“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, August 26, 2012

သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ

သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။
1. (ပုံ 1) ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးမလုပ်ခံရပါဘူး။
2. (ပုံ 2) အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကို ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။
3. (ပုံ 3) အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။

နှလုံးရောဂါ သဘာဝကာကွယ်ဆေး

ယနေ့ ကမ္ဘာတွင် အသက် ၄၀-အထက် ယောက်ျားများနှင့် သွေးဆုံးပြီးသည့် အမျိုးသမီးများ အသက်ဆုံးရှုံးကြရခြင်း၏ အဓိကအကြောင်းမှာ နှလုံးသွေးကြောပိတ် လေဖြတ်ခြင်းကြောင့် ဖြစ်ရပါသည်။ ဤရောဂါစုသည် တချိန်က တိုးတက်ပြီးနိုင်ငံများမှ လူသားများကိုသာ ဒုက္ခပေးခဲ့၍ ယနေ့ မြန်မာနိုင်ငံ ကဲ့သို့ တိုးတက်ဆဲနိုင်ငံများမှာလည်း ရောဂါဖြစ်သည့်နှုန်းသည် တိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသက် ၃၀-မှ ၃၅-အရွယ် ယောက်ျားလေးများမှာပင်လျှင် ဤရောဂါစုကို ခံစာေးနရသူတွေ တယောက်စ နှစ်ယောက်စ ဆိုသလို တွေ့မြင်နေရပါသည်။ ထို့ကြောင့်ပင်လျှင် သွေးထဲ အဆီဓာတ် မတက်ရအောင် နေ့စဉ်စားသုံးဆီကို ထက်ဝက်ခန့် လျှော့ချကြရန် သတိပေးနေရခြင်း ဖြစ်သည်။

စားသုံးဆီတွင်ပါဝင်သော အဆီဓာတ်တို့ကို အမျိုးအစားခွဲလိုက်လျှင် အောက်ပါအတိုင်း လေးမျိုးလေးစား ရှိသည်ကို တွေ့ရပါမည်။
၁။ Total Ch***sterol
စုပေါင်း ကိုလက်စထရောဓာတ်။
၂။ High Density Lypoprotein (HDL)
သိပ်သည်းဆ မြင့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၃။ Low Density Lypoprotein (LDL)
သိပ်သည်းဆ နိမ့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၎။ Total Glyceride
ဂလစ်စရိုက်ဓာတ်ပေါင်းတို့ ပါဝင်ကြသည်။


အဆိုပါ ဓာတ်ပေါင်းလေးမျိုးအနက် Total Ch***sterol က အဓိကရောဂါဖြစ်သော တရားခံ ဖြစ်ပါသည်။
Ch***sterol ဓာတ်သည် ဝက်သား၊ ဝက်ဆီ၊ ဝက်ဦးနှောက်၊ ကြက်ဥအနှစ်၊ အုန်းသီး စသည်တို့၌
ပေါများစွာပါရှိသည်။ ထို့ကြောင့် ကျန်းမာရေးကို အလေးထားသူများက ယခုအခါ ဝက်သားနှင့် အုန်းသီးတို့ကို ရှောင်နေကြပြီ ဖြစ်ပါသည်။ သို့သော် ယင်းတို့သည်လည်း အရေးကြီးသော ဓာတ်များ ဖြစ်ကြ ပါသည်။

စာရေးသူ၏ဖခင်သည် ဆီးချိုအခံရှိရာက နှလုံးသွေးကြောပိတ်ရောဂါဖြင့် အသက်သေဆုံးခဲ့ရသည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင်လည်း သွေးထဲ ကိုလက်စထရောဓာတ် မတက်ရအောင် အမြဲသတိပြု
နေထိုင်ခဲ့သည်။ ယင်းသို့ နေထိုင်သည့်တိုင် လွန်ခဲ့သော ငါးနှစ်လောက်က ဒေါသထွက်ရာမှ လေဖြတ်ခံရလု အဆင့် T.I.A Transient Ischaemic Attack ကို ရောက်ခဲ့သေးသည်။ ထိုအချိန်က စာရေးသူ၏သွေးထဲ ကိုလက်စထရောနှင့် သကြားဓာတ်တို့သည် မြင့်တက်နေခြင်း အလျဉ်းမရှိ။ နောက်ဆုံး ခေတ်ပေါ်ကွန်ပျူတာ နည်းဖြင့် သွေးကို စစ်လိုက်သောအခါမှ Triglycerides ထရိုင်ဂလစ်စရိုက်ဓာတ်သည် ရှိသင့်သည်ထက် များစွာတက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းဓာတ်တို့ကို အလေးပေး၍ ရှောင်စရာရှိသည်များကို အစားအသောက်မှ ရှောင်လိုက်ခြင်းဖြင့် ဤရောဂါစုများ ဒုက္ခပြန်မပေးတော့ခြင်း ဖြစ်သည်။


ဤသို့ သွေးထဲ ကိုလက်စထရောနှင့် အခြားအဆီဓာတ်အမျိုးမျိုးကို ချပေးနိုင်သော ဆေးဝါးများ အမျိုးမျိုးရှိကြပါသည်။ သို့သော် ဆေးတန်ဖိုးက တလအတွက် ကျပ်သုံးထောင်ကျော်မှ လေးထောင်နီးပါး သုံးရမည်ဖြစ်ပြီး အသက်သေဆုံးချိန်အထိ နောင် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆက်တိုက် သောက်သုံးရဦးမည်
ဖြစ်၍ တိုးတက်ဆဲနိုင်ငံသူ နိုင်ငံသားများအဖို့ အိပ်မက်ပင် မမက်ဝံ့နိုင်သောကိစ္စ ဖြစ်နေသည်။


သို့ကြောင့် စာရေးသူ ဆေးခန်းသို့ ရောက်လာသော လူနာများကို သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ တို့ကိုသာ ဦးစားပေး သုံးစွဲစေသင့်ကြောင်း အကြံပြုပြီး ဝက်ဆီ၊ အုန်းဆီတို့ကို ရှောင်စေခြင်း၊ ကြက်ဥ၊ ဘဲဥတို့ကို ကန့်သတ်စားသုံးစေခြင်း၊ ခန္ဓာကိုယ် အလေးချိန် မမြင့်တက်ရအောင် ထိန်းထားစေခြင်းတို့ဖြင့် အကြံပေးဖြစ်သည်။


နှလုံး ကျန်းမာသန်စွမ်းစေဖို့ ဝိုင်အရက် (Red Wine) နှင့် ဘီယာအနက် (Dark Beer) တို့ကို နည်းနည်းစီ သောက်သုံးစေခြင်း၊ ဆေးလိပ်ကို လုံးဝ ဖြတ်တောက်စေခြင်း၊ ပူပင်သောကကို တတ်နိုင်သလောက် နည်းမျိုးစုံဖြင့် လျှော့ချစေခြင်း၊ Vitamin ဆေးဝါးများဖြင့် အားဖြည့်ပေးခြင်း၊ သင့်တင့်သော အစားအသောက်များ ရွေးချယ်စားသောက်ခြင်းတို့ကို ပြုလုပ်ပေးရမည်။


သဘာဝနည်းဖြင့် ကိုလက်စထရောဓာတ်ကို ထိန်းခြင်း---
အောက်ပါနည်းများဖြင့်လည်း သွေးထဲမြင့်နေသော ကိုလက်စထရောကို ချပေးနိုင်ပါသေးသည်။
(၁) ကောင်းသော အဆီဓာတ်ကို ဦးစားပေး စားသုံးပါ၊ သွေးကြောများတွင် သွေးခဲများ ပိတ်ဆို့စေတတ်သော အဓိကဇာတ်ကောင်မှာ L.D.L ကိုလက်စထရောဓာတ်ဖြစ်သည်။ ဤ L.D.L ကိုလက်စထရောဓာတ် မတက်ရအောင် ထောပတ်အစား သာမန်ဟင်းရွက်ဆီကို အစားထိုင်းနိုင်သည်။ မလိုင်အပြည့်ပါသော နွားနို့ကို သောက်မည့်အစား မလိုင်နှုတ်ထားသောနွားနို့ကို သောက်သုံးခြင်း စသည့်နည်းများဖြင့် ကာကွယ်၍ ရ၏။


(၂) ကြက်ဥ၊ ဘဲဥများတွင် ကိုလက်စထရောဓာတ်များ ပါရှိသည့်ဟု ဆိုထားသော်လည်း H.D.L ပြည့်ဝသော ကိုလက်စထရောဓာတ် အဓိကပါဝင်သည်။ ယင်းဓာတ်တက်စေရန် ကြက်ဥ၊ ဘဲဥကို စားသုံးနိုင်ပါသည်ဟု ဆိုလာကြသည်။ သို့ကြောင့် ယခုအခါ နှလုံးရောဂါသည်များပင်လျှင် ရက်သတ္တတပတ်လျှင် ဘဲဥ၊ ကြက်ဥ နှစ်လုံးမျှကို စားသုံးစေပါသည်။ (H.D.L ကောင်းသော ကိုလက်စထရောဓာတ် တက်နေပါက မကောင်းသော ကိုလက်စထရော L.D.L ဓာတ်ကို အချိုးကျကျ ဆင်းစေသောကြောင့် ဖြစ်၏)


(၃) မကောင်းသည့် အဆီများကို ကန့်သတ်၍စားသုံးပါ။ စားသုံးသည့် အဆီသည်လည်း နေ့စဉ် စားသုံးနေသော အာဟာရဓာတ်၏ ၃၀-ရာခိုင်နှုန်းထက် မပိုစေရပါ။ ကောင်းသောအဆီဆိုသည်ကား ဟင်းရွက်ဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီတို့ ဖြစ်၍ မကောင်းသော အဆီဆိုသည်ကား ဝက်ဆီ၊ အမဲဆီ၊ အုန်းဆီတို့ကို ဆိုလိုသည်။


