“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, September 14, 2012

ထိုင်းစတိုင် ကျွဲကောသီးသုတ်စားမယ်

ကျွဲကောသီးတွေပေါတဲ့ ယခုလိုမိုးရာသီမှာ အပြောင်းအလဲလေးဖြစ်အောင် ယိုးဒယားစတိုင် ကျွဲကောသီးသုတ်လေး သုတ်စားကြရအောင်။
မိုးရာသီရဲ့ ချမ်းစိမ့်စိမ့်နေ့တွေမှာ ကျွဲကောသီးသုတ် ချဉ်ငံစပ်လေးသုတ်စားကြတာပေါ့။

ပါဝင်သောပစ္စည်းများ
၁။ ကျွဲကောသီးကြီတစ်လုံး
၂။ပုဇွန် (၆ ကောင်ခန့်)
၃။ ကြက်သွန်ဥနီအသေး (၄ ဥခန့်)
၎။ကြက်သွန်ဥဖြူ (၃ မွှာ)
၅။မြေပဲလှော် (စားပွဲတင်ဇွန်း တစ်ဇွန်း)
၆။နံနံပင် (၂ ပင်ခန့်)
၇။ပူဆီနံ (အနည်းငယ် ..မထည့်လဲရ)

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း


Photo: ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။ 

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။ 

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို  ဒေါင်းလုခ်ဆွဲပါ။

www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။ 

၅။  copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။ 

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင် 

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။ 

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။ 

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

အောင်ခမ်း (TSJ team)
http://techspacejournal.blogspot.com/2012/09/cd-dvd-data.html

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိ
ရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

အောင်ခမ်း (TSJ team)
http://techspacejournal.blogspot.com/2012/09/cd-dvd-data.html

ကိုရီးယား ထမင်းသုတ်(Bibimbap) စားကြမယ်


ကိုရီးယားထမင်းသုတ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊
ရေပန်းအစားဆုံး ထမင်းသုတ်တမျိုးဖြစ်ပါသည်။
တချို့ကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။

ပါဝင်သောပစ္စည်းများ
  • အမဲသား (သို့) ၀က်သား [pork]                       ♦ ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ချက်ပြီသား ထမင်း [cooked rice]                    ♦ ဆန်နို့ဆီဗူး ၁လုံးခွဲ
  • ပဲပင်ပေါက် [bean sprout]                                 ♦ လက်တစ်ဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)

နားနှင့်ပတ်သက်ပြီး မပြုလုပ်သင့်သော အရာများ

နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

နားဖာချေးကို မကလော်ပါနဲ့
နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။
နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။

နားစည်ထဲ ဘာမှ မထည့်ပါနဲ့
နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်စီးစေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကို ပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။
နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ နားစည် အရေပြားခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။

နားအတွင်းထဲ မဆေးကြောပါနဲ့
နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်
။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်းပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့
လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။
ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့မလွယ်ပါဘူး။ အင်းဆက်ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။

နားထဲ နားဖာချေးပိတ်ဆို့နေခြင်း
နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။
အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။

Good Health-MG MANDALAY
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7971368&xgs=1&xg_source=msg_share_post

ဥာဏ်ကောင်းစေရန် နည်းလမ်း - (၁၀) ချက်

ဥာဏ် ကောင်းကို ကောင်းစေရမယ်လို့ မဟုတ်ပါဘူး။
သေချာတာကတော့ ဦးနှောက်ကို ဖွံ့ ဖြိုးတိုးတက်စေမယ့် နည်းလမ်းများဖြစ်တဲ့အတွက်
ဘာသာပြန်မျှဝေပေးလိုက်ပါတယ်။



1. Go for a walk with a friend
လုပ်ငန်းခွင်ရယ်လို့ မဟုတ်ပါဘူး။သင်တန်း၊ကျောင်း တက်သူများအနေနဲ့ လည်း ရုံးတက်၊ကျောင်းတက်ချိန် ပြီးတဲ့
အချိန်မှာ မိတ်ဆွေ သူငယ်ချင်းနဲ့  သွားရပါမယ်။ အဲဒီလို သွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း၊စိတ်ပိုင်းဆိုင်ရာ တက်ကြွရေးတို့ မှာ တိုးတက်စေပြီး ဦးနှောက်ကို သန်မာစေပါတယ်။


