“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, December 12, 2012

မမျော်လင့်ပဲသေဆုံးသွားပြီးဖြစ်တဲ့ဇနီးကိုသချိုင်းကနေအိမ်ကိုပြန်သယ်လာတဲ့ အချစ်ရှူးသမား(ဖြစ်ရပ်မှန်)...



အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ
လူတစ်ယောက်ရဲ့ ဇနီးဖြစ်သူ Lucy ဟာနှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစားခဲ့ရပါတယ်..၊ နောက်ဆုံးတော့ သူဟာ သာမန်လူသားတွေ
လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့
သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်။
Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကဘုံမှာ ပြန်ဆုံရအောင်"
လို့ပြောခဲ့ပါတယ်.။
ဒီစကားက Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး၊ အသုဘချတဲ့နေမှာ..၊
မျှော်လင့်ချက်ကင်းမဲ့တဲ့မျက်နှာနဲ့ Jeff ဟာLucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင်
ခဲ့ပေမယ့်..၊ ပြင်းထန်လှတဲ့သှူ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် ထူးခြားနောက်ဆုံးတော့
သူ့ဇနီးကို အိမ်ပြန်သယ်သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်..၊
" ကျွန်တော့်ဇနီးကို အိမ်မှာထားရတာက မြေအောက် ၇ ပေ လောက်မှာ မြှပ်ရမှာထက်
ပိုကောင်းပါတယ်၊ Lucy ဟာပျော်ရွှင်တတ်သူလည်း ဖြစ်တာကြောင့် သူက ကျွန်တော့်  ကော်ဖီစားပွဲဖြစ်ရတာ သူဝမ်းသာမှာပါ " လို့လည်းပြောခဲ့ပါတယ်..။
Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်း
တစ်လုံးကို ဒေါ်လာ ၆၀၀၀ လောက် အကုန် အကျခံကာ မှာယူခဲ့ပါတယ်။ တစ်ချို့ အပေါင်းအဖော်နဲ့ ဆွေမျိုးတွေဟာ.၊ ကြောက်လန့်ပြီး သူ့အိမ်ကို လာမလည်တော့ ပါဘူး..၊
ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်းအချို့ကတော့ လာလည်မြဲ လာ လည်ကြပါတယ်၊ တစ်ချို့ဆိုရင် ဒီကော်ဖီစားပွဲဟာ အတော်ကောင်းကြောင်းကိုတောင်
ချီးမွမ်းပြောဆိုသွားပါသတဲ့ဗျာ။

ရွှေမြန်မာမီဒီယာ
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1537960&xgs=1&xg_source=msg_share_post

"အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ"

သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....

Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ
California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ
Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ
အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။

နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး (၄)ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။

သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲဖြစ်ပါတယ်။

Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။

၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။

သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။

"အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ" လို့ သူကဆိုခဲ့ပါတယ်။

Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။

Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။


"နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်" လို့ Chuck Feeneyက ပြောခဲ့ပါတယ်။

Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး "အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်" လို့ ဆိုခဲ့ကြတယ်။

The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ "သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်" လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။

Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး "ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက "ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။

တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး "မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။

Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။

"လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်"

အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။

အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။

"ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး" လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။

သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခု
က သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။
"ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။

သတင်းထောက်တွေက Chuck Feeneyကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။

"အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ" တဲ့.....

http://en.wikipedia.org/wiki/Chuck_Feeney

http://wn.com/Chuck_Feeney


နိုင်းနိုင်းစနေ ဘာသာပြန်သည်။
နှလုံးသားရသ စာစုများ

ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဒီလို လူမျိုးတွေ အမြောက်အများပေါ်လာစေချင်ပါတယ်ဗျ

သင့် လုပ်ငန်းခွင်ထဲက ကျန်းမာရေးနှင့် ညီညွတ်စေမည့် နေထိုင်မှုပုံစံများ

အရမ်းကို များပြားလွန်းတဲ့ အလုပ်တွေကြောင့် သင့်ကျန်းမာရေးကို လျစ်လျူရှု မထားမိစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နေထိုင်မှု ပုံစံလေးတွေ ရှိရပါတယ်။
မှန်ကန်သော နေထိုင်မှုပုံစံမရှိခြင်း
အမျိုးသမီး အများစုဟာ တစ်နေရာတည်းမှာ အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်လေ့ ရှိကြပါတယ်။ ထိုင်တဲ့ပုံစံသာ မမှန်ခဲ့ဘူးဆိုရင်တော့ သင့်ကြွက်သား၊ အရိုးအဆစ်တွေနဲ့ သွေးကြောတွေပေါ် မှာ ဖိအားတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာ ထိုင်တာကြောင့် ပခုံး၊ လည်ပင်းနဲ့ နောက်ကျော နေရာတွေမှာ နာကျင်လာတတ်ပါတယ်။ ကွန်ပျူတာရဲ့ ကီးဘုတ်ဟာ သင့်လက် ကွေးထားတာနဲ့ အပြိုင်ဖြစ်သင့်ပြီး၊ စက်ခရင်နဲ့ သင့်မျက်ဝန်းက တစ်ပြေးတည်း ရှိသင့်ပါတယ်။ သင့်ခြေထောက်နဲ့ ပေါင်တံက ၉၀ ဒီဂရီ ထောင့်မှန်ကျနေပြီး၊ ခြေဖဝါးက ကြမ်းပြင်ပေါ်မှာ ထိနေရပါမယ်။ ထိုင်ခုန်က သင့်နောက် ကျောရိုးကို အကောင်းဆုံး ထောက်ပံ့ ပေးထားနိုင်ရပါမယ်။ လက်တော့ပ်ကတော့ နေရာမရွေး အသုံးပြုလို့ရတယ် ဆိုပေမယ့် သင့်မျက်ဝန်းနဲ့ ခြောက်လက် မလောက်တော့ ခွာပြီး သုံးပေးသင့်ပါတယ်။ စာရိုက်နေချိန်မှာ သင့်လက်တံတောင်က ၉၀ ဒီဂရီ ကွေးနေသင့်ပါတယ်။ ဒါမှသာ သင့်ခါးနေရာကို ဒဏ်မဖြစ်စေမှာပါ။ ကွန်ပျူတာ အသုံးပြုနေရင်း နာရီဝက်ကြာတိုင်း ငါးမိနစ်လောက်တော့ လမ်းထလျှောက်ပေးပါ။ မှန်ကန်တဲ့ နေထိုင်မှုပုံစံ မရှိဘဲ အချိန်ကြာကြာ နေမယ်ဆိုရင်တော့ ခေါင်းကိုက်လာတာမျိုး၊ ပခုံးနေရာမှာ တစ်ခုခု ဖိထားသလိုမျိုး၊ ခါးနာတာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဖုန်းပြောဆိုချိန်ပုံစံ မမှန်ကန်ခြင်း
ဖုန်းပြောချိန်မျိုးမှာ ဖုန်းကို နားနဲ့ပခုံးကြားမှာ ညှပ်ထားပြီး အချိန်ကြာကြာ ဖုန်းပြောတာကြောင့် ပခုံး၊ အာရုံကြောနဲ့ သွေးကြောတွေမှာ ဖိအားဖြစ်လာပြီး ခေါင်းကိုက်တာမျိုး၊ ပခုံးနာကျင်တာမျိုး၊ လက်မောင်းရင်းပိုင်း နာကျင်တာ မျိုးတွေ ဖြစ်တတ်ပါတယ်။ နားနေရာက ပခုံးနေရာထက် မြင့်တာကြောင့် ဖုန်းကို နားနေရာမှာ ကပ်ထားဖို့ လည်ပင်းနေရာက အတော်ကို အားစိုက်ရပြီး သင့်ဦးခေါင်းကလည်း အောက်စိုက်နေရတတ် ပါတယ်။ မှန်ထဲမှာကြည့်ပြီး သင့်အနေအထားကို အကောင်းဆုံး ပြင်ယူနိုင်ပါတယ်။ ဖုန်းပြောနေချိန်မှာ ခေါင်းကို မတ်ထားပြီး လက်ကနေ ဖုန်းကိုကိုင်ကာ ညောင်းရင် တခြားတစ်ဖက် ပြောင်းပြောပါ။ ဒါမှမဟုတ် နားကြပ်တပ်ဆင်ပြီး ပြောပါ။
ပစ္စည်းသယ်ယူချိန် ပုံစံမမှန်ခြင်း
အလေးအပင်တွေကို သယ်ယူရသူတွေ၊ စာရွက်စာတမ်းတွေ အများကြီး ထည့်ပြီး သွားလေရာကို ယူသွားရသူတွေ၊ အိတ်အကြီးကြီးတွေကို တစ်ချိန်လုံးလွယ်ပြီး သွားလာနေရသူတွေ အနေနဲ့ သင့်ပခုံးနေရာမှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ လွယ်ထားတဲ့ အိတ်ရဲ့ အလေးချိန်ဟာ သင့်ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ အများဆုံး ရှိသင့်ပါတယ်။ သင်က ပေါင် ၁၃၀ ဆိုရင် သင်လွယ်မယ့် အိတ်ရဲ့ အလေးချိန်က ၁၃ ပေါင်သာ ရှိသင့်ပါတယ်။ အိတ်လွယ်ချိန်မှာ ဘယ်ညာပြောင်းကာ လွယ်ပေးပါ။ ပခုံးတစ်ဖက်တည်းနဲ့ အချိန်ကြာကြာ မလွယ်ပါနဲ့။ ပစ္စည်းတွေ သယ်ယူချိန်မှာ ဒူးကွေးပြီး သယ်ပါ။ အရမ်းလေးလွန်းရင် အကူအညီတောင်းပါ။
ကားမောင်းချိန် နေထိုင်မှုပုံစံ မမှန်ခြင်း
ကားမောင်းချိန်မှာလည်း ကွန်ပျူတာအသုံးပြုချိန်လိုပဲ သင့်ခန္ဓာကိုယ် အနေအထားကို ဂရုစိုက်ဖို့ လိုပါတယ်။ အထူးသဖြင့် ကားမောင်းရင်း ဖုန်းပြောတာမျိုးကြောင့် သင့်ကို စိတ်ဖိစီးမှု ဖြစ်စေ ပါတယ်။ ကားမောင်းချိန် ခါးနောက်မှာ ခေါင်းအုံးအသေးလေး တစ်လုံးလောက် ခုထားပေးတာမျိုးက သင့်ပခုံးနဲ့ နောက်ကျောပြင်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကားမောင်းချိန် စတီယာတံပေါ်မှာ လက်ကို နှစ်နာရီနဲ့ ၁၀ နာရီပုံစံ တင်ထားပေးပါ။ ကားမောင်းရင်း ၃-၉-၄-၈ နာရီ စသဖြင့် လက်ကို လှုပ်ရှားရင်း မောင်းပေးပါ။ ဒါဆိုရင် လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်း လည်း ဖြစ်စေပါတယ်။ နောက်ကျောကို ၉၀ ဒီဂရီကနေ ၁၁၅ ဒီဂရီအထိ မှီလိုက်၊ ဆန့်လိုက် မောင်းပါ။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A520668&xgs=1&xg_source=msg_share_post

