“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, November 15, 2012

ဂေါတမဘုရား ဗုဒ္ဓဝင်ဖြစ်စဉ်အကျဉ်းချုပ်....

ဂေါတမဘုရား ဗုဒ္ဓဝင်ဖြစ်စဉ်အကျဉ်းချုပ်....

၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာရသေ့ဘဝ

၂။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရားမှ အစပြု၍ ကဿပ ဘုရားရှင်အထိ ၂၄-ဆူ

၃။ ပါရမီဖြည့်ဖကိ(ဗျာဒိတ်ခံစဉ်) - သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)

၎။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သုမေဓာဘဝမှ ဝေသန္တရာမင်းအထိ

၅။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် - သတ္တဝါများ အကျိုးဆောင်ရန်

၆။ ပဋိသန္ဓေမယူမီဘဝ - သေတကေတုအမည်ရှိ နတ်သားဘဝ

၇။ ဘုရားဖြစ်ရန် ပဋိသန္ဓေယူရန် တောင်းပန်လျှောက်ထားသူ - စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာများ

၈။ ကြည့်ခြင်း၅ပါး - (၁)အခါကာလ (၂)ကျွန်း  (၃)အရပ် (၄)အမျိုး (၅)မယ်တော်၏အသက် (ဖွားမြင်ပြီး ၇-ရက်သာနေသူ)

၉။ နေပြည်တော် - ကပိလဝတ် (သက္ကလတိုင်း မဇ္စိုမဒေသ)

၁၀။ မိဘအမည် - သုဒ္ဓေါဓနမင်း၊ မာယာဒေဝီမိဖုရား

၁၁။ မိထွေတော် - ပဇာပတိဂေါတမီ

၁၂။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့

၁၃။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်၊ သောကြာနေ့

၁၄။ ဖွားမြင်ရာဌာန - လုမ္ဗိနီဥယျာဉ် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား

၁၅။ ဖွားဖက်တော်၇-ပါး - (၁)ညီတော်အာနန္ဒာ (၂) ဗောဓိပင် (၃)ကာဠုဒါယီအမတ် (၄)ယသောဓရာမိဖုရား (၅)ဆန္ဒအမတ် (၆)ရွှေအိုးကြီး၎-လုံး (၇)ကဏ္ဍကမြင်း

၁၆။ လူအမည် - သိဒ္ဓတ္ထ

၁၇။ ကြင်ယာတော် - ဘဒ္ဒကဉ္စန၊ ယသောဓရာ

၁၈။ သားတော် - ရာဟုလာ

၁၉။ ယောက်ဖတော် - ဒေဝဒတ်

၂၀။ နန်စံနှစ် - ၁၃-နှစ် စိုးစံသည်။ (၁၆-နှစ်မှ ၂၉-နှစ်အထိ)

၂၁။ နိမိတ်ကြီး၎ပါး - သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊

၂၂။ တောထွက်သောနေ့ - မဟာသက္ကရာဇ်၉၇-ခု

၂၃။ ဒုက္ကရစရိယာကျင့်သောနေရာ - ဥရုဝေလတော

၂၄။ ဒုက္ကရစရိယာကျင့်သောကာလ - ၆-နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခုနှစ်အထိ)

၂၅။ ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ်၁၀၃-ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့

၂၆။ ဘုရားဖြစ်ချိန်သက်တော် - ၃၅-နှစ်

၂၇။ ဘုရားဖြစ်ရာသက်တမ်း - ၁၀၀-တမ်း

၂၈။ အလုပ်အကျွေး - ပဉ္စဝဂ္ဂီငါးဦး(ကျင့်စဉ်ကာလ) ၊အာနန္ဒာ(ပရိနိဗ္ဗာန်စံအထိ)

၂၉။ တရားဦးဟောရာဒေသ - ဗာရာဏသီပြည်၊ မိဂဒါဝုန်တော

၃၀။ ပထမဦးဆုံးသာဝက - ပဉ္စဝဂ္ဂီငါးဦး

၃၁။ လက်ယာရံသာဝက - အရှင်သာရိပုတ္တရာ 

၃၂။ လက်ဝဲရံသာဝက - အရှင်မဟာမောဂ္ဂလာန်

၃၃။ နောက်ဆုံးကျွတ်သောသာဝက - သုဘဒ္ဒပရဗိုဇ် (ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ)

၃၄။ အဆုံးအမသာသနာသုံးရပ် - ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ

၃၅။ ကျင့်စဉ်သိက္ခာသုံးရပ် - သီလ၊ သမာဓိ၊ ပညာ

၃၆။ ချမှတ်သောလမ်းစဉ် - မဇ္စိုမပဋိပဒါ၊ မဂ္ဂင်လမ်းစဉ်

၃၇။ ပရိနိဗ္ဗာန်စံဝင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်၊ အင်္ဂါနေ့

၃၈။ တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်ကျော် ၁၂-ရက်၊ တနင်္ဂနွေနေ့ ။

ဖတ်ပြီးပါက share ပေးကြပါ @[336980756379454:274:Buddhism Beams(myanmar)] ကဆရာလုပ်လှချေလာ ဒါများ လူတိုင်သိတယ် မပြောပါနဲ့ တချို့တွေက သိပေမဲ့ မေ့နေကြတယ် တချို့က ဒါတောင် အပြည့်အစုံ မသိကြပါဘူး အထူးတဖြစ် လူငယ်လေးတွေပေါ့....

Like --->@[336980756379454:274:Buddhism Beams(myanmar)]
http://buddhismbeams.blogspot.com/
၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာရသေ့ဘဝ

၂။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရားမှ အစပြု၍ ကဿပ ဘုရားရှင်အထိ ၂၄-ဆူ

၃။ ပါရမီဖြည့်ဖကိ(ဗျာဒိတ်ခံစဉ်) - သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)

၎။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သုမေဓာဘဝမှ ဝေသန္တရာမင်းအထိ

၅။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် - သတ္တဝါများ အကျိုးဆောင်ရန်

၆။ ပဋိသန္ဓေမယူမီဘဝ - သေတကေတုအမည်ရှိ နတ်သားဘဝ

၇။ ဘုရားဖြစ်ရန် ပဋိသန္ဓေယူရန် တောင်းပန်လျှောက်ထားသူ - စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာများ

၈။ ကြည့်ခြင်း၅ပါး - (၁)အခါကာလ (၂)ကျွန်း (၃)အရပ် (၄)အမျိုး (၅)မယ်တော်၏အသက် (ဖွားမြင်ပြီး ၇-ရက်သာနေသူ)

၉။ နေပြည်တော် - ကပိလဝတ် (သက္ကလတိုင်း မဇ္စိုမဒေသ)

၁၀။ မိဘအမည် - သုဒ္ဓေါဓနမင်း၊ မာယာဒေဝီမိဖုရား

၁၁။ မိထွေတော် - ပဇာပတိဂေါတမီ

၁၂။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့

၁၃။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်၊ သောကြာနေ့

၁၄။ ဖွားမြင်ရာဌာန - လုမ္ဗိနီဥယျာဉ် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား

၁၅။ ဖွားဖက်တော်၇-ပါး - (၁)ညီတော်အာနန္ဒာ (၂) ဗောဓိပင် (၃)ကာဠုဒါယီအမတ် (၄)ယသောဓရာမိဖုရား (၅)ဆန္ဒအမတ် (၆)ရွှေအိုးကြီး၎-လုံး (၇)ကဏ္ဍကမြင်း

၁၆။ လူအမည် - သိဒ္ဓတ္ထ

၁၇။ ကြင်ယာတော် - ဘဒ္ဒကဉ္စန၊ ယသောဓရာ

၁၈။ သားတော် - ရာဟုလာ

၁၉။ ယောက်ဖတော် - ဒေဝဒတ်

၂၀။ နန်စံနှစ် - ၁၃-နှစ် စိုးစံသည်။ (၁၆-နှစ်မှ ၂၉-နှစ်အထိ)

၂၁။ နိမိတ်ကြီး၎ပါး - သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊

၂၂။ တောထွက်သောနေ့ - မဟာသက္ကရာဇ်၉၇-ခု

၂၃။ ဒုက္ကရစရိယာကျင့်သောနေရာ - ဥရုဝေလတော

၂၄။ ဒုက္ကရစရိယာကျင့်သောကာလ - ၆-နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခုနှစ်အထိ)

၂၅။ ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ်၁၀၃-ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့

၂၆။ ဘုရားဖြစ်ချိန်သက်တော် - ၃၅-နှစ်

၂၇။ ဘုရားဖြစ်ရာသက်တမ်း - ၁၀၀-တမ်း

၂၈။ အလုပ်အကျွေး - ပဉ္စဝဂ္ဂီငါးဦး(ကျင့်စဉ်ကာလ) ၊အာနန္ဒာ(ပရိနိဗ္ဗာန်စံအထိ)

၂၉။ တရားဦးဟောရာဒေသ - ဗာရာဏသီပြည်၊ မိဂဒါဝုန်တော

၃၀။ ပထမဦးဆုံးသာဝက - ပဉ္စဝဂ္ဂီငါးဦး

၃၁။ လက်ယာရံသာဝက - အရှင်သာရိပုတ္တရာ

၃၂။ လက်ဝဲရံသာဝက - အရှင်မဟာမောဂ္ဂလာန်

၃၃။ နောက်ဆုံးကျွတ်သောသာဝက - သုဘဒ္ဒပရဗိုဇ် (ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ)

၃၄။ အဆုံးအမသာသနာသုံးရပ် - ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ

၃၅။ ကျင့်စဉ်သိက္ခာသုံးရပ် - သီလ၊ သမာဓိ၊ ပညာ

၃၆။ ချမှတ်သောလမ်းစဉ် - မဇ္စိုမပဋိပဒါ၊ မဂ္ဂင်လမ်းစဉ်

၃၇။ ပရိနိဗ္ဗာန်စံဝင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်၊ အင်္ဂါနေ့

၃၈။ တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်ကျော် ၁၂-ရက်၊ တနင်္ဂနွေနေ့ ။

ဖတ်ပြီးပါက share ပေးကြပါ Buddhism Beams(myanmar) ကဆရာလုပ်လှချေလာ ဒါများ လူတိုင်သိတယ် မပြောပါနဲ့ တချို့တွေက သိပေမဲ့ မေ့နေကြတယ် တချို့က ဒါတောင် အပြည့်အစုံ မသိကြပါဘူး အထူးတဖြစ် လူငယ်လေးတွေပေါ့....

