“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, March 26, 2013

မျက်ရည်(၃)မျိုး

Photo: မျက်ရည်(၃)မျိုး
----------------------------------------------------------------

မျက်ရည်အမျိုးအစား (၃) မျိုးရှိပါတယ်...

ပထမတစ်မျိုးက basal tear လို့ခေါ်ပါတယ်... သင့်မျက်လုံးတွေကို သန့်ရှင်းဖို့နဲ့ ချောမွတ်စေဖို့လုပ်ပေးတဲ့ မျက်ရည်အမျိုးအစားဖြစ်ပါတယ်...

ဒုတိယတစ်မျိုးကတော့ reflex tear လို့ခေါ်ပါတယ်... ကြက်သွန်နီတို့ ဝတ်မှုန်တို့ကြောင့် ကျဆင်းလာရတဲ့ မျက်ရည်မျိုးဖြစ်ပါတယ်...

နောက်ဆုံးတစ်မျိုးကိုတော့ emotional tear လို့ခေါ်ပါတယ်... ဒါကတော့ စိတ်ခံစားမှုကြောင့်ကျဆင်းလာတဲ့မျက်ရည်ဖြစ်ပြီး ကျွန်တော်တို့အသုံးအများဆုံးမျက်ရည်အမျိုးစားဖြစ်ပါတယ်...
----------------------------------------------------------------
Ref: dailypix.me

နှိုင်းရင့်နွေ

မြ၀တီ

“စွမ်းအားဖြည့်အချိုရည်များ သွေးတိုးမှုဖြစ်စေကြောင်း သုတေသီများ သတိပေး”

Photo: “စွမ်းအားဖြည့်အချိုရည်များ သွေးတိုးမှုဖြစ်စေကြောင်း သုတေသီများ သတိပေး”

စွမ်းအားဖြည့် အချိုရည်များသည် သွေးတိုးမှုကို မြင့်တက်စေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ စွမ်းအားဖြည့် အချိုရည် အများအပြား သောက်သုံးခြင်းသည် နှလုံး၏ စည်းချက်ကျကျ လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေကာ သွေးစီးဆင်းမှုအပေါ် သက်ရောက်နိုင်ပြီး သွေးတိုးရန် အခြေအနေ များလာစေကြောင်း အမေရိကန် နှလုံးဆိုင်ရာ အဖွဲ့ချုပ် သိပ္ပံနည်းကျ လေ့လာမှုဌာန၏ သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ကြာသပတေးနေ့က အဆိုပါ တွေ့ရှိချက်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ကျန်းမာရေးဌာန တာဝန်ရှိသူများက Presentation တစ်ခုဖြင့် ပြသခဲ့သည်။ သုတေသီများက ယခင်တွေ့ရှိမှု အခြေအနေများကိုပါ ပြန်လည် ဆန်းစစ်ကာ အချက်အလက်များ စုဆောင်းပြီး အားဖြည့်အချိုရည်များ အလွန်အကျွံ သောက်သုံးခြင်းကြောင့် နှလုံးကို ထိခိုက်နိုင်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။ 

Planet Myanmar Network

Big Daddy အမည်ရှိ ဧရာမ ပင့်ကူ ကဏန်းကြီး ဗြိတိန် နိုင်ငံသို့ ရောက်ရှိ

Photo: Big Daddy အမည်ရှိ ဧရာမ ပင့်ကူ ကဏန်းကြီး ဗြိတိန် နိုင်ငံသို့ ရောက်ရှိ

ဂျပန် နိုင်ငံမှ Big Daddy အမည်ရှိ ကြီးမားသော ပင့်ကူ ကဏန်းကြီးသည် ဗြိတိန် နိုင်ငံ ဘလက်ပူးလ်မြို့ ပင်လယ် သတ္တဝါ ထိန်းသိမ်းရေး ဌာနရှိ Scott Blacker ကန်အတွင်းသို့ ရောက်ရှိ နေပြီ ဖြစ်ပြီး ၎င်းသည် နေရာ
သစ်တွင် အသား တကျ နေထိုင်လျက် ရှိကြောင်း သိရ သည်။

အဆိုပါ ဧရာမ ပင့်ကူ ကဏန်း ကြီး၏ လက်တံ များသည် ၉ ပေ (၂ ဒသမ ၇ မီတာ) ရှိပြီး အေးမြ နေသော Scott Blacker ကန် အတွင်း လိုက်လျော ညီထွေစွာ နေထိုင်လျက် ရှိကြောင်း ဘလက်ပူးလ်မြို့ ပင်လယ် သတ္တဝါ ထိန်းသိမ်းရေး ဌာနမှ ထိပ်တန်း ပြတိုက်မှူး ခရစ် ဘရောင်းက ပြောကြားသည်။

http://bit.ly/13s7oZt

ဆိုးမိုက်သူတစ်ဦးရဲ့ မိဘအပေါ်ထားသော မေတ္တာတရား

Photo: Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် ..

အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …

စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …

သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …

တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..

သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..

စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။

သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..

ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..

“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”

သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …

“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီး မင်းအမေဆီကို ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”

+++++++++++++++++++++++++++++++++++++++

♥ ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ … ♥

( Admin >> TT )

By Heart Canteen
Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် ..

အိပ်စက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

Photo: အိပ်စက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ
Tuesday, March 26, 2013

အသက်ရှင်ရန် အိပ်ပါ
အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။
အစား အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန်
တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာ
ရှင် တွေက တွေ့ရှိ ခဲ့ပါတယ်။

အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်
ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်
ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေး
ဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။

နွားနို့သောက်ပါ
Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။

ငှက်ပျောသီး စားပါ
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့ အစားအစာ
တွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။

သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်း တွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်
အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။

ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ

အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း
ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် 
ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။

ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ

ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက
နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်
ဝတ်အိပ်ပါ။

အအိပ်ကို ဦးစားပေးပါ

အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ 
ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။

လှပစေရန် အိပ်ပါ

သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။

အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေပြီး အိပ်ပျော် စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှ စပြီး ကဖင်းကို
ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေး
ကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း က
ဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။

ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ်ပါ စေနဲ့

သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။

ဒေါက်တာခင်မိုးမိုး
Myawady News

အသက်ရှည်စေနိုင်သော ဆေးဝါးကောင်း

Photo: အသက်ရှည်စေနိုင်သော ဆေးဝါးကောင်း

အသက် အရွယ် အိုမင်းမှုကို အောင်နိုင်ပြီး ၁၅၀ နှစ် အထိ အသက် ရှည်နိုင်တဲ့ ဆေးဝါးဟာ  ငါးနှစ် အတွင်း ပေါ်ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက ဆိုပါတယ်။ အနီရောင်ဝိုင်မှာ တွေ့ရှိရတတ်တဲ့ Resveratrol သူ ကို ပြုပြင်ထားတဲ့ ဆေးဝါး အသစ်ဖြစ်ပြီး SIRT 1 ခေါ်တဲ့ ပရိုတင်းရဲ့ လုပ်ဆောင်မှုကို မြင့်မား စေကာ အရွယ် နုပျိုနိုင် မယ့် အကျိုး သက်ရောက် မှုကို ရရှိ စေတယ်လို့ ဆိုပါတယ်။ ဒီဆေး ဝါးကို ကင်ဆာ ရောဂါ၊ ဆီးချို ရောဂါနဲ့ နှလုံး ရောဂါ အပါအဝင် ရောဂါ ခံစားရတဲ့ လူနာတွေ အပေါ်မှာ Glaxo Smith Klineဆေးကုမ္ပဏီက စမ်းသပ်မှုပြုလုပ်ပြီးပြီလို့ သိရပါတယ်။ အယ်လ်ဇိုင်း မားရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်း အဆီဖုံး ရောဂါ၊ အတွင်း တိမ်ရောဂါ၊ အရိုးပါး ရောဂါ၊ ကြွက်သား သိမ်တာ၊ အိပ်ရေး ပျက်ခြင်း တာနဲ့ ဂျွတ်၊ အဆစ် ရောင် ရောဂါနဲ့ အူမကြီး ရောင်ရမ်းတဲ့ ရောဂါ လိုမျိုး ရောင် ရမ်းမှု ရောဂါတွေ အတွက်လည်း စမ်းသပ် နေပြီလို့ သိရပါ တယ်။ အခုပေါ်တဲ့ ဆေးဝါး အသစ်ဟာ ဝိုင်အနီ တစ်ခွက် သောက် တာထက် အဆ ၁၀ဝ ခန့် အကျိုး သက်ရောက်မှု ပို ကောင်းတယ်လို့ ဆိုပါတယ်။ ဒီဆေးကို သောက်ဆေး အဖြစ် အသုံးပြု နိုင်သလို လိမ်းဆေး အနေနဲ့လည်း အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။ နှလုံးသွေး ကြောရောဂါကို ကာကွယ်ဖို့ အတွက် Statin ဆေးဝါးကို အသုံးပြု သလိုမျိုး ဒီဆေးဝါးကို အသက် ရှည်ဖို့ အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။  

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>GOOD HEALTH<< Thank

Sunday, March 24, 2013

သံဗူးကိုအသုံးပြုထားတဲ့အဖျော်ယမကာတွေကိုသောက်တော့မယ်ဆိုရင်သတိထားပါ

eptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေအားလပ်ရက်မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာတစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။ ဘာကြာင့်ဖြစ်တာလဲဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက်မိတာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့်ဘဲ မော့သောက်ခဲ့တာပါ။
အဖျော်ယမကာများဈေးကွက်ထဲဖြန့် ဖြူးရောင်းချခြင်းမပြုမှီ stock မှာသိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ကြွက်များဖြတ်လျှောက်သွားရုံသာမက ကြွက်သေးများပါရှိနေတတ်ပါတယ်။
ဒါကြောင့် အဖျော်ယမကာသံဗူး တွေသောက်တဲ့အခါ သံဗူး မျက်နှာကိုပြန်သန့် စင်ဖို့ မမေ့နဲ့ နော် ။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1243031&xgs=1&xg_source=msg_share_post

သီတဂူဆရာတော် ဘုရားကြီး ၏ မေတ္တာပို့

 “မေတ္တာ နိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။မေတ္တာသီသလ ရံသီဟိ သုခန္တု ဖုသိတာ ပဇာ။”

♠ လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊

♠ မေတ္တာနိသာကရော - မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊

♠ သမ္မာ - သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ၊

♠ သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊

♠ ဘာတု - ရန်လည်းကင်းဝေး၊ ဘေးလည်းမခ အအေးရပ်ပေါ်ရွှမ်းမြအသရေ ထွန်းပပါစေသတည်း။

♠ မေတ္တာသီတလရံသီဟ - မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်၊

♠ မေတ္တာသီတလ ရံသီဟ - မေတ္တာဖွေးလျှပ်၊ အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့သည်၊