(၄) ခန္ဓာကိုယ် အလေးချိန် မတိုးအောင် ထိန်းထားပါ။ ခန္ဓာကိုယ်အလေးချိန် လျှော့ချနိုင်ပါက H.D.L မြင့်တက်လာပါလိမ့်မည်။


(၅) လှုပ်ရှားသွားလာပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုပါ။ လှုပ်ရှားမှုနည်းသော သွေးဆုံးပြီး အမျိုးသမီးများတွင် ထရိုင်းဂလစ်စရိုက်ဓာတ်သည် သွေးမဆုံးမီ အမျိုးသမီးတို့ထက် ၈၅-ရာခိုင်နှုန်းအထိ မြင့်တက်နေတတ် ပါသည်။
ကိုယ်လက်လှုပ်ရှားခြင်းကြောင့် သွေးထဲ အဆီမျိုးစုံကို ကျစေသည်။ ကောင်းသော ကိုလက်စထရောများကို မြင့်တက်စေပါသည်။

(၆) အနီရောင် ဝိုင် သို့မဟုတ်-အနက်ရောင် ဘီယာတို့ကို နည်းနည်းစီ သောက်ခြင်းဖြင့် သွေးထဲ ကိုလက်စထရောဓာတ် အားလုံးကိုကျစေပါသည်။


(၇) ဆေးလိပ်ကို ဖြတ်ပါ။ ဆေးလိပ်သောက်သူများတွင် လူကိုအကျိုးပြုသော H.D.L ကျဆင်းစေပါသည်။ ဆေးလိပ်ဖြတ်မှသာ ယင်း H.D.L များ ပြန်တက်သွားလေ့ရှိပါသည်။


(၈) ပူပင်သောကရှိသူများ၊ ဒေါသကို အောင့်ထားရသူများ၊ ဒေါသကြီးသူများတွင် L.D.L ဓာတ် မြင့်တက်နေတတ်သည်။


(၉) ဗိုက်တာမင်မျိုးစုံထဲတွင် ဗိုက်တာမင် အီးသည် သွေးထဲရှိ L.D.L နှင့် ပေါင်းပြီး သွေးကြောထဲ
သွေးခဲပိတ်ဆို့မနေရအောင် ကာကွယ်ပေးပါသည်။
H.D.L နိမ့်ကျသည့်အခါ၊ ထရိုင်ဂလစ်ဆရိုက် မြင့်နေသည့်အခါ၊ နိုင်ရာဆင် Niacin (ဗိုက်တာမင် ဘီ တမျိုး) က အန္တရာယ်ဖြစ်မလာရအောင် အကာအကွယ် ပေးပါသည်။


(၁၀) ကောင်းသောအစားအစာများကို ပိုမိုစားပါ။ အထူးသဖြင့် ပဲအမျိုးမျိုး၊ ဘာလီ၊ လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို ပိုမိုသောက်သုံးပါ။ ဆော်လမွန်ငါး၊ ငါးကွမ်းရှက်တို့၏ အဆီများသည် ပြည့်ဝအဆီ ပါဝင်မှုနည်းသောကြောင့် လူကို အကျိုးပြုပါသည်။


ထို့ပြင် အမျှင်ပေါကြွယ်ဝသော အစားအစာများ၊ ဥပမာ-ဟင်းသီးဟင်းရွက် မျိုးစုံနှင့် သစ်သီးဝလံမျိုးစုံကို ဦးစားပေး စားသုံးစေခြင်း၊ ပဲမှ ထုတ်လုပ်ရရှိသော တိုဟူး၊ ပဲနို့ စသည်တို့ကို ဦးစားပေး စားသုံးစေခြင်း စသည့်နည်းများဖြင့် ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ယင်းအစားအသောက် များကို ရှောင်ကြဉ်ရန် ဝန်လေးနေကြသူများအတွက်လည်း ပူပင်စရာ မလိုတော့ပါ။ သင့်တော်ရာ ဆေးဝါး များကို မှီဝဲရုံဖြင့် အဆင်ပြေနိုင်ပါသည်။ ယင်းဆေးကား ဈေးလည်း များလှသည်မဟုတ်သည့်အပြင် စားသုံးရာတွင်လည်း ကရိကထ မများလှသည့်ဆေးဖြစ်သည်။


ကြားဖူးကြမည်ထင်ပါသည်။ မြောက်ဝင်ရိုးစွန်းတန်းအနီး ရေခဲတုံးများကို အိပ်ဆောက်ကာ နေထိုင်ခဲ့ကြသည့် အက်စကီးမိုး လူမျိုးတို့အကြောင်းပင် ဖြစ်သည်။ ဤလူမျိုးတို့သည်ကား ကျန်းမာရေးအမြင်အရ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းလူမျိုးတို့သည် ဗိုက်ရွှဲနေသူဟူ၍ မရှိ။ နှလုံးရောဂါတိုသည်လည်း  သူတို့ဆီမှာ မကြားစဖူး၊ ဆီးချိုရောဂါဆိုသည်လည်း သူတို့ပတ်ဝန်းကျင်တွင် အစိမ်းသက်သက်၊ သူတို့စားကြသည့် အစားအစာများကလည်း အဆီဓာတ်နှင့် ပြည့်နေသော ငါးမျိုးစုံကိုသာ အဓိကစားသုံးကြသည်။


'Eat fish to Live Long" အသက်ရှည်စေရန် ငါးကို ပိုမိုစားသုံးကြပါ။
'Eat Fat and Grow Slim"လူတွေ မဝကြရအောင် ငါးမှရသော အဆီကို သဘောရှိ စားသုံးကြပါ။ စသည့်အချက်အလက်တို့ကို ရေးသားပြုစုထားသော စာအုပ်စာတမ်းများသည် နောက်တိုင်းတွင်
ရောင်းမလောက်အောင် ထုတ်ဝေနိုင်ခဲ့ကြသည်။


ယင်းအချက်တို့ကို သိပ္ပံပညာရှင်များကလည်း ထောက်ခံမှုပေးထားသော စာတမ်းများလည်း ပလူပျံအောင် ထွက်ခဲ့ပြီး ဖြစ်သည်။ ယင်း အက်စကီးမိုး ဒေသ၌ ပေါများစွာ စားသုံးနေကြသော အဆီတို့ကို V-Omega အမည်ဖြင့် ကမ္ဘာတွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ယင်းဆေးလုံးများကို
မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။


နှလုံးသွေးကြောပိတ် လေဖြတ်အန္တရာယ်နှင့် နီးစပ်သောလူကြီးများ အသက်ရှည်ကျန်းမာမှုအတွက် ဤငါးများမှ ထုတ်လုပ်ရရှိသော အဆီဓာတ် ဆေးလုံးကလေးများကို မှီဝဲကြည့်ပါ။ ဆေးဝါးမဟုတ်သော (နောက်ကွယ်၌ ခေတ်ပေါ်ဆေးဝါးကဲ့သို့ အန္တရာယ်လိုက်လာမှု မရှိသော) ဤဆေးလုံးများက မုချအကူအညီ ပေးမှာ သေချာပါသည်။


ဤဆေးလုံးများသည် Vitamin A နှင့် D ဓာတ်များ ရရှိရန် သောက်သုံးလျက်ရှိကြသော ငါးကြီးဆီအလုံး နှင့် လုံးဝမသက်ဆိုင်ပါ။ ဤအဆီက အပူပိုင်းဒေသ ငါးကြီးများ၊ ကောငါးကြီးများမှ ထုတ်လုပ်ရရှိသော Cod Liver Oil အဆီ ဖြစ်သတည်း။


ဆရာဝန် တင်ရွှေ
 
post by: http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A717344&xgs=1&xg_source=msg_share_post

အသံတိတ် ကျောက်ကပ်ပြဿနာ စစ်ဆေးပါ

ထိုင်ဝမ်၊ ကာအိုဟီစယမ်မှ အသက် ၂၅-နှစ်အရွယ် အရောင်းစာရေးမလေး လင်လီချန်သည်
တောင်တက်အဖွဲ့ဝင် တယောက် ဖြစ်သလို အားကစားနှင့် ပြင်ပလှုပ်ရှားမှုများ၌ စိတ်ဝင်တစားရှိသောကြောင့် လွန်စွာကျန်းမာ သန်စွမ်းသော အမျိုးသမီးလေးဖြစ်ပေသည်။ 

သို့ရှိရာမှ တနေ့သ၌ ခေါင်းများကိုက်ခဲပြီး ချောင်းဆိုးလာ၍ သူမ၏မိသားစု ဆရာဝန်ထံ ပြသလေသည်။ ဆရာဝန်က “တုပ်ကွေး”ရောဂါဟု အမည်တပ်ကာ ကုသပေးသော်လည်း သက်သာမလာသည့်အပြင် အားအင်များပါ နည်းပါးကာ မောပန်းသကဲ့သို့ ခံစားလာရသည်။ ထိုအခါ တိုင်းရင်းဆေးဖက်ဝင် သစ်ခေါက်၊ သစ်မြစ်များ၊ ကျွမ်းကျင်သော ဆေးဆရာများနှင့် ကုသခဲ့သေးသည်။ သို့သော် နွမ်းနယ်ခြင်းကား မသက်သာ။

သို့ဖြင့် ဒုတိယအကြိမ် သူမ၏မိသားစု ဆရာဝန်ထံ ထပ်မံတိုင်ပင် အကုသခံရာ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီးနောက် ကျောက်ကပ်အထူးကုသမားတော်ထံ ထပ်မံလွှဲအပ်ပေးခဲ့၏။
ထိုအခါ ကျောက်ကပ်အထူးကုဆရာဝန်က လိုအပ်သော စစ်ဆေးခြင်းများ ပြုလုပ်ရာမှ သူမ၏ဆီးအတွင်း၌ အသားဓာတ် (Checking The Protein in Urine) စစ်ဆေးချက်အရ ရောဂါကို ရှာဖွေတွေ့ရှိခဲ့လေသည်။