Like --->Buddhism Beams(myanmar)
http://buddhismbeams.blogspot.com/

ခဝဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကလေးတွေက စားလို့ အရသာမရှိဆုံး ဟင်းသီးဟင်းရွက်ပဲလို့ ပြောလေ့ရှိတဲ့ အသီးက ခဝဲသီးပါ။
ခဝဲသီးရဲ့ အရသာကအလွန်မကောင်းဘူး ဆိုပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ အများကြီး ပေးနိုင်ပါတယ်။

(၁) အာဟာရဓာတ် အစုံအလင်ပေးပါတယ်
ခဝဲသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)ဓာတ်၊ သိုင်ယာမင်ဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာပါဝင်မှုများပြီး အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။

(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းပြီး အမျှင်ဓာတ်များများ ပါဝင်တာကြောင့် ကိုယ်အလေးချိန် အမြန်လျော့ကျလိုသူတွေအတွက်သင့်တော်တဲ့အစားအစာပါ။ခဝဲသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဗိုက်ပြည့်စေတဲ့အစာဖြစ်ကာ ကယ်လိုရီများတဲ့ တခြားအစာတွေကို လျှော့စားဖြစ်စေပါတယ်။

(၃) အသားဝါဖြစ်နှုန်းကို သက်သာစေပါတယ်။
ခဝဲသီးအရည်ကို အသားဝါ ဖြစ်နေသူတွေက သဘာဝအိမ်သုံးအစာ တစ်မျိုးအဖြစ် သုံးကြပါတယ်။ ခဝဲသီးကို အရည်ညှစ်ပြီးသန့်စင်တဲ့ ပိတ်စတစ်စနဲ့ စစ်ယူပြီး သောက်လေ့ရှိကြပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

(၄) သွေးသန့်စေပါတယ်။
ခဝဲသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အစွမ်းရှိတာကြောင့် အရက်ကြောင့် အဆိပ်ဖြစ်မှုကနေ အသည်းကို
ကာကွယ်ပေးပါတယ်။

(၅) သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။
ခဝဲသီးမှာ အင်ဆူလင်နဲ့ တူတဲ့ ပက်တိုက်တွေဖြစ်တဲ့ alkaloids နဲ့ charantinတို့ ပါဝင်တာကြောင့် အင်ဆူလင်အဆင့်ကိုပြောင်းလဲစေတာမျိုးမရှိဘဲ သွေးတွင်းသကြားဓာတ်နဲ့ဆီးထဲကသကြားဓာတ်ကို လျော ကျစေပါတယ်။

(၆) အစာအိမ်အတွက် ကောင်းပါတယ်။
ခဝဲသီးမှာပါတဲ့ Cellulose တွေက ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး လိပ်ခေါင်း ကုသရေးမှာ ပါဝင်ကူညီပေးနေပါတယ်။

(၇) အသားအရေကို ကျန်းမာလှပစေပါတယ်။
ခဝဲသီးကိုအခြောက်ခံထားပြီး ရေမြှုပ်အဖြစ်အသုံးပြုကာ ရေချိုးတဲ့အခါ ကြေးချွတ်ပစ္စည်းအနေနဲ့ ပွတ်တိုက်ပေးပါ။
ခဝဲသီးခြောက် ရေမြှုပ်ဟာအရေပြားပေါ်ကဆဲလ်သေတွေကိုကွာကျစေတာကြောင့်အသားအရေကို ချောမွေ့
စပြီး နူးညံ့တောက်ပြောင်စေပါတယ်။အရေပြားကိုကျန်းမာအောင်နဲ့ပိုမိုဝင်းပလာအောင်လှုံ့ဆော်ပေးနိုင်ပါ
တယ်။
ခဝဲသီးရဲ့သွေးသန့်စင်စေတဲ့ အာနိသင်ကြောင့် ဝက်ခြံနဲ့ အဖုအပိမ့်တွေကို ကင်းစေကာ ခန္ဓာကိုယ် အနံ့ဆိုးတွေ ကင်းစေပါတယ်။
ခဝဲသီးရေမြှုပ်ကို စနစ်တကျ သန့်စင်မှု မလုပ်ရင် မှိုတွေ ပေါက်နိုင်ပါတယ်။ ဒါကြောင့် ရေချိုးပြီးတိုင်း ခဝဲသီးရေမြှုပ်မှာကပ်ကျန်နေတဲ့ဆပ်ပြာနဲ့ ရေတွေကိုသန့်စင်သွားအောင်ခါချပြီး လေသလပ်ခံကာ
ခြောက်အောင် ထားရပါမယ်။

(၈) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
ခဝဲသီးဖျော်ရည် တစ်ဖန်ခွက်ကို တခြား ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီးနံနက်စောစောမှာ သောက်ပေးရင်
ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေပြီး တခြားရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပါတယ်။
ကြယ်စင်
Ref: Good Health

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A508822&xgs=1&xg_source=msg_share_post

အရက်သောက်တဲ့အခါ သိထားရမဲ့ အရက်အကြောင်း

လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့်အစာအိမ်တို့မှစုပ်ယူပါတယ်။ပျမ်းမျှအားဖြင့်အူသိမ်တွင် သွေးလည်ပတ်မှုအားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။Alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။

ကိုယ်အလေးချိန်
သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။

အမျိုးသားနဲ့ အမျိုးသမီး
အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေလောက်မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊သန္ဓေတားဆေး သောက်သုံးထားခြင်းများအပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။

အစားအသောက်
အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။

စိတ်ခံစားမှု
အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်

သောက်သည့် ပမာဏ
နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။

အရက်အမျိုးအစား
အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။
Alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ၀မ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။
သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
Alcoholသည်

အဆင့် (၁)
သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်
ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်းမိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်းစကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်းသက်တောင့်သက်သာ ရှိနေခြင်း
စိတ်ဖိစီးမှုများ လျော့နည်းလာခြင်းမိမိကိုယ်ကိုယုံကြည်စိတ်လွန်ကဲနေတတ်ခြင်းလူမှုရေးအရှုပ်အထွေးများ ဖြစ်ပေါ်စေရနအားပေးခြင်း တို့ဖြစ်သည်။

အဆင့်(၂)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နိုင်တော့ခြင်း။အာလေးလျှာလေး ဖြစ်လာခြင်း။သတိလက်လွတ်စကားများ ပြောတတ်လာခြင်း။ ကိုယ်နေဟန်ချက်ကိုမထိန်းနိုင်တော့ခြင်း။အာရုံစိုက်၍အသေးစိတ်လုပ်ရသောလုပ်ငန်းများကိုမလုပ်နိုင်တော့ခြင်း။မိမိကိုယ်ကိုမထိန်း
သိမ်းနိုင်တော့ခြင်း။စိတ်လိုက်မာန်ပါလုပ်ကိုင်လာခြင်း၊ရုပ်ရင်းကြမ်းတမ်းလာခြင်းသူငယ်အိမ်ကျယ်လာခြင်း။ လျှာခြောက်လာခြင်း ။ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။

အဆင့် (၃)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်>နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။သား ငယ်အိမ်ကျဉ်းလာခြင်း။ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။နူတ်တ်ခမ်းများ ပြာလာခြင်း။ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။
ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။
ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။ တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။

1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )
1 drink= ၀ိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊
သက်တောင့် သက်သာရှိခြင်း၊
ကားမောင်း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း
တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း

နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
အာလေး လျှာလေးဖြစ်လာခြင်း
အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊
တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း
စိတ်ဓါတ် တက်ကြွလာခြင်း
ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊
အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း

နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း

လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိုးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။

လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း
ခံစားချက်မဲ့သွားခြင်း သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့် ပျော်ရွှင်ချင်လို့ ဒါမှမဟုတ် မဖြစ်မနေမို့ အရက်သေစာကို သောက်သုံးရမည့် သူများ သောက်သုံးလျှင် ကိုယ့် အတိုင်းအတာကို ကိုယ်သိနိုင်ပြီး ၊ မလိုလားအပ်သော လူမှုရေး၊ စီးပွားရေး အရှုပ်အထွေးများမှ ကင်းရှင်းနိုင်ဖို့ လက်ဆောင် တခုအနေနဲ့ပေးလိုက်ပါတယ်။
source>>http://lapyaelynn.blogspot.com/2010/04/blog-post_7687.html
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_15.html#more

အာဟာရဓာတ်များမဆုံးရှုံးစေရန် ချက်ပြုတ်နည်း

အစားအသောက်တွေကို အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက်ရာမှာ မူလအရင်းမြစ် အာဟာရတွေ ဆုံးရှုံးမသွားအောင် ချက်ပြုတ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆန်
ဆန်ကို ရေနဲ့ အကြာကြီး ပွတ်တိုက်ဆေးကြောခြင်း မလုပ်ပါနဲ့။ ရေနဲ့ အထပ်ထပ်အကြိမ်ရေများများ ဆေးကြောတာကြောင့် ဆန်မှာပါဝင်တဲ့ ဗီတာမင် ဘီ-ဝမ်းဓာတ်

ကလေးငယ်များအား အော်ငေါက်ခြင်းနှင့် ရိုက်နှက်ခြင်းများ ပြုလုပ်လျှင် ကျန်းမာရေးထိခိုက်နိုင်

ကလေးငယ်များအား အော်ငေါက်ခြင်းနှင့် ရိုက်နှက်ခြင်းများ ပြုလုပ်လျှင် ကျန်းမာရေးထိခိုက်နိုင် …………….

