!-kp-3နည်းပညာ-http:>
Wednesday, April 3, 2013
Windows အတက်မြန်စေရန် မသုံးတဲ့ Program တွေကို ဖယ်ထုတ်ရအောင်...
Start >> Run
- ''msconfig'' လို့ရိုက်ပါ။
- System Configuration Utility'' Box ပေါ်လာပါမယ်။
- ညာဘက်အစွန်းဆုံးမှာ ''Start up Tab'' ဆိုတာရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ Program တွေရဲ့ရှေ့မှာ အမှန်ခြစ် အမှတ်အသားလုပ်ထားခဲ့ရင် ပြန်ပြီး ''uncheck'' လုပ်ပေးပါ။
- Restart ပြုလုပ်ပေးလိုက်ပါ။
http://alinkabar.ning.com/forum/topic/show?id=6320079%3ATopic%3A1253029&xgs=1&xg_source=msg_share_topic
မိမိ၏ Folder အား တခြား User ဖွင့်၍မရအောင် Private လုပ်ထားမယ်....
သင်အသုံးပြုနေသော ကွန်ပျူတာသည် User ၂ ခု (သို့) ၂ ခုထက်ပိုရှိနေတယ်ဆိုရင် သင့်ရဲ့ File Folder များအား Private လုပ်ထားသင့်ပါတယ်။ သင်အသုံးပြုနေတဲ့ သင့်ရဲ့ အချက်အလက်တွေဟာ ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ လုပ်ငန်းအရဖြစ်စေ၊ လုံခြုံမှုရှိမှသာ ဖြစ်ပါလိမ့်မယ်။ ဒါမှ သင့်ရဲ့ အချက်အလက်တွေကို တစ်ပါးသူတွေ မခိုးယူနိုင်မှာပဲ ဖြစ်ပါတယ်။
စတင်ပြီးတော့ စမ်းသပ်လုပ်ဆောင်ကြရအောင်-
၁။ ဦးစွာ User ရှိတဲ့နေရာ Windows System ရှိတဲ့ Local Disk (C) ထဲကို ၀င်ပါ။
၂။ အကယ်၍ Local Disk (C) သည် Hidden ဖြစ်နေပါက Show the contents of this folder ကို နှိပ်လိုက်ပါ။
၃။ ထို့နောက် Doc**ents and Setting ထဲကို Double Click ဖြင့် ၀င်ရောက်ပါ။
၎။ ယင်းနောက် မိမိ၏ User Folder ကိုဖွင့်လိုက်ပါ။
မိမိ၏ User Name ကို သိလိုက Start Menu တွင် ၀င်ကြည့်လိုက်ပါ။
၅။ မိမိ Private လုပ်လိုသော Folder ပေါ်တွင် Right Click နှိပ်ပြီး Properties ကို နှိပ်ပါ။
၆။ Properties Dialog Box မှ Sharing Tab ကိုနှိပ်ပြီး Local Sharing and Security Option အောက်မှ Make this folder private check box ကို အမှန်ခြစ်ပေးလိုက်ပါ။
၇။ ထို့နောက် Apply >> OK ပေးလိုက်ပါ။
တစ်ကယ်တော့ ဒီလုပ်ဆောင်ချက်ဟာ မိမိ၏ User Profile ထဲမှာရှိတဲ့ Folder များကိုသာလုပ်၍ ရနိုင်ပါတယ်။ မိမိ Folder အား Private လုပ်ထားပါက ဥပမာ- My Doc**ents – My Doc**ent ထဲတွင်ရှိသော File, Sub-Folder များဖြစ်ကြသည့် My Music and My Pictures Folder များကိုလည်း Private ထားမည်ဖြစ်သည်။ အကယ်၍ မိမိ၏ Drive သည် NTSF-New Technology file System ဖြင့် မပြောင်းထားပက အသုံးမပြုထားပါက မိမိ၏ Folder အား Private လုပ်၍ မရနိုင်ဘူးဆိုတာကိုတော့ သိထားသင့်ဖို့ လိုအပ်ပါတယ်။
@ Fwd Mail
http://alinkabar.ning.com/forum/topic/show?id=6320079%3ATopic%3A1252871&xgs=1&xg_source=msg_share_topic
" မှဲ့ " ၏ ကောင်းကျိုး ဆိုးပြစ် များ
ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော-
- (၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။ အပူသောကများလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။
- (၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။
Gtalk မှာ မိမိသူငယ်ချင်းက ဘယ်နိုင်ငံကလည်းဆိုတာ ကြည့်ရအောင်(စိုင်းဆမ်)
မင်္ဂလာပါ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါ…..သူငယ်ချင်းတို.လည်းကြိုက်မှာပါ…
အဲ…..ဒီပို.လေးကို ကြိုက်နှစ်သက်ခဲ.မယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်။
G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို
ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်..