2. Solve puzzels,Play Games
ဥာဏ်စမ်းဂိမ်းများ ပဟေဌိဂိမ်းများ ဆော့ကစားပေးရပါမယ်။ ဖြေရှင်းရခက်သော ဆူဒိုခု၊စာလုံးစီ တို့ ကို ဆော့ကစား ပေးခြင်း၊အလွယ်တကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျုတာ ဂိမ်း၊ကစားကွင်း ဂိမ်း စသည်တို့ ကို မိနစ်ပိုင်းလောက် ဆော့ကစားပေးခြင်းတို့ ကို ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားပေးခြင်းက ဦးနှောက်ဆဲလ်တွေကို တက်ကြွစေပြီးတစ်စုံတစ်ခုပေါ် အာရုံစူးစိုက်နိုင်မှုအားကို ကောင်းစေပါတယ်။
 

3. Meditate
တရားထိုင်ခြင်းက လွယ်ကူတဲ့ အလုပ်ဖြစ်ပါတယ်။အချို့ က ခက်ခဲသော အလုပ်လို့ ယူဆကြပါတယ်။ မထိုင်နိုင်လည်းထိုင်နိုင်သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့ စဉ်မဟုတ် တောင် ၂ ရက် တစ်ခါလောက်ပြုလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းစေပါတယ်။

 
4. Eat Healthy
မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရ နှင့် အောက်စီဂျင်များရဲ့ ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက်တဲ့ အစားအသောက်များဟာ ဦးနှောက်အတွက် အရေးပါတယ်ဆိုတာ သိထားရမှာဖြစ်ပါတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။


5. Think Positive
အရာအားလုံးကို အကောင်းမြင်ပေးဖို့  လိုအပ်ပါတယ်။စိတ်ဖိအား နဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက
Neuron ဆဲလ်တွေကို  သေဆုံးစေပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ပြဿနာများ နဲ့  ကြုံ့ ကြုံ့ 
အကောင်းဘက်က မြင်ပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့  အကောင်းဘက်ကမြင်ပေး၊စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ်အသစ်တွေကို ပိုမိုတိုးတက်စေပြီး စိတ်ဖိအားနဲ့  စိုးရိမ်ကြောင့်ကြမှုများကိုဖယ်ရှားပေးပါတယ်။


6. Laugh It Up
ရယ်မောတတ်တဲ့ အကျင့်ရှိဖို့ လည်း လိုအပ်ပါတယ်။ရယ်သောသူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်း နာကျင်မှုများကို ဖြေလျှော့ပေးပါတယ်။ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ရယ်မောလွယ်တတ်သူများဟာ သဘာဝအလျှောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ဒါကြောင့် ဟာသရုပ်ရှင်များ ကြည့်ခြင်း၊နောက်ပြောင်
ပြောဆိုခြင်းတို့ က ဦးနှောက်ထဲက endrophin-level  ကိုမြင့်တက်စေပါတယ်။


7. Listen to Music
သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေးကို မြင့်တက်စေပါတယ်။အတွေးအခေါ်သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့ ညာဘက်အခြမ်းကို သန်မာစေတယ်လို့  ဆိုပါတယ်။

 
8 .Do Self-hypnosis
့Hypnosis ဆိုတာ စိတ်ညှိ့ ခြင်းကို ဆိုလိုပါတယ်။သို့ သော် မိမိကိုယ်ကို စိတ်ညှိ့ ခြင်း၊ အိပ်မွေ့ချခြင်း ထူးထူးထွေထွေမဟုတ်ပါ။ ဥပမာ- လကုန်ရက် တစ်ရက်ရက်မှာ လုပ်စရာ တစ်ခုရှိသည် ဆိုပါစို့ ။ယင်းနေ့ ကို အမှတ်ရနေပြီး တကယ်ပဲယင်းနေ့ မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး ၊မနက်အိပ်ယာ ၆ နာရီထဖို့  စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာနှိုးစက်မပါပဲ ကိုယ်တိုင်ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။မမေ့မလျောပဲ အိပ်စက်နိုင်ခြင်းမျိုးကို ဆိုလိုပါတယ်။ အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပျက်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြားသာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ဦးနှောက်ကို ဒီလို မှတ်သားစေခိုင်းနိုင်မှုက စိတ်ဖိအားလျှော့ချနိုင်ပြီး အတွေးအခေါ်များကို ရှင်းလင်းပြတ်သားစေနိုင်ပါတယ်။