နှင်းဆီအရေအတွက်နှင့်သက်ဆိုင်သောရည်ညွှန်းချက်များ

  နှင်းဆီ(၁)ပွင့်=ရင်ထဲမှာမင်းပဲရှိတယ်။
   ။     (၂)ပွင့်=ဒီကမ္ဘာကြီးမှာဒို့၂ယောက်ထဲ။
   ။     (၃)ပွင့်=မင်းကိုငါချစ်တယ်။
   ။     (၄)ပွင့်=သေတောင်မခွဲဘူးအချစ်ရယ်။
   ။     (၅)ပွင့်=တန်ဖိုးထားပြီးမြတ်နိုးတယ်။
   ။     (၆)ပွင့်=တစ်ယောက်ကိုတစ်ယောက်လေးစားတယ်၊ခွင့်လွှတ်တယ်။
   ။     (၇)ပွင့်=မင်းကိုတိတ်တခိုးလေးချစ်နေမယ်။
   ။     (၈)ပွင့်=မင်းရဲ့ကြင်နာမှုနဲ့အားပေးမှုကိုကျေးဇူးတင်တယ်
   ။     (၉)ပွင့်=အမြဲတမ်း၊တစ်သက်တာထာ၀၇။
   ။     (၁၀)ပွင့်=အပြစ်ကင်းစင်သောချစ်သူ။
   ။     (၁၁)ပွင့်=မင်းတစ်ယောက်ထဲပဲဂရုစိုက်တယ်။
   ။     (၁၂)ပွင့်=တစ်နေ့ထက်တစ်နေ့တိုးလို့ချစ်တယ်။
   ။     (၁၃)ပွင့်=သူငယ်ချင်းလိုပဲချစ်တယ်။
   ။     (၁၄)ပွင့်=ဂုဏ်ယူပါတယ်။
   ။     (၁၅)ပွင့်=I am sorry၊
   ။     (၁၆)ပွင့်=မတည်ငြိမ်သောအချစ်။
   ။     (၁၇)ပွင့်=ပြန်မ၇နိုင်တော့တဲ့အချစ်။
   ။     (၁၈)ပွင့်=ရိုးသားပွင့်လင်းခြင်း။
   ။     (၁၉)ပွင့်=မျှော်လင့်စောင့်စားခြင်း။
   ။     (၂၀)ပွင့်=ငါ့မှာရိုးသားတဲ့အချစ်တစ်ခုရှိတယ်။
   ။     (၂၁)ပွင့်=ရိုးသားတဲ့အချစ်။
   ။     (၂၂)ပွင့်=မင်း...ကံကောင်းပါစေ။
   ။     (၂၅)ပွင့်=မင်းပျော်ရွှင်ပါစေ။
   ။     (၃၀)ပွင့်=ဖူးစာကိုယုံတယ်။
   ။     (၃၆)ပွင့်=Romantic။
   ။     (၅၀)ပွင့်=မမျှော်လင့်ပဲတွေ့ကြတယ်။
   ။     (၉၉)ပွင့်=forever။
   ။     (၁၀၀)ပွင့်=ရာနှုန်းပြည့်အချစ်။
   ။     (၁၀၁)ပွင့်=အရမ်းအရမ်းချစ်တယ်။
   ။     (၁၀၈)ပွင့်=လက်ထပ်ခွင့်ပေးပါ။
   ။     (၁၁၁)ပွင့်=အဆုံးမဲ့အချစ်။
   ။     (၁၄၄)ပွင့်=နေ့တိုင်းလတိုင်းအသက်ရှင်နေသ၍မင်းကိုချစ်တယ်။
   ။     (၃၆၅)ပွင့်=နေ့တိုင်းလွမ်းတယ်။
   ။     (၉၉၉)ပွင့်=မချုပ်ငြိမ်းတဲ့အချစ်.....အမြဲတမ်းထာဝရ။
   ။     (၁၀၀၁)ပွင့်=သက်ဆုံးတိုင်အချစ်မိုးသည်းနိုင်ကြပါစေ............။
ကြားထဲကနှင်းဆီအပွင့်အရေအတွက်တွေကတော့ဘယ်ရောက်သွားလဲမသိပါဘူး
စာအုပ်ထဲကအတိုင်းရေးထားခြင်းဖြင်ပါတယ်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1147604&xgs=1&xg_source=msg_share_post

Monday, December 10, 2012

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း 
http://www.myawady.net.mm/health/knowledge/item/1198-2012-12-09-15-19-03
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။

တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။

တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန် 

ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေ စားကြမလဲ

ဥာဏ်စွမ်းထက်မြက်ခြင်း ဆိုတာ လူသားတိုင်း အလိုရှိတဲ့ စွမ်းရည်တစ်ခုပါပဲ။ ဥာဏ်စွမ်းလို့ ဆိုရာမှာ မှတ်ဥာဏ် (Memory) နဲ့ ထက်မြက်မှု (Intelligence) နှစ်မျိုးစလုံး ပါဝင်ပါတယ်။ စာသင်သား လူငယ်တွေ အပါအ၀င် အသက်အရွယ် မရွေးအတွက် အထူးအရေးပါလှတယ် ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။
ဥာဏ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ လာမေးတဲ့ လူငယ်တွေ၊ ကလေးကို ဥာဏ်ကောင်းအောင် ဘာတွေ ကျွေးရမလဲ ဆိုတဲ့ မိဘတွေ ခဏခဏ ကြုံရပါတယ်။ ခဏခဏ မေ့တတ်လာလို့ ဘယ်လို လုပ်ရမလဲလို့ အကြံလာတောင်းတဲ့ မိတ်ဆွေတွေလဲ ရှိပါတယ်။ ဒါကြောင့် ဦးနှောက်ဥာဏ်ရည် နှစ်မျိုးစလုံးကို တိုးမြှင့်ပေးနိုင်မှု အရှိဆုံး အစားအသောက် ဆယ်မျိုးကို ကမ္ဘာ့အာဟာရ ပညာရှင်များ သုတေသနပြုထားတဲ့ အတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးနှောက်ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အနေအထားများရဲ့ လွှမ်းမိုးမှု အထူးရှိပေမယ့် နေ့စဉ် အစားအသောက်များဟာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးမှာ အတိုင်းအတာ တစ်ခုအထိ အရေးပါတယ် ဆိုနိုင်လို့ အောက်ပါအစားအသောက်များဟာ ဥာဏ်ရည်လျော့ပါးမှုကို ကာကွယ်ဖို့၊ ဥာဏ်ရည်တိုးတက်ဖို့ ကောင်းစွာ အထောက်အကူ ပြုမယ် ဆိုတာ သေချာပါတယ်။

(၁) ငါးများ
ဥာဏ်ကောင်းစေတဲ့ အစားအသောက်တွေထဲမှာ ငါးတွေဟာ ထိပ်တန်းက ပါပါတယ်။ ငါးရဲ့ အဆီတွေဟာ ဦးနှောက်ဥာဏ်ရည် တိုးတက်မှုနဲ့ လုပ်ငန်းဆောင်တာတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ DHA နဲ့ EPA လို့ခေါ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေ အပြည့်ဝဆုံး ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ အဆီပြည့်ဝတဲ့ ငါးတွေ ပုံမှန် စားပေးရင် ဥာဏ်စွမ်းရည် ပိုမို ထက်မြက်လာစေတယ် ဆိုတာကို ကာလရှည် စမ်းသပ်လေ့လာမှုများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။ ဒီအစွမ်းဟာ ကလေးတွေမှာသာ မကဘဲ အရွယ်သုံးပါး စလုံးမှာပါ အာနိသင်ရှိတာ တွေ့ရပါတယ်။ အိုမီဂါသရီး အပြည့်ဝဆုံး ငါးကတော့ ဆယ်လ်မွန်ငါး ဖြစ်ပြီး သူ့ကို စားပေးနိုင်ရင် အကောင်းဆုံး ဆိုပေမယ့် ငါးမှန်သမျှကတော့ ပုံမှန်စားသုံးပေးရင် ဥာဏ်ရည်အတွက် အထောက်အကူ ပြုစေတယ်လို့ ဆိုနိုင်ပါတယ်။

(၂) ဥအမျိုးမျိုး
ဥတွေဟာ အကောင်းဆုံး အသားဓာတ်ပင်ရင်း အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒီအထဲမှာမှ ဥအနှစ်မှာ ကိုလင်း (Choline) လို့ ခေါ်တဲ့ မှတ်ဥာဏ်စွမ်းအားဆိုင်ရာ အာဟာရဓာတ် ပြည့်ဝလို့ ကလေးတွေရော မေ့တတ်တဲ့ သူတွေပါ သုံးဆောင်ပေးသင့်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိပေးလိုတာက ဥအနှစ်ဟာ ကိုလက်စထရော မြင့်မားစွာ ပါဝင်လို့ အသက် ၃၅ နှစ်အထက် လူတွေ များများ မစားသင့်သလို နျူကလီယာပရိုတိန်းခေါ် အသားဓာတ်များနဲ့ ဖွဲ့စည်းထားလို့ လေးဖက်နာ အမျိုးမျိုး ရှိသူတွေလည်း များများ မစားသင့်ပါဘူး။

(၃) မြေပဲနှင့် မြေပဲထောပတ်
မြေပဲနဲ့ မြေပဲအနှစ်နဲ့ လုပ်ထားတဲ့ မြေပဲထောပတ် (Peanut Butter) တို့ဟာ ဗိုက်တာမင်အီး (Vitamin E) ကြွယ်ဝတဲ့ အစာပင်ရင်းများ ဖြစ်ကြပါတယ်။ ဗိုက်တာမင်အီးဟာ မြင့်မားတဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ (Potent Antioxidant Property) ရှိတဲ့ အာဟာရ တစ်မျိုး ဖြစ်သလို ဦးနှောက်နဲ့ အာရုံကြောများရဲ့ အပေါ်ယံအလွှာ အိုမင်းပျက်စီးခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ မိသားစုမှာ မြေပဲ(သို့) မြေပဲထောပတ်ကို ပုံမှန်စားတဲ့ အကျင့် ရှိတာ ကလေးငယ်တွေရဲ့ ဥာဏ်ရည်အတွက် အကျိုးပြုပါတယ်။ ဗိုက်တာမင် ဘီဝမ်း (Vitamin B1) နဲ့ တွဲဖက်မယ်ဆိုရင် အထူးအစွမ်းထက်ပြီး ဦးနှောက်စွမ်းရည် ကောင်းမွန်စေကာ စိတ်ကြည်လင်စေတဲ့ အာနိသင် ရှိပါတယ်။ ဗိုက်တာမင်ဘီဝမ်း ပါဝင်တဲ့ အစားအသောက်တွေကတော့ နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ အသားများ၊ ပဲပင်ပေါက် စတာတွေ ဖြစ်ပါတယ်။

(၄) နှံစားသီးနှံများ
ဒီတစ်မျိုးကတော့ အထူးပြောနေစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ကစီဓာတ်ပါတဲ့ နှံစားသီးနှံ တစ်ခုခု (ဥပမာ ဆန်၊ ဂျုံ၊ ပြောင်း စသည်) ကို အဓိကအစာ (Staple Food) အနေနဲ့ နေ့စဉ် စားနေကြတာမို့ပါ။ ဒါပေမဲ့ ကလေးငယ်တွေအတွက်ကျတော့ အာဟာရ ပြည့်ဝစွာ စားရဖို့တင်မကဘဲ အဆာမလွန်အောင် စားရဖို့က အထူးအရေးကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့ ဘ၀မှာ ဥာဏ်ရည်နဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး ဦးနှောက်ဖွံ့ဖြိုးမှုဟာ အသက်နှစ်နှစ်အတွင်း အများဆုံးနဲ့ အဓိက ဖြစ်တာမို့ မွေးစကနေ အသက် နှစ်နှစ်ကျော်အထိ ခဏခဏ အဆာလွန်ရတဲ့ ကလေးတွေ ကြီးပြင်းလာရင် အဆာမခံရတဲ့ ကလေးတွေလောက် ဥာဏ်မကောင်းတာ အတိအကျ တွေ့နိုင်ပါတယ်။
အကြောင်းရင်းကတော့ ဆန်၊ ပေါင်မုန့် စတဲ့ ကစီဓာတ် ပြည့်ဝတဲ့ အစာတွေက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ် (Glucose) ခေါ် သကြားဓာတ်နဲ့ အထက်မှာ ဆိုခဲ့တဲ့ ဗိုက်တာမင် ဘီဝမ်းကို အဓိက ပေးနိုင်တဲ့ အစာတွေ ဖြစ်နေလို့ပါပဲ။ လိုအပ်တဲ့ ပမာဏကို ပြည့်ဝအောင် ပုံမှန်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အ၀လွန်အောင် စားပါလို့တော့ မဆိုလိုပါဘူး။ ဆန်နဲ့ ဂျုံကို နှိုင်းယှဉ်ကြည့်ရင် ဦးနှောက်ဥာဏ်ရည် အားပေးမှုမှာသာမက ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှုမှာပါ ဂျုံက ပိုသာတယ်လို့ အာဟာရပညာရှင်များက ဓာတ်ခွဲစမ်းသပ်တွေ့ရှိထားကြပါ
တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဆန်ကို အဓိကစားတဲ့ လူမျိုးတွေ ဖြစ်ပေမယ့် ရင်သွေးငယ်တွေရဲ့ အနာဂတ် ပညာရေးအတွက် အထောက်အပံ့အဖြစ် ပေါင်မုန့်လဲ ပုံမှန်ကျွေးသင့်တယ်လို့ အကြံပြုလိုပါတယ်။