ဆေးပညာရှင် သုတေသီများ၏ လေ့လောတွေ့ ရှိချက်အသစ်များအရ ကလေးငယ်များကို ရိုက်နှက်ခြင်းများပြုလုပ်လျှင် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်သည်အထိ ဆိုးကျိုးရှိကြောင့် လေ့ လောတွေ့ ရှိရသည် ။

အော်ငေါက်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ သည် ကလေးငယ်များအားရုပ်ပိုင်ဆိုင်ရာ များစွာထိခိုက်စေခြင်း မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများစွာ ဖြစ်ပေါ်စေသည့် အတွက်အသက်အရွယ်ကြီးရင့်လာသည့်အခါတွင် ကင်ဆာ ၊ နှလုံး နှင့် ပန်းနာရင်ကြပ်ရောဂါများ ဖြစ်ပေါ်စေခြင်းဖြစ်သည် ။

စိတ်ဖိစီးမှုမြင့်မားပါက ဇိဝကမ္မဆိုင်ရာပြောင်းလဲကာ ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း ပလိုင်းမောက် တက္ကသိုလ်မှ စိတ်ပညာရှင်သုတေသီများက လေ့လာတွေ့ ရှိခဲ့သည် ။
ဆော်ဒီအာရေဗျရှိ လူ ၇၀၀ ဦးအား လေ့လာခဲ့ပြီးနောက်တွင် ဌင်းတွေ့ ရှိချက်ကို သုတေသီများက အတည်ပြုနိုင်ခဲ့ကြောင်း သိရသည် ။News
ဆေးပညာရှင် သုတေသီများ၏ လေ့လောတွေ့ ရှိချက်အသစ်များအရ ကလေးငယ်များကို ရိုက်နှက်ခြင်းများပြုလုပ်လျှင် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်သည်အထိ ဆိုးကျိုးရှိကြောင့် လေ့ လောတွေ့ ရှိရသည် ။

အော်ငေါက်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ သည် ကလေးငယ်များအားရုပ်ပိုင်ဆိုင်ရာ များစွာထိခိုက်စေခြင်း မရှိသော်လည်
း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများစွာ ဖြစ်ပေါ်စေသည့် အတွက်အသက်အရွယ်ကြီးရင့်လာသည့်အခါတွင် ကင်ဆာ ၊ နှလုံး နှင့် ပန်းနာရင်ကြပ်ရောဂါများ ဖြစ်ပေါ်စေခြင်းဖြစ်သည် ။

စိတ်ဖိစီးမှုမြင့်မားပါက ဇိဝကမ္မဆိုင်ရာပြောင်းလဲကာ ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း ပလိုင်းမောက် တက္ကသိုလ်မှ စိတ်ပညာရှင်သုတေသီများက လေ့လာတွေ့ ရှိခဲ့သည် ။
ဆော်ဒီအာရေဗျရှိ လူ ၇၀၀ ဦးအား လေ့လာခဲ့ပြီးနောက်တွင် ဌင်းတွေ့ ရှိချက်ကို သုတေသီများက အတည်ပြုနိုင်ခဲ့ကြောင်း သိရသည် ။News

Wednesday, November 14, 2012

ဆောင်းရာသီတွင် ဖြစ်တက်သည့် ခြေဖနောင့်ကွဲအက်ခြင်း

ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့
လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။

စတင်ဖြစ်ပေါ်လာခြင်း ….
ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

လွဲမှားစွာလုပ်ဆောင်ခြင်း ………….
လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ ကွဲနေသော ခြေဖနောင့်နေရာကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုးတို့ ဖြင့် ပွတ်တိုက်ခြင်းကို ပြုလုပ်ကြပါတယ် ဒီလို လုပ်ဆောင်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာတွင် သွေးစိမ်းများ စိမ့်ထွက်လာပြီး ပိုးကို အလွယ်တကူဝင်ရောက် ရောင်ရမ်းလာနိုင်ပါစေတယ် ကုသခြင်းလည်း ကြာပြီး လမ်းလျှောက်သည့်အခါတွင် ပိုမိုဆိုးရွားစွာ ခံစားမှု့ ဖြစ်ပေါ်စေပြီး ရောင်ရမ်းနာကျင် လာစေပါတယ် ဒါကိုတော့ အထူးသတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက်တရပ်ဖြစ်ပါတယ် ။

ကုသနည်း ..........
အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။

ထပ်မံပြီးတော့လည်း ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။
ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။

ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။
ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်းမကြီးဘဲ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း အဆင့် .........
ဖြစ်ပေါ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်လို့ လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ဖော်ပြပါ ဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။

စားသင့်သော အစားအသောက်များ ……………..
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။
တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။
ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။

အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။
ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။
ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။
ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။
ရေချိုးပြီးတိုင်း ခြေထောက်ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
အရေပြား ခြောက်သွေ့အက်ကွဲခြင်းများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့်လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးထားပေးရပါမယ်။ဆောင်းရာသီတွင် ရေသောက်နည်းတတ်ပါတယ် ဒါကြောင့် ရေသောက်ခြင်းကို များများ သောက်ပေးပါလို့  အကြံ့ ပြု့ ရေးသားရင်း ….နာကျင်မဲ့စွာ လျှောက်လှမ်းနိုင်သော ခြေလှမ်းလေးများဖြစ်ကြပါစေ ။
 
from: facebook

ကိုယ်ဝန်ဆောင် အမျိုးသမီးများ မိုဘိုင်းဖုန်းသုံးလျှင် ဓါတ်ရောင်ခြည်လှိုင်းများကြောင့် သန္ဓေသားထိခိုက်စေနိုင်……….

ကိုယ်ဝန်ဆောင် အမျိုးသမီးများ မိုဘိုင်းဖုန်းသုံးလျှင် ဓါတ်ရောင်ခြည်လှိုင်းများကြောင့်  သန္ဓေသားထိခိုက်စေနိုင်……….

သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်အရ မိုဘိုင်းဖုန်းများအသုံးပြု ခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအားထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြသည်။

ရေးစ်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ ကိုယ်ဝန်ဆောင်ထားသည့် ကြွက်များအား မိုဘိုင်းဖုန်းလှိုင်းရောင်ခြည်များ သင့်စေသော နေရာတွင် ထားသောအခါ မွေးဖွားသော သန္ဓေ သားအား ဦးနှောက်ဖွံ့ ဖြိုးမှုများ ထိခိုက်မှုဖြစ်စေနိုင်သည် ။

မိုဘိုင်းဖုန်း သုံးစွဲခြင်း အပြင် မိုဘိုင်းဖုန်းနှင့် ဝေးသောနေရာတွင်လည်း လှိုင်းရောင်ခြည်များ မသင့်စေရန် နေထိုင်သင့်ကြောင့် ဆေးဘက်ပါရဂူ တစ်ဦးဖြစ်သူ ဒေါက်တာ ဟတ်တေလာက ပြောကြားသည် ။
၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က မိုဘိုင်းဖုန်းသည် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ခဲ့သည် ။

ပြင်သစ်နိုင်ငံသည်လည်း ကလေးငယ်များ မိုဘိုင်းဖုန်းသုံးစွဲပါက ထိခိုက်စေနိုင်သောကြောင့် ကြော်ငြာခွင့်ကိုပင် ပိတ်ပင်ထားသည်ဟု သိရသည် ။News
သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်အရ မိုဘိုင်းဖုန်းများအသုံးပြု ခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအားထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြသည်။

ရေးစ်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ ကိုယ်ဝန်ဆောင်ထားသည့် ကြွက်များအား မိုဘိုင်းဖုန်းလှိုင်းရောင်ခြည်များ သင့်စေသော နေ
ရာတွင် ထားသောအခါ မွေးဖွားသော သန္ဓေ သားအား ဦးနှောက်ဖွံ့ ဖြိုးမှုများ ထိခိုက်မှုဖြစ်စေနိုင်သည် ။

မိုဘိုင်းဖုန်း သုံးစွဲခြင်း အပြင် မိုဘိုင်းဖုန်းနှင့် ဝေးသောနေရာတွင်လည်း လှိုင်းရောင်ခြည်များ မသင့်စေရန် နေထိုင်သင့်ကြောင့် ဆေးဘက်ပါရဂူ တစ်ဦးဖြစ်သူ ဒေါက်တာ ဟတ်တေလာက ပြောကြားသည် ။
၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က မိုဘိုင်းဖုန်းသည် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ခဲ့သည် ။