9. Set Goals
ရည်မှန်းချက်ထားရပါမယ်။ခြောက်လအတွင်း ဖြစ်လာရမယ့် ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာရမယ့် ရည်မှန်းချက် အစရှိသဖြင့်  ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘ၀ရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းကဦးနှောက်ရဲ့ တွေးခေါ်စဉ်းစားနိုင်မှုစွမ်းအားကို လျှော့ကျစေပါတယ်။ ရည်မှန်းချက် ပန်းတိုင်ထားတတ်သူများကဦးနှောက်ဥာဏ်ရည်အမြဲဖွံ့ ဖြိုးနေပြီး ဘ၀မှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ပါတယ်။
 

10. Follow a Sleep and Wake up Routine
စောစောအိပ်၊စောစောထ ဆိုတာထက် အချိန်မှန် အိပ် ၊ အချိန်မှန် ထ လို့ ပြောရင် ပိုမှန်ပါတယ်။ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက်အိပ်ယာထ နောက်ကျသူများဟာ ဦးနှောက်လေးလံထိုင်းမှိုင်းပါတယ်။ ဒီနေရာမှာအိပ်ဆေးအသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ စောစောအိပ်ပေမယ့် နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို နှေးကွေးစေပါတယ်။ဒီတော့ အချိန်မှန် အိပ် ၊ အချိန်မှန် ထ ခြင်းကအိပ်ရေးဝစေပြီး စိတ်ရော ကိုယ်ရော ကျန်းမာစေပါတယ်။ဦးနှောက်ကို လန်းဆန်းစေပါတယ်။


အထက်ပါ အချက်များအတိုင်း လိုက်နာကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာရင်တောင်
လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့  လူတစ်ယောက် ဖြစ်စေပါတယ်။
သာမန်နေတတ်သူများနဲ့ စာရင် အထက်ပါ ၁၀ ချက်အတိုင်း လုပ်ဆောင်သွားသူများက
ဥာဏ်ရည်ဖွံ့ ဖြိုးမှု မြန်ဆန်ပြီး ဘ၀အခက်အခဲ များကြား အောင်မြင်မှုရရှိရန်
အခွင့်အလမ်းပိုများကြောင်း သုတေသန ၀က်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။

ကြေးအိုးဆီချက်(ကြက်သား)အိမ်မှာချက်ရအောင်



* ပါဝင်ပစ္စည်းများ

၁။ ကြက်အပေါ်ဆီ - စားပွဲဇွန်း၂ ဇွန်း
၂။ ဆီချက်ဆီ(ကြက်သွန်ဖြူ) - စားပွဲဇွန်း (၃)ဇွန်း
၃။ ပဲကျဲ(Maggi Cooking) - စားပွဲဇွန်း(၃)ဇွန်း
၎။ ငရုတ်ကောင်း - အနည်းငယ်
၅။ ဆန်ကြာဆံ(ရေစိမ်) - ၈ ကျပ်သား
၆။ ခုဆိုင်ရွက် - ၅မူးသား
(ကြေးအိုးထဲမှာပါတဲ့အစိမ်းချောင်း)
၇။ မုန်ညင်းစိမ်း - အစည်းတစ်ဝက်
၈။ ကြက်သားအကြမ်း - ၁၆ တုံး
၉။ ကြက်သားလုံးအချော - ၂လုံး
၁၀။ ငုံးဥ - ၂လုံး
၁၁။ ကြက်ဥ - ၁လုံး