“ခင်ဗျားရဲ့ ကျောက်ကပ်တွေဟာ ရာခိုင်နှုန်း ၂၀-ပဲ ပုံမှန်ကောင်းမွန်ပြီး ကျန် ၈၀-ရာခိုင်နှုန်းက အလုပ်မလုပ်တော့ဘူး”ဟု အထူးကုသမားတော်ကြီးက လင်လီချန်ကို ပြောလာချိန်တွင်မူ “လင်”တယောက် လွန်စွာ ထိတ်လန့်ချောက်ချားသွားရပေသည်။ 
“ဟင် ဒါပေမယ့် ကျွန်မဘာမှ မနာပါလား”
“ကျောက်ကပ်ရောဂါအတော်များများဟာ နောက်ဆုံးအဆင့်ရောက်သည့်တိုင်အောင် လက္ခဏာတစုံတရာ မပြကြတာများတယ်...ဘာနာကျင်ခြင်းမှ မရှိတတ်ကြဘူး”
သမားတော်၏ ရှင်းပြချက်များအပြီးမှာ လင်တယောက် မယုံကြည်နိုင်စွာဖြင့် ရှိခဲ့သည်။ သို့သော် ခြောက်လခန့်အကြာ၌ ရောဂါလက္ခဏာများပြကာ ကျောက်ကပ်ဆေးစက်ဖြင့် ကုသခြင်း (Renal Dialysis) ခံယူခဲ့ရလေသည်။ လေးလခန့်အတွင်း တပတ်လျှင် သုံးကြိမ်၊ တကြိမ်လျှင် လေးနာရီကြာ ကုသခံခဲ့ရ၏။


၁၉၉၀-ပြည့်နှစ် ဇူလိုင်လ (ရောဂါသိရှိပြီးချိန်မှ ၁၀-လအကြာ)တွင် လင်တယောက် ကျောက်ကပ်အစားထိုး ကုသခြင်း ခံခဲ့ရလေသည်။ ထိုခွဲစိတ်မှုပြီးသည်မှ ယနေ့အထိ လင်သည် ကျန်းမာစွာ ရှိနေလေပြီ။
အသံတိတ် ကြောက်မက်ဖွယ် ကျောက်ကပ်ရောဂါကို စောစီးစွာ စစ်ဆေးသိရှိနိုင်းခြင်းက သူ့အား ဘဝသစ်ရှင်သန်ခွင့် ပေးခဲ့လေသည်။


အလားတူစွာ တိုင်ပေကွန်ပျူတာ ကုမ္ပဏီတခုမှ ချောင်ဝမ်ချိုင်ဆိုသူသည်လည်း ၁၉၉၇-ခုနှစ်တွင် စီးပွားရေး ကိစ္စတခုဖြင့် တရုတ်ပြည်ရောက်ခိုက် ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ရာမှ ဆရာဝန်က
သွေးတိုးကြောင်း ပြောကြားခဲ့သည်။ သို့သော် သူသိပ်သတိမထားခဲ့ပေ။ နောက်ခြောက်လအကြာ၌ သူ့ခြေထောက်များ ရောင်ရမ်းနာကျင်လာလေသည်။ တိုင်ပေမှ ဆရာဝန်က သူ့တွင် Chronic Renal Failure နာတာရှည်ကျောက်ကပ် ချို့ယွင်းခြင်း ရောဂါရှိနေကြောင်း ပြောလေသည်။


“ကျွန်တော် မယုံနိုင်လောက်အောင် အံ့သြသွားခဲ့ရတယ်...ကျွန်တော့်မှာ ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းသွားကြောင်း လက်ခံဖို့ အတော်ခဲယဉ်းခဲ့ပါတယ်”
သို့ရာတွင် ဆေးဝါးဓာတ်စာများဖြင့် ကုသအပြီးမှာ ချောင်တယောက် သက်သာလာခဲ့သည်။ ယခုတိုင် ကျောက်ကပ်စစ်ဆေးချက်များဖြင့် အကုသခံနေဆဲ ဖြစ်သည်။ သူ့မှာဝေဒနာ အကြီးအကျယ် မပြခင်ကတည်းက ကျောက်ကပ်တွင် ထိခိုက်ပြီးသားဖြစ်ခဲ့သည် ဆိုခြင်းကို ယခု သူလက်ခံပေပြီ။


နောက်တဖန် ဟောင်ကောင်မှ ဗင်းဆင့်ဟန် ဆိုသူလေးမှာကား လေးနှစ်သားအရွယ်ကပင် မိဘများ၏ ကျန်းမာရေး စစ်ဆေးပေးချက်အရ ကျောက်ကပ်ချို့ယွင်းကြောင်း သိရှိနိုင်ခဲ့လေသည်။ အနောက်တိုင်း သမားတော်များနှင့် တရုတ်သမားတော်များ၏ ကုသပုံမတူညီမှုကြောင့် ၁၄-နှစ်သား အရွယ်မှ ကျောက်ကပ်အစားထိုး ခံခြင်းဖြင့် အကုသခံခဲ့ရလေသည်။


ဤဖြစ်ရပ်များအရ ကျောက်ကပ်ရောဂါ၏ အသံတိတ်ဒုက္ခပေးပုံ (Silent Menace)ကို သိရှိနိုင်လေသည်။ သာမန်လူတိုင်းတွင် အသံတိတ်ဖြစ်နေနိုင်သော ကျောက်ကပ်ပြဿနာသည် အောက်ပါလူများအတွက် ပိုမို၍ လက်သီးပုန်းထိုးနှက်နိုင်ပေသည်။
၁။ ဆီးချိုရောဂါရှင်များ
၂။ သွေးတိုးရောဂါရှိသူများ
၃။ မိသားစုမျိုးရိုးတွင် ကျောက်ကပ်၊ နှလုံးရောဂါရှိသူများ
၎။ အဝလွန်သူများ (အထူးသဖြင့် ခန္ဓာကိုယ်အလယ်ပိုင်း ဝလွန်းသောသူများ)
၅။ အကိုက်အခဲ ပျောက်ဆေးကို ကြာရှည်စွာ စားသုံးသူများ။
ထို့ကြောင့် ကျောက်ကပ်စစ်ဆေးချက် မှန်စွာခံယူဖို့ အလွန်အရေးကြီးပေသည်။


မည်သည့်ရောဂါမဆို စဖြစ်ကာစတွင် စောစီးစွာအချိန်မီ သိရှိနိုင်ပါမှ အချိန်မီ ကုသခြင်း ခံယူနိုင်ပေမည်။
သို့အတွက် အသံတိတ်နှိပ်စက်တတ်သော ကျောက်ကပ်ပြဿနာများကို စောစီးစွာကြိုတင်သိရှိနိုင်ရန် 
ကျောက်ကပ်၏ ပုံမှန်လုပ်ဆောင်ချက်များနှင့် စစ်ဆေးတွေ့ရှိနိုင်ပုံများကို သိထားရန် အရေးကြီးပေသည်။


ကျောက်ကပ်ဆိုတာ ဘာလဲ---
ကျောက်ကပ်ဆိုသည်မှာ အရိုးဆုံးပြောရလျှင် ခန္ဓာကိုယ်တွင်းမှ မလိုလားအပ်သည့် အဆိပ်အတောက်များကို
ပြင်ပသို့ ဆီးမှတဆင့် စွန့်ထုတ်ပေးပြီး လိုအပ်အသုံးဝင်သော ဓာတ်ပစ္စည်းများကို ပြင်ပသို့ထွက်မသွားစေရန် စစ်ယူပေးထားသော ဆန်ခါတမျိုးဟုသာ အကြမ်းဖျင်း ဆိုနိုင်ပါသည်။


၎င်းသည် လူ့ခန္ဓာကိုယ်တွင် ဝမ်းဗိုက်၌ ကျောနောက်ကပ်လျက် တဖက်တချက်တည်ရှိသော လက်သီးဆုပ် အရွယ် ပဲစေ့ပုံအင်္ဂါလေးနှစ်ခုဖြစ်ပါသည်။
ကျောက်ကပ်သည် လီတာ ၂၀၀-မျှရှိသော သွေးများကို နေ့စဉ် ၄င်းအတွင်း၌ စီးဝင်ဖြတ်သန်းစေပြီး စစ်ထုတ်ပေး၏။ ထိုသွေးများအနက် နှစ်လီတာခန့်မှာ အညစ်အကြေး ဆီးအဖြစ် စွန့်ထုတ်ရန် ဆီးအိမ်သို့ 
ရောက်သွားလေ့ရှိ၏။


ကျောက်ကပ်က ဘာလုပ်ပေးသလဲ---
အညစ်အကြေးစစ်ထုတ်သော လုပ်ငန်းသည် ကျောက်ကပ်၏အရေးအကြီးဆုံးသော လုပ်ငန်းဖြစ်သည့် အလျောက် ကျောက်ကပ်ရောဂါ အတော်များများမှာလည်း ထိုစစ်ပေးသောစနစ်ကြီး ပျက်ယွင်းသွားသောကြောင့် ဖြစ်ကြရပေသည်။


ကျောက်ကပ်ထိခိုက်ပါက ဆီးများကို ပုံမှန်ဆက်လက်ထုတ်ပေးသွားနိုင်သော်လည်း ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များ၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဓာတ်များ စွန့်ထုတ်မှုမှာမူ နည်းပါးသွားပေသည်။ ထိုစွန့်ထုတ်မှုနည်းသွားသော ပစ္စည်းများမှာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်ကျန်ခဲ့ကာ လူကိုဒုက္ခပေးတော့သည်။