ပြင်သစ်နိုင်ငံသည်လည်း ကလေးငယ်များ မိုဘိုင်းဖုန်းသုံးစွဲပါက ထိခိုက်စေနိုင်သောကြောင့် ကြော်ငြာခွင့်ကိုပင် ပိတ်ပင်ထားသည်ဟု သိရသည် ။
 
from: facebook

အနှီးဖြင့်တင်းကျပ်စွာထုပ်ခြင်းကြောင့် ကလေးများ တင်ပါးဆိုင်ရာဝေဒနာများ ခံစားရနိုင်

ကလေးများကို အနှီးဖြင့်ထုပ်ပိုးရာတွင် တင်းကျပ်စွာ ထုပ်ပိုးခြင်း မပြုမိအောင် သတိထားရမည်ဟု သုတေသနပညာရှင်တို့က အကြံပေးထားသည်။ ကလေးများကို အနှီးဖြင့် ထုပ်ပိုးသည့်အခါများတွင် ကလေးများ၏ ခြေထောက်များနှင့်တင်ပါးများ လွတ်လပ်စွာလှုပ်ရှားနိုင်အောင် ထုပ်ပိုးသင့်သည်ဟု အကြံပြုထားကြသည်။
သို့မှသာ ကလေးငယ်တို့သည် ပေါ့ပေါ့ပါးပါး နေထိုင်နိုင်ကြပြီး တင်ပါးဝေဒနာများကို ခံစားရခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း သိရသည်။ ကလေးငယ်များကို အနှီးဖြင့် တင်းကျပ်စွာထုပ်ပိုးခြင်း၏ အကျိုးဆက်များ အတော်လေးဆိုးရွားသည်ဟုလည်း သုတေသနပညာရှင်တို့က ပြောကြားထားသည်။ ကလေးငယ်တို့ကို အနှီးဖြင့် တင်းကျပ်စွာ ထုပ်ပိုးခြင်းကြောင့် ကလေးငယ်တို့၏ ခြေထောက်ကိုထိခိုက်စေပြီး ခြေဆာစေနိုင်ကြောင်း သိရသည်။ ထို့အပြင် အဆစ်ရောင်ရောဂါများကိုလည်း ခံစားရနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မိဘနှင့်ကလေးထိန်းတို့သည် ကလေးများကို အနှီးဖြင့် ထုပ်ပိုးသည့်အခါများတွင် တင်းတင်းကျပ်ကျပ်ကြီး ထုပ်ပိုးခြင်းမပြုမိစေရန် သတိထားရမည်ဟု သုတေသနပညာရှင်တို့က သတိပေးထားခြင်းဖြစ်သည်။
ဒေါက်တာပီတာဝါတာက “ယဉ်ကျေးမှုအများအပြားနဲ့ အမေရိကရဲ့ ကြီးထွားလာနေတဲ့ အမေရိကန်ယဉ်ကျေးမှုမှာ ကလေးတွေကို အနှီးနဲ့ တင်းတင်းရင်းရင်း ထုပ်ပိုးလေ့ရှိပါတယ်။ ဒါဟာ မကောင်းပါဘူး။ ကလေးတွေကို ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရစေနိုင်ပါတယ်။ တင်ပါးနဲ့ ခြေထောက်တွေကို ထိခိုက်စေနိုင်ပြီး လူကြီးဘဝအထိ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်"ဟု ဆိုထားသည်။
ကလေးငယ်တို့ကို ပြုစုပျိုးထောင်ရာတွင် အချက်အလက်များကို အာရုံစိုက်နေကြသောကြောင့် ဆေးပညာရှင်တို့အပါအဝင် မိဘများသည် ယခုလိုကိစ္စများကို သတိထားမိခြင်းမရှိဘဲ ဖြစ်နေကြသည်။
Ref : Messenger
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A497817&xgs=1&xg_source=msg_share_post

ကျန်းမာရေးအတွက် အဘယ်ကြောင့် လမ်းလျှောက်ရန် လိုသနည်း

လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။
ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေ တယ်လို့ သိရပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပြီး ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေကို
ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။
 ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် အကျိုးပေးမှုတယ်လို့
လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။(ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှုအား ကောင်းစေခြင်း စသည်ဖြင့်......)

ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေမှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။

Via: General Knowledge

(ခြေဖဝါး ကျန်းမာရေးနဲ့ ပက်သက်ပြီး သိထားတဲ့ ဗဟုသုတလေးများရှိရင် စာဖတ်သူတို့ Share ပေးစေလိုပါတယ်)
 ရှေးရှေးက ဘိုး၊ဘွား တွေ အုန်းမုတ်ခွက် ၂ ခုကိုမှောက်ပြီး တက်နင်းပေးရင်း ကျန်းမာရေးအထူးကောင်မွန်ကြောင်း မြန်မာ့နည်းလေးတစ်ခု ကျွန်တော်ကြားဖူးပါတယ်။
                                                                         
အဆုတ် ကျန်းမာရေးကောင်းလျှင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်

လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက် ကောင်းမွန်စွာ စားသုံးခြင်း၊ ဆေးလိပ် မသောက်ခြင်းတို့ဖြင့် အဆုတ်ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်း ထားနိုင်သူများသည် အသက်ကြီးရင့်လာချိန်မှာပင် ပြဿနာများကို ဖြေရှင်းနိုင်သော စွမ်းရည်ရှိသည်ဟု အမေရိကန် သုတေသီများက ပြောကြားသည်။ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ချားလ်စ်အီမာရီနှင့် အဖွဲ့သည် နှစ်ပေါင်း ၂၀ ကျော် သုတေသနပြုလုပ်ခဲ့သော ဆွီဒင်နိုင်ငံမှ စာတမ်းတစ်ခု၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြသည်။ ယင်းလေ့လာချက်အရ အဆုတ်၏ စွမ်းရည်များ ကျဆင်းလာပါက လူတစ်ယောက် အသက်ကြီးလာသည်နှင့် အမျှ ဦးနှောက်၏ ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် အလုပ် လုပ်နိုင်စွမ်း အရှိန်အဟုန် လျော့ကျလာကြောင်း တွေ့ရှိခဲ့ရသည်ဟု သုတေသီချားလ်စ်က စိတ်ပညာဆိုင်ရာ ဆေးသိပ္ပံဂျာနယ်တွင် ရေးသား ဖော်ပြသည်။ “ကျိုးကြောင်း ဆက်စပ် ကောက်ချက်ချလို့ ရတာကတော့ အဆုတ်ကျန်းမာရေးကို ထိန်းသိမ်းထားခြင်းအားဖြင့် ဦးနှောက်ရဲ့ အလိုအလျောက် မှတ်ဉာဏ်စနစ်ကို အကျိုးရှိစေနိုင်တယ်။ ဆေးလိပ်ဖြတ်တာနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်တာကတော့ အခြေခံကျတဲ့ နည်းလမ်းနှစ်ခုပေါ့။ အာဟာရရှိအောင် စားတာနဲ့ လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်နဲ့ အတတ်နိုင်ဆုံး မထိတွေ့အောင် ရှောင်ရှားတာလည်း အရေးပါပါတယ်” ဟု သုတေသီများက စာတမ်းတွင် ရေးသား ဖော်ပြထားသည်။

(အစာနှင့်ဓာတ်မတည့်ခြင်း)Food allergy

By Nang Kha Yea on 02.11.2012

အစားအစာနှင့် ဓာတ်မတည့်ခြင်းဟူသော ပြသနာသည် အလွန် အရေးကြီးသော ကျန်းမာ ရေး ပြသနာ တစ်ခုလို့  ဆိုနိုင်ပါတယ်။

အစားအစာတစ်ခုကို စားလိုက်တဲ့အခါ အဲဒီလူရဲ့ ခုခံအားစနစ်က တုံ့ပြန် တိုက်ခိုက်မှု ဖြစ်လာစေခဲ့လျှင် အဲဒါကို အစားအစာနှင့် ဓာတ်မတည့်ခြင်း Food Allergy လို့  ခေါ်ပါ တယ်။

ဓာတ်မတည့်မှု ဖြစ်စေသော အစားအစာထဲမှာ ပါဝင်နေတဲ့ အသားဓာတ် ပရိုတိန်းကြောင့် ဓာတ်မတည့်သည့် ပြသနာများ ဖြစ်ပေါ် လာရခြင်း ဖြစ်တယ်။ အဲဒီ အသားဓာတ်ကို Food Allergy လို့ ခေါ်တယ်။

Antibody ဆိုတာကတော့ ခန္ဓာကိုယ်မှ ထုတ်လုပ်သော အသားဓာတ် တစ်မျိုး ဖြစ်ပြီး ပြင်ပ မှ ၀င်လာသော ပစ္စည်း Allergen ကို ဖျက်ဆီးပေးသော ပစ္စည်း ဖြစ်ပါတယ်။

ခုခံအားစနစ်ထဲမှာ ပါဝင်သော ကလာပ်စည်းများသည် ဓာတ်မတည့်မှု ဖြစ်ပေါ်တဲ့အခါ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ သွေးကြော များအား ကျယ်စေခြင်း၊ အဖုအပိမ့်များထခြင်း၊ သွေးဖိအားများ ကျစေခြင်း တို့ ကို ဖြစ်စေသော ပစ္စည်းတစ်ခု ထုတ်လုပ် ပါတယ်။ အဲဒီပစ္စည်းကို Histamine လို့ ခေါ်ပါတယ်။