ကဲစပြီးစမ်းကြည့်ရအောင် ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ.. ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ show original ကိုဆက်လက် click ပါ Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို သိရပြီပေါ့နော်..။

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6378989&xgs=1&xg_source=msg_share_post
“““ မိုက်မဲမှု ”””
လွမ်းလိုက်တာနော်...
သူသာ မြင်တတ်ခဲ့မယ်ဆိုရင်
ချစ်တတ်တဲ့ ငါ့နှလုံးသားနဲ့
စည်းတစ်ဖက်ရဲ့ နာကျင်ကြေကွဲမှုတွေကို
ယဲ့ယဲ့လေးပြုံးပီး အားပေးမှာဘဲလို့
တွေးမိတယ်....
မချစ်ချင်တော့ဘူး ..
ဒါပေမယ့် ရင်ခုန်သံတွေကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မလွမ်းချင်တော့ဘူး ..
ဒါပေမယ့် သတိရနေတတ်တဲ့ စိတ်ကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မငိုချင်တော့ဘူး ..
ဒါပေမယ့် တားဆီးမရတဲ့ ငါ့မျက်ရည်တွေကို မထိန်းချုပ်နိုင်တာ ခက်တယ် ချစ်ရသူရယ် ...
အခုတော့ ~~~
ငါ့ဘ၀ရဲ့ တိတ်ဆိတ်တဲ့ညနက်ထဲ
အချစ်ငှက် တစ်ကောင်ရဲ့
တစ်ခဏ္ဏတာ သီကြူးသံလေးကို
တစ်ဘ၀တာ နာကျင်ရမယ်ဆိုတာ သိရက်နဲ့
မိုက်မိုက်မဲမဲ တက်မက်နေခဲ့မိလေပီ....
(အောင်ကျော်မြင့် akmyint.kooo@gmail.com)
ကမ္ဘာ့အသက်အငယ်ဆုံး တိရစ္ဆာန်ထိန်း
အသက် ၃ နှစ်ပဲ ရှိသေးတဲ့ သြစတေးလျနိုင်ငံက Charlie Parker
လို့ အမည်ရတဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။
မြောက်အမေရိက မိကျောင်းပေါက်စေနဲ့ ဆော့ကစားနေတာကို ယခုလို မြင်တွေ့ ရပါတယ်။ မိကျောင်းတင်မပါဘူး။ အခြားသော ကျား၊ ခြေင်္သေ့နဲ့ အသားစား တောရိုင်း တိရစ္ဆာန်များနဲ့လည်း ရင်းရင်းနှီးနှီး နေထိုင်နိုင်သူ ဖြစ်ပါတယ်။
တိရစ္ဆာန်ကို ထိတွေ့ဖို့ အကြောက်အရွှံ့ လုံးဝ မရှိပဲ လွယ်လွင့်တကူ လုပ်ကိုင်နေတဲ့ သုံးနှစ်သား Parker ကို ကမ္ဘာ့ အသက်အငယ်ဆုံး
တိရစ္ဆာန် ထိန်းအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။
Ref: weird
ရိုးရာလေး ထူးဆန်းထွေလာ

သေချာပြောပါ(ဟာသ)
မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။
အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီးအနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။
မော်တော်ထွက်သောအခါ မော်တော်မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာအိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး.... ပူမဲ့ဟာကို ပူမယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့...."...တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ
ကိုလုံ....၃၁-၈-၁၂

အူတတ်အောင်ရယ်ရသော ဟာသများ
ခွေးလိုက်ပြီဆိုရင်
ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ်ဆိုရင် လုံးဝမလုပ်သင့် တာက ပြေးတာပဲ ဖြစ်ပါတယ်။ ပြေးရင်ပြေးရာလမ်းကြောင်းနောက်လိုက်ပြီး မိအောင်လိုက်ကိုက် တတ်ပါတယ်။
ခွေးနဲ့ မျက်လုံးချင်းစုံအောင် မကြည့်ရပါဘူး။ မျက်လုံးချင်းစုံအောင် ကြည့်တာဟာ ခွေးတင်မကပဲ အခြားသော တိရစ္ဆာန်တွေမှာပါ ရန်လိုတဲ့ အပြုအမူလို့ ယူဆကြပါတယ်။ ဒါကြေင့် မျက်လုံးချင်းစုံမိရင် ခွေးဟာ ပထမဆုံး အနေနဲ့ ဟောင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ တုန်လှုပ်ခြောက်ခြားနေတဲ့ အမူအရာ လုံးဝမပြရ ပါဘူး။ လက်မှာ လွတ်ချလို့ရမယ့် ပစ္စည်း တစ်ခုခု ပါလာရင် ခွေးပြေး လာ နေတုန်း လွတ်ချလိုက်ရပါမယ်။ ဒါဆိုရင် ခွေးရဲ့  အာရုံဟာ ယင်းပစ္စည်း ဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။