ကျောက်ကပ်ပျက်တာ ဘယ်လိုသိနိုင်မလဲ---
ကျောက်ကပ်များ တစုံတရာ ပျက်စီးနေခြင်းကို ညွှန်ပြသည့်အချက်တချက်မှာ “ဆီးအတွင်း အသားဓာတ်များ (Protein) အလွန်အကျွဲပါနေမှု”ပင် ဖြစ်သည်။
ဆီးအတွင်း အသားဓာတ်များပြားနေခြင်းသည် ခန္ဓာကိုယ်အတွက် ကျောက်ကပ်လုပ်ငန်း ချို့ယွင်းသွားမှုကို စောစီးစွာနှင့် ထင်ရှားစွာဖော်ပြနိုင်သော အခြေခံအချက်တချက် ဖြစ်ပေသည်။


အဘယ်ကြောင့်နည်း---
ပုံမှန်ကျန်းမာသော ကျောက်ကပ်၏တာဝန်မှာ ပရိုတင်း (Protein) ခေါ် အသားဓာတ်များကို ခန္ဓာကိုယ်အတွက် သိမ်းဆည်းစစ်ယူထားရန်ဖြစ်ပြီး မလိုလားအပ်သော အညစ်အကြေးများကို စစ်ထုတ်ပေးရန်ဖြစ်သည်။
ထို့ကြောင့် ကျောက်ကပ်အလုပ် ချို့ယွင်းစပြုချိန်မှာ (Protein) များကို ပြည့်ဝစွာ သိမ်းဆည်းစစ်ယူမပေးနိုင်ပဲ ဆီးတွင်း၌ (Protein) များ ပါဝင်သွားနိုင်ပေသည်။ ထိုမျှမက ကျောက်ကပ်သည် ခန္ဓာကိုယ်၏ အရေးကြီး သက်စောင့်လုပ်ငန်းအဝဝကိုပါ လုပ်ဆောင်ရသဖြင့် ကျောက်ကပ်ပျက်စီးထိခိုက်ပါက တကိုယ်လုံး၏ လုပ်ငန်းဆောင်တာများပါ ယိုယွင်းစပြုလာနိုင်သည်။


ဥပမာအားဖြင့်-သွေးကြောများ ကျဉ်းမြောင်းလာသဖြင့် သွေးတိုးရှိလာခြင်းမှအစ အခြားသော ဦးနှောက်ကြွက်သားများပါ ထိခိုက်လာကာ သွေးတိတ်နိုင်စွမ်းရည်ပါ ကျလာလေ့ရှိပါသည်။ ထို့ပြင် ပြင်းထန်သော သွေးနီဥ နည်းပါးသောရောဂါ (Severe Anaemia) လည်း အတွေ့ရများပေသည်။
မလေးရှားနိုင်ငံ (Metro Specialist Hospital) မက်ထရို အထူးကုဆေးရုံမှ အတိုင်ပင်ခံသမားတော်ကြီး
ဒေါက်တာ ကောဘီလင်း (Dr. Khaw Bee Ling) က ကျောက်ကပ်ထိခိုက်ချို့ယွင်းခြင်းကြောင့် အရိုးများချည့်နဲ့အားပျော့လာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။


အရိုးများ ခိုင်မာတောင့်တင်းမှုအတွက် (Calcium) မှာ မရှိမဖြစ် လိုအပ်ပေသည်။ Calcium များ သွေးအတွင်း လုံလောက်စွာ ရှိနေရန်အတွက် ဖော့စဖရပ် (Phosphorus) များကို လိုအပ်သည်ထက် ပိုမလာအောင် စစ်ထုတ်ရန်မှာ ကျောက်ကပ်၏ အရေးအကြီးဆုံးတာဝန်ဖြစ်၏။ ကျောက်ကပ်၏ အညစ်အကြေးစွန့်ထုတ် လုပ်ငန်းစဉ် ချို့ယွင်းခြင်းကြောင့် ဖော့စဖရပ်များ သွေးတွင်းမြင့်မားလာခြင်းဖြင့် (Calcium)များ နည်းပါးသွားရာ ထိုမှတဆင့် အရိုးများ သန်စွမ်းစေမည့် (Calcium) နည်းပါးသွားနိုင်ပေသည်။


လူတဦးစီအတွက် ကျောက်ကပ်တခုဆိုလျှင် လုံလောက်သော်လည်း သဘာဝပေး အခြေအနေအရ
ကျောက်ကပ်နှစ်ခုရှိခြင်းအားဖြင့် တခုစီ၏ အစိတ်အပိုင်း အနည်းငယ်ပျက်ယွင်းသော်ငြား ကျန်အစိတ်အပိုင်းများက လုပ်ငန်းများကို ပုံမှန်ဖြစ်စေနိုင်ပေသည်။
မနီလာမြို့ အမျိုးသား ကျောက်ကပ်နှင့် ကျောက်ကပ်အစားထိုးခြင်းဆိုင်ရာ တက္ကသိုလ်မှ
ကျောက်ကပ်အထူးကု ဒေါက်တာ အန်တိုနီယိုပရာအစ်ဆိုက...
“ဒီနေ့ ကျွန်တော် လူနာ နှစ်ယောက်တွေ့ခဲ့ရတယ်၊ အဲဒီ နှစ်ယောက်စလုံးဟာ ဒီနေ့မှာပဲ ကျောက်ကပ်ဆေးစက်နဲ့ ဆေးဖို့ (Renal Dialysis) အရေးတကြီးလိုအပ်နေချိန် ရောက်နေလောက်အောင် သူတို့ရဲ့ ကျောက်ကပ်တွေဟာ အတော်ဆိုးဝါးစွာ ပျက်စီးနေကြပြီ။ အဲဒီလောက် ပျက်စီးနေတဲ့ ကျောက်ကပ်တွေ ဖြစ်နေပေမယ့် ကာယကံရှင်တွေဟာ ကျောက်ကပ်ဆိုင်ရာ ဘာလက္ခဏာမှ မခံစားကြရတာ တွေ့ရတယ်...”


ဤစာကိုကြည့်၍ ကျောက်ကပ်ပျက်စီးခြင်းသည် လူတို့၏ ကိုယ်ထဲ၌ အသံမပေးဘဲ အဆိပ်ဗုံးတလုံးလို တိတ်တဆိတ် ခိုဝင် ဒုက္ခပေးနိုင်သည်ဖြစ်၍ ကြောက်စရာကောင်းကြောင်း သိနိုင်ပေသည်။
ဟောင်ကောင်မှ ဒေါက်တာ လိုဝေကီက “အာရှတိုက်သား သန်းပေါင်းများစွာဟာ ဆီးထဲမှာ အသားဓာတ်လွန်ကဲစွာ ပါဝင်နေခြင်းတွေ့ရကြောင်း၊ ဟောင်ကောင်လူထုရဲ့ လူပေါင်း ၄၂၀၀ နှင့် စင်ကာပူရှိ လူပေါင်း ၃၀၀၀-ခန့်ဟာ ယခုအချိန်မှာ ကျောက်ကပ်ဆေးခြင်း ကျောက်ကပ်အစားထိုးခြင်းများ နှင့် ကုသခြင်း ခံပြီး ကျောက်ကပ်၏ လက်သီးပုန်းထိုးနှက်ထားခြင်းဒဏ်မှ အသက်ကို ပြင်းထန်စွာ ကယ်နေရကြောင်း ” အတိအလင်း အသိပေးသွားလေသည်။


ထိုနည်းတူစွာ ထိုင်ဝမ် ကျောက်ကပ်အဖွဲ့အစည်းတခုဖြစ်သည့် Emily Tsuei of the National Kidney Foundation မှ ထိုင်ဝမ်လူထု ၂၇၀၀၀-နီးပါးသည် လွန်ခဲ့သည့်နှစ်က ကျောက်ကပ်ရောဂါအတွက်
ဆေးကုသခံခဲ့ကြပြီး ၁၉၉၈-ခုနှစ်တွင် ၁၃-ဆ ပိုများလာသည်ဟု ကြေညာထားသည်။
ကျောက်ကပ်ရောဂါအတော်များများသည် ပြန်လည်၍ အဖတ်ဆယ်မရအောင် ပျက်စီးသွားကြသော်လည်း စောစောသိပါက ပျက်စီးမှုနည်းပါးအောင် ကုသပေးနိုင်သည်။


ထို့ကြောင့် ယခုအခါ ရိုးရှင်းလွယ်ကူစွာ ကုန်ကျစရိတ် သက်သာစွာ အစောဆုံးသိရှိနိုင်မည့်နည်းလမ်းတခုကို စင်ကာပူနိုင်ငံ ဘိုင်အိုနက်ဓာတ်ခွဲဌာန (Bio Net Laboratories Asia Pacific of Singapore) မှ တင်သွင်းသော ရှည်မျောမျော အချောင်းလေးများ (at-Home Test Strip) ဖြင့် ကြိုတင်စမ်းသပ်နိုင်ပေပြီ။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ယခုနောက်ပိုင်း ဟောကောင်တို့တွင်ပါ ရရှိစစ်ဆေးနိုင်ကြပြီ ဖြစ်၏။


စမ်းသပ်ပုံ---
ထိုအချောင်းပြားလေးများ သုံးစွဲပုံမှာလည်း ရိုးရှင်းလွယ်ကူသဖြင့် အိမ်၌ပင် မိမိဘာသာ စစ်ဆေးကြည့်နိုင်ပေသည်။ ဆီးကို ပိုးသတ်ထားသည့် သန့်ရှင်းသောခွက်တခွက်၌ ခံယူကာ ဓာတုဗေဒနည်းအရ စီမံထားသော ထိုအချောင်းပြားလေးကို ဆီးထဲနှစ်ထားကြည့်ရုံသာဖြစ်၏။ ထိုအခါ အချောင်းပြားလေး၏အရောင် ပြောင်းသွားပါက ထိုဆီးထဲ၌ အသားဓာတ် (Protein) လွန်ကဲစွာ ပါဝင်နေသည်ဟု သိနိုင်လေသည်။ သို့ဖြင့် ကျောက်ကပ်ပြဿနာကို စောစီးစွာသိပြီး လိုအပ်သမျှ ဆက်လုပ်နိုင်ပေပြီ။