အစားအစာနှင့် ဓာတ်မတည့် ဖြစ်ခြင်းကို ကမ္ဘာပေါ်ရှိ လူအများစု ခံစားရလေ့ရှိပါတယ်။ ကိန်းဂဏန်းအရ ပြောရလျှင် အမေရိကန် နိုင်ငံသားများအတွင်း လူ ၁၀၀ လျှင် ၁ ယောက် မှ ၂ ယောက်သည် အစားအစာနှင့် ဓာတ်မတည့်မှု ပြသနာကို ခံစားနေရပါတယ်။

ဒီနေရာမှာ Food intolerance ဆိုတဲ့ စကားလုံးလည်း ရှိပါသေးတယ်။ ဒီမှာတော့ အဲဒီ အစာကို စားမိတဲ့သူဟာ ဓာတ်တုံ့  ပြန်မှု တွေ ဖြစ်သော်လည်း ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ထိခိုက်ခြင်း မရှိပါဘူး။ ဒါကြောင့် food allergy နဲ့  food intolerance ကို ခွဲခြား သိဖို့  လိုပါတယ်။

နမူနာအားဖြင့် ပြောရလျှင် အချို့ သောသူများ ဥပမာ အာရှတိုက်မှ လူအများစုသည် နွားနို့ ကိုသောက်လျှင် ၀မ်းပျက်တတ်ပါတယ်။ ဒါဟာ နွားနို့ ထဲမှာ ပါဝင်သော Lactose လက်တို့ စ် ဆိုတဲ့ ပစ္စည်းကို ခံနိုင်ရည် မရှိလို့  ဖြစ်ပါတယ်။ အဲဒီလူတွေမှာ လက်တို့ စ်ကို ချေဖျက် နိုင်သည့် အင်ဇိုင်း မရှိသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နွားနို့ နှင့် နို့ ထွက်ပစ္စည်းများ ကို စားမိတဲ့အခါ လေပွခြင်း၊ ဗိုက်အောင့်သလို ဖြစ်ခြင်း၊ ဗိုက်ကယ်ခြင်း၊ ၀မ်းပျက်ခြင်း စတဲ့ လက္ခဏာများ ခံစားရခြင်း ဖြစ်ပါတယ်။

အလားတူပဲ ဒိန်ခဲနှင့် ၀ိုင်နီထဲမှာပါသော တိုင်ရာမင်း Tyamine ကြောင့် အဲဒီ အစားအစာ တွေကို စားသောက်မိတဲ့လူတွေဟာ ခေါင်းကိုက် ဝေဒနာကို ခံစားရတတ်ပါတယ်။

Food Allergy မှာကတော့ ခုခံအားစနစ်ကို ထိခိုက်စေတဲ့အတွက်ကြောင့် တုံ့ ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ Histamine ဟူသော ဓာတ်ပစ္စည်း ထွက်လာပါတယ်။ ခန္ဓာကိုယ် အတွင်း Histamine ထွက်စေသော ကလပ်စည်းများ Mast cell အတွေ့ ရများတဲ့ နေရာ များကတော့ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်၊ အရေပြား၊ အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက် ဖြစ်ပါတယ်။

ဒါကြောင့် Food Allergy ဖြစ်တဲ့အခါ အဲဒီနေရာတွေမှာ Histamine တွေ ထွက်လာတဲ့ အတွက်ကြောင့် အမျိုးမျိုးသော ဝေဒနာ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ပါးစပ်
လျှာနှင့် နှုတ်ခမ်းများ ရောင်ရမ်းခြင်း၊ နှုတ်ခမ်းများ ယားယံခြင်း

အသက်ရှုလမ်းကြောင်း
တရွှီရွှီ မြည်သံ ကြားရခြင်း၊ အသက်ရှု ခက်ခဲခြင်း၊ ပန်းနာ ရင်ကျပ် သဘောမျိုး ခံစားရခြင်း၊

အစာခြေ လမ်းကြောင်း
ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ၀မ်းလျှောခြင်း

အရေပြား
အဖုအပိမ့်များထခြင်း၊ အနီကွက်များ ထခြင်း၊ ယားယံခြင်း၊ ၀ဲနှင်းခူလို ပုံစံမျိုး ခံစားရခြင်း၊

Food Allergy ဖြစ်ပြီး အဆိုးဆုံး တုံ့ ပြန်မှုကတော့ Anaphylaxis ဟုခေါ်သော အသက် အန္တရာယ် ဖြစ်စေနိုင်တဲ့ သွေးလန့် ခြင်း လက္ခဏာ ဖြစ်ပါတယ်။ ဒီအခြေအနေ ရောက်သွား ရင် နှလုံးနဲ့  ခန္ဓာကိုယ် အနှံ့အပြားကို ထောက်ပံ့ပေးနေသော အောက်စီဂျင် လျော့နည်း သွားပါတယ်။

ဒါကြောင့် အသက်ရှုမ၀ဖြစ်ခြင်း၊ ခက်ခဲခြင်း၊ သွေးဖိအား ကျဆင်းခြင်း၊ အရေပြား ဖြူဖျော့ သွားခြင်း၊ လက်ကောက်ဝတ် သွေးခုန်မှု အားပျော့ပြီး မြန်ဆန်ခြင်းနှင့် သတိလစ်ခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။ ဒီဓာတ်တုံ့ ပြန်မှုဟာ စက္ကန့် အနည်းငယ်မှ မိနစ်ပိုင်းအတွင်း ချက်ချင်း ဖြစ်ပေါ်ပြီး ဆေးကုသမှု ချက်ချင်း မခံယူနိုင်ခဲ့လျှင် အသက် ဆုံးရှုံးစေနိုင်ပါတယ်။

ဒါကြောင့် အစားအစာနှင့် ဓာတ်မတည့်ခြင်း ဟူသော ပြသနာသည် အလွန် အရေးကြီး သော ကျန်းမာရေး ပြသနာ တစ်ခုလို့  ဆိုနိုင်ပါတယ်။

Food Allergy ဖြစ်စေမှု ၉၀% ကို ပေးသော အစားအစာ () မျိုးရှိပါတယ်။ ၄င်းတို့ မှာ
(၁) ဥများ
(၂) ငါး
(၃) နို့ 
(၄) မြေပဲ
(၅) အကြေးခွံပါသောငါး
(၆) ပဲပုပ်
(၇) အစေ့ အဆန်များ
(၈) ဂျုံတို့  ဖြစ်ပါတယ်။

အဲဒီအထဲမှာ ကလေးများကို ဓာတ်မတည့်ခြင်း အဖြစ်များစေတဲ့ အစားအစာများကတော့ ဥ၊ နွားနို့ နှင့် မြေပဲတို့  ဖြစ်ပါတယ်။

Ref:>> မွေးနေ့ဆုမွန်
source>>>http://natureenergycare.blogspot.com/2012/11/blog-post_6003.html#more

အိမ်မှာလွယ်လွယ်ရှင်းနိုင်သောပြဿနာအချို့

အစာမကြေ ခြင်း စမုန်စပါးစားပါ 

စမုန်စပါးမှာဗိုက်ပွတာ၊ဗိုက်နာတာ၊လေပွတာ၊ရင်ပူတာတွေကိုသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။သင်က
အစာမကြေဖြစ်လွယ်သူဆိုရင်အစာစားပြီးတဲ့အခါစမုန်စပါးဝါးစားပေးပါ။

ခံတွင်းနံ့နံခြင်းဒိန်ချဉ်သောက်ပါ

ခံတွင်းမှာအနံ့အသက်ကင်းစင်ချင်ရင်အကောင်းဆုံးလုပ်ဆောင်သင့်တာကဒိန်ချဉ်သောက်ပေးပါ။

ဒိန်ချဉ်သောက်တာကြောင့်ခံတွင်းမှာဟိုက်ဒရိုဂျင်ဆာလဖိုက်ကိုလျော့ ချပေးနိုင်တာကြောင့်ခံတွင်းအနံ့

မနံ့စေတာလို့သိရပါတယ်။သစ်သီးနဲ့ရောတဲ့ဒိန်ချဉ်အစားရိုးရိုးဒိန်ချဉ်ကိုသာသောက်သုံးပေးသင့်ပါတယ်။
 
နေလောင်ခြင်းနွားနို့အသုံးပြုပါ

သင့်ရဲ့နေလောင်ထားတဲ့အရေပြားကိုသေချာစွာသန့်စင်ဆေးကြောပါ။အ၀တ်စသန့်သန့်တစ်ခုကိုအေးနေတဲ့ 

 နွေးနို့ ပန်းကန်ထဲထည့်နှစ်ပြီးနောက်နေလောင်ထားတဲ့အရေပြားပေါ်ကိုတို့ပြီးလိမ်းပေးပါ
ရခဲသေတ္တာထဲမှာထည့်ထားတဲ့နွားနို့ဖြစ်ရပါမယ်။ဒါမှအရေပြားပေါ်ထိတွေ့လာတဲ့နွားနို့ရဲ့အေးမြမှု

ကရောင်ရမ်းမှုကိုလျော့နည်းစေမှာပါ။ နွေးနိုမှာပါတဲ့လက်တစ်အက်စစ်ကရောင်ရမ်းမှုကိုဆန့်ကျင်ပေးတဲ့

အာနိသင်ရှိပါတယ်။နွားနို့အစားရောင်ရမ်းမှုကိုဆန့်ကျင်ပေးနိုင်တဲ့ဓာတ်ပေါင်းတွေပါဝင်တဲ့သံလွင်ဆီကို