သို့တည်းမဟုတ် လက်မှာ ပါတဲ့ ပစ္စည်းအလေးတစ်ခုခုကို အဝေးတစ်နေရာ ပစ်နိုင်ပါတယ်။ ခွေးကို မျက်လုံးချင်းစုံအောင်မကြည့်ဘူး။ သူဟောင်တာ ကိုလည်း ဂရုမစိုက်ဘူးဆိုရင် ခွေးအနေနဲ့ ဟောင်ရတာ ပျင်းရိ သွားပြီး ရပ်သွားပါတယ်။ အချို့ ခွေးတွေက ကိုက်ဖို့အထိတောင် လုပ်ပါတယ်။ ပြန်ရန် မူ တိုက်ခိုက်လိုက်ရင် သူတို့ အတူဆော့ကစားချင်တယ်လို့ မှတ်ယူပြီး ဆက်တိုက်ခိုက်တတ်ပါတယ်။ ဒါကြောင့် အရှောင်နိုင်ဆုံး ရှောင်တိမ်း ပြီး အမူအရာ မပျက်နေရင် ခွေးကိုက်လည်းမကိုက်၊ ဟောင်လည်း မဟောင် တော့ပါဘူး။
--
Ref: dyknow
International news for myanmar
ဦးခေါင်းနှစ်လုံးနှင့် ကျွဲငါးမန်းရှိကြောင်း ပထမဆုံး အတည်ပြုနိုင်ပြီ
ဦးခေါင်းနှစ်လုံးနှင့် ကျွဲငမန်းသန္ဓေသားကို အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ကြပြီဖြစ် ကြောင်းသိရသည်။
ယခုတွေ့ရှိသော ဦးခေါင်း နှစ်လုံးနှင့် ကျွဲငါးမန်းသန္ဓေသားသည် ကမ္ဘာပေါ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။ အခြားငါး မန်းမျိုးစိတ်များကို ဦးခေါင်းနှစ် လုံးဖြင့် တွေ့ဖူးခဲ့ကြသော်လည်း လူသားစားငါးမန်းဖြစ်သည့် ကျွဲ ငါးမန်းမျိုး စိတ်တွင်မူ ယခုမှပင် တွေ့ဖူးကြခြင်း ဖြစ်သည်။
ဦးခေါင်းနှစ်လုံးနှင့် ငါးမန်း အချို့ကို မက္ကဆီကိုပင်လယ်အော် တွင် မကြာခဏတွေ့ရှိရာမှ ယင်း ငါးမန်းများနှင့်ပတ်သက်၍ အမေ ရိကန်ပြည်ထောင်စု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီများ သုတေသနပြုလေ့လာခဲ့ခြင်း ဖြစ် သည်။ထို့နောက် ဆက်လက်လေ့ လာကြရာတွင် မက္ကဆီကန် တံငါသည်တစ်ဦးဖမ်းမိသော သာမန် ငါးမန်းအမ တစ်ကောင်၏ ဝမ်း ဗိုက်အတွင်းမှ ဦးခေါင်းနှစ်လုံးပါရှိ သည့် ငါးမန်းသန္ဓေသားကို တွေ့ခဲ့ကြပြန်၏။
ယင်း သန္ဓေသားသည် ဦး ခေါင်းနှစ်လုံး၊ နှလုံးနှစ်ခု၊ အစာ အိမ်နှစ်ခုစသည်ဖြင့် သီးခြားစီပါ ရှိပြီး အမြီးပိုင်းတွင်မှသာလျှင် ပူးသွားကာ အမြီးတစ်ခုတည်း ဖြစ်သွားကြောင်း တွေ့ကြရသည်။''ဒါပေမဲ့
အဲဒီခေါင်းနှစ်လုံးနဲ့ ငါးမန်းလေးတွေဟာ မွေးပြီးတာနဲ့ သေသွားကြတယ်ဗျ။ သူတို့ရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံက ခေါင်းနှစ် လုံး အတွက် လိုအပ်တဲ့စွမ်းအင်ကို မဖြည့်စွမ်းနိုင်ကြဘူးဗျ'' ဟု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီတွဲဖက်ပါမောက္ခ မိုက် ကယ်ဝက်ဂ်နာက ပြောသည်။ ဦးခေါင်းနှစ်လုံးနှင့် မွေးဖွား လာသည့် သက်ရှိသတ္တဝါမှန်သမျှ မကြာမီအတွင်းတွင် သေဆုံးသွား ကြရခြင်းမှာလည်း
အဆိုပါ အ ကြောင်းရင်းကြောင့်ပင် ဖြစ်ကြောင်း သူကပြောသည်။
PN-002
Ref: dailymail
Popular Myanmar News Journal

မြ၀တီ
Tuesday, April 2, 2013
ချစ်သူက ပြန်ချစ်စေချင်သလား
အချစ်ဆိုတာကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်။ ကျွန်တော်ကတော့ တစ်နည်း အဓိပ္ပာယ် ဖွင့်ချင်တယ်။
အချစ်ဆိုတာက ရယူခြင်းဆိုတာ သေချာပါတယ်။ မေတ္တာဆိုတာက ပေးဆပ်ခြင်းပါ။
အချစ်ပာာ ဘယ်လောက်ပဲ ကြီးမားလာပါစေ။ မေတ္တာကို မမီဘူး။ လူတစ်ယောက်ပာာ ကိုယ့်အပေါ်ကို ချစ်လာအောင် ဘယ်လိုလုပ်သင့်သလဲ။ မေတ္တာရှိလာအောင် ဘယ်လို လုပ်သင့်သလဲ။
သူက ကိုယ့်ကို ပြန်မချစ်ခင် ကိုယ်ကကော သူ့ကို ဘယ်လို ချစ်တာလဲ။ ရယူခြင်းလား။ ပေးဆပ်ခြင်းလား။ ရယူခြင်းနဲ့ချစ်ရင်တော့ မရနိုင်တော့တဲ့အခါ ပွဲသိမ်းပြီ။ ဆက်မချစ်တော့ဘူး။ ပေးဆပ်ခြင်းနဲ့ ချစ်ရင်တော့ သူ့အချစ်ကို ရသည်ဖြစ်စေ
မရသည် ဖြစ်စေ ချစ်နေမှာပါ။
ရယူခြင်းနဲ့ ချစ်တယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။
ဘယ်လို အချစ်ပဲဖြစ်ဖြစ် သံယောဇဉ်က စတင်လာတာပါ။ သံယောဇဉ်ပာာ နီးစပ်မှုက စတာ။ နီးစပ်မှုပာာ ခင်မင်မှုက စတင်တာ။ ခင်မင်မှုပာာ ပက်သက်မှုက စတင်တာ။ ပက်သက်မှုပာာ အကြောင်းတိုက်ဆိုင်မှုက စတင်တာ။
အချစ်ဆီကို ရောက်ချင်ရင် အကြောင်းတိုက်ဆိုင်မှုကို အရင် ဖန်တီးသင့်တယ်။ ပက်သက်မှုကို ဖန်တီးသင့်တယ်။ ပက်သက်မှုရှိလာရင် အလိုလို ခင်မင်မှု ဖြစ်လာတယ်။