အခြားခန္ဓာကိုယ်၏ အရေးတကြီး အခြေအနေများ၌လည်း ထိုအချောင်းပြားလေး အရောင်ပြောင်းနိုင်ပေသည်။ ဥပမာ-ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ထားခြင်း၊ အဖျားရှိခြင်းများ၌လည်း ထိုအချောင်းလေး အရောင် ပြောင်းတတ်ပေရာ ထိုအခါများ၌ သင်၏ဆရာဝန်နှင့်တိုင်ပင်ပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ထပ်မံစမ်းသပ်နိုင်ပေသည်။ အချောင်းပြားလေး အရောင်ပြောင်းခြင်း ဆက်လက်ရှိနေပါက သင့်မှာ ကျောက်ကပ်တစုံတရာ ချို့ယွင်းနေကြောင်း စောစီးစွာသိနိုင်လေသည်။


ကျောက်ကပ်အထူးကုဆရာဝန်မှာက ထိုစစ်ဆေးချက်ကို နှစ်စဉ် လုပ်ဆောင်သွားရန် အကြံပြုထားကြသည်။
ထို့ကြောင့် လူတိုင်းအတွက် အချိန်မရွေး တိတ်တဆိတ် ဝင်ရောက်ထိုးနှက်နိုင်သော ကျောက်ကပ်ပြဿနာ များကို အထက်ပါရိုးရှင်းလွယ်ကူသော အချောင်းပြားလေးများ (Strips) သုံးကာ စစ်ဆေးခြင်းဖြင့် အသက်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ပေတော့မည်။


ဒေါက်တာနုနုဆွေ
Ref: Reader's Digest, 2000, July.
 
Post by: http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A717235&xgs=1&xg_source=msg_share_post

ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာ သက်ရှည်နည်း

အများအားဖြင့် လူတို့သည် မိမိတို့၏ ခြေနှစ်ဖက်အား အရေးထားလေ့မရှိဘဲ လျစ်လျူရှုထားတတ်ကြပါသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရှိသော ဦးနှောက်၊ နှလုံး၊ အဆုတ် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုသာ အလေးထားတတ်ပါသည်။


ထိုကိုယ်အင်္ဂါ အစိတ်အပိုင်းများကသာ လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် တိုက်ရိုက်ဆက်နွယ် ပတ်သက်ကြသည်ဟု ယူဆကြပါသည်။
အမှန်မှာ ထိုသို့ မဟုတ်ပါ။ ခန္ဓာကိုယ် အောက်ပိုင်းတွင်ရှိသော ခြေနှစ်ချောင်းသည်လည်း လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် အလွန်ပင် နီးကပ်စွာ ဆက်နွယ်နေပါသည်။


ခြေနှစ်ဖက်ကို လူတို့သည် လမ်းလျှောက်ရာ၌၄င်း၊ ရပ်တည်ရာ၌၄င်း၊ ပြေးခုန်ရာ၌၄င်း အသုံးပြုကြသော်လည်း ခြေနှစ်ဖက်ကို တယုတယ ထိန်းထိန်းသိမ်းသိမ်း ပြုစုပျိုးထောင်ပေးသူ အလွန်ရှားပါသည်။
တရုတ်ရှေးဟောင်း ဆေးပညာအလိုအရ လူတို့၏ တစ်ကိုယ်လုံးတွင် မျက်စိဖြင့် မမြင်နိုင်သော “ကျင်းလို့” ဟုခေါ်သည့် အကြောကလေးများ ပျံ့နှံ့နေပါသည်။


ထိုအကြောကလေးများသည် လူတို့ အသက်ရှင်နေထိုင်နိုင်အောင် စားသောက်သော အစားအစာ, ရှူသွင်းလိုက်သော လေတို့မှ အာဟာရဓာတ်များကို “ချီ” ဓာတ်အဖြစ်သို့ ပြောင်းလဲပေးပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့အောင် ပို့ဆောင်ပေးပါသည်။


ထိုအကြောကလေးများ အတွင်း၌ အကြောင်းတစ်စုံတစ်ရာကြောင့် ဟန့်တားနှောင့်ယှက်မှု တစ်ခုခု ကြုံတွေ့ရလျှင် “ခီ”ဓာတ် စီးဆင်းမှုလည်း ရပ်တန့်သွားတတ်ပါသည်။


ထိုအခါ သက်ဆိုင်ရာ နေရာများတွင် “ချီ”ဓာတ်များ ရေအိုင်များကဲ့သို့ အိုင်ထွန်းလာပြီး ရှေ့ဆက်မစီးဆင်းတော့ပေ။
ထိုနေရာတွင်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း  နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ အလုံးအကျိတ်များ ဖြစ်ပေါ်လာခြင်း စသည်များ ခံစားလာရတတ်ပါသည်။


ထိုအင်္ဂါအစိတ်အပိုင်း၏ လုပ်ဆောင်ချက်သည်လည်း မှန်ကန်မှု မရှိတော့ပေ။ ထိုအခါ လူတို့သည် ရောဂါဘယ အမျိုးမျိုး ရရှိခံစားလာရပါတော့သည်။
ထို့ကြောင့် “ခီ”ဓာတ်များ စီးဆင်းမှု မှန်ကန်စေရန် “ကျင်းလို့” အကြောများကို ဖွင့်ပေးရပါသည်။ ဟန့်တား နှောင့်ယှက်မှု မှန်သမျှကို ဖယ်ရှားပေးရပါသည်။


ထိုအခါ “ချီ”ဓာတ်သည် တစ်ကိုယ်လုံးသို့ ကောင်းမွန်စွာ စီးဆင်းခွင့်ရသောကြောင့် လူတို့သည် ရောဂါပျောက်ကင်းပြီး ကျန်းမာလာပါတော့သည်။
လူတို့သည် အသက်အရွယ် ကြီးရင့်လာသောအခါ ကျန်းမာရေး တဖြည်းဖြည်း ကျဆင်းလာတတ်ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်တွင်းရှိ “ချီ”ဓာတ်များ လျော့နည်းလာ၍ ဖြစ်ကြောင်း “ချီ”ဓာတ်များ လျော့နည်း လာရခြင်းသည် လူတို့၏ မျိုးပွားအင်္ဂါစွမ်းအင် (သို့) လိင်စွမ်းအင်နှင့် အစာခြေစွမ်းအင် နှစ်ရပ် ကျဆင်း၍ ဖြစ်ရကြောင်း ရှေးဟောင်း တရုတ်ဆေးပညာက ဆိုပါသည်။


ခြေဖဝါးအလည်တွင်ရှိသော “ယုံချွမ်”သွေးပေါက် ပုံ(၁)သည် တစ်ကိုယ်လုံးသို့ မျိုးပွားအင်္ဂါစွမ်းအင် (သို့) လိင်စွမ်းအင် “ချီ”ဓာတ်များ စတင်ထုတ်လွှတ် စီးဆင်းရာ ဗဟိုချက်မတစ်ခု ဖြစ်ပါသည်။
ထိုနေရာသည် တစ်ကိုယ်လုံးတွင်ရှိသော “ချီ”ဓာတ် စီးဆင်းရာ “ကျင်းလို့”များ စုဝေးရာ နေရာ တစ်ခုလည်းဖြစ်သောကြောင့် လူတို့အတွက် လွန်စွာမှ အရေးကြီးပါသည်။


“ယုံချွမ်”သွေးပေါက်အား နှိုးဆွပေးခြင်း၊ နှိပ်နယ်ပေးခြင်းသည် လူတို့ ကျန်းမာသက်ရှည်ရေးအတွက် လွန်စွာမှ အထောက်အကူပြုကြောင်း ရှေးဟောင်း တရုတ်ဆေးကျမ်းများက လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာ ကတည်းက မှတ်တမ်းတင်ထားခဲ့ပါသည်။ 
ယခုတင်ပြလိုသော “ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာသက်ရှည်နည်း”သည် တရုတ်ရှေးဟောင်း “ကျင်းလို့” ပညာကို အခြေခံထားပြီး လူတိုင်း အချိန်တိုအတွင်း လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်ပါသည်။


ထို့ပြင် လွယ်ကူသော်လည်း ကျန်းမာရေးအတွက် ထိရောက်သော အကျိုးကို ပေးမည်ဖြစ်ပါသည်။
ရှေးဦးစွာ ထိုင်ခုံတစ်လုံးတွင် တည့်မတ်စွာ ထိုင်ပါ။ မိမိ၏ ပေါင်သည် ကြမ်းပြင်နှင့် တပြေးညီ ဖြစ်စေရန် ထိုင်ခုံ မနိမ့်မမြင့် ဖြစ်စေရပါမည်။ ထို့နောက် မျက်စိနှစ်ဖက်ကို မှိတ်ပြီး (၁၅)မိနစ်ခန့် ငြိမ်သက်စွာ နေရပါမည်။ ပြီးလျှင် မျက်စိပြန်ဖွင့်ပြီး ညာခြေကို ဘယ်ဒူးပေါ် ကန့်လန့်တင်လိုက်ပါ။ ညာလက်ဖြင့် မိမိ၏ ညာခြေ
 ခြေချင်းဝတ်နားတွင် ထိန်းကိုင်ထားပါ။