Thursday, September 13, 2012

တရုတ်နိုင်ငံလုပ် ဆန်အတုများ သတိထား ရှောင်ကြဉ်ရန်လို

တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်း လုံခြုံ စိတ်ချရမှု မရှိသည်ကို ပြသရာ ရောက်နေသည့် လက္ခဏာတစ်ရပ် အနေနှင့် ယခုအခါ တရုတ်နိုင်ငံမှ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ထုတ်လုပ်လျက် ရှိကြောင်း စင်ကာပူနိုင်ငံရှိ မီဒီယာများက ဖော်ပြခဲ့ကြသည်။ Very Vietnam အမည်ရှိ အွန်လိုင်းမှ ထုတ်ပြန်သော သတင်းများအရ တရုတ်နိုင်ငံရှိ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ပြုလုပ်ရာတွင် အာလူးများ၊ ကန်ဇွန်းဥများနှင့် ပလတ်စတစ်များကို ရောသမမွှေ၍ ပေါင်းစပ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရီးယား ဘာသာစကားဖြင့် ဖော်ပြသော Weekly Hong Kong သတင်းစာ၌ ဆန်အတုများကို တရုတ်နိုင်ငံ ရှန်စီပြည်နယ်၊ တိုင်ယွန်မြို့တွင် ရောင်းချလျက် ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆန်အတုဖြင့် ချက်သောထမင်းကို ပန်းကန်လုံး (၃)လုံးခန့် စားသုံးပါက ပလတ်စတစ်အိတ် တစ်အိတ်ကို စားသုံးရသည်နှင့် တူညီနေကြောင်း တရုတ် စားသောက်ဆိုင် အသင်းအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သည်။

ယခုကဲ့သို့ စိုးရိမ်ရသည့် အခြေအနေကြောင့် ဆန်အတုများ ထုတ်လုပ်နေသည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများ စက်ရုံများကို စုံစမ်းစစ်ဆေး သွားမည် ဖြစ်ကြောင်း စားသောက်ဆိုင် အသင်းအဖွဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်ဟု Very Vietnam အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ ဆန်အတုများ ထုတ်လုပ် ရောင်းချမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။ ယခင်က တရုတ်နိုင်ငံ၊ ယန်စီပြည်နယ် စီအန်မြို့မှ ကုမ္ပဏီတစ်ခုသည် အထက်ပါ နည်းအတိုင်း ပေါင်းစပ်၍ ဆန်အတု ထုတ်လုပ် ရောင်းချခဲ့ဖူးကြောင်း သိရသည်။

တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ခံ သစ်သီးပန်းမန် စိုက်ပျိုးရေး ဌာနမှ အရာရှိ မစ္စတာတာ ကွမ်ဟန်းက ၎င်းသည် ဆန်အတုဟု သတင်းထွက်နေသော ဆန်များကို ယခင်က မမြင်ဖူးခဲ့ကြောင်း မည်သို့ပင်ဆိုစေ အတုဟု သတင်းထွက်နေသော ဆန်များကို ပလတ်စတစ် ဆန်အတုဟုတ်၊ မဟုတ် ကောက်ချက် မချမီ ရူပဗေဒ၊ ဓာတုဗေဒ နည်းများဖြင့် လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပလတ်စတစ်ဆန်ဟု သတင်း ထွက်နေသော ဆန်များသည် ဆန်တစ်စေ့လျှင် ၁ဝမီလီမီတာ ရှည်လျားပြီး သာမန်ဆန်များထက် ၃၊ ၄ မီလီမီတာ ပိုမို ရှည်လျားကြောင်း၊ ဆန်လုံးပတ်မှာမူသာ ခြားနားမှု ရှိကြောင်း၊ သာမန်ဆန်များထက် မှုန်မှိုင်းသော အရောင်မရှိဘဲ ဆန်စေ့မှာ ကြည်လင်နေကြောင်း ထို့ကြောင့် စားသုံးသူများ အနေနှင့် အဆိုပါ ဆန်များကို ဝယ်ယူခြင်း၊ စားသုံးခြင်းများ မပြုရန် မစ္စတာတာ ကွမ်ဟန်းက သတိပေး ပြောကြားခဲ့သည်။