ခင်မင်မှုကို အားကောင်းအောင်ကြိုးစားမှ ရမှာပါ။ ဒါမှ နီးစပ်မှုက ရှိလာမှာပါ။ နီးစပ်မှုအားကောင်းလာရင် သံယောဇဉ်က အလိုလိုဖြစ်လာတယ်။ ဒီအဆင့်ကို ရောက်ပြီဆိုရင် သူ့အချစ်ကို ရဖို့ မခက်တော့ပါဘူး။
ပြည်ငြိမ်း

ရွှေတိဂုံဘုရားအကြောင်း
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ
စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။
လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်)
အမည်ခေါ်တွင်ပုံ
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
သမိုင်းကြောင်း
သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။
နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။
ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
၁...ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
ကို ထက်

မျက်စိအားကောင်းစေရန်
မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။
(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။
(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။
(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။
(၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။
(၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။
(၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။
(၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေး တွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။
(၈)သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါကို သုံးပါ။ အခြားသူတွေ သုံးတဲ့ မျက်နှာသုတ် ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ ကူးစက်မြန် မျက်စိ ရောဂါ ဖြစ်စေတယ်။
(၉)စာဖတ် စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင် မိနစ် သုံးဆယ် ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ)
(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြော တွေကို ဒုက်ခ ပေးနိုင်တယ်။
၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ.ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ. မျက်စိ အားကောင်းခြင်း တို.ကို ဖြစ်စေတယ်။
(၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်ကောင်တဲ့ အခါ ပိုအရေး ကြီးတယ်။
(၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို. အခြေအနေ ပိုပေး တက်တယ်။ ဆားလျှော့စားပါ။

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်
စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ
စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း
စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။
နယူးဇီလန် နိုင်ငံမှ ဒီဇိုင်နာ ကာသာရင် ဝီလ်ဆင်က ယင်းဖိနပ်အား ပေါင်တစ်သန်း တန်ဖိုးရှိ စိန်ဖြူလေးပုံ တစ်ပုံခန့်ကို အသုံးပြု၍ Sarah Hutchings of Auckland's Orsini Fine ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အကူ အညီဖြင့် ဖန်တီးခဲ့သည်။
"The Diamond Shoe" စိန်စီရှူး ဖိနပ်ကို ၂၁ ဒသမ ၁၈ ကာရက်ရှိသော စိန်ပွင့်များဖြင့် စီခြယ်ပြုလုပ်ထားပြီး ယင်းဖိနပ်ကို ပြုလုပ်ရန်အတွက် နာရီပေါင်း ၅ဝ ကျော် အချိန်ယူခဲ့ရကြောင်း သိရသည်။
ဒီဇိုင်နာဝီလ်ဆင်က ယင်းဖိနပ်အား "Cinderella" ကားတွင် ဆင်ဒရဲလား မင်းသမီးလေး ဝတ်ဆင်ခဲ့သော ဖိနပ်ပုံစံအတိုင်း စိတ်ကူး ပုံဖော်တည်ဆောက် ထားပြီး ဇိမ်ခံပစ္စည်း တစ်ခုအဖြစ် ဖန်တီးတည်ဆောက် ထားကြောင်း သိရသည်။
http://bit.ly/Z0reDJ