♠ ဖုသိတာ - အဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊

♠ ပဇာ - ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊

♠ သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း…

“ မေတ္တာပို့ရန်… ”
~~~~~~~~~

၁။ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။

        (သုံးခေါက်စီ…ရွတ်ဆိုရန်)

၂။ မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။

၃။ မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။

၎။ မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။

၅။ ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။

၆။ ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။

၇။ ဒို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။        ။

‘‘မေတ္တာ မဉ္ဇူသကောလောကေ၊ သုဖုလ္လော၊ ဟောတု သဗ္ဗဒါ။
မေတ္တာ ပုပ္ဖါ သုခံတေန၊ သုခန္တု ၀ါသိတာ ပဇာ။’’

♠ လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ်ကမ္ဘာအတွင်း၌၊

♠ မေတ္တာမဉ္ဇူသကော - မေတ္တာတည်းဟူသော မဉ္ဇူသက နတ်ပန်းပင်ကြီးသည်၊

♠ သဗ္ဗဒါ - နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ၊

♠ သုဖုလ္လော - အခိုင်ခိုင်ကြိုင်လှိုင်စွာ ပွင့်သည်၊

♠ ဟောတု - မုချမသွေ ဖြစ်ပါစေသတည်း။

♠ မေတ္တာပုပ္ဖါသုခံတေန - မေတ္တာတည်းဟူသောမဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်၊

♠ ၀ါသိတံ - ထုံအပ်မွှမ်းအပ်ကုန်သော၊

♠ ပဇာ - လူရော နတ်ပါ သတ္တ၀ါတို့သည်၊

♠ သဗ္ဗဒါ - နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊

♠ သုခန္တု - ကိုယ်စိတ်နှစ်ဖြာ၊ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝချမ်းသာတော်မူ ကြပါစေကုန်သတည်း…။

( အထက်ပါမေတ္တာပို့စာပိုဒ်လေးက   " ကျေးဇူးတော်ရှင်သီတဂူဆရာတော် ဘုရားကြီး "ရဲ့ တရားပွဲများ
မစတင်မှီနှင့်တရားတော်များ ပြီးဆုံးသောအခါ တရားပွဲတိုင်းမှာဆရာတော်ကြီး အမြဲတမ်းရွတ်ဆိုနေကြ

မေတ္တာပို့စာပိုဒ်လေးပါ… )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ဒီနေရာမှကူးယူမျှဝေပါသည်။ 

                                                                               လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2013/03/blog-post_116.html

ကားနံပါတ်(ဟာသ)

ကားနံပါတ်…….. လူတစ်ဦးအား တိုက်ပြီးမောင်းပြေးသွားသော ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ ယာဉ်ထိန်းရဲတစ်ဦး ရောက်ရှိလာပြီး အနီးရှိကလေးငယ်များအား အောက်ပါအတိုင်း မေးလေသည်။ ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်မှုဖြစ်တော့ မင်းတို့ဒီနေရာမှာ ရှိနေလား။ ကလေးငယ် ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ရှိနေပါတယ်။ ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်တာမင်းတို့ တွေ့မှာပေါ့။ ကလေးငယ် ။ ။ ကျွန်တော်တို့ မြင်လိုက်ပါတယ်။ ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် မောင်းပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မိလား။ ကလေးငယ် ။ ။ ဟုတ်ကဲ့ မှတ်မိပါတယ်။ ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် အဲဒီကားနံပါတ်ကို ပြောပြပါဦး။ ကလေးငယ် ။ ။ ဂါလန် ၂၈၀၀။ ယာဉ်ထိန်းရဲ ။ ။ ဟေ………………။ ရီမောပျော်ရွှင်ပါစေ... Lon Ely...
လူတစ်ဦးအား တိုက်ပြီးမောင်းပြေးသွားသော ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ ယာဉ်ထိန်းရဲတစ်ဦး

ရောက်ရှိလာပြီး အနီးရှိကလေးငယ်များအား အောက်ပါအတိုင်း မေးလေသည်။
...
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်မှုဖြစ်တော့ မင်းတို့ဒီနေရာမှာ ရှိနေလား။

ကလေးငယ် ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ရှိနေပါတယ်။

ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်တာမင်းတို့ တွေ့မှာပေါ့။

ကလေးငယ် ။ ။ ကျွန်တော်တို့ မြင်လိုက်ပါတယ်။

ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် မောင်းပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မိလား။

ကလေးငယ် ။ ။ ဟုတ်ကဲ့ မှတ်မိပါတယ်။

ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် အဲဒီကားနံပါတ်ကို ပြောပြပါဦး။

ကလေးငယ် ။ ။ ဂါလန် ၂၈၀၀။

ယာဉ်ထိန်းရဲ ။ ။ ဟေ………………။

ရီမောပျော်ရွှင်ပါစေ...

Lon Ely...
See More

ဖတ်ရှုသူ 207 ဦးရှိပါပြီ

သူငယ်ချင်းရေစိတ်ညစ်စရာကြုံတိုင်း...ဒီလိုလေးဖြေပျောက်လိုက်ပါ

သူငယ်ချင်းစိတ်ညစ်နေလား????
သူငယ်ချင်းဝမ်းနည်းနေလား??????
သူငယ်ချင်း စိတ်ပျက်နေလား???
ဘ၀လောကဓံထဲ..ကျင်လည်နေသမျှသူငယ်ချင်းရေ
စိတ်ညစ်စရာ စိတ်ပျက်စရာ ရှုံးနိမ့်လိုစိတ်ဓါတ်ကျမူတွေအခါခါဖြစ်နေမှာပဲ
သံသရာဆိုတာလည်ပတ်နေသမျှ ဒီအခက်အခဲတွေရင်ဆိုင်နေရမှာပဲလေ
အဲဒီလို ဖြစ်ပျက်မူတွေရင်ဆိုင်တိုင်း စိတ်ပျက်အားငယ်မနေဘဲ
ဘ၀အတွက်ရင်ဆိုင်နိုင်အောင်
ရှင်းဖတ်မိတဲ့ နေထိုင်ပြုမူနည်းတွေကို သူငယ်ချင်းလေးတွေ အတွက် ဝေမျှရေးသားပေးပါတယ်