(၅) ကွေကာအုပ်
Oats ခေါ် နှံစားသီးနှံကို ကွေကာအုပ်အဖြစ် စားသုံးကြပါတယ်။ ၄င်းဟာ ဆန်တွေ ဂျုံတွေလို နှံစားသီးနှံများထဲ အပါအ၀င် ဖြစ်ပေမယ့် ထိုအရာတွေ ပုံမှန်စားဖြစ်တယ် ဆိုတာနဲ့ပဲ ကွေကာအုပ်ကို လျစ်လျူရှု မထားသင့်တဲ့ အချက်တွေကတော့ ဦးနှောက်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ရောက်အောင် အားပေးနိုင်တဲ့ ဗိုက်တာမင် အီး၊ ဗိုက်တာမင် ဘီအုပ်စု၊ ပိုတက်စီယမ်နဲ့ ဇင့်ခေါ် သွပ်ဓာတ်တို့ အထူးကြွယ်ဝလှတယ် ဆိုတဲ့ အချက်ပါပဲ။
ကလေးငယ်တွေ ကျောင်းသွားခါနီး ကွေကာအုပ်တစ်ခွက် မှန်မှန် သောက်သုံးစေရင် စာသင်ယူရာမှာအာရုံစူးစိုက်မှု နဲ့ မှတ်မိနိုင်စွမ်း ပိုကောင်းလာတာ တွေ့ရှိရပါတယ်။

(၆) ဘယ်ရီသီးများ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ စတဲ့ ဘယ်ရီသီးများနဲ့ ချယ်ရီသီးများဟာ ဗိုက်တာမင် စီ နဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး မှတ်ဥာဏ်စွမ်းအားကို အထူးမြဲမြံစေတာကို လေ့လာတွေ့ရှိရပါတယ်။ အသီးတွေရဲ့ အရောင်ရင့်လေ ဒီအာနိသင်
ပိုများလေ ဖြစ်ပါတယ်။

(၇) ပဲကြီး
ပဲကြီးဟာ အသားဓာတ်နဲ့ ကစီဓာတ် နှစ်မျိုးစလုံး ပြည့်ဝတဲ့ စားစရာ တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ အိုမီဂါသရီး၊ ဗိုက်တာမင်မျိုးစုံနဲ့ သတ္တုဓာတ်တွေ စုံလင်စွာ ပါဝင်ပါတယ်။ ကလေးငယ် တစ်ဦးဟာ မကြာခဏ ပဲကြီးလုံလောက်အောင် စားပေးရင် တွေးခေါ်လေ့လာ သင်ယူနိုင်စွမ်းမှာ အကောင်းဆုံး ဖြစ်စေဖို့ အထောက်အကူပြုတာ လေ့လာတွေ့ရှိရပါတယ်။

(၈) အရောင်စုံ ဟင်းသီးဟင်းရွက်များ
ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်း တို့လိုမျိုး အစိမ်းရောင်၊ အနီရောင်၊ အ၀ါရောင် ဟင်းသီးဟင်းရွက်များဟာ ဦးနှောက်ဆဲလ်တွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းပေးထားနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများဆုံး ပါဝင်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

(၉) ဒိန်ချဉ်နှင့် နို့ထွက်ပစ္စည်းများ
၎င်းတို့ဟာ ဦးနှောက်ဆဲလ်များ၊ အာရုံကြော ဆက်သွယ်မှု ဓာတုပစ္စည်းများ (neurotransmitters)၊ အရေးပါတဲ့ အဲန်ဇိုင်းများ (Enzymes) ထုတ်လုပ်ရာမှာ မရှိမဖြစ် ပါရမယ့် ကုန်ကြမ်းတွေ ဖြစ်တဲ့ အသားဓာတ်နဲ့ ဗိုက်တာမင် ဘီအုပ်စု ကြွယ်ဝသော အစားအစာများ ဖြစ်ကြပါတယ်။ နေ့စဉ် နို့ထွက်ပစ္စည်းတစ်ခုခု မှီဝဲပေးသူ ကလေးငယ်တွေဟာ သင်္ချာစွမ်းရည်နဲ့ မှတ်ဥာဏ်စွမ်းရည် သူများတွေထက် ပိုကောင်းသလို လူကြီးတွေအတွက်လည်း ဒိန်ချဉ်မှန်မှန် သောက်ပေးရင် မှတ်ဥာဏ် ချို့ယွင်းအားနည်းလာမှုတွေကို ပြုပြင်ဖာထေးနိုင်တာ တွေ့ရပါတယ်။
ဒါ့အပြင် ဦးနှောက်ဆဲလ်များနဲ့ လူ့ခန္ဓာကိုယ် တစ်ခုလုံးက ဆဲလ်များကို အသက်ရှည်စေတဲ့ အစွမ်းရှိတဲ့ ဗိုက်တာမင်ဒီကိုလည်း နို့ကရတဲ့ အစားအစာများမှ ရရှိနိုင်ကြပါတယ်။ ဗိုက်တာမင်ဒီ လိုအပ်ချက်ဟာ စာသင်သားတွေမှာ အထူးများပြားလှပြီး ပြည့်ဝစွာ စားသုံးပေးဖို့ အထူးလိုအပ်ကြောင်း ပညာရှင်များက ပြောဆိုကြပါတယ်။

(၁၀) အမဲသားနှင့် ခြေလေးချောင်း အသားများ
ကလေးတွေ စာသင်ယူရာမှာ စွမ်းရည်ထက်မြက်နေဖို့နဲ့ အာရုံကောင်းကောင်း စူးစိုက်နိုင်ဖို့ သံဓာတ်ဟာ မရှိမဖြစ် သတ္တုဓာတ် တစ်မျိုး အနေနဲ့ လိုအပ်ပါတယ်။ အမဲသားဟာ ခန္ဓာကိုယ်က စုပ်ယူအသုံးချနိုင်တဲ့ သံဓာတ် အကြွယ်ဝဆုံး အစာပင်ရင်းတစ်ခု ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းသူများဟာ အမဲသားကို စားနိုင်ပါတယ်။ ဒါပေမဲ့ အမဲသားကို အချို့က ယုံကြည်ချက် အမျိုးမျိုးနဲ့ မစားကြတော့ အခြား ခြေလေးချောင်းသားများ (ဥပမာ ဆိတ်၊ သိုး စသည်)ကို အစားထိုး စားသုံးနိုင်ကြပါတယ်။ အမဲသားလောက် သံဓာတ်မကြွယ်ဝပေမယ့် ဒီအသားတွေလောက် စားဖြစ်ရင်လဲ မဆိုးပါဘူး။
အာရုံစူးစိုက်နိုင်စွမ်းကို အားပေးတဲ့ သံဓာတ်နဲ့ မှတ်ဥာဏ်စွမ်းရည် ကောင်းစေတဲ့ သွပ်ဓာတ်တို့ဟာ အဆိုပါ အသားတွေမှာ ပြည့်ဝစွာ ပါဝင်ပါတယ်။ လုံးဝ သက်သတ်လွတ် စားသူတွေ အတွက်ကတော့ ပဲကြီး၊ ပဲနို့ ခေါ် ပဲပိစပ် စတာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆိုပါအစားအစာများ၊ အသားများကို ဗိုက်တာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး စတဲ့ အသီးအရွက်တွေနဲ့ တွဲဖက် စားသုံးပေးရင် ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူနိုင်စွမ်းကို ပိုမို ကောင်းမွန်စေပါတယ်။

ဒေါက်တာသီဟသစ်
http://www.myanmar1.com/

နုံးချည့် ညောင်းညာ ကိုက်ခဲနေသူများအတွက် နည်းလမ်းလေးများ

နုံးချည့်ညောင်းညာကိုက်ခဲမှု ဝေဒနာတွေကို ခံစားရတဲ့အခါ ဘဝဟာ အနှစ်သာရ ကင်းမဲ့သလိုလို မပျော်ရွှင်မှုတွေ ခံစားရတတ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာကြောင့် အချိန်ပြည့် အိပ်ရာထဲခွေပြီး လှဲလျောင်းနေချင်တတ်ပါတယ်။ ဒါကြောင့် နုံးချည့် ညောင်းညာကိုက်ခဲတတ်သူတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေအတွက် ကျွမ်းကျင်သူတွေ ဖြေဆိုထားတဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။


 
ဒီရက်တွေအတွင်း နုံးချည့် ညောင်းညာကိုက်ခဲနေတာကြောင့် ပင်ပန်းနေရပါတယ်။ သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
နံနက်ခင်းအချိန်မှာ သင့်ခန္ဓာကိုယ်က နုံးချည့်ညောင်းညာကိုက်ခဲနေသလား၊ လန်းဆန်းမှုရှိသလား ဆိုတာကို အရင်ဆုံး ဆန်းစစ်သင့်ပါတယ်။ ညတုန်းက ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် တစ်နေ့တာ အစီအစဉ်တွေကို လျှော့ပြီး လုပ်ဆောင်သင့်ပါတယ်။ သင်ခံစားနေရတဲ့ ညောင်းညာကိုက်ခဲမှုဝေဒနာက ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာ ဖြစ်တယ်ဆိုရင်တော့ လုပ်နိုင်သလောက် လုပ်လိုက်ပါ။ ဒါပေမဲ့ အမြဲတမ်း သတိရသင့်တဲ့ အချက်ကတော့ အသင့်အတင့် လုပ်ဆောင်တာက အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အမြဲအာရုံစိုက်ပြီး နုံးချည့်ညောင်းညာကိုက်ခဲသလို ဖြစ်လာရင် အနားယူပေးသင့်ပါတယ်။

ပင်ပန်းနေတဲ့ အခါမှာ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်သင့်ပါသလဲ။
ဒီအချိန်မှာ ကိုယ်လက်လှုပ်ရှားမှုကို အတန်အသင့် လုပ်ပေးသင့်ပါတယ်။ လှုပ်ရှားမှု လုပ်ပေးတာကြောင့် စိတ်ခံစားချက် ပိုမိုကောင်းမွန်လာပြီး ခွန်အားပိုရှိလာပါလိမ့်မယ်။ ပုံမှန် ညင်သာတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးရင် ကိုက်ခဲမှု၊ စိတ်ဖိစီးမှုနဲ့ တခြား နုံးချည့်ညောင်းညာတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။လမ်းလျှောက်တာ၊ ရေကူးတာ၊ အကြောဆန့်ထုတ်တာ စတဲ့ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ပင်ပန်းမှုမရှိဘဲ လုပ်ဆောင်နိုင်တယ်ဆိုရင် နောက်တစ်နေ့မှာ အချိန်နည်းနည်းတိုးပြီး လှုပ်ရှားသွားပါ။

နှိပ်ပေးတာက နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါသလား။
နှိပ်ပေးတာက ကြွက်သားနာကျင်မှုကို ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းဝေးစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတို့ ကင်းဝေးစေဖို့ လူအများစုက အနှိပ်ခံလေ့ ရှိကြပါတယ်။ အနှိပ်ခံတဲ့ နည်းလမ်းဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကြောင့် ကြွက်သားတွေ တောင့်တင်းနာကျင်နေတာကို သက်သာစေပါတယ်။ တင်းနစ်ဘောလုံး ဒါမှမဟုတ် တင်းမာတဲ့ အသုံးအဆောင်တစ်ခုနဲ့ နာကျင်တဲ့ ကြွက်သားတွေကို နှိပ်ပေးနိုင်ပါတယ်။