by.http://amayeainn.blogspot.kr/

အာလူးဖျော်ရည်က အစာမကြေရောဂါကို ပျောက်ကင်းစေနိုင်



အာလူးဖျော်ရည်ကို နေ့စဉ် သောက်သုံးခြင်းအားဖြင့် အစာမကြေ ရောဂါကို သက်သာပျောက်ကင်း စေနိုင်သည်ဟု လေ့လာ ဆန်းစစ်မှု အသစ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ အာလူးဖျော်ရည် ရက်သတ္တပတ်ကြာ သောက်သုံးပြီးနောက် နာတာရှည် အစာမကြေ ရောဂါခံစားနေရသူ ဆယ်ဦးတွင် ရှစ်ဦးမှာ အကျိုးကျေးဇူး ခံစားရကြောင်း သိရသည်။
လေ့လာဆန်းစစ်သူတို့က အစာမကြေရောဂါ ခံစားနေရသူ ၄၀အား အာလူးဖျော်ရည် ၁၀၀မီလီလီတာ ကို နံနက်စာ မစားမီတစ်ဝက်နှင့် ညအိပ်ရာမဝင်မီ တစ်ဝက် သောက်သုံးစေခဲ့ရာ လူနာသုံးပုံနှစ်ပုံမှာ တိုးတက်မှု ရှိလာပြီး ထက်ဝက်ခန့် အကျိုးကျေးဇူးခံစားရကာ ရာခိုင်နှုန်း ၂၀မှာ လုံးဝသက်သာ ပျောက်ကင်း ကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းသည် အာလူးတွင်ပါဝင်သော အယ်ကာလွိုက် ဒြပ်ပေါင်းကြောင့် အကျိုးသက်ရောက်မှုရှိခြင်း ဖြစ်သည်ဟု ဂျာမနီနှင့် သြစတြေးလျ တက္ကသိုလ်များမှ သုတေသနအဖွဲ့ကဖော်ပြခဲ့ကြောင်း သိရသည်။
MG MANDALAY

****... ဆေးဘက်ဝင် သရက်သီး ...****

 
အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့်သရက်သီး၏အင်္ဂလိပ်အမည်မှာ Mangoဖြစ်ပြီး၊ရုက္ခဗေဒ အမည်မှာ Mangifera L ဟုခေါ်တွင်ပြီး မျိုးရင့် Anacardiaceae ထဲတွင် ပါဝင်ပါတယ်။

သရက်သီးသည် အပူပိုင်းဒေသမှာ စိုက်ပျိုးဖြစ်ထွန်းသည့် အသီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း ထောင်နှင့်ချီ ရှိပါတယ်။ သရက်သီးသည် တောင်အာရှနှင့်အရှေ့တောင်အာရှဒေသများဖြစ်သည့်မြန်မာ၊အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်အစရှိတဲ့နိုင်ငံများတွင် မူလအစ ဖြစ်ထွန်းပြီး အမေရိကန် အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အာရေဘီယံ၊ ပင်နီဆူလာ တို့တွင်လည်းစိုက်ပျိုး ကြပါတယ်။

သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ ၀ ဒဿမ ၈၄ ဂရမ် ကာဘိုဟိုက်ဒရိတ် ၂၈ ဂရမ်၊ အဆီ ၀ဒဿမ ၄၅ ဂရမ်၊ အမျှင် ၃ ဂရမ် ဗီတာမင်အေ ၆၄၂၅ အိုင်ယူ၊ ဗီတာမင်စီ ၄၅ ဒဿမ ၇ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၈ မီလီဂရမ်၊ ပိုတက်စီယမ် ၃၀၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၂၀ ဂရမ်နဲ့ အနည်းလို အာဟာဓာတ်များ ဖြစ်သည့် မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အွန်ယွန်၊ ဆိုဒီယမ်နဲ့ ဖော့ဖရပ်စ်တို့ ပါဝင်ပါတယ်။

သရက်သီးမှာ အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး တစ်နေ့တစ်လုံး မှန်မှန်စားသုံးပေးမည်ဆိုပါ ကခန္ဓာကိုယ်အတွင်းဖြစ်ပွားနိုင်သည် နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ ဖြစ်ပွားစနိုင်မှုနှင် သွေးအတွင်းရှိကိုလက်စထရောကိုလည်း ကျဆင်းစေတယ်လို့ဆိုပါတယ်။သရက်သီးဟာအနံ့အရသာနဲ့ပြည့်စုံရုံသာမကဗီတာမင်၊သတ္တုဓါတ်၊ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ကြွယ်ဝတဲ့အပြင်အင်ဇိုင်းများပါဝင်တဲ့အတွက်အစာအိမ်မှာအစာချေဖျက်ခြင်းကိုတစ်စိတ်တစ်ပိုင်းတာဝန်ယူဆောင်ရွက်ပေးနေသည့်အတွက်အစာစားသုံး နေစဉ်နဲ့အစာစားပြီးတိုင်း သရက်သီးကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။