တကယ်တမ်းတော့ စိတ်ညစ်တယ်ဆိုတာ ဘ၀မှာ ခဏတာကြုံလာတဲ့ အခက်အခဲကြောင့် အခိုက်အတန့်
စိတ်ညစ်ရခြင်းသာ ဖြစ်ပါတယ် စိတ်ညစ်စရာတွေပဲအမြဲမကြုံနိုင်သလို
ပျော်ရွှင်တဲ့ အချိန်တွေလည်း အချိန်တိုင်းမကြုံနိုင်ပါဘူးလေ
 အဆင်မပြေမူတွေကြုံတိုင်းသာစိတ်ပျက်အားလျော့နေမယ်ဆို ဘ၀ဆိုတဲ့ သံသရာဝဲကယက်မှာ သူငယ်ချင်း
နှစ်မြှပ်သွားမှာပေါ့။
စိတ်ညစ်စရာ တွေကို စိတ်ညစ်တယ်လို့အ ချိန်တိုင်းတွေးမနေဘဲ ဖြေပြီးတွေးတတ်ဖို့ လိုသလို
မိမိ စိတ်ညစ်ခြင်းဟာ ဘယ်လိုဖြေရှင်းနိင်မလဲ လွယ်လွယ်နဲ့ အရှုံးမေပးလိုက်ဖို့တော့ အသိတရား ရှိထားသင့်ပါတယ်.
ငါမဖြစ်သေးတာပဲရှိတယ် ငါမလုပ်နိုင်တာမရှိဘူး
စိတ်ထဲမှာ ခိုင်မာစွာတွေးထားပါ အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်
. ပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေဟာ စိတ်ညစ်စရာတွေကို ကြာရှည်မသိမ်းထားတတ်သူတွေ ဖြစ်ကြပါတယ်.
ဒါကြောင့်စိတ်ညစ်စရာကြုံတိုင်း အောက်ကဖေါ်ပြထားတဲ့ အချက်ဆယ်ချက်ထဲက တချက်ချက်ကို သူငယ်ချင်းပြုလုပ်လိုက်မယ်ဆို
သူငယ်ချင်းစိတ်ညစ်စရာတွေပြေပျောက်သွားပါလိမ့်မယ်

၁. များများပြုံးပါ။ ရယ်မောပါ။ တွေ့တဲ့လူတိုင်းကို ကြည်ကြည်လလင်င် ပြုံးပြနိုဖငို့ကြိုးစားပါ။ ပြန်လည်တုံ့ပြန်မှု မရှိသည့်လူ ဖြစ်ပါစေ။ ကိုယ့်အပြုံးကြောင့်တော့ ထိုသူလည်း အနည်းငယ်တော့ ပျော်ရွှသင်ွားနိုပင်ါတယ်။ ပြုံးလိုက်မိတဲ့အတွက် ကိုယ်တိုလင်ည်း စိတ်ဖိစီးမှုတွေ၊ တင်းမာနေတဲ့ ကြွက်သားတွေ လျော့သွားစေနိုပင်ါတယ်။ ရယ်မောစရာတွေကို ရှာကြံပြီး အားပါးတရ ရယ်မောပါ။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို ကုစားနိုတင်ဲ့ အလွယ်ဆုံး နည်းတစ်ခုလည်း ဖြစ်ပါတယ်..

၂. သီချင်းဆိုပါ။ အချို့သူများဟာ စိတ်ညစ်တဲ့အချိန်မှာ စိတ်ထွက်ပေါက်အတွက် သီချင်တွေ အော်ဆိုတတ်ကြပါတယ်.. ဒါဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်. မယုံရင် သကငိုယ်တိုင် စမ်းကြည့်ပါ။ ဒေါသဖြစ်နေလျှင်ဖြစ်စေ ၊ စိတ်ညစ်နေလျှင်ဖြစ်စေ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုလိုက်ပါ။ အိမ်မှာ ကာရာအိုကေစ်ရကှိလျှင် စက်ဖြင့် ဆိုပါ။ အကယ်၍ မရှိလျှင် ဆိုင်၊ သူငယ်ချင်းအိမ်မှာဆို၊ ဒါမှ အဆမေင်ပြရင် ရေချိုးခန်းထဲမှာဆို၊ ဒါမှ အဆမေင်ပြဘူး ဆိုရင်တော့ စဉ့်အိုးတစ်လုံးထဲ ခေါင်းစိုက်ပြီးသာ အော်ဆိုပါ. (ပတ်ဝန်းကျကင် မေးရင် အဆိုတော်လုပ်ဖို့ အသံကျင့်နေတယ် ဖြေပေါ့။ လူအထင်ကြီးခံရနည်းလားနော်) မကြာခမငှ်ာ သင့် စိတ်ထဲမှာ ခံစားနေတဲ့ ဖိအားတွေ လျော့ပါးလာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်.

၃. အကောင်းမြင်စိတ်နှင့် အရာရာကို တွေးတောပါ။ ရှုမြသုံးသပ်ပါ။ ကိုယ့်ပတ်ဝန်းကျမငှ်ာရှိတဲ့ ပျော်ပျော်ရွှရင်ွှင် ပေါ့ပေါ့ပါးပါး နေတတ်သူများထံမှ စိတ်နေစိတ်ထား နည်းလမ်းများ ရယူပါ။ ပျော်ရွှစင်ွာနေတတ်သူ၊ ဟာသဥာဏ် ရှိသူတို့ဟာ သူတို့ပတ်ဝန်းကျကင် လူတွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်း ရှိတတ်ကြပါတယ်.. ဒါကြောင့် မိမိပတ်ဝန်းကျမငှ်ာ လောကကြီးကို အေကာင်းမမြင်၊ အရာရာကို အဆိုးဘက်မှ ပြောဆိုနေသူများထက်၊ အကောင်းမြင်စိတ်နဲ့ ဖြောင်းဖျ ပြောဆိုတတ်သူ၊ မိမိကို ရယ်မောပျော်ရွှင်စေသူတို့ကို ရှာဖွေ ပေါင်းသင်းပါ။

၎. ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ။ လှု်ပ်ရှားမူက တက်ကြွနေသူများဟာ ပျော်ရွှတင်တ်သူတစ်ယောက် ဖြစ်ဖို့ လွယ်ကူပါတယ်.. သင့်ကို တက်တက်ကြွကြွ လ်ုရပှားစေမဲ့ အားကစားလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ အစုအဖွဲ့များဖြင့် လူမှုရေး လုပ်ငန်းများတွင် ပျော်ပျော်ရွှရင်ွှင် ပါဝင်ခြင်း၊ သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံ သွားလာခြင်း၊ ချက်ပြုတ်စားသောက်ခြင်း တို့ဟာလည်း သင့်အား အထီးကျန်သူတစ်ယောက် မဖြစ်စေဘဲ လောကကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုတင်တ်သူတစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်..

၅. တီထွဖင်န်တီးပါ။ မိမိရဲ့ ဖန်တီးမှု၊ အားထုတ်မှုလေးတွေဟာလည်း စိတ်ပျော်ရွှမငှ်ုကို ပေးနိုပင်ါတယ်.. တစ်ခုခုကို လုပ်ကိုင်ဆောရင်ွက်လို့ အောင်မြသင်ွားတဲ့အခါ ရလာတဲ့ ပီတိဟာ သင့်အတွက် ခွန်အားတွေဖြစ်ပါတယ်.. တီထွဖင်န်တီးပါ ဆိုတဲ့ နေရာမှာ လက်လှမ်းမမှီ၊ ကိုယ်နဲ့ မဖြစ်နိုတင်ဲ့ အရာတွေကို ဖန်တီးခိုင်းတာမျိုးမဟုတ်ပဲ မိမိ ၀ါသနာကို အရင်းခံပြီး အသစ်အဆန်းလေးတွေ ဖန်တီးတာမျိုးကို ဆိုလိုပါတယ်.. ဥပမာ- ပန်းချီ ၀ါသနာပါသူက ခါတိုင်းဆွဲပုံနဲ့ မတူတဲ့ ပန်းချီကားအသစ်လေးတွေ ဆွဲတာ၊ ပန်းပု ဒီဇိုင်းအသစ်လေးတွေ ထုတာ၊ မေရာက်ဖူးသေးတဲ့ နေရာတွေကို ခရီးထွက်တာ၊ ကကွက်ဆန်းတွေ ကတာ၊ ဟင်းချက် ၀ါသနာပါသူများကလည်း မချက်ဖူးသေးတဲ့ ဟင်းအမယ်သစ်လေးတွေ စမ်းချက်ကြည့်တာ၊ အပင်လေးတွေ အသစ်စိုက်ပျိုးတာ၊ အိမ်ကို ခန်းဆီးလိုက်ကာ အသစ်လဲတာ၊ ပန်းအိုးလေးတွေ အသစ်ဝယ်ပြီး နေရာချတာ၊ စသဖြင့် ခါတိုင်းနဲ့ မတူတာလေးတွေကို လုပ်ကြည့်တာမျိုး ဖြစ်ပါတယ်.. (မှတ်ချက်-ရည်းစားအသစ်ပြောင်းတာ၊ အဲဒါတွေ မပါဘူးနော် :) ) စိတ်ကူး အသစ်အဆန်းလေးနဲ့ တီထွဖင်န်တီးပြီး လုပ်ကြည့်ခြင်းဟာလည်း စိတ်ပျော်ရွှင်မူကို ရှာဖွေခြင်း တစ်နည်းဖြစ်ပါတယ်။