Monday, April 1, 2013
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ 
ထမင်းစားပြီးတိုင်း
ရေနွေးသောက်ဖိုသတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ
့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ
ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ
သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီကထမင်းစား စဉ်
ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်
တော့ သက်ရောက်မှု့  ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ်
အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း
ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို
အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ်
တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ
အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ
သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြော...င်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။
အကောင်းဆုံးကတော့အစာစားပြီးတိုင်းမှာစွပ်ပြုပ်ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
-အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက်ရပ်တန့်တဲလက္ခာတွေအားလုံးမှာဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။
-နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး
ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု
နိုးထအောင်လုပ်နိုင်ပါတယ်။ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ဆက်လက်
အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။
credit to နှင်းဆီဖူးလေးများ
Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Royal Hero Media<< Thank
ထမင်းစားပြီးတိုင်း
ရေနွေးသောက်ဖိုသတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ
့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ
ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ
သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီကထမင်းစား စဉ်
ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြော...င်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။
အကောင်းဆုံးကတော့အစာစားပြီးတိုင်းမှာစွပ်ပြုပ်ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
-အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက်ရပ်တန့်တဲလက္ခာတွေအားလုံးမှာဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။
-နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး
ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု
နိုးထအောင်လုပ်နိုင်ပါတယ်။ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ဆက်လက်
အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။
credit to နှင်းဆီဖူးလေးများ
Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Royal Hero Media<< Thank
ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြော...င်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။
အကောင်းဆုံးကတော့အစာစားပြီးတိုင်းမှာစွပ်ပြုပ်ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
-အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက်ရပ်တန့်တဲလက္ခ
-နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်
credit to နှင်းဆီဖူးလေးများ
Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Royal Hero Media<< Thank
အဖေ ...