ထို့နောက် ဘယ်လက်ဖဝါးကို အသုံးပြုပြီး ညာခြေဖဝါးရှိ “ယုံချွမ်”သွေးပေါက်အား ရိုက်လိုက်ပါ။ ရိုက်သည့်အခါ အားအနည်းငယ် စိုက်ထုတ်ရပါမည်။
(မှတ်ချက် “ယုံချွမ်” သွေးပေါက်သည် ခြေဖဝါးအလယ် တည့်တည့်တွင် တည်ရှိခြင်းမဟုတ်၊ အလယ်ဗဟိုမှ ခြေဖျားဘက်သို့ (၁)လက်မခန့် အကွာအဝေးနေရာတွင် တည်ရှိပါသည်။
ပုံ(၁)ကို ကြည့်ပါ။


ဤသို့ သတ်မှတ် အရေအတွက်ပြည့်မီအောင် ရိုက်ပြီးပါက ဘယ်ခြေဖဝါးကို ညာလက်ဖြင့် ပြောင်း၍ အထက်ပါနည်းအတိုင်း ရိုက်နှက်ပေးရပါမည်။
ဂရုပြုရမည့်အချက်မှာ ပထမနေ့တွင် ခြေဖဝါးတစ်ဖက်လျှင် အချက်(၁၀၀)စီ၊ ဒုတိယနေ့တွင် အချက်(၂၀၀)စီနှင့် တတိယနေ့တွင် အချက်(၃၀၀)စီအထိ ရိုက်နှက်ရပါမည်။


ကျန်းမာရေး ပိုမိုကောင်းမွန်လိုသူများ မိမိအခြေအနေကို ချင့်ချိန်ပြီး တဖြည်းဖြည်း တစ်ဖက်လျှင် (၉၀၀) ချက်စီထိ တိုး၍ ရိုက်နှက်နိုင်ပါသည်။ 
မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ခွဲ၍လည်း ရိုက်နှက်နိုင်ပါသည်။
ရိုက်နှက်ခြင်းပြီးလျှင် ခြေဖဝါးကို ပြန်ချပြီး မျက်စိမှိတ်ကာ (၁၅)မိနစ်ခန့် ငြိမ်သက်စွာ ထိုင်နေရပါမည်။ ထိုစဉ် တစ်ကိုယ်လုံးရှိ အကြောအခြင်များကို လျှော့ထားရပါမည်။ ပြီးမှ ကျင့်စဉ်ကို အဆုံးသတ်ကာ နေရာမှ ထနိုင်ပါသည်။


သက်သာပျောက်ကင်းနိုင်သော ရောဂါများ---
ဤ“ခြေဖဝါးရိုက်နည်း” ကျင့်စဉ်သည် တစ်ကိုယ်လုံးရှိ “ကျင်းလို့” အကြောများကို ပွင့်သွားအောင် လုပ်ဆောင်ပေးနိုင်သောကြောင့် ခန္ဓာကိုယ်တွင်း “ချီ”ဓာတ်များ စီးဆင်းမှု မမှန်ခြင်းကြောင့် ဖြစ်ပွားခံစား ရသော ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။


ခန္ဓာကိုယ် ခုခံအားကို တိုးပွားစေပြီး စားဝင် အိပ်ပျော်စေပါသည်။ စိတ်ကို ရွှင်လန်းတက်ကြွစေပါသည်။
ခေါင်းမူး ခေါင်းကိုက်ခြင်း၊ နားအူ လေထွက်ခြင်း၊ အိပ်မပျော်ခြင်း၊ မှတ်ဉာဏ်လျော့နည်းလာခြင်း၊ နှလုံး၊
သွေးတိုးနှင့် ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးဖိအားနှင့် သွေးတွင်း အချိုဓာတ် ကျဆင်းခြင်း၊ အသည်းနှင့် သည်းခြေရောဂါ၊ ကျောက်ကပ်ရောင်ခြင်း၊ သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်း၊ လေဖြတ်ပြီး ခြေလက်အကြောသေခြင်း၊ ရာသီသွေး မမှန်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ကာမဆန္ဒ အားနည်းခြင်း စသည့် ရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။


နေ့စဉ် အနည်းဆုံး (၁)ကြိမ် ဝီရိယရှိစွာဖြင့် မပျက်မကွက် ရိုက်နှက်ပေးရပါမည်။ ညဘက် ရိုက်ပြီးလျှင်
 ခြေဖဝါးနှစ်ဖက်ကို ရေနွေးခပ်ပူပူတွင် (၁၅)မိနစ်ခန့် စိမ်ပြီးနောက် အဝတ်ဖြင့် ခြောက်အောင်သုတ်ပါ။ ပြီးလျှင် အိပ်ရာသို့ တန်းဝင်ပါက ချက်ချင်း အိပ်ပျော်ပါမည်။


ဤသို့ ရေနွေးဖြင့် ခြေဖဝါးကို စိမ်ပေးခြင်းသည် ကျင့်စဉ်ကို ပိုမို အကျိုးထိရောက်စေမည်ဖြစ်ကြောင်း စေတနာကောင်းဖြင့် ရေးသား တင်ပြအပ်ပါသည်။

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A717051&xgs=1&xg_source=msg_share_post

Friday, August 24, 2012

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

စွဲစွဲမြဲမြဲ လုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့် တစ်ခုကို ဖြတ်လိုက်ဖို့ ဆိုတာ မလွယ်ပါဘူး။
အထူးသဖြင့် ဆေးလိပ်သောက်ခြင်းလို မကောင်းတဲ့ အလေ့အကျင့် ဆိုရင်
ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသား ကင်ဆာဌာနကနေ
ဆေးလိပ်ပြတ်အောင် ဖြတ်နည်းတွေကို အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်
ဆေးလိပ်ဖြတ်ပြီးချိန်မှာ
- ဆေးလိပ်ဖြတ်တဲ့ အကြောင်းချရေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုပါ စာရင်းနဲ့ ချရေးပါ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းအရင်း
စာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ပြီး မနက်တိုင်းရွတ်ပေးပါ။
- ပန်းအိုးထားရှိပါ။ အခန်းထဲမှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက် အများကြီး ရနံ့သင်းပျံ့စေပါတယ်။
- သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည်သုံးပါ။
ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နံ့ကင်းတဲ့
ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ် ဆိုတာ သင်သိလာမှာပါ။
- သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင်
အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။ သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။
- ငွေစုပါ၊ နေ့စဉ်ဆေးလိပ်ဖိုး အတွက် ကုန်ကျငွေတွေကို စုဘူးထဲမှာ စုဆောင်းပါ။
- လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောလ်ပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။
- ဆေးလိပ်သောက်ခွင့် ပြုတဲ့နေရာတွေကို ရှောင်ပါ။ ဆေးလိပ်သောက်ချင်စိတ် မပေါ်အောင် ပီကေဝါးနေလိုက်ပါ။
- ဆေးလိပ်မသောက်တဲ့ သူတွေနဲ့ ပေါင်းပါ။ ဆေးလိပ်သောက်တဲ့ သူတွေနဲ့ နေရင် ဆေးလိပ်သောက်ချင်စိတ်ကို ကျော်လွှားနိုင်ဖို့ မလွယ်ပါဘူး။
ဆေးလိပ်သောက်ချင်စိတ် ပေါ်လာတဲ့ အခါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပန်းသီးစိတ်၊ မုန်လာဥနီစတာတွေကို ကိုက်ဝါးပါ။ ဆေးလိပ်သောက်ချင်စိတ် လျော့သွားပါလိမ့်မယ်။
- ရေချိုးပါ။ ရေချိုးလိုက်ခြင်းဖြင့် စိတ်အပန်းပြေသွားပါလိမ့်မယ်။
- အသက်ပြင်းပြင်းရှူထုတ်ပါ။ ဒီနည်းအားဖြင့် ကြွက်သားတွေ ပြေလျော့ကာ စိတ်အေးချမ်းစေပါတယ်။
- အလျှော့မပေးဘူးဆိုတဲ့ စိတ်ကိုထားရှိပါ။ ဒါဆိုရင် ဆေးလိပ်ပြတ်သွား ပါလိမ့်မယ်..

Credit:www.myanmarnewszone.com

လူတို၏လက်ဖ၀ါးပြင်အရောင်များမှဖော်ပြနေသော လူတို့၏စရိုက်များ

လက်ဖ၀ါးပြင် မှ အရောင်များနှင့်ပတ်သတ်၍ သိရှိစေရန် အကျဉ်းချုံး ၍ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။  မိမိကိုယ်ကိုသာမက တစ်ပါးသူကို လေ့လာရန် ရည်ရွယ်ပြီး တင်ပေးရခြင်းဖြစ်ပါသည်..။လက်ဖ၀ါးမှအရောင်များမှာ ခွဲခြားရန်ခက်နေပါသောကြောင့် လက်ကိုသေချာသန့်စင်ပြီး သဘာဝအလင်းရောင်နှင့်ထိတွေ့ ပြီးမှကြည့်ပါရန်။ အဆင်ပြေ နိုင်ကြပါစေ။*
၁။ အနီရောင်
အင်မတန်စိတ်ထားရဲရင့် တဲ့ သူပါ။ ဆုံးဖြတ်ချက်ခိုင်မာသလို ပြတ်လည်းပြတ်သားတယ်။ စိတ်တော့တိုတယ်။ ဒေါသလည်းကြီးတယ်။ ဒါပေမယ့်လည်းအမြဲတမ်းခေါင်း ဆောင်ဖြစ်ပါတယ်။ ဘ၀မှာကံကောင်းခြင်းတွေကို ပိုင်ဆိုင်တယ်။ ဒေါသကြီးပြီးစိတ်တိုတတ်တဲ့အတွက် တချို့အခွင့်အရေးတွေ ဆုံးရှုံးတတ်ပါတယ်။ မိဘဂုဏ်ယူရမယ့်သူတစ်ယောက်ပါ။ ခေါင်းမာလို့ မိဘပြောသမျှတွေကို မျက်စိစုံမှိတ်လကိခံမယ့် သူတော့ မဟုတ်ပါဘူး။ စဉ်းစားချင့်ချိန်ပြီးမှ လက်ခံမှာပါ။
၂။ ပန်းရောင်  
        လက်ဖ၀ါးဟာပန်းရောင် ၊ပန်းနုရောင်၊ ပန်းဆီရောင်၊ဖြစ်နေရင်တော့ အင်မတန်နူးညံ့ သိမ်မွေ့သူပါ။ စကားပြောယဉ်ကျေးပြီး ဆွဲဆောင်မှုကောင်းတဲ့ အသံပိုင်ရှင်လေးပါ။ လူချစ်လူခင်များပြီး ၊ကြင်နာစိတ်လေးလည်းရှိပါတယ်။ ဗီဇကိုက လူတိုင်းကို မေတ္တာနဲ့ဆက်ဆံတတ်ပါတယ်။ မိဘညီအကို မောင်နှမတွေကို ချစ်တယ် ။ အိမ်မှာ မိသားစုက အားကိုးရမယ့်သူပါ။