၆. တခါတရံ ကလေးဆန်းပါ။ မိမိငယ်စဉ်က ပြုမူခဲ့တဲ့ အပြုအမူကလေးများကို ပြန်လည်ပြုမူခြင်းအားဖြင့် မိမိကိုယ်ကို ငယ်မူငယ်သွေး ပြန်ပေါ်လာစေပြီး လန်းဆန်း တက်ကြွသူတစ်ယောက် ဖြစ်လာစေပါတယ်.. ငယ်ငယ်ကလို ခုန်ပျံကျော်လွှားကစားခြင်း၊ လမ်းမေပ်ါက ဘီယာဘူးခွံ၊ ဖျော်ရည်ဘူးခွံများကို အားပါးတရ ဆော့ကစား ကန်ကျောက်ခြင်း၊ ငယ်ငယ်က သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံပြီး ငယ်ဘ၀အေကြာင်းများ ပြန်ပြောင်းသတိတရ ပြောကြခြင်း စတာတွေဟာလည်း မိမိကို ပျော်ရွှင် လန်းဆန်းစေနိုင်ပါတယ်။

၇. အခြားသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ တိရိစ္ဆာန်များကို ချစ်ခင်စာနာပါ၊ ကြနင်ာငဲ့ညှာပါ။ နွေးထွေးယုယစွာ နေထိုင်ပါ။ စကားကို ချိုသာစွာပြောဆိုခြင်း၊ သူတပါးအတွက် လိုအပ်နေသ်ာလည်း မိမိအတွက် အပန်းမကြီးသော အကူအညီများကို ပေးခြင်း၊ သူတပါး အခက်အခဲကို စာနာနားလည်းခြင်း၊ စေသာ စိတ်နှလုံး သိမ်မွေ့နူးညံ့စေသည့် အဖြစ်အပျက်၊ ချစ်ခြင်း မေတ္တာတရားတို့သည်လည်း မိမိစိတ်ကို ပျော်ရွှင်စေသော အရာများ ဖြစ်ပါတယ်။

၈. တိတ်ဆိတ်သောနေရာ၊ အချိန်များတွင် မျက်စိမှိတ်၍ ငြိမ်သက်စွာ အနားယူခြင်း၊ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း စသည်တို့သည် စိတ်ခွန်အားကို တိုးပွားလာစေပြီး ၊ ပြန်လည် လန်းဆန်းလာစေသာ နည်းလည်း ဖြစ်ပါတယ်. သီချင်းအေးအေးများကို နားထောင်ခြင်း ၊ရေချိုးကန်တွင် အချိန်ယူ၍ ရေစိမ်ချိုးခြင်း၊ ဖေယာင်းတိုမင်ီးရောလငို ခပ်မှိန်မှိန် မီးရောင်အောက်တွင် အနားယူခြင်း၊ စသည်တို့ကို တခါတရံ လုပ်ပေးသင့်ပါတယ်.

၉. ဘ၀ကြီးဟာ ပျော်ပျော်ရွှရင်ွှင် နေထိုဖငို့ ခက်ခဲပပင်န်းလွန်းတယ်လို့ ပြောလာခဲ့ရင် အဲဒီစကားကို လစ်လျှူရှုလိုက်ပါ။ မနက်ခင်းတိုင်း နိုးထလာချိန်မှာ မိုးရွာနေသည့်နေ့ ဖြစ်နေပါစေ.. မနက်ခင်းကို မြင်တွေ့ရပြီး ရှသင်န်ခွင့်ရတဲ့ တစ်နေ့အတွက် လောကကြီးကို ကျေးဇူးစကား ဆိုလိုက်ပါ။ မည်သည့်အခက်အခဲကိုမှ လွယ်လွယ်နှင့် လက်လျှော့ အရှုံးပေးလိုက်ဖို့ မစဉ်းစားပါနှင့်။

၁၀. စိတ်ညစ်စရာကြုံတိုင်းအလေ့ထလေးတစ်ခုကို ကြိုစားလုပ်ဆောင်ပါ။ သင့်မိတ်ဆွေအိမ်တစ်အိမ်ကို အလည်အပတ်ထွက်ခြင်း၊ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ခြင်း ဘုရားတက်ခြင်း၊ အိမ်တွင်ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ်၊ ဘုရားကန်တော့ခြင်း၊ သစ်ပင်လေများ စိုက်ပျိုး ပြုစုပျိုးထောင်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။

စိတ်ညစ်စရာလေးတွေကြုံတိုင်းဒီလိုလေးတွေဖြေဖျောက်လိုက်ပါ
လောကဓံတရားကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြပါစေ
သူငယ်ချင်းစိတ်ညစ်နေလား????
သူငယ်ချင်းဝမ်းနည်းနေလား??????
သူငယ်ချင်း စိတ်ပျက်နေလား???
ဒီလိုလေးဖြေဖျောက်လိုက်ပါ
စာဖတ်သူများအားအစဉ်လေးစားလျှက်
ရှင်းသန့်မေ

http://www.futuresky-peace.com/profiles/blog/show?id=6375524%3ABlogPost%3A2988071&xgs=1&xg_source=msg_share_post

***ဘာကြောင့် မျက်ရည်ထွက်ရသလဲ***

မျက်ရည်ဟာ မျက်လုံး အပေါ်ယံရှိ နူးညံ့တဲ့ မျက်နှာပြင်စိုစွတ်ပြီး သန့်ရှင်းအောင် ပြုလုပ်ပေးပါတယ်။ မျက်ရည်ဟာမျက်လုံးအပေါ် အတွင်းထောင့်မှာရှိတဲ့ Lacrimal ဂလင်းကနေ ထွက်ရှိတာဖြစ်ပြီး မျက်တောင်ခတ်လိုက်တိုင်း မျက်လုံးမျက်နှာပြင်အနှံ့ ပျံ့နှံ့သွားလေ့ရှိပါတယ်။ မျက်တောင်တစ်ခါခတ်ချိန်က တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံသာကြာမြင့်ပြီး လူအများစုက ခြောက်စက္ကန့်ကို တစ်ခါလောက် မျက်တောင်ခတ်လေ့ ရှိပါတယ်။

မျက်တောင်ခတ်တဲ့ အချိန်ပေါင်းကို ပေါင်းကြည့်မယ်ဆိုရင် တစ်နေ့ကို နာရီဝက်စာလောက် ခတ်နေတာ ကို တွေ့ရမှာပါ။ မျက်တောင်ခတ်လိုက်တဲ့အခါမှာ ထွက်လာတဲ့ မျက်ရည်ကြည်တွေဟာ လေထဲကို အငွေ့ပျံပျောက်ကွယ်သွားသလို မျက်ရည်လမ်းကြောင်းထဲ စိမ့်ဝင်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ မျက်လုံးအတွင်းထောင့်နားမှာရှိတဲ့ မျက်ရည်လမ်းကြောင်းငယ် နှစ်ခုကနေတစ်ဆင့် နှာခေါင်းထဲဝင်ရောက်ပြီး နှာခေါင်းအတွင်းဘက် တစ်သျှူးတွေကို စွတ်စိုသွားစေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ငိုတဲ့အခါ နှာရည်တွေပါ ထွက်လာတာပါ။ ငိုတဲ့ အခါ ဒါမှမဟုတ် မျက်လုံးထဲ တစ်ခုခု ၀င်ရောက်တဲ့အခါမျိုးမှာ ပုံမှန်ထက် မျက်ရည် ပိုထွက် လာတတ်တာကြောင့် အငွေ့ပျံရုံ၊ မျက်ရည်လမ်းကြောင်းထဲ စီးဝင်ရုံနဲ့ မလုံလောက်တော့တဲ့အတွက် မျက်လုံးအပြင်ကို မျက်ရည်အဖြစ် လှိမ့်ဆင်းလာတာပဲ ဖြစ်ပါတယ်။

ဝမ်းနည်းလို့ပဲဖြစ်ဖြစ်၊ ၀မ်းသာလို့ပဲဖြစ်ဖြစ်၊ နာကျင်လို့ပဲဖြစ်ဖြစ် ဘာကြောင့် မျက်ရည်ကျရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သေချာ အဖြေရှာ မရသေးပါဘူး။ ဒါပေမယ့် ငိုကြွေးခြင်းက နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့ ခံစားချက်တွေကိုဖော်ထုတ်ပေးသလို စိတ်ဖိစီးမှုတွေ၊ စိတ်တင်းကျပ်မှုတွေကိုလည်း လျှော့ချပေးပါတယ်။ ငယ်စဉ် ကလေးဘ၀ နို့စို့အရွယ်တုန်းက စကားမပြောတတ်သေးတာကြောင့် ကိုယ်တစ်ခုခုလိုအပ်တာကို တခြားလူတွေသိအောင်ငိုပြရပါတယ်။