လည်းအသုံးပြုနိုင်ပါတယ်။
 
ဝမ်းဗိုက်အဆီစုခြင်းထာပတ်သီးစားပါ

 ထာပတ်သီးထဲမှာကျန်းမာရေးနဲ့ညီညွတ်တဲ့မပြည့်ဝဆီတွေများစွာပါဝင်နေပါတယ်။ဒီအဆီတွေက
သင့်ခန္ဓာကိုယ်အလေးချိန်ကျအောင်စွမ်းဆောင်နိုင်ပါတယ်။လက်ဖ၀ါးအရေခွံကွာကျခြင်းသကြားအသုံးပြု

ပါသင့်လက်ဖ၀ါးကိုရေစွတ်ပြီးသကြားနဲ့ပွတ်ပေးပါ။သကြားတွေကသင့်လက်ဖ၀ါးမှာရှိတဲ့ဆဲလ်သေတွေနဲ့

ကွာကျနေတဲ့အရေခွံအစအနတွေကိုဖယ်ရှားပေးပြီးချေးကျွတ်စေပါတယ်။ပိုမိုထိရောက်စေဖို့သကြားပွင့်

ကြီးကြီးကိုအသုံးပြုပေးပါ။
 
မကြာခဏခေါင်းကိုက်ခြင်းဟင်းနုနယ်ရွက်စားပါ

ဟင်းနုနယ်ရွက်မှာခေါင်းကိုက်တာကိုသက်သာစေတဲ့ဗီတာမင်ဘီအမျိုးအစားဖြစ်တဲ့ရိုက်ဗိုဖလေဗင်ပါဝင်

ပါတယ်။ဂျာမန်သုတေသီတွေကဟင်းနုနယ်ရွက်စားသုံးပေးတာကြောင့်ခေါင်းကိုက်တဲ့အကြိမ်အရေအတွက်

ကိုလျှော့ချနိုင်ပြီးခေါင်းကိုက်ပျောက်ဆေးသောက်ရတဲ့အရေအတွက်လျှော့ချနိုင်တယ်လို့ပြောပါတယ်။

ဗီတာမင်ဘီအုပ်စုကရေမှာပျော်ဝင်တဲ့ဗီတာမင်အမျိုးအစားဖြစ်ကြောင့်ခန္ဓာကိုယ်ကသိုလှောင်သိမ်းဆည်း

ထားနိုင်စွမ်းမရှိပါဘူး။ဒါကြောင့်ဗီတာမင်ဘီအုပ်စုတစ်ခုလုံးကိုရရှိဖို့အတွက်နေ့စဉ်အစိမ်းရောင်ဟင်းသီး

ဟင်းရွက်တွေကိုစားသုံးပေးပါ။
 
အအေးမိနှာစေးခြင်း ကြက်စွပ်ပြုတ်သောက်ပါ

အမေရိကန်သုတေသီတွေကကြက်သားနဲ့ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့စွပ်ပြုတ်သောက်တာကသင့်ကိုယ်

ခန္ဓာကိုယ်တွင်းမှာရောင်ရမ်းမှုတွေကိုလျော့ချပေးတာကြောင့်အအေးမိနှာစေးဝေဒနာကိုသက်သာစေတယ်

လို့ဆိုပါတယ်။
 
စိတ်ဆန္ဒနည်းခြင်းချာကလက်အညိုစားပါ

 ချောကလက်အညိုမှာပါဝင်တဲ့ကိုကိုးကအန်ဒေါ်ဖင်ဟော်မုန်းထွက်စေပြီးစိတ်ဆန္ဒအားနည်းတာကိုအကောင်း
ဆုံးသက်သာစေကာစိတ်ကျေနပ်မှုကိုရရှိစေပါတယ်။နို့နဲ့သကြားဓာတ်များတဲ့ချောကလက်တွေမှာတော့

ကိုကိုးပါဝင်မှုနည်းတာကြောင့်အန်ဒေါ်ဖင်ဟော်မုန်းထွက်ဖို့မသေချာပါဘူး။

အရေပြားနှင့်နှုတ်ခမ်းခြောက်သွေ့ခြင်းသံလွင်ဆီအသုံးပြုပါ

သံလွင်ဆီကသဘာဝကရတဲ့အဆီပါ။လက်ဖ၀ါးပေါ်ကိုသံလွင်ဆီအစက်အနည်းငယ်ချပြီးခြောက်သွေ့နေတဲ့

အရေပားနဲ့ကွဲအက်နေတဲ့နှုတ်ခမ်းပေါ်ကိုညင်သာစွာပွတ်လိမ်းပေးပါ။သင့်အရေပြားနဲ့နှုတ်ခမ်းတွေနူးညံ့

လာစေအောင်သံလွင်ဆီကစွမ်းဆောင်ပေးပါတယ်။
 
အန္တရာယ်မရှိသောပိုးမွှားကိုက်ခံရခြင်းရှလကာရည်အသုံးပြုပါ

ပိုးမွှားကိုက်ခံရတဲ့နေရာပေါ်ကိုရှလကာရည်အနည်းငယ်ကိုတစ်သျှူးစက္ကူနဲ့တို့ပြီးလိမ်းပေးပါ။ရှလကာရည်မှာ

ပါဝင်တဲ့အက်စစ်ဓာတ်ကရောင်ရမ်းမှုကိုလျော့နည်းစေပါတယ်။ကုတ်ရာ၊ခြစ်ရာကိုတော့မလိမ်းသင့်ပါဘူး။ 

source>>>http://www.thameenge.blogspot.com

shared by>>.http://natureenergycare.blogspot.com/2012/11/blog-post_6487.html#more

နှုတ်ခမ်းဖောက်ခြင်း၏ အန္တရာယ်များ "လူငယ်လေးများ သိစေချင်သည် "

 ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး
အဆင်တန်ဆာတွေကို အလှတပ်
ဆင်ခြင်းဟာ ဒီနေ့ခေတ် ငယ်ရွယ်
သူတွေအကြားမှာ ခေတ်
စားနေပါတယ်။

ဟိုအရင် ခေတ်ကတော့ အများအားဖြင့် နားဖောက်တာကိုသာ လုပ်ကြပေမယ့် ယခုခေတ်မှာ နားမှာလည်း နှစ်ပေါက်၊ သုံးပေါက်ဖောက်ကြသလို နှုတ်ခမ်း၊ မျက်ခုံး၊ နှာခေါင်း၊ ချက် စတဲ့ ခန္ဓာကိုယ်နေရာတွေမှာပါ အပေါက်ဖောက်ပြီး အလှဆင်နေကြပါတယ်။

ခန္ဓာကိုယ်အပေါက် ဖောက်ခြင်း ဟာ အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် နှုတ်ခမ်းမှာ အပေါက်ဖောက်ခြင်းဟာ ရောဂါပိုး ကူးစက်ခြင်း အပြင် သွားနဲ့ခံတွင်း ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပေးတဲ့ သူတိုင်း ပိုးသတ်ထားတဲ့ အပ်တွေကို အသုံးပြုမယ်လို့ မသေချာပါဘူး။

ဒါကြောင့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ့အပြင် အပေါက်ဖောက်ပြီးပါက ပိုးသန့်စင်အောင် ဂရုစိုက်ပြုစုမှုမရှိရင်လည်း ရောဂါပိုးတွေအများအပြား ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

         AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေထဲမှာ မသန့်ရှင်းတဲ့အပ်ကို အသုံးပြုပြီး ခန္ဓာကိုယ် အပေါက်ဖောက်ခြင်းလည်း ပါဝင်နေတယ် ဆိုတာကို အမြဲသတိရပါ။

 ဂရုစိုက်ပြီး ပိုးသန့်စင်မှု မလုပ်ရင် ခန္ဓာကိုယ်အပေါက်ဖောက်တဲ့ ပထမလူဆီမှ HIV ပိုးဟာ ဒုတိယလုပ်တဲ့ သူဆီကို ရောက်ရှိ ကူးစက်သွားပါလိမ့်မယ်။ သွားဖုံးတွေ ဆုတ်ယုတ်လာတဲ့အခါ သွားတွေရဲ့အောက်မှ အာရုံကြောတွေ ပေါ်လာပြီး သွားကျဉ်တာဖြစ်လာပါမယ်။

 HIV ပိုးလိုပဲ နာတာရှည် အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးေ တွဟာလည်း မသန့်ရှင်းတဲ့အပ်နဲ့ ခန္ဓကိုယ် အပေါက်ဖောက်ရာမှ ကူးစက်နိုင်ပါတယ်။ နှုတ်ခမ်းမှာ အပေါက် ဖောက်ပြီး တပ်ထားတဲ့ အဆင်တန်ဆာဟာသွားကို အဆက်မပြတ် ပွတ်တိုက်နေရင် ကြာလာတဲ့အခါ သွားတွေ တိုက်စားပွန်းပဲ့ပြီး ယိုယွင်းပျက်စီးလာပါလိမ့်မယ်။

 နှုတ်ခမ်းမှ အဆင်တန်ဆာဟာ သွားဖုံးနဲ့လည်း ပွတ်တိုက်နေတဲ့ အတွက် သွားဖုံးမှ သွေးတွေထွက်လာပြီး ကြာရင်သွားဖုံးတွေ ဆုတ်ယုတ်လာပါမယ်။

 ကျန်းမာတဲ့သွားဖုံးတွေ မရှိတော့တဲ့အခါ မေးရိုးဟာ ခိုင်ခံ့မှုမရှိတော့ဘဲ ရောဂါပိုးကူးစက်မှုတွေကိုလည်း ခံရပါမယ်။ ဒီအခါ သွားတွေဟာ ယိုင်နဲ့လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးရပါလိမ့်မယ်။