ကျွန်တော်
၎ နှစ်သားတုန်းက ငါ့ ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။
၅ နှစ် ... ငါ့ ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။
၆ နှစ် ... ငါ့ အဖေက မင်းအဖေထက် တတ်တယ်ကွ ။
၈ နှစ် ... တို့ အဖေက အကုန်လုံးတော့ လည်း အတိအကျ မသိဘူး ။
၁၀ နှစ် ... အဖေတို့  ငယ်ငယ်တုန်းကနဲ့  အခုနဲ့ က တခြားစီပဲ ။
၁၂ နှစ် ... အင်း အဲဒါတော့အဖေလည်းဘယ်သိပါ့မလဲသူက
အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ
မမှတ်မိနိုင်တော့ ဘူး ။
၁၄ နှစ် ... အဖေတော့  ထည့်မပြောနဲ့ ၊ သူက ရှေးရိုးသမားကြီး ။
၂၁ နှစ် ... အဖိုးကြီးလား ထားပါ ၊ အောက်နေပြီ ၊ လုံးဝ အောက်နေပြီ ။
၂၅ နှစ် ... အဖေတော့  နည်းနည်းပါးပါးသိမယ်၊ မသိလို့ လဲ မဖြစ်ဘူးလေ ၊
လူကြီးပဲဟာ ။
၃၀ နှစ် ... အဖေ့ ကို နည်းနည်းပါးပါး မေးကြည့်ရင်ကောင်းမယ်ထင်တယ်၊
ဘာပဲပြောပြောသူက အတွေ့ အကြုံ အများကြီးရှိတယ် ။
၃၅ နှစ် ... အဖေနဲ့  တိုင်ပင်ပြီးမှ ဒီကိစ္စကို ငါ တစ်ခုခုလုပ်နိုင်မယ် ။
၄၀ နှစ် ... အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး
သူက အတွေ့ အကြုံစုံတယ် ၊
အမြော်အမြင်လည်း ရှိတယ် ။
၅၀ နှစ် ... ဒီကိစ္စ အခုနေသာ အဖေနဲ့  တိုင်ပင်ခွင့် ရမယ်ဆိုရင် ဘယ်လောက်
ပေးရ ပေးရငါပေးပါတယ် ၊ အဖေ့ အရည်အချင်းတွေ
သူရှိတုန်းက ကောင်းကောင်းသတိမထားမိခဲ့ တာ
သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆို ငါ့ အဖေဆီက အများကြီး
ရလိုက်ဖို့ ကောင်းတယ် ။
My father When I Was ... Ann Landers အား
ဘာသာပြန်သည် ။
ရေးမိရေးရာလေးများ

"ချီးမွမ်းထိုက်သော သားသမီး"
တခါသော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည်
အကြောင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်း
ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး
အလိုရှိကုန်၏။
ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။
ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော,
ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို
အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။
ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား
လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့်
သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။
( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )
Dhamma Danã Source ►
www.facebook.com/ youngbuddhistassociation.mm
Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Young Buddhist's Association << Thank
အကြောင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်း
ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး
အလိုရှိကုန်၏။
ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။
ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော, ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။
ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။
( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )
Dhamma Danã Source ►
www.facebook.com/
Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Young Buddhist's Association << Thank
ခဲတံ တစ်ချောင်းတည်းနှင့် ဆွဲထားသော အံ့မခန်း ပန်းချီကား
ခဲတံ တစ်ချောင်းတည်းနဲ့ ယခု မြင်နေရတဲ့ ကြောင်ပုံကို Paul Lung အမည်ရ ပန်းချီဆရာက ရေးဆွဲထားတာ ဖြစ်ပါတယ်။
သူဆွဲလိုက်တဲ့ ပန်းချီတိုင်းဟာ ဓာတ်ပုံနဲ့ ထင်ရောင်ထင် မှား ဖြစ်လောက်အောင် လက်စွမ်းထက်သူ ဖြစ်ပါတယ်။ ယခု ကြောင်ပုံကိုလည်း တစ်ထိုင်တည်း ဆွဲထားတာ မဟုတ်ပါဘူး။ တစ်ရက်ကို နာရီအနည်းငယ်စီ အချိန်ကုန်ခံပြီး စုစုပေါင်း နာရီပေါင်း ၆၀ ကြာအောင် ဆွဲရတဲ့ ကြောင်ပုံ ဖြစ်ပါတယ်။
ဒီမှာ ပိုထူးခြားတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အချိန်ကြာကြာယူပြီး ဆွဲထားတဲ့ ယခု ကြောင်ပုံမှာ ခဲဖျက်လုံးဝ မသုံးထားဘူးလို့ သိရပါတယ်။
---
Ref: maseworld
ရိုးရာလေး အနုပညာ
Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>YoYarLay<< Thank
သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးများ
သွားကိုက်တယ်ဆိုတာ သွားနဲ့မေးရိုးတစ်ဝိုက်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာခံစားရတာပါပဲ... သွားကိုက်ရတဲ့အကြောင်းရင်းကတော့ အများကြီးရှိပါတယ်... သွားအခေါင်းပေါက်တွေ၊ ကျိုးနေတဲ့သွားတွေ၊ ပိုးစားထားတဲ့သွားတွေ၊ သွားအရင်းထဲကနာတာတွေနဲ့ သွားဖုံးရောဂါစတာတွေတို့ကြောင့်ဖြစ်ပါတယ်...
ပထမနည်းလမ်းကတော့ လက်မနဲ့လက်ညိုးကြားကနေရာကို ရေခဲတုံးနဲ့ ၅ မိနစ်ကနေ ၇ မိနစ်လောက်ပွတ်ပေးပါတဲ့... အဲ့ဒါဆိုရင် အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေတယ်လို့သိရပါတယ်...
နောက်တစ်နည်းကတော့ ကြက်သွန်ဖြူတစ်မြွှာကို ဆားနည်းနည်းဖြူးပြီး ကိုက်နေတဲ့သွားမှာကပ်ထားလိုက်ရင် သွားကိုက်ပျောက်စေတယ်လို့လည်းသိရပါတယ်... ဒါမှမဟုတ်ရင်လည်း ကြက်သွန်ဖြူတစ်မြွာကို နေ့စဉ်ဝါးစားခြင်းဖြင့် သွားကိုက်ခြင်းမှကင်းဝေးစေတယ်လို့လည်း ဆိုထားပါတယ်...
သွားကိုက်ဝေဒနာက လက်ငင်းသက်သာပျောက်ကင်းစေတဲ့ ကောင်းမွန်တဲ့အိမ်တွင်းကုထုံး နောက်တစ်မျိုးကတော့ ကိုက်နေတဲ့သွားအပေါ်ကို vanilla အရည် နှစ်စက်သုံးစက်လောက်ချပေးခြင်းပဲဖြစ်ပါတယ်...
နောက်ထပ်တစ်နည်းကတော့ ပရုတ်ဆီပါးပါးကို သွားကိုက်တဲ့ဘက်ကမျက်နှာပြင်ပေါ် လိမ်းပြီး တစ်သျှူးစက္ကူနဲ့အပေါ်ကဖုံးအုပ်ကာ အိပ်ယာပေါ်လဲလျောင်းနေရပါမယ်... ပရုတ်ကအပူကို အရေပြားကစုပ်ယူသွားပြီး သွားကိုက်တာက သက်သာလာပါလိမ့်မယ်...