သရက်သီးမှာကယ်လိုရီနဲ့ကာဘိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့အတွက်ကိုယ်အလေးချိန်တိုးလိုသူများအတွက်အကောင်းဆုံးဖြစ်သလိုသရက် သီးမှာဖိနိုလစ်ကွန်ပေါင်းပါဝင်တဲ့ အတွက်လည်း အရွယ်တင်နုပျိုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာရောဂါဖြစ်ပွားနိုင် မှုကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ပါဝင်တယ်လို့ဆိုပါတယ်။

သရက်သီးဟာသံဓာတ်မြင့်မားတဲ့အတွက်ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သွေးအားနည်းရောဂါဝေဒနာရှင်များအတွက် ကောင်းသလိုအရေပြားဆဲလ်များမှာ ချေးများပိတ်ဆို့နေခြင်းကိုသရက်သီးက အကောင်းမွန်ဆုံး ဖယ်ရှားပေးနိုင်တယ်လို့လဲ ဆိုပါတယ်။ သရက်သီးမှာဗီတာမင်အီးပါဝင်တဲ့အတွက်ခန္ဓာကိုယ် အတွင်းရှိဟော်မုန်းထုတ်လုပ်မှုစနစ်ကိုကောင်းမွန်စွာအထောက်အကူပေးတယ်လို့ ဆိုပါတယ်။

အရည်အသွေးကောင်းမွန်သည့် သရက်သီး၏အရောင်ဟာ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး မှည့်သည့်အခါအနံ့အလွန်မွှေးတဲ့အ တွက် စားသုံးရာမှာလည်း အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရက်သီးကို စားသုံးကြဖို့ ရေးသားလိုက်ရပါတယ်။ Ref: Commerce credit By myanmarnewszone.

 http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A5869837&xgs=1&xg_source=msg_share_post

Tuesday, September 11, 2012

အစာမစားမီ ပန်းသီးတစ်လုံး ပုံမှန်စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်


အစာ မစားမီ (၁၅)မိနစ် အလိုတွင် ပန်းသီး တစ်လုံး ပုံမှန် စားပေးခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချ နိုင်ကြောင်း အမေရိကန် သုတေသီများ က ပြောကြား လိုက်သည်။ပညာရှင်များသည် ယင်းလေ့လာမှု အတွက် စေတနာ့ ၀န်ထမ်း ပါဝင်သူများကို (၂) စုခွဲလိုက်ပြီး တဖွဲ့ကို ပုံမှန် အစားအသောက် စားသုံးစေပြီး ကျန်တဖွဲ့ ကိုမူ အစာမစားမီ ပန်းသီး တစ်လုံး (သို့မဟုတ်) ပန်းသီး ဖျော်ရည် တစ်ခွက် မှီဝဲ စေပြီး မှတ်တမ်းတင် ခဲ့ကြသည်။ထို အလေ့အကျင့် ကို နေ့စဉ် ပြုလုပ် စေပြီးနောက် (၅) ပါတ် ကြာသော အခါ ပန်းသီး နေ့စဉ် စားသော အဖွဲ့သည် ကိုယ်အလေးချိန် လျော့နည်း လာသည်ကို သိသာ ထင်ရှားစွာ တွေ့ရှိ ခဲ့ကြသည်။ ယခုလို ဖြစ်ရခြင်းသည် ပန်းသီး က အစားအသောက်များတွင် ပါရှိသည့် ကယ်လိုရီ ပမာဏ ကို လျှော့ချ ပစ်လိုက် နိုင်သည့် ဂုဏ်သတ္တိ ရှိနေသောကြောင့်ဟု သုတေသီများက ရှင်းပြ ခဲ့ကြသည်။
အဆိုပါ တွေ့ရှိချက် ကို ဂျာမနီနိုင်ငံ မန်စတာတက္ကသိုလ် မှ ပညာရှင်များ ကလည်း အတည်ပြု ထောက်ခံ ခဲ့ကြသေးသည်။ ပန်းသီး တွင် ကယ်လိုရီကို ဖြတ်တောက် လျှော့ချ ပေးသည့် သဘာဝ စွမ်းအားများ ကိန်းအောင်း နေကြောင်း ဒေါက်တာ ပီတာရိုဒီဝဲလ် က ပြောကြားခဲ့ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းရေး အတွက်
ပန်းသီး ပုံမှန်စားသည့် အလေ့အကျင့် ကို စွဲမြဲစွာ ပြုလုပ် သင့်ကြောင်း အကြံပြု ခဲ့သည်။
ကျွမ်းကျင်သူများ ၏ အဆိုအရ (၂၀၁၂) တွင် ဗြိတိန် သက်ကြီးပိုင်း (၃) ဦးအနက် (၁) ဦးသည် အ၀လွန် နေသည့် အခြေအနေမျိုး ရှိနေနိုင်ကြောင်း သိရှိ ရသည်။