ဂေါ်ရခါးသီးနှင့် ကျန်းမာရေး

 

ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်…..။
ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည်မှာတော့
(sugar ) ဆူကာသီးလို့ ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ
သွားခူးစားကြမျိုးပါ…။ ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့…။ စီးပွားဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲ မို့ တစ်နိုင်ငံလုံးကိုတောင် ရောင်းချနိုင်လောက်အောင်ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။



တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူစားသုံးနိုင်လောက်အောင်ကို ဈေး
သက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်…။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။ ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်…။

ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊
အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး။ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။



(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်းတည်ဆောက်မှုတို့ကို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကိုအလုံအလောက်စားပေးခြင်းဖြင့် မွေးဖွားလာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းလိုသူများအတွက် အထူးပင်
သင့်လျော်ပါတယ် ။

(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာရောဂါများကို ဟန့်တား
ကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်းပေးတာကိုတွေ့ရပါတယ် ။

(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ်ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။


(၅) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်ပေါကြွယ်ဝလို့ အူသိမ် ၊ အူမတို့စွမ်းရည်ကို မြှင့်တင်ပေးတာကြောင့် ၀မ်းချုပ်ခြင်း
ဘေးမှလည်း ကင်းဝေးစေနိုင်ပါလိမ့်မယ် ။


(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ ၊ အယ်လ်ဇိုင်းမားရောဂါ ၊ စိတ်ကျရောဂါဝေဒနာများကို ကာကွယ်တားဆီးပေးပါတယ် ။


(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်းနွမ်းနယ်မှုများကိုလည်း လျော့ပါးသက်သာစေပါတယ် ။


(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ် ။


(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။


(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုးကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ် ။


(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိ
ဖျားရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။


(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ်။


(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့
အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်းသက်သာစေနိုင်ပါတယ် ။


(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်တာလည်းတွေ့ရပါတယ် ။


ဂေါ်ရခါးသီးသာမက ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ဟာလည်း အလွန်ဆေးဘက်ဝင်လှပါတယ် ။ ဂေါ်ရခါးရွက် ၊
ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း ( အခါးရည် ) အဖြစ် မှန်မှန်သောက်သုံးသွားပါက သွေးတိုးကျစေခြင်း ၊ သွေးကြောမကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း ၊ ဆီးရွှင်စေခြင်း ၊ကျောက်ကပ်ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။


ဒါကြောင့် ဈေးနှုန်းသက်သာ ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြု ပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းလှတဲ့
ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်းနဲ့Health Magazine တစ်စောင်ထဲက ဆောင်းပါးတစ်ပုဒ်ကို  ဗဟုသုတ မျှဝေလိုက်ပါတယ်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1706824&xgs=1&xg_source=msg_share_post

အံသြဖွယ်ရာ သခွားသီး အစွမ်းများ



၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။
၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီ
တာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။
၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။
၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။
၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။
၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။
၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။
၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။
၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။
၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။
၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1401945&xgs=1&xg_source=msg_share_post

စားကြမယ့်ဟေ့ကောင်းကောင်း(ရှောက်သီးသုတ်နဲ့ကြာဇံဟင်းခါး)

သူငယ်ချင်းတိုရေ
မိုးအေးအေးနဲ့ချမ်းစိမ့်စိမ့်မိုးရာသီးလေးမှာ
သူငယ်ချင်းတို့အတွက်
ရှင်းလက်ရာ
ရှောက်သီးသုပ်နဲ့ကြာဇံဟင်းခါးလေးစားကြရအောင်



လိုအပ်မယ့်ပစ္စည်းတွေကတော့
ရှောက်သီး ၁လုံး

ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့

Hard Disk ရွေးချယ်ခြင်း
HDD (Hard Disk Drive) သည် အချက်အလက်များကို သိုလှောင်ပေးထားသော အဓိက storage device တစ်ခုဖြစ်ပါတယ်။ non-volatile memory (ပါဝါ မပေးထားသည့် အချိန်တွင်လည်း data များကို သိုမှီးထားနိုင်ပြီး၊ မိမိကိုယ်တိုင် Delete မလုပ်မချင်း data များကို ထိန်းသိမ်းပေးထားနိုင်သော memory) အမျိုးအစားဖြစ်ပါတယ်။ Capacity ကို HDD ထဲတွင် သိုလှောင်ထိန်းသိမ်း ထားနိုင်မည့် data ပမာဏဖြင့် ဖော်ပြပြီး bytes(B) ယူနစ် စနစ်ဖြင့် တိုင်းတာပါတယ်။ Bytes unit system ၏ တွက်ချက်ပုံမှာ -
1 bit = 0 or 1
1 Byte = 8 bits (01, 001, 111)
1 KB (kilobyte) = 1024 bytes
1 MB (megabyte) = 1024 kilobytes
1 GB (gigabyte) = 1024 megabytes
1 TB (tetrabyte) = 1024 gigabytes
စသည်ဖြင့် သတ်မှတ်တွက်ချက်ပါတယ်။ (HDD ထုတ်လုပ်ရောင်းချသော ကုမ္ပဏီများသည် 1000 000 Kb ကို 1Gb အဖြစ် ယေဘူယျ သတ်မှတ်ကာ ရောင်းချကြပါတယ်။ ကွန်ပျူတာတွင် တပ်ဆင်သောအခါ system များက အထက်ပါ စနစ်အတိုင်း တွက်ချက်ပြသသောကြောင့် 1Gb အပြည့်မဖြစ်တော့ပဲ 953 Mb ခန့်သာ ကျန်ရှိတော့တာကို တွေ့ကြမှာပါ။ flash drive များနှင့် Hard disk များ အားလုံး ထိုအတိုင်းပင် ဖြစ်ပါတယ်။ Gigabyte ဘယ်လောက်ဝယ်ရင် ဘယ်လောက်ကျန်မလဲဆိုတာကို အထက်ပါစနစ်အတိုင်း မိမိဘာသာ တွက်ချက်ကြည့်နိုင်ပါတယ်)။

လက်ရှိအသုံးပြုနေသော Hard drive များကို အရွယ်အစားနှစ်မျိုး၊ ကြိုးဆက်သွယ်မှု နှစ်မျိုး ကွာခြားနေတာကို တွေ့ကြပါလိမ့်မယ်။ 2.5” HDD နှင့် 3.5” HDD ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပြီး၊ ATA (IDE) နှင့် S-ATA ဆိုပြီး connector နှစ်မျိုးရှိပါတယ်။ ၂.၅ လက္မ hard disk ကို laptop နှင့် Extra Dard disk များထဲတွင် အသုံးပြုနေကြပါတယ်။ မူလအရွယ်အစား ပါးလျသေးသွယ်တာကြောင့် connector အရွယ်အစားကြီးမားတဲ့ IDE ဖြင့် ထုတ်လုပ်ခြင်းမရှိပဲ S-ATA ဖြင့်ပဲ ထုတ်လုပ်ပါတယ်။ ၃.၅ လက္မ hard disk ကို PC ပုံးများတွင် တင်ဆင်အသုံးပြုပါတယ်။ အရင် extra hard disk အနေဖြင့်လည်း ပြုလုပ် အသုံးချခဲ့ပေမယ့် အရွယ်အစား ကြီးမားခြင်းကြောင့် ယခုအခါတွင် PC HDD အဖြစ်သာ သုံးကြပါတယ်။ 3.5” HDD ကိုတော့ IDE ရော S-ATA ဖြင့်ပါ ထုတ်လုပ်ပါတယ်။ S-ATA သည် IDE ကဲ့သို့ master နှင့် Slave drive ခွဲပေးရန် မလိုခြင်း၊ ကြိုးအရွယ်အစားသေးသောကြောင့် PC အတွင်း လေ၀င်လေထွက် ပိုမိုကောင်းမွန်ခြင်း၊ တပ်ဆင်ရ ပိုမိုလွယ်ကူခြင်းတို့ကြောင့် နောက်ပိုင်းမှာ S-ATA ကိုသာ လူသုံးများလာကြပါတယ်။ S-ATA များရဲ့ Data Transfer rate ဟာ IDE ထက်ပိုမြန်ပြီး 150 Mb/Sec ဖြစ်ပါတယ်။
Hard disk ၀ယ်ယူရန်အတွက် စဉ်းစားရန် နှစ်ချက်ရှိပါတယ်။ သိုလှောင်မှု ပမာဏ ဘယ်လောက်သုံးမှာလဲ ? ဘယ်လို connector အမျိုးအစား သုံးမှာလဲ ? ။ အရွယ်အစားကတော့ PC ဆင်မှာဖြစ်လို့ 3.5” ကိုပဲ သုံးရပါမယ်။ HDD ကို သိုလှောင်ထိန်းသိမ်းနိုင်တဲ့ သေတ္တာ တစ်လုံးအဖြစ်သာ သုံးတာမို့ သိုလှောင်မှု ပမာဏ ကိုတော့ မိမိကြိုက်သလောက် ထည့်လို့ရပါတယ်။ (Windows Vista အတွက်တော့ အနည်းဆုံး 12Gb လိုတာမို့ ဘယ်လောက်များများ ပြဿနာ မရှိပေမယ့် နည်းသွားခဲ့ရင်တော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး)။ သိုလှောင်မှု ပမာဏ နှင့် အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားတဲ့အပြင် cache ပမာဏဟာလည်း HDD ရဲ့ ဈေးနှုန်းကို အနည်းငယ် ကွာခြားစေပါတယ်။
(ဥပမာ - Seagate S-ATAII 250GB ,8MB ဆိုပြီးရေးထားတတ်ပါတယ်။ 8Mb ဆိုတာ cache ဖြစ်ပြီး၊ cache နှစ်ဆ ဖြစ်သွားရင် ဈေးလည်း နှစ်ဆ ဖြစ်သွားတတ်ပါတယ်)။ connector အမျိုးအစားကိုတော့ Motherboard ကိုကြည့်ပြီးတော့ဝယ်ယူပါ။ SATA ရဲ့ အားသာချက်တွေ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် တိုးတက်တီထွင်တဲ့ နည်းပညာ အသစ်ဖြစ်လို့ ဟိုးအရင်က PIII board တွေမှာ SATA မပါပါဘူး။ SATA ရော IDE ရော ပါခဲ့မယ်ဆိုရင်တော့ ပြောစရာတောင်မလိုတော့ပါဘူး SATA ပဲ သုံးမှာပါ။