ကြွက်သား နာကျင်တောင့်တင်းမှု သက်သာအောင် ဘာလုပ်သင့်ပါသလဲ။
အပူ အထူးသဖြင့် စိုစွတ်တဲ့ အပူပေးကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲနေသူတွေမှာ တင်းမာမှုနဲ့ တောင့်တင်းမှုတွေ လျော့ပါးစေပါတယ်။ အကြောင်းကတော့ နာကျင်တဲ့ နေရာဆီကို သွေးစီးဆင်းမှု ကောင်းသွားစေလို့ပါ။ နာကျင်ကိုက်ခဲတဲ့ နေရာတွေကို နွေးထွေးစိုစွတ်တဲ့ အဝတ်စတစ်စနဲ့ ဖိထားပေးတာ ဒါမှမဟုတ် ကြက်သီးနွေးရေချိုးကန်ထဲ စိမ်ချိုးတာ၊ ကြက်သီးနွေးရေချိုးတာတွေကို လုပ်ဆောင်သင့်ပါတယ်။ ကြွက်သားနာကျင်မှု လျော့ပါးစေဖို့ အအေးဝတ် ကပ်ပေးသင့်ပါတယ်။

အပ်စိုက်ကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါသလား။
တရုတ်ရိုးရာနည်းလမ်းဖြစ်တဲ့ အပ်စိုက်ကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ အပ်စိုက်ကုထုံးဟာ ခန္ဓာကိုယ်က စွမ်းအင်စီးဆင်းမှု ကောင်းစေတဲ့ နေရာတွေကို အပ်သေးသေးလေးတွေ စိုက်ပြီး ကုသမှုပေးတဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ ကိုက်ခဲနာကျင်မှုကို တွန်းလှန်တဲ့ ဓာတ်ပစ္စည်းတွေကို တိုးစေပါတယ်။ အပ်စိုက်ကုထုံးဟာ နာကျင်မှု၊ ညောင်းညာမှုနဲ့ ပူပင်သောကတွေကို လျော့ပါးစေပါတယ်။

နုံးချည့်ညောင်းညာနေသူတွေ အနေနဲ့ ညဘက်မှာ ကောင်းကောင်းအိပ်ရေးဝဖို့ ဘယ်လိုလုပ်သင့်သလဲ။
နာတာရှည် နုံးချည့်ညောင်းညာကိုက်ခဲနေသူတွေဟာ ကိုက်ခဲတာ၊ ခြေထောက် အငြိမ်အနေနိုင်ဘဲ လှုပ်နေတာနဲ့ တခြားအကြောင်းပြချက်တွေကြောင့် အိပ်ပျော်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တွေကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။ နေ့ခင်းဘက် တစ်ရေးအိပ်တာကို ရှောင်ပါ။ စာဖတ်တာနဲ့ ရေနွေးနဲ့ ချိုးတာတွေလို အပန်းပြေစေမယ့် နည်းတွေကို လိုက်နာပြီး မှောင်ပြီး အေးမြတိတ်ဆိတ်တဲ့ အခန်းထဲမှာ အိပ်စက်အနားယူသင့်ပါတယ်။

နုံးချည့်ညောင်းညာ ပင်ပန်းလွန်းလို့ လူမှုရေးကိစ္စတွေကို ပျက်ကွက်နေရပါတယ်။ ဘယ်လို အဆင်ပြေအောင် ဆောင်ရွက်သင့်ပါသလဲ။
လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ တချို့ မဖြစ်မနေ ကိစ္စတွေမှာတော့ ပါဝင်လုပ်ဆောင်သင့်ပါတယ်။ အရာရာတိုင်းအတွက် သင့်မှာ စွမ်းအင်မရှိမှန်း သင့်မိသာစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက သိနားလည်ပါလိမ့်မယ်။ ဒါကြောင့် အရေးပါပြီး အလိုအပ်ဆုံး ကိစ္စရပ်တွေမှာပဲ ပါဝင်ဆောင်ရွက်သင့်ပါတယ်။

နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် ဖြည့်စွက်ဆေး ရှိပါသလား။
တချို့ ဆေးဖက်ဝင် အပင်ထွက် ဆေးတွေနဲ့ ဖြည့်စွက်ဆေးတွေ (ဥပမာ- မယ်လတိုနင်၊ 5-HTP) ဟာ နာတာရှည် နုံးချည့်ညောင်းညာတဲ့ ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ဒါပေမဲ့ တချို့ဖြည့်စွက်ဆေးတွေက စနစ်တကျ သုတေသနလုပ်ပြီး လေ့လာထားတာမျိုး မရှိပါဘူး။ ဒါကြောင့် မသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

နုံးချည့်ညောင်းညာနေသူတွေ အနေနဲ့ စိတ်ဖိစီးမှု သက်သာစေဖို့ ဘာလုပ်သင့်သလဲ။
စိတ်ဖိစီးမှု များလွန်းတာက နာတာရှည် နုံးချည့်ညောင်းညာကိုက်ခဲတဲ့ ဝေဒနာတွေကို ပိုပြီး တိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချတာကြောင့် စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာ၊ ညောင်းညာကိုက်ခဲတာနဲ့ အိပ်မပျော်တာတွေ လျော့ပါးသွားစေပြီး အပန်းပြေစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့စေဖို့ စာဖတ်တာ၊ သီချင်းနားဆင်တာ၊ လမ်းလျှောက်တာတွေကို လုပ်ဆောင်ပေးပါ။ တရားထိုင်တာနဲ့ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
http://www.myanmar1.com

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ


 
ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။
စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုး တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှု ကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက် သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက် နှင့် အောက် သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။
စိတ်ဖိစီးနေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisol ကို ကိုယ်တွင်း မှ ထုတ်လွတ်ပါတယ်။ ယင်း Cortisol ထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ) Cortisol ပိုမို ထုတ်လွတ်ပြီး ကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချား စရာ ပုံရိပ်များ၊အတွေးများ ပေါ်ပေါက်လာစေပါတယ် လို့ ဆိုပါတယ်။
ဒါကြောင့် ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံးမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။
---
Ref: medicfact
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519447&xgs=1&xg_source=msg_share_post

စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သော ကျန်းမာရေးဆိုးကျိုး များ

၁။ ခေါင်းကိုက်၊ ခေါင်းမူး၊ ဦးနှောက်နှင့် အာရုံကြော နှင့်ပက် သက်သော ရောဂါများ ဖြစ်လွယ်စေခြင်း။
၂။ မျက်နှာတွင် ဝက်ခြံ၊ တင်းတိမ့် ကဲ့သို့ အရေအပြား ပြဿနာ များ ဖြစ်ပေါ်စေခြင်း။
၃။ အိပ်ရေးပျက်၊ စားအသောက်ပျက်စေခြင်း။
၎။ အရိုးအဆစ်၊ ကြွက်သားများ ကိုက်ခဲ၊ နာကျင်ခြင်း။
၅။ နှလုံးတွင် သွေးဖိအားမြင့်တက်ခြင်း၊ ကိုလက်စထရောတက်ခြင်း ( နှလုံးနှင့် ဆက်စပ်ရောဂါများ အဖြစ်လွယ်စေခြင်း)။
၆။ ဆီးချိုရောဂါဖြစ်ရန် အလားအလာများခြင်း။
၇။ အစာချေဖျက်သည့် လုပ်ငန်းစဉ် ပုံမှန်အလုပ်လုပ်ခြင်း မရှိသဖြင့် ဝမ်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်း။
၈။ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အမျိုးသားတို့ ဟိုမုန်းဓာတ် လျော့ကျခြင်း ။
၉။ ကိုယ်ခံအား ကျဆင်းသဖြင့် အဖျားရောဂါငယ်များက အဖျား၊ရောဂါဝေဒနာကြီးများသို့ ခံစားရစေခြင်း။
--
Via: Medicfacts
AUNG KHAMKYAW
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519300&xgs=1&xg_source=msg_share_post

အရိုးပွခြင်းကို ကာကွယ်ပေးမဲ့ အသီးအနှံ ၁၀ မျိုး

၁။ ပန်းဂေါ်ဖီအစိမ်း (Broccoli)
ပန်းဂေါ်ဖီအစိမ်းသည် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ကေနှင့် ဗီတာ မင်-ဘီတိြုွ့ကယ်ဝသော ဟင်းရွက်ဖြစ် သည်။ ထို့အပြင် ဗီတာမင်စီပါဝင်မှုလည်း မြင့်မားတာကြောင့် အရိုးအတွင်း ကယ်လ်စီယမ်စုတ်ယူနိုင်မှုကိုတိုးမြှင့်ပေး သည်။
၂။ ဆလပ်ရွက်
ဆလပ်ရွက်သည် အရည်ပါဝင်မှု မြင့်မားသောကြောင့် အခြားအဟာရပါဝင် မှုနည်းပါးသည်ဟု အသိများသော်လည်း ၄င်းတွင် အရိုးသန်မာစေသော ကယ်လ် စီယမ်နှင့် မီတာမင်-ကေတို့အပြင် အခြား ဒြပ်ပေါင်းများလည်း ပါဝင်သည်။
၃။ ပဲတောင့်ရှည်
၎င်းသည် ဗီတာမင်-ကေ အလွန်ြွကယ်ဝသော အစာဖြစ်သည်။ အရိုးတွင်း ကယ်လ်စီယမ်သိပ်သည်းမှုကို မြင့်မားစေ ၍ အရိုးကို သန်မာစေသည်။ ဗီတာမင်- ဘီအုပ်စုပါဝင်သောကြောင့် အရိုးပွခြင်း ကို ဟန့်တားနိုင်သည်။
၎။ ဂေါ်ဖီထုတ်
ဂေါ်ဖီထုတ်သည်လည်း အရိုးကျန်း မာရေးအတွက် လိုအပ်သော ဗီတာမင် ကေ၊ ဖိုးလစ်အက်ဆစ် (Folic Acid)နှင့် ဗီတာမင် -ဘီတို့ြွကယ်ဝသည်။ ထို့ အပြင် ကယ်လ်စီယမ်နှင့် ဗီတာမင်စီ ပမာဏလည်း များစွာပါဝင်သည်။
၅။ ဟင်းနုနွယ်
ဗီတာမင် ကေနှင်Folic Acid များစွာပါဝင်သော ဟင်းနုနွယ်သည် အရိုး ကျန်းမာရေးအတွက် စိတ်ပူသူများ၏ ထမင်းဝိုင်းတွင် မပါမဖြစ်ပါဝင်သင့်သော ဟင်းတစ်ခွက်ဖြစ်သည်။
၆။ လက်ဖက်ခြောက်
လက်ဖက်ခြောက်တွင် အရိုးကိုသန် မာစေမည်သတ္တုဓာတ်များစွာပါဝင်သည်။ သို့သော် သကြားခတ်၍ သုံးဆောင်ပါက ကောင်းကျီုးထက် ဆိုးကျိုးပိုများနိုင် ကြောင်းသတိချပ်သင့်သည်။
၇။ ကညွတ်
ကညွတ်သည် အဟာရလွန်စွာ မျှ တသော ဟင်းရွက်တစ်မျိုးဖြစ်သည်။ ၄င်း တွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင် သောကြောင့် အရိုးများကို ကြံ့ခိုင်သန်မာ စေသည်။
၈။ တရုတ်နံနံ
၎င်းတွင် ပါဝင်သော ဗီတာမင် ကေ (ဝမ်း) သည် အရိုးကို ဖျော့မည် Osteoclasts ခေါ် ကိုယ်တွင်းဆဲလ်တစ်မျိုးကို ဟန့်တားနိုင်သည်။ ထို့အပြင် အရိုးတွင်း ကယ်လ်စီယမ်ပမာဏစုပ်ယူမှုအားကောင်း အောင်လည်း ကူညီပေးသည်။
၉။ သံပယိုသီး
သံပယိုသီးသည် ချဉ်သော်ငြားလည်း ခန္ဓာကိုယ်အတွက် များစွာအထောက် အကူပြုနိုင်သော အစားအစာဖြစ်သည်။ အရိုးနှင့်သွားများကို သန်မာစေရုံသာမက ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးသည်။
၁၀။ နှံစားသီးနှံများ
၎င်းတို့သည်လည်း အရိုးကျန်းမာ ရေးအတွက် လိုအပ်သော သတ္တုဒြပ်များ စွာပါဝင်သောကြောင့် နေ့စဉ်သုံးဆောင် သင့်သည်။


by ပိုပိုဇော်(သဘာဝအားအင်)
Ref: Health Care Journal
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519729&xgs=1&xg_source=msg_share_post

