူးပြုပီး .....ဟိုစားပွဲပေါ်က ကျနော့် ငွေစာရင်းစာအုပ်လေးပါ ယူသွားပေးပါဗျာ.....

ကျနော့်စာရင်းထဲမှာ......ငွေ သိန်းတစ်ထောင်တောင် စာရင်းကွာနေလို့ပါ....."...တဲ့

အူတတ်အောင်ရီရသော ဟာသများ (facebook)