အတွေ့အကြုံနည်းသူက နှုတ်ခမ်းဖောက်ပေးတဲ့ အခါမှာ အာရုံကြောတွေကို ထိခိုက်သွားစေနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နှုတ်ခမ်းဖောက်ခြင်းရဲ့ အန္တရာယ်တွေက များပြားလွန်းတာကြောင့် လူငယ်တွေအနေနဲ့ ခဏတာဖက်ရှင်စတိုင်တစ်ခုအတွက် နှုတ်ခမ်းဖောက်ခြင်းကို မပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်

GOOG HELATH
http://shwemyanmarmediagroup.blogspot.com/2012/11/blog-post_6263.html

Tuesday, November 13, 2012

နားပေါက်ဖောက်ရာတွင် သတိထားသင့်တာလေးများ

ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီး အများစုက နားပေါက်ဖောက်ပြီး နားကပ် ဝတ်ဆင်ကြပါတယ်။ ရှေးဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ဓလေ့အရ နားဖောက်တာက ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး ပစ္စည်းတွေ ထည့်တာကတော့ မကောင်း ပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရတော့ ဖောက်နေကြတာ ပါပဲ။
ယဉ်ကျေးမှုဓလေ့ကို တားလို့တော့မရပါဘူး။ အဲဒါကြောင့် အကောင်း ဆုံးဖြစ်အောင် အကြံပေးချင်ပါတယ်။

နားဖောက်ချင်တယ်ဆိုရင် နားရွက်အောက်ခြေမှာ ရှိတဲ့ နားသန်သီး (Ear Lobe) မှာ ဖောက်တာက အန္တရာယ် အကင်းဆုံးပါပဲ။ နားအရေပြားကို ဖောက် မယ်ဆိုရင် အားလုံးသိထားတဲ့အတိုင်း HIV ပိုး၊ အသည်းရောင် အသား ဝါ ဘီပိုး၊ စီပိုးတွေ ကူးစက်နိုင်ပါတယ်။ အပ်နဲ့ပဲ ဖောက်ဖောက်၊ သေနတ်နဲ့ပဲ ဖောက်ဖောက် အရေပြားကို ဖောက်တဲ့အခါ သွေးထွက်တတ်ပြီး ဖောက်တဲ့ပစ္စည်းကိရိယာတွေ မသန့်ရင် ပိုးဝင်တတ်ပါတယ်။ HIV ပိုး၊ အသည်း ရောင် အသားဝါဘီပိုး၊ စီပိုးတွေအပြင် ဘက်တီးရီးယား ပိုးတွေလည်း ဝင်တတ်ပါတယ်။

ဘက်တီးရီးယား ပိုးတွေဝင်ရင် နားက ရောင်လာမယ်၊ ကိုက်လာပါမယ်။ ဘက်တီးရီးယားပိုးထဲမှာ အဆိုးဆုံးက မေးခိုင်ပိုးဝင်တာပါ။ အဖြစ်နည်းပါတယ်။ အဖြစ်များတာကတော့ တခြားဘက်တီးရီးယား ပိုးတွေဝင်တာပါ။ ရောင်တယ်ဆိုရင် ပိုးသတ်ဆေး ပေးလို့ရပါတယ်။ ဘက်တီးရီးယားပိုးတွေက လူနာအတွက် အန္တရာယ် သိပ်မများပေမယ့် HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေဆိုရင်တော့ နောက်ဆက်တွဲ ဒုက္ခတွေ ခံစားရနိုင်ပါတယ်။

နားဖောက်မယ်ဆိုရင် ဘယ်မှာပဲဖောက်ဖောက် အရေးကြီးတဲ့အချက်က သန့်ရှင်းတဲ့ တစ်ခါသုံး ပစ္စည်းတွေကိုသာ သုံးပါ၊ နားဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါ။ နားသန်သီးမှာ ဖောက်တာက ပြဿနာမရှိဘူး ဆိုပေမယ့် နားဖောက်မယ့် ပစ္စည်းကိရိယာတွေက သန့်ရှင်းဖို့တော့ လိုပါတယ်။ နားဖောက်တဲ့ ပစ္စည်းကိရိယာတွေ မသန့်ရှင်းတာကြောင့် ပိုးဝင်ပြီး နားရောင်လို့ လာပြတဲ့လူနာတွေ ဆရာတို့ဆီကို မကြာခဏ ရောက်လာတတ်ပါတယ်။ တချို့လည်း နားကွင်းတွေ အများကြီး ဝတ်ချင်တာကြောင့် နားသန်သီးမှာ နားဖောက်တာ အပြင် နားရွက်ရဲ့ အပေါ်ဘက်ကို တက်ပြီး နားဖောက်ကြပါတယ်။ နားရွက်အပေါ်ဘက် တက်ဖောက်တာမျိုးကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းဆိုတာ တားလို့ မရပါဘူး။ အဲဒါကြောင့် အန္တရာယ်ကင်းအောင် အကြံပေးချင်ပါတယ်။

တချို့ လူငယ်လေးတွေလည်း နားပေါက်တွေ အများကြီး ဖောက်တတ်ကြပါတယ်။ အဲလိုဖောက်တဲ့အခါ နားရွက်ရဲ့ အပေါ်မှာက အရေပြားနဲ့ အရိုးနုပဲ ရှိတာကြောင့် အရိုးနုကို ဖောက်မိတတ်ကြတယ်။ ဘာလို့လဲဆိုတော့ နားရွက်ရဲ့အပေါ်ပိုင်းမှာ အရိုးနုနဲ့ လွတ်တဲ့ အရေပြားက နည်းနည်းလေးပဲ ရှိတာကြောင့်ပါ။ နားဖောက်တာ အရိုးနုကို ဖောက်မိလို့ ပိုးဝင်သွားတယ်ဆိုရင် အရိုးနုရောင်တာ (Perichondritis) ဖြစ်လာတတ်တယ်။

အရိုးနုရောင်တာကတစ်ဆင့် နားရွက်ပုံစံ ပျက်စီးသွားတတ်ပါတယ်။ နားရွက်ပုံစံ ကားကားထောင်ထောင်လေး ဖြစ်နေတာက နားရွက်မှာရှိတဲ့ အရိုးနုကြောင့်ပါ။ နားရွက်ရဲ့ အရိုးနုသာ ပျက်စီးသွားပြီး အရေပြားသာ ကျန်ခဲ့တာကြောင့် နားရွက်က ပုံမှန်ပုံစံ မပေါ်တော့ဘဲ ပျော့သွားတယ်၊ ကုပ်သွားတယ်။ ဆိုလိုတာက ရုပ်အင်္ဂါ ပျက်စီးသွားပါတယ်။ လှချင်လို့ နားဖောက်တာ နောက်ဆုံးရလဒ်က နားရွက်ပုံစံ ပျက်စီးသွားတတ်ပါတယ်။ တစ်သက်လုံး နားကို ဖုံးပြီးနေရတတ်ပါတယ်။ ပုံမှန်နားရွက်ပြန်ရအောင် ခက်ခက်ခဲခဲ ခွဲစိတ်ပြုပြင်ရပါတယ်။

နားဆရာဝန် တစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ နားဖောက်မယ်ဆိုရင် ဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါလို့ ပြောချင်ပါတယ်။ တကယ်လို့ နားရွက်အပေါ်ဘက်မှာ နားဖောက်ချင်တယ် ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ဖောက်စေချင်ပါတယ်။ သန့်ရှင်းတဲ့နေရာမှာ တစ်ခါသုံးအပ်နဲ့ ဖောက်စေချင်ပါတယ်။ နားအပေါ်ဘက်မှာ ဖောက်မိပြီး နားနာလာတယ်၊ နားကိုက်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးကုသဖို့ နောက်ကျသွားလို့ အရိုးနုတစ်ခုလုံး စားသွားခဲ့ရင် နားရွက်ပုံစံ ပျက်သွားပါတယ်။ နားရွက်အရိုးနုက ပျက်စီးတာ မြန်ပါတယ်။ ဆရာတို့ မကြာခဏ တွေ့နေရပါတယ်။

from; မောင်မြင့်
မြ၀တီ

အဖန်ငါးရာ ကိုယ့်ကိုယ်ကို ပြန်သတ်သေရတယ်ဆိုတာ ဟုတ်ရဲ့လား ...

အဖန်ငါးရာ ကိုယ့်ကိုယ်ကို ပြန်သတ်သေရတယ်ဆိုတာ ဟုတ်ရဲ့လား ...