ရွှေဖရုံသီး၏ ကျန်းမာရေး အကျိုးကျေးဇူး

ရွှေဖရုံသီးကို အစိမ်းရောင်နဲ့ အဝါရောင်ဆိုပြီး အရောင်နှစ်မျိုး တွေ့ရပါတယ်။ ဗီတာမင်အေ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖောလိတ်စတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
၁) ရွှေဖရုံသီးမှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေ နေရာမှာ အစားထိုး စားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် မတက်စေဘဲ ဆာလောင်မှုကို လျော့ကျစေပါတယ်။
၂) ရွှေဖရုံသီးမှာ မဂ္ဂနီဆီယမ် ပါဝင်ပြီး အစာကြေညက်စေတာကြောင့် အရံဟင်းလျာအဖြစ် စားပေးသင့်ပါတယ်။
၃) ရွှေဖရုံသီးဟာ ခန္ဓာကိုယ်ကို အေးမြစေတာကြောင့် ပူတဲ့အချိန်တွေမှာ စားသင့်ပါတယ်။
၎) ရွှေဖရုံသီးမှာ ဗီတာမင် အေ၊ စီ နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေရင် ရောဂါအများစု မဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။
၅) ရွှေဖရုံသီးဟာ သွေးတိုးတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာတွေ မဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။
၆) ရွှေဖရုံသီးမှာ အမျှင်ဓာတ် အများအပြား၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါ (ဥပမာ-ရိုးဆစ်ရောင်ရမ်းနာ၊ အရိုးအဆစ်ရောင်တာနဲ့ ပန်းနာရင်ကျပ် ရောဂါ) တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၇) ရွှေဖရုံသီးဟာ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ အကြောင်းကတော့ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစေပြီး အူမကြီးမှာ အဆိပ်တွေ စုပုံမှု မဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။ အူမကြီးထဲမှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေ စုနေရင် ကင်ဆာရောဂါ ဖြစ်လာစေနိုင်ပါတယ်။
၈) ရွှေဖရုံသီးဟာ ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်တတ်တဲ့ ဆီးသွားရခက်ခဲတာနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အခက်အခဲတွေကို လျော့ပါးစေပါတယ်။
၉) ရွှေဖရုံသီးမှာ ဗီတာမင်စီနဲ့ လူတင်တို့ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၁ဝ) ရွှေဖရုံသီးမှာပါတဲ့ ဗီတာမင်အေက သွားပိုးစားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အိုမင်းမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ကျစေပါတယ်။
၁၁) ရွှေဖရုံသီးဟာ ဦးနှောက်ဆဲလ်တွေရဲ့ တည်ဆောက်မှုကို အားပေးတာကြောင့် မှတ်ဉာဏ် ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
၁၂) ရွှေဖရုံသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့အပြင် ပိုတက်စီယမ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ရွှေဖရုံသီး စားပေးရင် ရေများများ မသောက်ရင်တောင် တစ်နေ့တာလုံး ရေဓာတ် ပြည့်ဝနေစေပါတယ်။
၁၃) ရွှေဖရုံသီးမှာ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ အလုံအလောက် ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ အရိုးကြွပ်ဆတ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၁၄) ရွှေဖရုံသီးရဲ့ အရောင်က သူ့မှာ ဘယ်လောက် အာဟာရဓာတ် ပါဝင်နေသလဲဆိုတာ ဖော်ပြနေပါတယ်။ အစိမ်းရင့်ရောင် ရွှေဖရုံသီးဟာ အစိမ်းဖျော့ရောင် ရွှေဖရုံသီးထက် အာဟာရဓာတ် ပိုမို ပါဝင်ပါတယ်။ ရွှေဖရုံသီးကို စားမယ်ဆိုရင် အခွံကို မခွာပါနဲ့။ အခွံမှာ ဘီတာကယ်ရိုတင်းလို့ ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးနိုင်လို့ပါ။ မချက်ပြုတ်ခင် ရေနဲ့ သေချာ ဆေးကြောပေးသင့်ပါတယ်။

ကြယ်စင်
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519637&xgs=1&xg_source=msg_share_post

နှမ်းစေ့၏ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေး အာနိသင်များ

နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း အပြည့်ပါဝင်နေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရောစတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများအပြား ရှိပါတယ်။
အရိုးကျန်းမာရေး
နှမ်းစေ့ လက်တစ်ဆုပ်စာ ပမာဏမှာ နွားနို့တစ်ဖန်ခွက်မှာပါတဲ့ ကယ်လ်စီယမ်ထက် ပိုမို ပါဝင်နေပါတယ်။ နှမ်းစေ့မှာပါတဲ့ ကယ်လ်စီယမ်ဟာ အရိုးကျန်းမာအောင် တည်ဆောက်နိုင်ပြီး အရိုးအားနည်းတာနဲ့ သွားခိုင်မာမှု လျော့ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သက်လတ်ပိုင်းအရွယ်နဲ့ သက်ကြီးအမျိုးသမီးတွေမှာ အရိုးပါးရောဂါ မရအောင် နှမ်းစေ့က ကာကွယ် ပေးနိုင်ပါတယ်။
ကင်ဆာကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့မှာ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကင်ဆာ ကုသရေးကိုလည်း အထောက်အပံ့ ပေးပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာရန်
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ခေါင်းတစ်ခြမ်း ကိုက်စေတဲ့ သွေးကြောကျုံ့ဆန့်မှုကို လျော့ကျစေပါတယ်။ နှမ်းစေ့ကို ပုံမှန် စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းကိုက်တာနဲ့ မူးဝေတာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောစနစ် သန်စွမ်းအောင်
နှမ်းစေ့မှာပါတဲ့ ဗီတာမင်အီးဟာ နာ့ဗ်ကြောစနစ်ကို ကောင်းမွန်စေပြီး နာ့ဗ်ကြောစနစ်မှာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
အသားအရေ ထိန်းသိမ်းမှု
နှမ်းစေ့နဲ့ နှမ်းဆီမှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နှမ်းဆီက အရေပြား မီးလောင် ဒဏ်ရာတွေကို သက်သာစေပြီး အရေပြားဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှမ်းစေ့ကို ပုံမှန်စားတာက အသားအရေ အမျိုးအစား အားလုံးအတွက် အကျိုးကျေးဇူး ရှိပါတယ်။
အူလမ်းကြောင်းနှင့် အစာခြေစနစ် ကျန်းမာရေး
နှမ်းစေ့ဟာ အူလမ်းကြောင်း တစ်လျှောက်မှာ သန်ကောင်တွေ ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နှမ်းမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့ဟာ သွေးတိုးတာ မဖြစ်အောင်နဲ့ သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျအောင် ကာကွယ်ပေးနိုင်ပါတယ်။ နှမ်းစေ့ဟာ နှလုံးသွေးကြောစနစ်ဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
ရင်ကျပ်ပန်းနာရောဂါ ကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီစီယမ်ဟာ ရင်ကျပ်ရောဂါထတာနဲ့ အသက်ရှူလမ်းကြောင်းစနစ်ဆိုင်ရာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
သွေးဆုံးဝေဒနာ သက်သာရေး
နှမ်းစေ့စားသုံးတာကြောင့် သွေးဆုံးချိန် ရောက်နေတဲ့ အမျိုးသမီးတွေမှာ ပူနွေးတာ၊ ညဘက် ချွေးထွက်လွန်တာနဲ့အိပ်မပျော်တာတွေလို သွေးဆုံးဝေဒနာတွေကို လျော့ပါးစေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် အနာကျက်နှုန်းမြန်တာ၊ အဆစ်ရောင်နာ သက်သာစေတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်နှုန်း ကောင်းစေတာစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်။
ကြယ်စင်
By Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519651&xgs=1&xg_source=msg_share_post

Saturday, December 8, 2012

ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော

ငါးပိရေကျိုတွင်  ဓာတ်မြေသြဇာထည့်သွင်းထား၍   ပြည်သူများ
သတိထားစားသုံးသင့်ဟု  စားသုံးသူကာကွယ်ရေးအသင်းပြော


ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး
အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် 
တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။

“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက် 
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့  ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက် 
လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့
အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။

ယူရီးယား ဓာတ်မြေသြဇာ  ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့  နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း   အများကြီးရှိလာနိုင်တယ်။    စားသုံးသူ
တွေအနေနဲ့   စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။

သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။

စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။

- ဂျူးမေဇင်
www.thefarmermedia.com
ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေ
အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။

“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက်
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက်
လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့
အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။

ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့ နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်တယ်။ စားသုံးသူ
တွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။

သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။

စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။

- ဂျူးမေဇင်
www.thefarmermedia.com

ဓါတ်ပုံအများကြီးကိုတစ်ခါတည်း (Email) ပို့ချင်ရင်

သူငယ်ချင်းတွေကို ဆော့ဝဲလ်လေးတခုဝေငှချင်လို့ပါ သုံးနေကျလေးပါ အလွန်ကောင်းပါတယ်
ကျနော်တို့ မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်ရတာ အတော်လေးကြာပါတယ်
ဒီဆော့ဝဲလ်လေးက မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်နေတဲ့အချိန် အကြာခန့်လောက်မှာ

ဓါတ်ပုံနှစ်ဆယ် သုံးဆယ် ကို ခဏလေးနဲ့အရောက်ပို့နိုင်တဲ့ ဆော့ဝဲလ်လေးပါ

ကဲစလိုက်ရအောင်

အောက်ကပေးထားတဲ့လင့်ကလေးကို copy ပြီး Mozilla Firefox မှာ paste လိုက်ပါ ပြီးရင် Enter ပေါ့

http://picasa.google.com/


အဲဒီအခါ Picasa3 ကို download ပြီး run လိုက်ပါ

ပြီးရင် ဖွင့်လိုက်ပါ ကိုယ်ပို့ချင်တဲ့ပုံတွေကိုကလစ်ပေါ့
(တစ်ပုံထက်ပိုရင် Ctrl ကီးလေးနှိပ်ပြီးလိုသလောက် ကလစ်ပေါ့)

ရွေးလို့ပြီးရင်အောက်က စာအိပ်ပုံလေး (Email) မှာနှိပ်လိုက်ပါ


http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1519867&xgs=1&xg_source=msg_share_post

ဘယ်မေလ်နဲ့မဆို sing in ၀င်နိုင်တယ် ပြီးရင် Gmail အတွက် Google Mail မှာ ကလစ်လိုက်ပါ

ပြီးရင်ပို့လိုတဲ့လိပ်စာတပ်ပြီး Send ကိုနှိပ်လိုက်ရင် ရပြီပေါ့

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ


Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။
ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။
ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။
FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။
FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။
ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

http://www.innewsmyanmar.com/2012/12/blog-post_6.html

ပန်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးသုံးမျိုး



တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိပါတယ်။ ပန်းသီးစားရင် ကျန်းမာရေး ကောင်းမွန်မယ် ဆိုတာ အတိအကျ မသိသေးပေမယ့် ပန်းသီးကို တစ်နေ့တစ်လုံး စားပေးရင်အောက်ပါ အကျိုးကျေးဇူး သုံးမျိုးကို ရရှိနိုင် တယ် ဆိုတာကိုတော့ သုတေသီတွေက လေ့လာတွေ့ရှိ ထားပါတယ်။
 
 
 
၁။ အယ်ဇိုင်းမားရောဂါ အန္တရာယ်ကင်းဝေးစေတယ်
ပန်းသီးမှာပါဝင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ကွာစီတင်ဟာ
ဦးနှောက် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေ
အများအပြား ပါဝင်တာကြောင့် ပန်းသီးစားရင် အခွံကိုပါစားဖို့ ကော်နဲလ်
တက္ကသိုလ် သုတေသန ပညာရှင်ချန်လီက ဆိုပါတယ်။

  

၂။ အူမကြီးကင်ဆာ မဖြစ်အောင်ကာကွယ်ပေးတယ်
ပန်းသီးမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးမှာ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်းကို
တိုက်ခိုက်ပေးတဲ့ ဓာတုပစ္စည်း ထုတ်ပေးကြောင်း ဂျာမနီ သုတေသန အသစ်တစ်ခုက ဆိုပါတယ်။


၃။ သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်
အရွယ်ရောက် လူကြီးတွေအနက် ပန်းသီးစားသူတွေဟာ ပန်းသီးမစား သူတွေနဲ့ယှဉ်ရင် သွေးတိုးခြင်း
ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျစေကြောင်း လတ်တလော အစားအစာ ဆန်းစစ်လေ့လာမှုအရ သိရပါတယ်။
 
ရတနာပုံဆိုဒ်မှ ကူးယူဖော်ပြပါသည်။
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1894559&xgs=1&xg_source=msg_share_post

သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား...