နောက်ဆုံးတစ်နည်းကတော့ အာလူးကိုတစ်စိပ်လာက်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားပေါ် ၁၅ မိနစ်လောက်ထားထားလိုက်ရင်လည်း သွားကိုက်ပျောက်စေတယ်လို့သိရပါတယ်...
----------------------------------------------------------------
Ref: The Unknown; but not hidden.
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>နှိုင်းရင့်နွေ<< Thank
မျှစ်၏ ကျန်းမာရေးစွမ်းပကား
့ မြန်မာလူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက်တတ်ကြပါတယ်။ ဒါပေမဲ့ မျှစ်တွေကို ဆေးဆိုးထားတယ်ဆိုတဲ့ သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့်သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုးထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသားလိုက်ရပါတယ်။
(၁) အစာခြေစနစ် ကျန်းမာခြင်း
မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ်ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ်အာနိသင် ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄) သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရောအဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှု များပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေးရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်းမှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန်လာစေပါတယ်။
(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာဆေးနည်း အနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့ရာအတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသုံးပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်ကို ဒဏ်ရာပေါ် လိမ်းပေးရင် အနာအကျက်မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁ဝ) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင်၊ ဂနိုဆီးပူညောင်းကျ ရောဂါ ဖြစ်နေရင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။
Good Health
ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ
အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်းလမ်းကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အသုံးများပါတယ်။ အက်ဆစ်ရည်ထက် ကိုကာကိုလာ အချိုရည်က ဈေးသက်သာနေကြလို့လည်း ဖြစ်ပါ တယ်။ နေရာတိုင်း မှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် ဖြစ် ပါတယ်။
အန္တရာယ်ရှိတဲ့ ထုံးရည်၊ အက်ဆစ်ရည် မသုံးပဲ ကိုကာကိုလာအချိုရည် ကို ကြေခွက်ထဲ ထည့်ပြီး အနည်းငယ် ပွတ်တိုက် လိုက်ရုံနဲ့ ကြွေများ ပြောင် လက်သွားတယ်လို့ ဆိုပါတယ်။ ကြွေနဲ့ လုပ်ထားတဲ့ အင်္ဂဒေ၊ ကြွေပြား၊ အိမ်သာများကို ကိုကာကိုလာ အချိုရည်နဲ့အလွယ်တကူ ဆေးကြောနိုင် တာကို လေ့လာတွေ့ရှိထားကြပါတယ်။
မြ၀တီ
ဆင်ထိန်းကြိုး
တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင် ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။ အဲ့ဒီမှာ ဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။ သူငယ်လေးလည်း အံသြသွားပါတယ်။ ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကို ထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။ ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။
ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့
ရှန်ဟိုင်းမှ ကမ္ဘာ့အလှဆုံး ဂုံးတံတား
ကားသွားလို့ရတဲ့ ဂုံးတံတားတော့ မဟုတ်ပါဘူး။ လူသီးသန့်သွားဖို့အတွက် တည်ဆောက်ပေးထားတဲ့ ဂုံးတံတား ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့ Pudong District မှာ တည်ရှိပြီး လမ်းငါးဆုံပေါ်မှာ တည်ဆောက် ထားတာ ဖြစ်ပါတယ်။ လူစည်ကားရာ မြို့ လယ်ခေါင် အဝိုင်းလည်း ဖြစ်တဲ့ အတွက် ပတ်ပတ်လည်မှာ စားသောက်ဆိုင်၊ အအေးဆိုင် နဲ့အခြားသော အပန်းဖြေ စရာနေရာများလည်း တံတားအထွက်တွေမှာ ဖန်တီးပေးထား ပါတယ်။
ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွင့်မှု လျော့နည်းဖို့နဲ့ သဘဝပတ်ဝန်းကျင် လှပရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ။ ၂၀၁၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး ယနေ့မှာဆိုရင် ကမ္ဘာ့အလှဆုံး နဲ့ အထူးခြားဆုံး ဂုံးတံတား များထဲမှာပါဝင်လာကြောင်း သိရပါတယ်။
--
Ref: trufacts
ColayOnline:Automobile
မြ၀တီ
Subscribe to:
Posts (Atom)