Credit: myanmarchatonline.org(From Forward Mail)
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A462857&xgs=1&xg_source=msg_share_post

ပျောက်ကွယ်နေပြီးဖြစ်သော မြန်မာတို့ရဲ့ရှားပါးပိုက်ဆံများ



မြန်မာပိုက်ဆံတွေကို အခုဆိုရင် မြင်ဖူးဖို့ဆိုတာ ခဲယဉ်းနေပြီး
အင်မတန်ရှားပါးတဲ့ မြန်မာပိုက်ဆံတွေပေါ့


ခေတ်အဆက်ဆက်ပိုက်ဆံတွေပါ ဗိုလ်ချုပ်ရှိစဉ်းတုန်းက မြန်မာပိုက်ဆံတွေပေါ့ဗျာ

















 
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1726743&xgs=1&xg_source=msg_share_post

အလွန်သေးငယ်သည့် လက်ရာမြောက် ပန်းပုရုပ်ထုလေးများ တဲ့

အဏုစိတ် ပန်းပု ပညာရှင် Dalton Ghetti သည် ခဲတံ၏ ခဲသားဖြင့် ထွင်းထု ဖန်တီးထားသော အလွန်သေးငယ်သည့် လက်ရာမြောက် ပန်းပုရုပ်ထုလေးများကို ၂
နှစ်ခွဲခန့် ဒုက္ခသုက္ခခံ၍ ပြုလုပ် ဖန်တီးခဲ့သည်။
Dalton Ghetti သည် နှစ်ပေါင်း ၂၅ နှစ်ခန့် ခဲတံကို ကိုင်ကာ လက်သမား ဘဝဖြင့် အသက်မွေးခဲ့သူဖြစ်ပြီး သူ၏ အံ့အားသင့်ဖွယ် ခဲတံ ခဲသားပန်းပု ရုပ်ထုများတွင် ရောဒ့်အင်ရိုလ်း ဘုရင် Elvis Presley ရုပ်ထု ၊ အင်္ဂလိပ်
အက္ခရာများ၊ သံကြိုး ၊ ဖိနပ်၊ ကုလားထိုင်ခုံ နှင့် အခြားအဏုစိတ်
လက်ရာများပါဝင်သည်။
creative pencil sculptures 640 05 jpg
creative pencil sculptures 640 high 01 jpg
creative pencil sculptures 640 high 02 jpg
creative pencil sculptures 640 high 03 jpg
creative pencil sculptures 640 high 04 jpg
creative pencil sculptures 640 high 06 jpg
creative pencil sculptures 640 high 07 jpg
creative pencil sculptures 640 high 09 jpg
creative pencil sculptures 640 high 10 jpg
creative pencil sculptures 640 high 11 jpg
creative pencil sculptures 640 high 12 jpg
creative pencil sculptures 640 high 13 jpg
creative pencil sculptures 640 high 14 jpg
creative pencil sculptures 640 high 15 jpg
creative pencil sculptures 640 high 16 jpg

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1420568&xgs=1&xg_source=msg_share_post

အသီးနှံများနဲ့ပန်းပုရုပ်ထုဆစ်ထားတဲ့အနုပညာ




http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A573942&xgs=1&xg_source=msg_share_post