ကမ္ဘာ့သေကြောင်းကြံမှုအများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။
အရှည် ၈၉၈၁ ပေ ရှည်တဲ့ ကြိုးတံတားမှာ သေကြောင်းကြံမှုဟာ ၂၀၁၁ ခုနှစ်စစ်တမ်းအရ သုံးလကို ၁၇ ယောက်နှုန်း ရှိခဲ့ပါတယ်
။ ၂၀၀၆ ခုနှစ်အတွင်း သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၃၄ ဦး ကို ဆယ်ထုတ် တွေ့ရှိခဲ့ပေမယ့် ပျောက်ဆုံးသူအရေအတွက်က ပိုမိုများပြားခဲ့ ပါတယ်။ ရေနဲ့ တံတားအမြင့်ဟာ ၂၄၅ ပေရှိပြီး ခုန်ကျတဲ့အခါ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ကျပြီး Trauma လို့ခေါ်တဲ့ ခန္ဓာကိုယ်ထိခိုက် ဒဏ်ရာကြောင့် သေ ဆုံးကြရပါတယ်။ ရေပေါ် ထိတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ ကျိုးပြီး အူ၊အသည်း၊ နံရိုး၊ အဆုပ် စသည်ဖြင့် အားလုံး ဆုပ်ပြတ်သွား မှာ ဖြစ်ပါတယ်။ သေနိုင်ချေ ၉၈ ရာခိုင်နှုန်းရှိပြီး အသက်မသေသူ ၃၊ ၄ ဦးသာ ရှိပြီး ဒုက္ခိတ ဘဝကိုရောက်ရပါတယ်။
ဒုတိယသေကြောင်းကြံမှုအများဆုံး ဖြစ်တဲ့ ဂျပန်နိုင်ငံက ဖူဂျီတောင်အနီး တော မှာတောင် တစ်နှစ်ကို ၇၈ ဦးပဲ သေပါတယ်။ အရေအတွက် ရာဂဏန်းပဲ ရှိပါသေးတယ်။ Golden Gate မှာတော့ ၁၆၀၀ ကျော်သွားပြီး ဒါကလည်း စာရင်းအတိအကျမဟုတ်ပါဘူး။ အတိအကျသိချင်လို့ တံတားအောက်မှာ ကင်မရာတပ် ကြည့်လိုက်တော့ ဌာနဆိုင်ရာထုတ်ပြန်ချက်ထက် အရေအတွက်များများ ခုန်ချသက်သေနေကြ တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ယင်းသို့ဖြစ်ရပ်များမှ လွတ်ကင်းနိုင်ဖို့အတွက် ဒေသခံအာဏာပိုင်တို့က အမျိုးမျိုးကြိုးစားပါတယ်။ အောက်ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Suicide hotline ဖုန်းကိုထားရှိပါတယ်။
သေကြောင်းကြံလိုသူတွေအနေနဲ့ နောက်ဆုံးအနေနဲ့ ဖုန်းခေါ်ဖို့ အကြံပေး ထားပြီး ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးပေးတယ် လို့ဆိုပါတယ် ။ နောက်ထပ်ကြိုးစားမှုကတော့ စတီးခြင်ထောင် ပတ်ပတ်လည်တပ်ဖို့ဖြစ်ပါ တယ်။ကင်းလှည့်လည်မှုကိုလည်း နေ့ရောညပါ ပြုလုပ်ပါတယ်။ ပြီးတော့ ညဘက်ဆိုရင် တံတားပေါ် လမ်းလျှောက်ခွင့်မပြုပါဘူး။
အမေရိကန်ဒေါ်လာ သန်းချီကုန်ကျမယ့်အတွက် ခြင်ထောင်ဘေးကာ တပ်ဆင်ခြင်းကို မလုပ်နိုင်ခဲ့ ပါဘူး။ သို့ပေမယ့် တံတားအောက်မှာ ဘယ်ညာ ပေ ၂၀ အဝေးထိ သံမဏိစတီး ခံ ပလပ်စတစ် ကြိုးမျှင် ခြင်တောင်တပ်ဆင်ခြင်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ယင်းဟာလည်း ငွေကြေး ရရှိမှုအခက်အခဲကြောင့် နှောင့်နှေးခဲ့ရပါသေးတယ်။
သို့ပေမယ့် ၂၀၁၂ ခုနှစ်ရောက်တဲ့အခါမှာ လုံခြုံရေးအဆင့်မြင့်တင် လိုက်ပြီးနောက် သေကြောင်းကြံမှု ယခင်ကထက် သိသိသာသာ နည်းပါးသွားပြီလို့ သိရပါတယ်။

International news for myanmar

သားသမီး သွန်သင်ဆုံးမ နည်းစနစ်

ဆရာမ နိုင်းနိုင်းစနေဘာသာပြန်ရေးထားတဲ့ဆောင်းပါးလေး ဖြစ်ပါတယ်။ တော်တော်လေးကောင်းပါတယ်။
ဒီလိုကျင့်ကြံဖို့ဆိုရင် မြန်မာနိုင်ငံက မိဘများအတွက် ခဲယဉ်းမယ်လို့ထင်ပါတယ်။ 

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေး မတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေ ရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လ အတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေ ခဲ့ပါတယ်။

(၁) မစားရင် အ ဆာခံပါ
မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက် လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့ တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင် ဝတ်ဆင်ခဲ့တယ်။ (၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါ ဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မ က လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ
မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ သက်တောင့် သက်သာရှိတယ်ဆိုရင် ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။ အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။ တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။
သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့ မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။ ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့ အထိ ကျောင်းဆောင် ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။ တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။ စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။
"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား" ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။
"ဟုတ်ကဲ့..."
သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။ ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစား အစာပြင် ဆင်ဖို့ စူစန်ကပြောတယ်။ ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိ ရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။ အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင် ပါတယ်။
ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြ တယ် မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။
လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။
"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။ မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက် မိ တယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရ ဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။ အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။
နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွား တို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။
မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။
အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး
"မရဘူး သား..."
"ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?"
"ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။
အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေ တဲ့ ထော်ဘီ ကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။ မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန် ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစား စရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။ နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။


(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်
တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေ က မြက် ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။ ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက် ရဲ့ခေါင်းကို ခေါက် ထည့်လိုက်တယ်။ စစချင်းမှာ ထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီ ဟာ ဘေးမှာ ရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။
အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ် ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ် ချိန်မရလိုက်ဘူး။ မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြ တယ်။ နောက် တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။ ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ် တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံ ခဲ့ဘူး။
တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။ ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။
တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေး တွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော် ပါးပါး ကစားနေတော့တယ်။ ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေ တာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာ ခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။
"ကစားချင်ရင် သူတို့ကို သွားရှာလေ..."
"မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။
"မရဘူး... ခုနားက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်" ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာ သွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ ကစားနေတာ ကို တွေ့ လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်
စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့ ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။ ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်း ဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။ ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲ ကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။
"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော် လိုက်ပါ" စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။ အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကို တားခဲ့တယ်။ တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ... သားမှားပြီ" လို့ သူဆိုတယ်။
စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။
"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။ တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက် က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။
အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ် ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။
"ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲ တာတွေ၊ ငြင်းခုန် တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်"
"ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"
စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?" လို့မေးတယ်။
ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။
အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကို ကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။
စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။
အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျိုးဘဲ မနေနိုင်ခဲ့ပါဘူး။ ကလေးတွေကို သွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရမှာ အမေရိကားမိခင်တွေဆီကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်သည်
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A518271&xgs=1&xg_source=msg_share_post

ရောဂါအမျိုးမျိုးပျောက်စေတဲ့ လိမ္မော်

လိမ္မော်သီးနှင့်ပတ်သက်၍ ဥတုဘောဇနသင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသောရနံ့ရှိ၏။ ချို၏၊ အနဲငယ်ချဉ်၏၊ နှုတ်ကို မြိန်စေ၏၊သလိပ်ကို နိုင်၏၊ နှလုံးကို နှစ်သက်စေတတ်၏ဟု၎င်း၊
ဒဗ္ဗဂုဏပကာသနီကျမ်း၌ လိမ္မော်သီးသည် လေကိုနိုင်၏။ နှလုံးကို ကြည်လင်စေတတ်၏။ အော့အန်နာကို ပျောက်စေ၏ဟု၎င်း။

ဇီဝိတဝဍ္ဎနကျမ်း၌ အချိုများသော လိမ္မော်သီးကို ဆားအနည်းငယ်နှင့်တို့၍စားလျှင် သလိပ်ရွှင်၍ ဆီးများစေသည်။ အချိုများသော လိမ္မော်သီးသည် သလိပ်ကပ်၊ ချောင်းဆိုး၍ ကိုယ်ပူစေတတ်သည်ဟု၎င်း။
 သဘာဝဓမ္မအလင်းပြ ကျမ်း၌ လိမ္မော်သီးသည် အကြောင်းဥဏှငြိမ်းစေသော သီတတေဇောဓာတ်စာ၊ အေး၊ ချဉ်၊ သီတ၊ အာကာသဓာတ်စာ၊ အရသာချို,ချဉ် အကျိုးသွား ဆီးများ၊ လေသက်ဟု၎င်း။
ဓတာသြသဓရာသီကျမ်း၌ လိမ္မော်သီးသည် အအေးအာပေါ၊ အသက်ဟုဟု၎င်း ပြဆိုထားသည်။
မြန်မာ့ဆေးကျမ်းများ၌လည်း လိမ္မော်ပင်၊လိမ္မော်သီးတို့၏ အသုံးများကို တွေ့ရသည်။ 
 လိမ္မော်ပင်၊ လိမ္မော်သီးသည်  လူတို့ကျန်းမာသက်ရှည်ရေးအတွက် အာနိသင်ထက်မြက်သောအသုံးဝင် အသုံးပြုပုံတွေကတော့

(၁) ဆံရင်းအစပ်တွင် ယားနာပေါက်သူများ လိမ္မော်ရွက်ကိုထုထောင်း၍ ပျားရည်နှင့်စပ်ပြီး ယားနာနေရာ၌ အုံပေးလျှင် သက်သာပျောက်ကင်းစေသည်။