အသက်ကြီးလာတဲ့အခါ ငိုကြွေးခြင်းက ကျွန်မတို့မှာ အကူအညီ၊ နှစ်သိမ့်မှုစသည်တို့လိုအပ်နေကြောင်းကို စကားလုံးမပါတဲ့ သင်္ကေတတစ်ခုဖြစ်နေဆဲပါပဲ။ ကမ္ဘာတစ်ဝန်းနေရာတွေမှာ ဘယ်ဘာသာစကားနဲ့မဆိုပြောဆိုနေပါစေငိုကြွေးခြင်းက လူတိုင်းနားလည်တဲ့ ဘာသာရပ် ဖြစ်နေပါတယ်။

[Good Health Journal, No.425 မှ ပြန်လည်ကူးယူဖော်ပြပါသည်                  CR7

ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်

Photo: ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်
Sunday, March 24, 2013 

ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ 

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေ
က ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အ
စစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်
လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ 

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်
လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါ
လိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။
 
စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရ
ပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်
နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်
ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

IT GARDEN

http://www.facebook.com/pages/Myanmar-Online-News/459386844101959

Saturday, March 23, 2013

adf.ly မှ ငွေရှာနည်း

http://adf.ly မှ ငွေးရှာ လို ရပါတယ်။မယုံးတယ်သူများ လက်တွေ့ စမ်းတတ်နိုင်ပါတယ်။adf.ly နဲ ချိတ်ဆက်ဖို က blog တစ်ခု ရှိ မှ အဆင်ပြေ မှ ပါ။blog မရှိ တယ်သူများ လည်း ပြုလုပ်နိုင်ပါတယ်။အရင်း adf.ly ကို သွာပြီ join now ကို တစ်ချက်နှိပ်လိုက်ပါ။

ဒီ အဆင့် မှ username,etc.... အားလုံးကို ဖြည်းလိုက်ပါ။email,password က အရေးကြီးပါတယ်။နောက်တစ်ချိန်း login ၀င်ချိန်မှ သုံးရပါမယ်။activate ဖြစ်သွာရင်းအသုံးပြုလိုရပါပြီနော် ။သူက ပိုက်ဆံ ထည်းစရာမလိုပါဘူး။လူကြည်များ လေ ပိုက်ဆံရလေပါ။
 ကျွန်တော် အကောက် လူသုံးယောက်ဝင်ကြည်တာ $0.00150 ရပါတယ်။ လူ 10,000 ၀င်ကြည်ရင် $ 5.00 ရပါတယ်လို သတင်ကောင်ပါလိုက်ပါတယ်နော် ။နောက် ပိုက်ဆံ ကို လွှဲခြင်းတယ် ဆိုရင် www.paypal.com ,http://www.libertyreserve.com/,http://www.payoneer.com/ နဲ ချိတ်ဆက်ထာပါတယ်။ကျွန်တော် လည်းpaypal ကောက်ဖွင့်ထာပါတယ်...

http://www.edinooyin.com/profiles/blogs/adf-ly

Wednesday, March 20, 2013

တန်းဖိုးမဖြတ်နိုင်အောင် အမွေ

Photo: တန်းဖိုးမဖြတ်နိုင်အောင် အမွေ
=====================

ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။

ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း မရှိပါဘူး ရောင်းခဲ့ကြပါတယ် ဒါပေမဲ့ ဆိုင်မှာရှိသည့် စားသောက်ကုန်တွေကို ဖခင်က ရက်ခြားသွားကြည့်ပြီး ရက်လွန်သည်ဆိုတာနဲ့ အကုန်လုံးကို ခြံမှာသယ်ယူပြီး ဖျက်ဆီးပစ်ပါတယ် ။

သိပ်အန္တရာယ် ဖြစ်လာနိုင်သည့် အစားသောက်ကိုတောင် ဖခင်ဖြစ်သူက ဘာမှမသိနားမလည်သည့် ခွေး ကြောင် ဌက်တွေတောင် မကျွေးဘဲ စွန့် ပစ်ပါတယ် ။ဒါကို ကြည့်ပြီးတော့ တအားကို နှမျှောမိခဲ့ပါတယ် မိခင်ဖြစ်သူကလည်း ပြုံးပြုံးလေးဘဲ လက်ခံပြီး နေနေလို့  မေးခွန်းမေးပါတယ် ။

ဒါတွေကို လျှော့ရောင်းလိုက်ပေါ့ တအားနှမျှောစရာကြီး ပြီးတော့လည်း ခြံကခွေးတွေတောင် မကျွေးဘူး ဘာလို့ လည်းလို့ မေးမိပါတယ် ။

ငါ့သား ဒါတွေက သူသတ်မှတ်သည့် အချိန်တွင်မှာ မကုန်ဘူးဆိုရင် မှိုတက်မယ် လူတွေကို အခုတော့ ဘာမှ မဖြစ်ပေမဲ့ တဖြေးဖြေးနဲ့  ကျန်းမာရေးကို ဆိုးဝါးလာစေမယ် ဒီလိုမျိုးတွေ ရောင်းလည်း ဝယ်မှာဘဲ စားကြမယ်ဆိုတာ သိတာပေါ့ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ရဘူး ၊ ဒီလိုစိတ်နဲ့ လုပ်ပေမဲ့ တခြားတဖက်ကြည့်မယ်ဆိုရင် သားပြောသလို နှမျှောနေမယ် လို့ ထင်နေပေမဲ့ ကြီးမြတ်သော ကောင်းမှု့ ကုသိုလ်နဲ့  လူသားအသိ သိသည့် စိတ်ပါ အဲဒါကို သားတို့ တစ်တွေ မှတ်သားပါ ထားရှိပါ ကျင့်ကြံပါ လေ့ကျင့်ပါ အခုဖတ်နေသည့် စာအုပ်မှာပါတယ်လေ ငတေမာရင် ပြီးရော ဘယ်သူသေသေလေ စိတ်ထားနဲ့ နေထိုင်သည့် လူတစ်ဦးအကြောင်းပါတယ်လို့ လည်း ပြောဆိုခဲ့ပါတယ် ။ငတေမာသည့်စိတ်ထား လုံးဝကို မရှိရဘူး မထားရဘူးနော် လို့  အခုထိ တန်းဖိုးမဖြတ်နိုင်သည့် လုပ်ဆောင်ပြခဲ့သော အမွေ တစ်ခုလို့ ခံယူ ရယူခဲ့ပါတယ် ။