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က

“အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”

လို့ မေးဖူးပါတယ်။

(ဖြေ ။ အရှင်ဝိစိတ္တ)
ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။

ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က
“ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း”
ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။
ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။
https://www.facebook.com/BuddhismBeams
.................................................................................................
http://www.venvicitta.com/2011/07/blog-post.html
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

သွေးတိုးစေမည့် အစာများနှင့် သွေးတိုးကျစေမည့် အစာများ

သွေးတိုးရောဂါရှင်တွေဟာ အစားအသောက် ကို ဂရုစိုက်ထိန်းချုပ်ရမယ်ဆိုတာကိုတော့ သိကြပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လို အစားအသောက်တွေကို တိတိကျကျ ထိန်းချုပ်သင့်ပြီး ဘယ်လို အစားအသောက် တွေကိုတော့ စားသောက်သင့်တယ်ဆိုတာ ကိုလည်း သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။

သွေးတိုးရောဂါရှင်များ ထိန်းချုပ်သင့်သော အစာများ

ဆားနှင့် ဆိုဒီယမ်
သင်စားတဲ့ အစာထဲမှာ ဆား (NaCl) နဲ့ ဆိုဒီယမ် (Na) ကို လျှော့စားခြင်းဟာ သွေးတိုးကျ စေပါတယ်။ သင့်မှာ သွေးတိုးရောဂါရှိရင် တစ်နေ့လုံး သင်စားတဲ့အစာတွေထဲမှာ ဆား ၁.၅ ဂရမ်ထက် လျော့နည်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင်က ငန်တဲ့အစာတွေ အထူးသဖြင့် ပါကင်ထုတ်ထားတဲ့ အဆင်သင့် အစားအစာတွေနဲ့ စည်သွပ်ဘူးတွေကိုရှောင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်မှာ ဟင်းချက်တဲ့အခါမှာလည်း ဆားလျှော့ထည့်ပါ။

အောက်ပါ အစားအစာတွေမှာ ဆား ဒါမှမဟုတ် ဆိုဒီယမ်ပါဝင်မှုများနိုင်တဲ့အတွက် သတိထားပါ။
ငါးပိ၊ ငါးခြောက်၊ ငါးသေတ္တာဘူးများ
ဟမ်ဘာဂါ၊ ဟောဒေါ့စတဲ့ အမြန်စာတွေမှာ အသုံးပြုတဲ့ ပြုပြင်ပြီးအသား
နို့ထွက်ပစ္စည်းများ
အာလူးကြော်၊ မြေပဲဆားလှော်၊ ခရက်ကာလိုမျိုး အငန်ကဲထားတဲ့ သရေစာများ
ဆား ဒါမှမဟုတ် ဆော်ဒါမှုန့်ပါတဲ့ ပေါင်မုန့်နဲ့ ဖုတ်ထားတဲ့ တခြားမုန့်များ
အချဉ်တည်ပြီး သနပ်လုပ်ထားတဲ့ အစာများ
ကွေကာအုပ်
အသင့်စား အေးခဲထားတဲ့ အစာများ ဥပမာ ပီဇာ၊ အာလူးထောင်း၊ ချိစ်
ဆေးသကြားထည့်ထားတဲ့ ဆော်ဒါအချိုရည်၊ အားကစားသမားတွေသောက်တဲ့ အချိုရည် (Sport Drink)
အစားအစာ တာရှည်ခံထိန်းဆေးများ ဥပမာ အချိုမှုန့် (Monosodium Glutamate), Sodium Benzoate, Nitrite, Hydroxide, Sulfate, Propionate
ဆော့ (ဆားမြိန်ရည်များ)
အရက်
အရက်အလွန်အကျွံသောက်ခြင်းဟာ သွေးဖိအားကို မြင့်တက်စေပါတယ်။ ဒါကြောင့် အရက်သောက်သုံးမှုကို တစ်ရက်မှာ အမျိုးသမီးဆိုရင် 1 drinks နဲ့ အမျိုးသားဆိုရင် 2 drinks ထက် မပိုပါစေနဲ့။ (1 drinks ဆိုတာ ဘီယာဆိုရင် ၁၂ အောင်စနဲ့ ဝိုင်ဆိုရင် ၄ အောင်စကို ဆိုလိုတာပါ။)

ကဖင်း
ကဖင်းဓာတ်ကလည်း တချို့လူတွေမှာ သွေးဖိအား အနည်းငယ်မြင့်တက်စေနိုင်ပါတယ်။ ဒီအချက်ကို တိတိကျကျသိနိုင်ဖို့အတွက် ကဖင်းပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာသောက်ပြီး ၄၅ မိနစ်အကြာမှာ သွေးပေါင်ချိန်ကြည့်ပါ။

သွေးတွင်း ကိုလက်စထရောကို မြင့်တက်စေနိုင်သော အစာများ
သင့်သွေးထဲက စုစုပေါင်း ကိုလက်စထရောဟာ 200mg/dl ထက်များနေရင် ဒါမှမဟုတ် မကောင်းတဲ့ LCL ကိုလက်စထရောဟာ 100mg/dl ထက်များနေရင် သင်စားတဲ့အစာထဲမှာ ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှုကို ထိန်းချုပ်သင့်ပါတယ်။ ဒီအဆီတွေဟာ အသားတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥအနှစ်တွေထဲမှာ ပါဝင်ပါတယ်။ သွေးတွင်း ကိုလက်စထရောမြင့်တက်နေခြင်းဟာ သွေးကြောမာကျောခြင်းနဲ့ သွေးဖိအားများစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

သွေးဖိအားကျစေနိုင်သော အစာများ
ပိုတက်စီယမ်ပါဝင်မှုများတဲ့ အစာတွေကို မှန်မှန်စားခြင်းဟာ သွေးဖိအားကို ကျစေပါတယ်။ တစ်နေ့စားသင့်တဲ့ ပိုတက်စီယမ်ပမာဏက ၄ ဒသမ ၇ ဂရမ်ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှင်တွေ စားသင့်တဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစာတွေကို ဖော်ပြလိုက်ပါတယ်။
ဟင်းသီးဟင်းရွက်များ
မုန်လာဥဖြူ၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ အာလူးမီးဖုတ်၊ ဆလတ်ရွက်၊ သခွားမွေး၊ မုန်လာရွက်။
သစ်သီးများ
ငှက်ပျောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး။
အခွံမာသီးများ
မက်မွန်သီး၊ သစ်ကြားသီး (ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီပါ ပါဝင်ပါတယ်။)

အသားတွေနဲ့ နို့ထွက်ပစ္စည်းတွေမှာ ဆိုဒီယမ်ပါဝင်မှု မြင့်မားတတ်ပါတယ်။ ဒါကြောင့် ဒီအစားအစာတွေဟာ သွေးတိုးရောဂါရှင်တွေအတွက် ကောင်းမွန်တဲ့ ပိုတက်စီယမ်အရင်းအမြစ် မဟုတ်ပါဘူး။
သတိပြုရန်
ပိုတက်စီယမ်ဆာ (KCI) ကနေ ပိုတက်စီယမ်ကို မယူသင့်ပါဘူး။ အသက်အန္တရာယ်ရှိတဲ့ သွေးထဲမှာ ပိုတက်စီယမ်များလွန်းတဲ့ အခြေအနေ (Hyperkalemia) ဖြစ်စေနိုင်ပါတယ်။

အထက်ဖော်ပြပါ အစားအစာတွေဟာ သွေးဖိအားမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။ လိုအပ်ရင် ကိုယ်အလေးချိန်လျှော့ချခြင်းဟာ နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အလုပ်နဲ့ မိသားစုဘဝမှာ ပျော်ရွှင်ပြီး ငြိမ်းချမ်းမှုရှိခြင်းဟာ သွေးဖိအားကျအောင် ကူညီနိုင်ပါတယ်။ စိတ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပါ။

***ပိုကောင်းတာကတော့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ပြီး ငြိမ်းချမ်းမှုကို ကိုယ်တိုင်ရှာနိုင်အောင် တရားထိုင်ပါ။Health

အင်တာနက်လိပ်စာတွင် ထည့်သော မျဉ်းစောင်းနှစ်ခုအတွက် ဖန်တီးသူက တောင်းပန်ခဲ့

အင်တာနက်လိပ်စာတွင် ထည့်သော မျဉ်းစောင်းနှစ်ခုအတွက် ဖန်တီးသူက တောင်းပန်ခဲ့

အင်တာနက်သုံးဖို့ ဝဘ်ဆိုဒ် လိပ်စာ တစ်ခုခုကို ဖွင့်တဲ့အခါ http(s) ပြီး ရင် နောက်မှာ Slash (မျဉ်းစောင်း) နှစ်ခု ရိုက်ရိုက်ထည့်ပေးရပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်းနှစ်ခု
မှာ မလိုအပ်ပဲ တီထွင်သူ Tim Berners-Lee က မှားယွင်းထည့်သွင်းမိတာလို့ ဆိုပါတယ်။

ဒီအတွက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက World Wide Web တီထွင်သူ Tim Berners-Lee ကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်း နှစ်ခုဟာ မလိုအပ်ပဲ အချိန်ပိုကြာစေတဲ့ အရာ တစ်ခု လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် စစချင်း တီထွင်တုန်းက သူ့ရဲ့  အင်ဂျင်နေယာ ကွန်ရက်ငယ်လေးသာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီတော့ နောက်တော့ အခြား နယ်ပယ်များအထိ ကျယ်ပြန့်လာပြီး ကမ္ဘာသုံး အင်တာနက်ရယ်လို့ ဖြစ်လာပါတယ်။ သို့ပေမယ့် မျဉ်းစောင်း နှစ်ခုကို ဖျက်ဖို့အတွက် Tim Berners-Lee အတွက် နှောင့်နှေးသွားပြီ ဖြစ်ပါတယ်။

အားလုံး အသုံးပြုနေပြီဆိုတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ မလွယ်ကူတော့ ပါဘူး။ ဒါကြောင့် ယနေ့တိုင် အင်တာနက်မှာ ဝဘ်ဆိုဒ်လိပ်စာများ ရှာဖွေ မယ်ဆိုရင် https:// အစရှိသဖြင့် မျဉ်းစောင်း နှစ်ခုကို ထည့်ထည့် ပေးနေ ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: BBC
TechSpace Journal