(၂) သွေးလေညီညွတ်၍ စိတ်ရွှင်လန်းစေရန်အတွက် လိမ္မော်ရွက် ၅၀-ခန့်ကို ဝိုင်နှင့်ဖြစ်စေ၊ ခေါင်ရည်နှင့်ဖြစ်စေနေ့တဝက်စိမ်ပြီးနောက်  ယင်းအရွက်များကို ပျားရည်(၅))ကျပ်သားထည့်ထားသောအိုးထဲသို့ ပြောင်းထဲ့ကာ မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်းလာအောင် ကျိုပါ။ ထိုပနောက် တနေ့နှစ်ကြိမ် တခါသောက် လက်ထက်ရည်ဇွန်းတဇွန်းခန့် သောက်ပါ။

(၃) ချောင်းဆိုးသူများ လိမ္မော်ရည်တဖန်ခွက်ကို လိမ္မော်ရွက် လေးငါးရွက်ခန့်နှင့် ဆူအောင်ကျိုပြီးနောက် မီးဖိုမှ ချ၍ ငါးမိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် အရွက်များကို ဖယ်ရှား၍ ပူပူနွေးနွေးအရည်ကို တနေ့ သုံးကြိမ် သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။

(၄) အကြောအားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်အခြောက်ကို တနေ့နှစ်ကြိမ် မှန်မှန် စားလျှင် အကြောအားကောင်း၍ မှတ်ဉာဏ်တိုးစေနိုင်သည်။

(၅)ကလေးငယ်များ သူငယ်နာ အကြောတက်၊ အကြောဆွဲခြင်းများ ဖြစ်နေပါက လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေသုံးပိဿာ၌ တညစိမ်၊ နောက်တနေ့နံနက်၌ ပေါင်းအိုးဖြင့်ပေါင်း၍
ပေါင်းခံရည်စုထားပြီး ၄င်းကို တခါသောက် ထမင်းစားဇွန်း(၅)ဇွန်းမှ (၁၀)ဇွန်းခန့်အထိ နေ့စဉ်တိုက်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။

(၆) အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်လျှင် အစာကြေ၍ နှုတ်မြိန်စေသည်။ ယင်းသည် လေနာ၊ လေချုပ်၊ လေဆန်နာများကို အကျိုးပြုသည်။

(၇) မျက်နှာဝ၌ ဝက်ခြံထူထပ်သဖြင့် အသားအရေ မချောမမွေ့ဖြစ်နေသူများ သနပ်ခါးရည်ကျဲကျဲထဲသို့ ဆားအနည်းငယ်ထည့်၊ လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍ ထွက်လာသောချွေးရည်နှင့်ရောပြီး ၄င်းကို အိပ်ရာဝင်ချိန်တွင် မျက်နှာ၌လိမ်းလျှင် အသားအရေ ချောမွေ့လာစေနိုင်သည်။

(၈) ရာသီဥတု အကူးအပြောင်း၌ ဖြစ်တတ်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းတို့အတွက် လိမ္မော်ရည် တဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့်အဆီ သုံးစက်ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် ၄င်းကို တနေ့သုံးကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။ 

(၉) ဝမ်းမှန်၍ စားသောက်ကောင်းစေရန်အတွက် လိမ္မော်ရည် တဖန်ခွက်(၂၅၀)စီစီကို မီးနွေးနွေးဖြင့်ပြ၍ ဆားပုပ်၊ ငရုတ်ကောင်းစေ့ခန့်နှင့် ချင်းခြောက်မှုန့် ဇွန်းငယ်တဇွန်းခန့်ထည့်ပြီး အအေးခံသောက်လျှင် သုံးလေးရက်သောက်ရုံဖြင့် ဝမ်းမှန်၍ စားသောက်ကောင်းလာစေနိုင်သည်။

(၁၀)ကလေးများ သွေးအားနည်း၊ အကြောအားနည်း၊ အရိုးပျော့၊ ဝမ်းပျက်ခြင်းတို့ဖြစ်ပါက လိမ္မော်ရည်ကို ရေကျက်အေးနှင့် ဆတူရော၍ တိုက်လျှင် သက်သာပျောက်ကင်းနိုင်သည်။

(၁၁) နှင်းခူနာဖြစ်သူများ လိမ္မော်ခွံကိုထုခြေ၍ အနာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။

(၁၂) မျက်နှာ၊ ခြေ, လက်တို့တွင် အဖြူ၊ အနီ၊ အနက် စသောအကွက်များ ထွက်ပါက လိမ္မော်ခွံကို နေရိပ်၌ ခြောက်သွေ့အောင်လှန်း၊ အမှုန့်ထောင်း၍ ရေနှင့်စပ်ပြီး ၄င်းကို အကွက်များပေါ်၌ တနေ့သုံးကြိမ် ခပ်ထူထူလိမ်းလျှင် ပျောက်ကင်းစေနိုင်သည်။

(၁၃)ဝမ်းလျှောဝမ်းပျက်သူများ လိမ္မော်ခွံအမှုန့်နှင့် စပျစ်စေ့အမှုန့်ကို ဆတူရော၍ တနေ့သုံးကြိမ် တခါသောက် ဇွန်းငယ်တဇွန်းခန့်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။

(၁၄) အရေပြားနှင့် ခြေသည်း, လက်သည်းများပေါ်၌ ပွေးပေါက်ပါက လိမ္မော်ခွံအစိုကို ညက်အောင်ထောင်း၍ ပွေးကွက်ကို လိမ္မော်ခွံဖြင့် ဖြည်းညင်းစွာခြစ်ပြီးနောက် ထောင်းထားသော လိမ္မော်ခွံဖြင့် အုံပေးပါ။ ဆေးအသစ်လဲတိုင်း ပွေးကွက်ကို လိမ္မော်ခွံဖြင့် အသာအယာခြစ်ပေးခြင်းအားဖြင့် ပွေးကွက် တဖြည်းဖြည်းကျဉ်းပြီး ပျောက်ကင်းသွားစေနိုင်သည်။

(၁၅) အသားပပ်၊ အသားကြမ်း၊ ညှင်းပေါက်သူများ လိမ္မော်ခွံကိုညှစ်၍ ရသော ချွေးဖြင့် လိမ်းပေးနိုင်သည်။

(၁၆) တင်းတိပ်ပေါက်သူများ လိမ္မော်ခွံကို မီးဖြင့်နွှေး၍ ချွေးကိုညှစ်ပြီး ၄င်းချွေးဖြင့် တင်းတိပ်ပေါက်သော နေရာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။

(၁၇) လေထိုး လေအောင်သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို သုံးခွက်တခွက်တင်ကျို၍ တနေ့နှစ်ကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။ ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များလည်း ကျစေနိုင်သည်။
 
ပိုပိုဇော်(သဘာဝအားရဲ့အားအင်)

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ


ကျွန်တော်တို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတု ပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ် အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင် လုပ်ဖို့ပါ။
ဒီလို လုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်း သွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာ ပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ် ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။
မှို
မှိုမှာ ခုခံအားစနစ် ကောင်းစေတဲ့ ဗီတာမင်ဒီ ပါဝင်ရုံမက ခုခံအားစနစ်အတွက် လိုအပ်တဲ့ polysaccharides တွေလည်း ပါဝင်ပါတယ်။ Polysaccharides တွေဟာ ရောဂါပိုးတွေကို သဘာဝအလျောက် သေစေနိုင်တဲ့ Cells တွေကို ၅၀ ရာခိုင်နှုန်းထိ တိုးပွားစေနိုင်ပါတယ်။ ဒါ့ပြင် မှိုဟာ ဘက်တီးရီးယားကို သေစေနိုင်တဲ့ defensins ခေါ် antimicrobial peptides ကိုလည်း ထုတ်လုပ် ပေးနိုင်ပါတယ်။ ရောဂါပိုးကို တွန်းလှန်နိုင်ဖို့ မှိုကို အများကြီး စားစရာ မလိုပါဘူး။ ခွက်တစ်ဝက်စာ ၆၀ ဂရမ်လောက်ဆို လုံလောက်ပါတယ်။
ဆီးသီး
ဆီးသီးဟာ blueberry သီးလိုမျိုး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှု အများဆုံးအစာပါ။ ဆီးသီးတစ်လုံးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပမာဏဟာ လက်တစ်ဆုပ်စာ blueberryသီးနဲ့ ပမာဏချင်း တူညီပါတယ်။
ကိုယ်ခံစွမ်းအားကောင်းစေမည့် နည်းငါးသွယ်
ဘဝမှာ ကျန်းမာ ပျော်ရွှင်ချင်တယ် ဆိုရင်တော့ ဦးနှောက်၊ စိတ်ဓာတ်၊ ဘဝတက်လမ်း၊ အသည်းနဲ့ ဆက်ဆံရေး တွေမှာ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာနဲ့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။
သင့်ဦးနှောက်ကို အားဖြည့်ပါ။
သီချင်းတိုးတိုးလေး နားထောင်ရင်း ဦးနှောက်ရဲ့ ဖိစီးမှု ဖြစ်ပေါ်နေတဲ့အပိုင်းကို ဖြေလျှော့ပေးပါ။ အေးငြိမ့်နေတဲ့ သံစဉ်ဟာ နားမှတစ်ဆင့် စိတ်ရှုပ်ထွေးနေတဲ့ ဦးနှောက်ဆီ ရောက်ရှိကာ စိတ်ပြေလျော့ သွားစေပါတယ်။
သင့်စိတ်ဓာတ်ကို အားဖြည့်ပါ။
နာနတ်သီးစိတ်ကို စားပေးပြီး အတိတ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အရိပ်တွေကို တွေးတော လိုက်ရင် ကြည်နူးမှုကို ပိုမိုရရှိစေပါလိမ့်မယ်။ အတိတ်ရဲ့ အမှတ်ရဖွယ်ပုံရိပ်တွေဟာ ပစ္စည်းဥစ္စာတွေထက် ပိုပျော်ရွှင်စေပါတယ်။ နာနတ်သီးမှာ မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေတဲ့ မဂ္ဂနိစ်အများအပြား ပါဝင်နေပါတယ်။
သင့်ဘဝတက်လမ်းကို အားဖြည့်ပါ။
အနက်ရောင် ဘယ်ရီသီး ပါဝင်တဲ့ နံနက်စာကို စားပေးတာက အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင် နေသူတွေမှာ တခြားသူတွေ ထက် တွေးခေါ်မြော်မြင်မှု ပိုကောင်းပြီး ပိုအောင်မြင်ကြတာကို တွေ့ရပါတယ်။
သင့်အသည်းကို အားဖြည့်ပါ။
အရက်သောက်မယ့်အစား အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ် သောက်ပေး နိုင်ပါတယ်။ ရုရှား လေ့လာမှုအရ အရက် အလွန်အမင်း သောက်သူတွေဟာ အသည်းထိခိုက်နှုန်း များတတ်ပေမယ့် အရက် သောက်သော်လည်း ဒိန်ချဉ်သောက်သူတွေ မှာတော့ ခန္ဓာကိုယ်ရဲ့ ချေဖျက်အင်ဇိုင်း အားကောင်းစေကာ အသည်း ထိခိုက်မှု နည်းတာကို တွေ့ရှိရပါတယ်။
သင့်ဆက်ဆံရေးကို အားဖြည့်ပါ။
ငြီးငွေ့ဖွယ်ရာ ကောင်းတဲ့ အချိန်မှာ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရမှာ စိတ်မပါရင် သစ်သီးဖျော်ရည် တစ်ခွက်ကို သောက်ပေးပါ။ သစ်သီးဖျော်ရည်မှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သစ်သီးရနံ့ကြောင့် စိတ်လန်းဆန်း သွားပါလိမ့်မယ်။

Written by အာယု
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A518712&xgs=1&xg_source=msg_share_post