ဒုတိယအကြောင်းရာလေးက ( ၈၈၈၈ ) အရေးခင်း မတိုင်ခင်က သတင်းစာယူလာပြီး ဘာထူးလည်း သေချာဖတ် တွေ့ ရင် ပြန်ပြောလို့ ပြောပြီး သတင်းစာတစ်ခုကိုမိသားစုတစ်တွေ ဖတ်ခိုင်းပါတယ် အပြန်ပြန်အလှန်လှန်ဖတ်တော့မှ တွေ့ ပါတယ် အဲဒါဘာလည်းဆိုတော့ …. မန္တလေးမြို့ မှ ဆရာဝန်တစ်ဦးပါဝင်ပြီး ဆေးအတုထုတ်လုပ်ရောင်းချသည့် အဖွဲ့ အစည်းတစ်ခုဖမ်းမိသည့် အကြောင်းရာဘဲဖြစ်ပါတယ် ဒါနဲ့ ဟုတ်လား ဆိုပြီး ဖခင်ကို ပြပြီး မေးမိပါတယ် ။ မှန်ပါတယ် ဘာမီတွန် တို့  ပါရာစီတမော တို့ ကို ဆေးပြားရိုက်စက်တွေနဲ့ အတူ အလုံးေ၇အတုမြောက်မြားစွာ မိလိုက်ပါတယ် ။ ဒါပေါ့သားရယ် အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါပေါ့ ပြီးတော့လည်း ငတေ လို့ လူသားမဆန်သည့် လူသားဆောင်ဆရာဝန်တစ်ဦးပါတော့ ပိုဆိုးတယ်လေ သူတက်သည့် အတက်ပညာက လူသားတွေ သက်တမ်းတစ်ခုအနေနဲ့ ရှင်သန်အောင် ပြု့ စုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့ ……..ပြောခဲ့ပါတယ် ။

ဒါကြောင့်ဆိုင်က သက်တမ်းလွန်လို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်တွေ ဖျက်ဆီးခြင်းနှင့် ရောဂါများကို ကာကွယ်သော ဆေးဝါးအတု ထုတ်လုပ်ရောင်းချခြင်း ဆန့် ကျင်ဖက် ဖြစ်စဉ်နှစ်ခုအကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည် ။

ယခုအချိန်ထိ ဖခင်စကား …. စိတ်မှာကြားရောင်….ပေးအပ်လေးနက်…. တန်းဖိုးမဖြတ် …. စိတ်ထားအမွေ တို့ အဖေ ပေးအပ်ခဲ့ပါလေ ။

အခုရေးသည့် စာစကားလုံး ….လူသားတစ်စု အကျိုး ပြု့ … ကောင်းမူ့  စိတ်ထား ကိန်းနိုင်ပါစေ ။

Mg Mandalay(Mg Mandalay စာကြည့်ခန်း)

ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။

ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း

ကမ္ဘာ့အမြန်ဆုံး ဖြစ်လာလေမလား Agera R

Photo: ကမ္ဘာ့အမြန်ဆုံး ဖြစ်လာလေမလား Agera R 

ဆွီဒင်နိုင်ငံအခြေဆိုက် Koenigsegg ကုမ္မဏီကလည်း ကမ္ဘာ့ဈေးအကြီးဆုံး နဲ့ အမြန်ဆုံး ပြိုင်ကားတွေကိုပဲ ဦးစားပေးထုတ်လုပ်ပါတယ်။ ယခု အသစ် ထုတ်တဲ့ကားကို ဂျနီဗာ မော်တော်ယာဉ် ပြပွဲမှာ ပြသထားပါတယ်။ 

ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ်လို့ဆိုထားပါတယ်။ Agera R လို့အမည်ရပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၁၄၀ ရှိပြီး တစ်နာရီ ၂၇၃ မိုင်အထိ top speed တင်နိုင်မယ်လို့ သီအိုရီဆန်ဆန် တွက်ချက်ပြသ ထားပါတယ်။ အင်ဂျင်အရွယ် ၅၀၀၀ စီစီ၊ ဆလင်ဒါ ၈လုံးပူး အင်ဂျင်ပေမယ့် မြင်းကောင်ရေအား ထုတ်လုပ်မှု ထောင်ကျော်အောင် ဆီအချိုး ပေါင်းစပ်မှု နည်းပညာ အဆင်မြင့်ထားပါတယ်။ 

ဒီဇိုင်းအားဖြင့်လည်း အပြစ်ပြောစရာ တောင် မရှိပါဘူး။ McLaren P1 နဲ့ Ferrari LaFerrari တို့လို ပြိုင်ကားကို အသာလေး ကျော်နိုင်မယ်လို့ ပြောဆို ကြပါတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမယ့် စူပါကား ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: autoblog

ColayOnline:Automobile

http://www.facebook.com/MyawadyNews 

ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

Photo: ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ 

ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။ 
--
Ref: japantoday
ရိုးရာလေး
ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။

ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။
--
Ref: japantoday
ရိုးရာလေး

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

Photo: ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

မတ်လ ၂၀ ရက်၊ ၂၀၁၃

ရေပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။

ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။

ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ

Photo: ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ

အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။

- ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။

- ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့ ရှိကြပါတယ်။

- ရွှေကို အခြား သတ္တုတွေနဲ့ ရောစပ် အသုံးပြုခြင်းကလည်း ရေပန်းစား ပါတယ်။ အခြား သတ္တု တစ်ခုခုကို ရွှေရောလိုက်ခြင်းဖြင့် ပိုမို မာကျော သွားခြင်း၊ အကြမ်းခံခြင်း၊ သန်မာခြင်း တို့လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး လျှပ်ကူးပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ရေခိုးရေငွေ့၊ ရေ၊ တိုက်စားနိုင်သော အခြားသော ဓာတုဓာတ်များနဲ့ ဓာတ်မပြုနိုင်ပဲ ပုံမှန် အနေအထားအတိုင်း အမြဲ တည်ရှိ နိုင်ပါတယ်။

အဓိကကတော့ တာရှည်ခံမှုပါပဲ။ ဘယ်လောက်ပဲ နှစ်တွေပြောင်းသွား ပါစေ ရွှေဟာ သူ့နဂိုအတိုင်းပဲ ကျန်ရှိပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက လူသားတို့ အသုံးပြုခဲ့တဲ့ ရွှေတွေကို ပြန်လည်တွေ့ရှိတဲ့အခလါ ပုံမပျက်ကို ပြန်တွေ့ရ ပါတယ်။ အပူကြောင့် အရည်ပျော်မယ်ဆိုရင်တောင် ပြန်အေးပြီး ခဲတဲ့အခါ အရင် အတိုင်းပါပဲ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ရှားပါးမှု ဖြစ်ပါတယ်။ ပေါပေါပဲပဲရနေရင် ဒီလောက် တ်ဖိုး ထားကြမှာ မဟုတ်ပါဘူး။ အလွယ်တကူ မရနိုင်တဲ့အတွက်လည်း ရွှေကို တန်ဖိုးထားကြပါတယ်။