ရေခဲသေတ္တာထဲက ရောဂါကုသနိုင်သော အပင်ထွက်အစာများ


အစာလည်းဆေး၊ ဆေးလည်း အစာဆိုပြီး ရှေးကတည်းက တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။ နေ့စဉ် ကျန်းမာရေး အတွက် အစားအစာရဲ့ ကဏ္ဍက အရေးပါသလို အရက်နာကျတာ၊ ရာသီ အကြိုဝေဒနာ စတဲ့ နာမကျန်းမှုတွေ ဖြစ်ပေါ်လာရင်လည်း အပင်ထွက် အစားအစာတွေနဲ့ ကုသနိုင်ပါတယ်။
အောက်ပါ တို့ကတော့ သင့်အိမ်ရေခဲ သေတ္တာထဲမှာ အတွေ့ရများတဲ့ အစားအသောက်တွေ ဖြစ်ပြီး ဝေဒနာခံစားရ ချိန်မှာ သင့်အနေနဲ့ အလွယ်တကူ သုံးနိုင်ပါတယ်။

အရက်နာကျခြင်း ကင်းစေရန် ကညွတ်စားပါ
ကညွတ်မှာပါတဲ့ အင်ဇိုင်းတွေက အရက်ကို အလွန်အမင်းသောက်ပြီးတဲ့ အခါ အယ်လ်ကိုဟောကို ချေဖျက်နိုင် စွမ်းရှိတာကြောင့် အရက်နာ မကျအောင် ကာကွယ်နိုင်ပါတယ်။ သင့်အနေနဲ့ အရက်နာကျပြီး ခေါင်းကိုက် ဝေဒနာ ခံစားနေရရင် ကညွတ်ကို စားပေးနိုင်သလို အရက်နာမကျအောင် ကာကွယ်တဲ့အနေနဲ့ လည်း ကညွတ်ကို စားပေးနိုင် ပါတယ်။ ကညွတ်ကို အရက်မသောက်ခင် ဝါးစားပေးတဲ့အခါ အကျိုးပြုအင်ဇိုင်းတွေ ရရှိ စေရုံသာမက ဗိုက်ပြည့်စေကာ ခန္ဓာကိုယ်ရဲ့ အယ်လ်ကိုဟောစုပ်ယူမှုကို နှေးကွေးသွားစေပါတယ်။

ဆီးကျောက်တည်ခြင်း ကင်းစေရန် သံပရာရည်သောက်ပါ
ဆီးကျောက်တည်တာက နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုသွေးချိုရောဂါ တို့ထက် ပိုပြီး အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရောဂါကာ ကွယ်ထိန်းချုပ်ရေး စင်တာရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ဆီးကျောက် တည်တဲ့ ဝေဒနာခံစားနေရ သူဦးရေဟာ လွန်ခဲ့တဲ့ ၁၃နှစ်အတွင်း နှစ်ဆမြင့်တက် လာပါတယ်။ ဆီးကျောက်တည်တဲ့ ပြဿနာ လျော့ကျစေဖို့ သံပရာရည်သောက်ပါ။ သံပရာရည်မှာ စစ်ထရိတ်အဆင့် ပါဝင်မှု မြင့်မားတာကြောင့် ကယ်လ်စီယမ် ဓာတ်အြွကင်းအကျန်တွေကို ပျော်ဝင်စေ ပါတယ်။ (ကယ်လ်စီယမ် အကြွင်းအကျန် တွေက တဖြည်းဖြည်း စုပုံပြီး ဆီးကျောက် တည်လာ ပါလိမ့်မယ်။) လတ်လတ်ဆတ်ဆတ် သံပရာသီးကို အရည်ညှစ်ပြီး သံပရာရည် ဖျော်ကာ သောက်ပါ။

စိတ်ဓာတ်ကျခြင်းကို တွန်းလှန်ရန် ကော်ဖီသောက်ပါ
အမေရိကန် လူဦးရေ ၁၀ ရာခိုင် နှုန်းကျော်ဟာ ဈေးကြီးတဲ့ စိတ်ကျဝေဒ နာကုသဆေးတွေကို မှီဝဲ နေကြပါတယ်။ ဒါပေမဲ့ ကော်ဖီ အနည်းငယ် သောက်ရုံနဲ့ ဒီဆေးဝါးတွေကို မလိုတော့လောက် အောင် စိတ်ကျ ဝေဒနာကို သက်သာစေ တယ်လို့ ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်း လေ့လာသူတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်က ပြုလုပ်တဲ့ လေ့လာမှုတစ် ခုအရ တစ်နေ့မှာ ပျမ်းမျှအားဖြင့် ကော်ဖီလေးခွက်သောက်တဲ့ အမျိုးသမီးတွေဟာ ကော်ဖီ လုံးဝမသောက်သူတွေထက် စိတ်ကျဝေဒနာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သိရပါတယ်။ ကဖင်း ဓာတ်ဟာ ဦးနှောက်ကို စိတ်ဓာတ်ကျစေ တဲ့ တချို့အဆိပ်ဓာတ်တွေ (Neurotoxins) မထွက်အောင် ကာကွယ်နိုင်ပါ တယ်။ ဒါကြောင့် ကဖင်းဓာတ် အနည်း ငယ်ကို မှီဝဲပေးတာက စိတ်ဓာတ်ကို မြှင့် တင်ပေးနိုင်ပါတယ်။ တစ်နေ့လုံး စိတ်ဓာတ် ကျဝေဒနာ မဖြစ်အောင် နံနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။

အအေးမိဝေဒနာ သက်သာစေရန် ဒိန်ချဉ်သောက်ပါ
ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန် စေဖို့ နေ့စဉ် အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ်တစ်ခွက်ကို သောက်ပေးပါ။ ဒီကောင်းမွန်တဲ့ အကျိုးပြုဘက်တီး ရီးယားတွေက ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပြီး အအေးမိဝေဒနာလို အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင် နိုင်ခြေကို ၄၂ ရာခိုင်နှုန်း လျော့ကျစေ နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ သကြား စားသုံးမှုများတာနဲ့ ပဋိဇီဝပိုးသတ်ဆေး တွေကို မှီဝဲရတာတွေကြောင့် နုံးနေရင် အူထဲက အကျိုးပြု ဘက်တီးရီးယားတွေ ဆုံးရှုံးပြီး အအေးမိဝေဒနာ ဖြစ်လွယ်တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယား ရရှိဖို့ ဒိန်ချဉ်ကို စားပေးသင့်ပါတယ်။

ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ကာကွယ်နိုင်ရန် ဝိုင်နီသောက်ပါ
ဝိုင်နီကြိုက်သူတွေ အတွက် နောက်ထပ် သတင်းကောင်းပါပဲ။ ဝိုင်နီမှာ ပါဝင်တဲ့ ပိုင်စီယာတန်နောဓာတ်ဟာ မရင့် ကျက်တဲ့ အဆီဆဲလ်တွေကို ရင့်ကျက်တဲ့ အဆီဆဲလ်တွေ ဖြစ်မလာအောင် ဟန့် တားပေးတယ်လို့ ပါဒူးတက္ကသိုလ် လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ တကယ် လို့ ဝိုင်နီကို မသောက်ချင်ရင် အနီရောင် စပျစ်သီးအခွံနဲ့ အစေ့ကို စားပေးပါက ပိုင်စီယာတန်နောဓာတ်ကို ရရှိစေပါတယ်။

နေလောင်ဒဏ်ကို တွန်းလှန်နိုင်ရန် တလည်းသီးစားပါ
တလည်းသီးမှာ အီလဲဂျစ်အက်စစ် အများအပြား ပါဝင်တဲ့အတွက် အရေပြားကို ခရမ်းလွန် ရောင်ခြည်အေနဲ့ ဘီတို့ကြောင့် အရေပြား ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ တလည်းသီးရဲ့ ကောင်းကျိုး တွေကို ရရှိစေဖို့ ဖျော်ရည်နဲ့ ဖြည့်စွက်ဆေးထက် တလည်းသီး တစ်လုံးလုံးကို စားပေးရင် အသားအရေ ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် အက်စစ်တွေ ပိုမိုပါဝင်နေပါတယ်။

ခေါင်းကိုက်ဝေဒနာ သက်သာစေရန် အမဲသားအသည်းကို စားပါ
ခေါင်းတစ်ခြမ်း ကိုက်နေသလား။ ဗီတာမင်ဘီ ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အမဲသား အသည်းဟာ ဗီတာမင်ဘီ ရိုင်ဘိုဖလေဗင် အကောင်းဆုံး ပါဝင်တဲ့ အစာတစ်မျိုးဖြစ်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာ မကြာခဏ ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ တစ်နေ့မှာ ရိုင်ဘို ဖလေဗင် ၄၀ဝ မီလီဂရမ်မှီဝဲပေးရင် အ ကောင်းဆုံး ဖြစ်ပါတယ်။ အမဲသားအသည်း တစ်ခွက်စာ ပမာဏမှာ ရိုင်ဘိုဖ လေဗင် ၃ မီလီဂရမ်ပဲ ပါဝင်ပါတယ်။ ဒါကြောင့် ရိုင်ဘိုဖလေဗင် များများပါတဲ့ အမဲသားနဲ့ တခြားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက် စတာတွေနဲ့ တွဲဖက်မှီဝဲပေးပါ။ ဒီလို စားတာ တောင် ခေါင်းကိုက်ဝေဒနာ မသက်သာ ရင် ဖြည့်စွက်ဆေး မှီဝဲပေးပါ။

ရာသီအကြိုဝေဒနာကို ကာကွယ်နိုင်ရန် ဝက်သားနှင့် ပဲသီးစားပါ
ဝက်သားနဲ့ ပဲသီးနှစ်မျိုးစလုံးမှာ ဗီတာမင်ဘီ- သိုင်ယာမင်နဲ့ ရိုင်ဘိုဖလေဗင် နှစ်မျိုးစလုံး များစွာ ပါဝင်တာကြောင့် ရာသီအကြို ဝေဒနာမဖြစ်အောင် ကာကွယ်ပေး နိုင်တယ်လို့ မက်ဆာချူးဆက် တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ တစ်နေ့ သိုင် ယာမင် ၁ ဒသမ ၉ မီလီဂရမ်နဲ့ ရိုင်ဘို ဖလေဗင် ၂ ဒသမ ၅ မီလီဂရမ် မှီဝဲတဲ့ အမျိုးသမီးတွေဟာ ဒီလို မမှီဝဲတဲ့ အမျိုး သမီးတွေထက် ရာသီအကြိုဝေဒနာဖြစ် နိုင်ခြေ ၂၅-၃၅ ရာခိုင်နှုန်း လျော့နည်း ကြောင်း သိရပါတယ်။ ဝက်သားနဲ့ ပဲသီးဟာ ဒီဗီတာမင်နှစ်မျိုးစလုံး ရရှိနိုင်တဲ့ အကောင်းဆုံး အစာတွေဖြစ်တာကြောင့် ဝက်သား သုံးအောင်စနဲ့ ချက်ထားတဲ့ ပဲ သီးဟင်းတစ်ခွက်ကို ပုံမှန်စားပေးပါ။

တစ်ကိုယ်လုံး အနာကျက်စေရန် ဩဂဲနစ်အစာကို စားပါ
ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာ၊ ပါကင်ဆန်ရောဂါ၊ မျိုးမအောင်တာ၊ အဝ လွန်တာစတဲ့ နာမကျန်းမှုအခြေအနေ တွေဟာ ဩဂဲနစ်အစာ မဟုတ်တဲ့ လူလုပ် ပိုးသတ်ဆေး တွေနဲ့ ထိတွေ့ထားတဲ့ အစာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ပိုးသတ်ဆေးတွေက ကလေးတွေမှာ အိုင် ကျူနိမ့်တာနဲ့ အာရုံစူးစိုက်မှု ချို့တဲ့တဲ့ ဝေဒနာကို ဖြစ်စေနိုင်သလို အော်တစ်ဇင် ရောဂါနဲ့လည်း ဆက်စပ်နေကြောင်း သိရပါတယ်။ ဒါကြောင့် ဩဂဲနစ်နည်းနဲ့ စိုက် ပျိုးထားကြောင်း တံဆိပ်ကပ်ထားတဲ့ အပင်ထွက် အစားအစာတွေကို ရွေးချယ် စားပေးမယ်ဆိုရင် ကျန်းမာရေး အတွက် ပိုမို သင့်တော်မှု ရှိပါတယ်။

Written by အာယု
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A518642&xgs=1&xg_source=msg_share_post