အရောင်ကလည်း တောက်တော့ အလှဆင်ဝတ်လို့ တင်တယ်ပါတယ်။ ဒါကြောင့် ရှေးယခင်က ငွေကြေးအဖြစ်တောင် ရွှေကို အသုံးပြုခဲ့ကြပါတယ်။ ရွှေကို အတုံးလိုက် အသုံပြုရာကနေ အင်္ဂါးလို လှလှပပ ဖန်တီး အသုံးပြုပါတယ်။ နောက်တော့ ငွေသတ္တုနဲ့ တွဲသုံးလာပြီး နောက်ဆုံးမှာ ရွှေကို အလှဆင်ဝတ်ဖို့ရန်ပဲ အသုံးပြုတဲ့ အနေအထား သို့ ရောက်လာပါတယ်။

ရွှေကို ပိုက်ဆံ (ငွေကြေးယူနစ်) နေရာမှာ အသုံးပြုနေရာကနေ ပိုက်ဆံကို တန်ဖိုးဖြတ်ပေးတဲ့ ပစ္စည်း အဖြစ်သို့ ပြန်လည်ရောက်ရှိလာပါတယ်။ ယနေ့ ကမ္ဘာမှာ ရွှေရဲ့  အသုံးဝင်မှုက တော်တော်လေး စိုးမိုးနေပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ငွေဈေး၊ ရေနံဈေး ဆိုပြီး အရေးကြီးတဲ့ ဈေးသုံးဈေးမှာ ရွှေ ကလည်း ပါဝင်နေပါတယ်။

http://www.facebook.com/MyanmarNewsUpdates 

Monday, March 18, 2013

မြန်မာကျပ်ငွေ သိန်း ၃၀၀ တန် Lamborghini စက်ဘီး

Photo: မြန်မာကျပ်ငွေ သိန်း ၃၀၀ တန် Lamborghini စက်ဘီး Saturday, March 16, 2013 မြန်မာကျပ် သိန်း ၃၀၀ တောင်ပေးရမယ့်ဟာက ကားမဟုတ်ပဲ စက်ဘီး ဖြစ်နေပါတယ်။ စာဖတ်သူတို့ကော သိန်း ၃၀၀ ဆိုရင်ဝယ် မှာပါ လား။ ဒါတောင် မူရင်း ရောင်းဈေးပါ။ အီတလီ ကနေ မြန်မာပြည် အရောက် ပို့ပေးဖို့ ဆိုရင် ကုန်ကျစရိတ်က ၂ ဆတောင် ဖြစ်ချင်ဖြစ်သွားပါအုံးမယ်။ အီတလီ Lamborghini ပြိုင်ကားထုတ်လုပ်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ထုတ်လုပ်လိုက်တဲ့ စက်ဘီး ဖြစ်ပါတယ်။ ဈေးကြီးရတဲ့ အကြောင်း အရင်းက ဒီလိုပါ။ သူ့မှာ သုံးထားတဲ့ ကာဘွန်ဖိုက်ဘာက နယ်နယ်ရရ မဟုတ်ပါဘူး။ ကမ္ဘာမှာ အစီး ၂၀ ပဲထုတ်ခဲ့တဲ့ Lamborghini Aventador ပြိုင်ကားမှာ အသုံးပြုတဲ့ ကာဘွန်ဖိုက်ဘာကို ပြန်သုံး လို့ ဖြစ် ပါတယ်။ အစီးရေကလည်း အရေအတွက် ကန့်သတ်ချက်နဲ့ပါ။ စုစုပေါင်း အစီး ၅၀ သာ ထုတ်ပြီး ဦးရာလူ စနစ်နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုးရိုး ဂီယာ ဘီးတစ်စီးပေမယ့် Lamborghini ရဲ့  အရိပ်အယောင်နဲ့ တံဆိပ်များ ပါနေတော့ ကန်ဒေါ်လာ ၃၂၀၀၀ မကပဲ ၃သိန်းကျော်လည်း စိတ်ဝင်စားမယ့် သူ များပြားကြောင်း သိရပါတယ်။ Ref: autoblog Aung Kham (TSJ team) -- TechSpace Journal
မြန်မာကျပ် သိန်း ၃၀၀ တောင်ပေးရမယ့်ဟာက ကားမဟုတ်ပဲ စက်ဘီး ဖြစ်နေပါတယ်။ စာဖတ်သူတို့ကော သိန်း ၃၀၀ ဆိုရင်ဝယ် မှာပါ လား။ ဒါတောင် မူရင်း ရောင်းဈေးပါ။ အီတလီ ကနေ မြန်မာပြည် အရောက် ပို့ပေးဖို့ ဆိုရင် ကုန်ကျစရိတ်က ၂ ဆတောင် ဖြစ်ချင်ဖြစ်သွားပါအုံးမယ်။

အီတလီ Lamborghini ပြိုင်ကားထုတ်လုပ်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်လိုက်တဲ့ စက်ဘီးဖြစ်ပါတယ်။
ဈေးကြီးရတဲ့ အကြောင်းအရင်းကဒီလိုပါ။ သူ့မှာသုံးထားတဲ့ ကာဘွန်ဖိုက်ဘာက နယ်နယ်ရရ မဟုတ်ပါဘူး။ ကမ္ဘာမှာအစီး၂၀ ပဲထုတ်ခဲ့တဲ့ Lamborghini Aventador ပြိုင်ကားမှာ အသုံးပြုတဲ့ ကာဘွန်ဖိုက်ဘာကို ပြန်သုံး လို့ ဖြစ် ပါတယ်။

အစီးရေက လည်း အရေအတွက် ကန့်သတ်ချက်နဲ့ပါ။ စုစုပေါင်း အစီး( ၅၀) သာ ထုတ်ပြီး ဦးရာလူစနစ်နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုးရိုး ဂီယာ ဘီးတစ်စီးပေမယ့် Lamborghini ရဲ့  အရိပ်အယောင်နဲ့ တံဆိပ်များ ပါနေတော့ ကန်ဒေါ်လာ ၃၂၀၀၀ မကပဲ ၃သိန်းကျော်လည်း စိတ်ဝင်စားမယ့် သူ များပြားကြောင်း သိရပါတယ်။

Ref: autoblog
Aung Kham (TSJ team)

--
TechSpace Journal
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2020419&xgs=1&xg_source=msg_share_post 

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား?

"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

                ထမင်းဝိုင်းမှအမေအိုကြီး၏အကူအညီတောင်းသံသည်သားဖြစ်သူ၏အော်ငေါက်သံနောက်တွင်
တိုးလျှိုးပျောက်ကွယ်သွား၏.
အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို

gtalk password နဲ့ facebook password တွေ ကို အလွယ်ပြန်ကြည့်လို့ရပါတယ်....

ဒီနေ့စာဖတ် သူများကို ကျနော်ဆောဝဲလေး တခုနဲ့မိတ်ဆက်ပေး ချင်ပါတယ်...။ဆောဝဲလေးရဲ့ လုပ်ဆောင်ပုံ ကတော့ပုံမှာတွေ့တဲ့ အတိုင်းပါ...။ gtalk password  နဲ့ facebook password တွေ ကို အလွယ်ပြန်ကြည့်လို့ရပါတယ်....။အသုံးလိုရင်အောက်မှာယူလိုက်ပါ....။
အရင်ဆုံး  ဒီမှာ password-viewer.zip  ဒေါင်း လိုက်ပါ......။ ဖိုင်းဆိုဒ်လေး နည်းနည်းလေးပါ....။ (113 mb)....။ zip ဖိုင်ကို ဖြည်ပြီးတာနဲ ရလာတဲ့ဆော့ဝဲလေးကို နှစ်ချက် ကလစ်လိုက်တာနဲ ..အဲ ဆော့ဝဲလေးက ပွင့်လာရင်  အောက်က password viewer ဆိုတာလေးနဲ့ မိမိ pass အမဲစက်လေး အကွက် အပေါ်ထောက်ပြီး လက်ဝါးပုံစံလေးကိုနှိတ်လိုက်တာနဲ Pwd နေရာမှာ မိမိရေးလိုက်တဲ့ pass ကြည့်နိုင်တာပေါ့..။
အသုံးလိုတဲ့သူငယ်ချင်းတွေ ယူသုံးနိုင်အောင်လို့တင်လိုက်တာပါ.......။
အားလုံးအဆင်ပြေပါစေ........။(လွမ်းဆောင်း)
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1606164&xgs=1&xg_source=msg_share_post