Optical Drive ရွေးချယ်ခြင်း
Laser ကိုသုံးပြီး data များကို ဖတ်ရှူခြင်း၊ ရေးသားခြင်း ပြုလုပ်တဲ့ Drive တွေကို Optical drive လို့ ခေါ်တာ သိပြီးဖြစ်မှာပါ။ လက်ရှိအနေအထားမှာ Optical drive တစ်ခု ရွေးမယ်ဆိုရင် အနည်းဆုံး DVD-RW လောက်တော့ ရွေးရပါလိမ့်မယ်။ Windows Vista က စလို့ အလားတူ OS version အားလုံး၊ Game တွေအားလုံးလိုလို နှင့် ဇာတ်ကားများဟာလည်း DVD version တွေ ဖြစ်နေပါပြီ။ Blu-ray drive တွေကို အသုံးပြုလာပြီဆိုပေမယ့် ဈေးနှုန်းကတော့ အလွန်မြင့်မားနေပါသေးတယ်။ CD-R, CD-RW, DVD Combo, DVD-RW, BR-R ဆိုပြီး ကွာခြားတာနှင့်အမျှ အမျိုးအစားမြင့်လေ ဈေးမြင့်လေပဲပေါ့။ (DVD ကို ဖတ်ရုံသာဖတ်နိုင်ပြီး၊ CD ကို ရေးနိုင်၊ ဖတ်နိုင်တဲ့ drive ကို DVD combo drive လို့ခေါ်ပါတယ်)။ optical drive နှင့် HDD ဟာ storage device ချင်း တူတာနှင့်အမျှ connector အမျိုးအစားတွေဟာလည်း အတူတူပဲ ဖြစ်ပါတယ်။ အဲဒီအတွက် optical drive မှာ disc အမျိုးအစား ရွေးချယ်ရတာဖြစ်ပြီး၊ HDD မှာ storage ပမာဏ ရွေးချယ်ရတာပဲ ကွာပါတယ်။ ကျန်တာ အတူတူပါပဲ။
(motherboard အတွက် တစ်ခု ဖြည့်ပြောချင်တာက SATA ဟာ IDE လို နှစ်ခွ သုံးလို့မရတဲ့အတွက် SATA slot လေးခုပဲ ပါရင် HDD drive ဖြစ်စေ၊ Optical drive ဖြစ်စေ စုစုပေါင်း လေးခုပဲ သုံးလို့ရမှာဖြစ်ပါတယ်။ အဲဒီအတွက် CD Burning ကို စီးပွါးဖြစ် သုံးလိုသူများအတွက် SATA Drive များကို ရွေးချယ် ခဲ့မယ်ဆိုရင်၊ SATA Slots များများပါတဲ့ motherboard ကို ရွေးချယ်ရမှာဖြစ်ပါတယ်)


Heat sink ရွေးချယ်ခြင်း
Heat sink လို့ခေါ်တဲ့ CPU cooler ကို မြင့်မားလှတဲ့ CPU အပူချိန် လျှော့ချဖို့အတွက် မရှိမဖြစ် အသုံးပြုရပါတယ်။ CPU ၀ယ်ယူစဉ်မှာ Core 2 Duo T6500 - BOX ဆိုပြီး တွေ့မိကြမယ်ထင်ပါတယ်။ (online store များမှ ၀ယ်ယူသူများအတွက် ပြောတာဖြစ်ပါတယ်) CPU ကို ဒီတိုင်းရေးပြထားရင် CPU တစ်ခုတည်းသာဖြစ်ပြီး၊ BOX လို့ပါရင် Heat sink ပါ တွဲရောင်းတဲ့ အမျိုးအစားဖြစ်ပါတယ်။ Heat sink အတွက် ဒေါ်လာ သုံးဆယ်ခန့် ပိုယူတတ်ပါတယ်။ မိမိဘာသာ Heat sink သက်သက် ၀ယ်ယူ တပ်ဆင်မယ်ဆိုရင်တော့ ပထမဆုံး ကြည့်ရမှာက CPU Slot အမျိုးအစားဖြစ်ပါတယ်။ Slot တူမှသာ အထိန်းကုပ် ရမယ့် တိုင်တွေ စကူတွေ တပ်ဆင်လို့ ရမှာဖြစ်ပါတယ်။ မိမိပုံးရဲ့ အကျယ်အ၀န်းနှင့် Heat sink ရဲ့ အမြင့်ကို ထည့်တွက်ပါ။ Motherboard ရဲ့ CPU slot ပတ်ပတ်လည်မှာ conductors လေးဝိုင်းနေတာမျိုး ရှိတတ်ပါတယ်။ ကျနော်ရွေးထားခဲ့တဲ့ board ကလည်း ဒီအတိုင်းပါပဲ။ ဒီလို motherboard မျိုးမှာ အောက်ခြေနိမ့်တဲ့ Heat sink မျိုး သုံးခဲ့ရင် တပ်ဆင်လို့ မရတာမျိုး ရှိပါတယ်။ အဲဒီအတွက် ဒါကိုလည်း ထည့်စဉ်းစားပေးပါ။ ပန်ကာပါတဲ့ Active Heat sink နှင့် ပန်ကာမပါတဲ့ passive Heat sink နှစ်မျိုး ရှိတာသိကြပါလိမ့်မယ်။ လက်ရှိအသုံးပြုနေတဲ့ CPU ရဲ့ အလုပ်လုပ်နှုန်းနှင့် အပူချိန်တွေကြောင့် ပန်ကာပါတဲ့ Active Heat sink ကိုပဲ ရွေးချယ်သင့်ပါတယ်။ ပုံသဏ္ဌန်နှင့် အမျိုးအစားကိုတော့ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကွန်ပျူတာ တစ်ခုလုံး အသံအကျယ်ဆုံး ဆူညံတာဆိုလို့ (CD drive အရမ်းအလုပ်လုပ်နေချိန်မှ အပ) Heat Sink ပဲ ရှိပါတယ်။ power supply မှာလည်း ပန်ကာပါပေမယ့် heat sink လောက် အပတ်ရေ မမြန်ပါဘူး။ အဲဒါကြောင့် ဆူညံသံ နည်းပါးတဲ့ Heat sink ကို စုံစမ်း ရွေးချယ်သင့်ပါတယ်။


Power Supply ရွေးချယ်ခြင်း

Power supply ကို casing မှာ တစ်ခါတည်း တပ်ဆင်ပြီး ရောင်းချတာများပါတယ်။ သတိပြုရွေးရမှာတော့ Power ပေးနိုင်တဲ့ Watt လုံလောက်ဖို့နှင့် ရွေးချယ်ထားတဲ့ drive များအတွက် connector မှန်ကန်ဖို့ပဲဖြစ်ပါတယ်။ Watt လုံလောက်ဖို့အတွက် တွက်ချက်ပုံကတော့ အကြမ်းဖျင်း စိတ်မှန်းဖြင့် ၀ယ်ယူနိုင်သလို အတိအကျလည်း တွက်ယူလို့ရပါတယ်။ မိမိရွေးချယ်ထားတဲ့ device တွေဖြစ်တဲ့ CPU ကနေ DVD drive၊ Heat sink တို့အထိ သူတို့ မှာရေးထားတဲ့ လိုအပ်တဲ့ ပါဝါပမာဏ Watt အားလုံးကို ချပေါင်းလိုက်ပါ။ (device အားလုံးရဲ့ အရည်အသွေးတွေ ပြသထားတဲ့နေရာမှာ သူတို့အတွက် လိုအပ်တဲ့ W အားကိုလည်း ရေးပြထားပါတယ်)။ မိမိရွေးချယ်ထားတဲ့ device အားလုံးရဲ့ လိုအပ်တဲ့ ပါဝါပမာဏဟာ 250W ဖြစ်မယ်ဆိုရင် 400W power supply ကို ရွေးချယ်သင့်ပါတယ်။ disk drive များနှင့် fan များတွင် ရှိသော motor များသည် ပါဝါခလုပ် စဖွင့်ချိန်တွင် full speed သို့ ရောက်အောင် ပါဝါ ပိုမိုသုံးစွဲရသောကြောင့် ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ power supply က Watt အားပိုနေရင် ပြဿနာ မရှိပေမယ့်၊ လောက်ငှမှု ရှိဖို့တော့ လိုအပ်ပါတယ်။ device တွေရဲ့ ပါဝါလိုအပ်မှု အကြမ်းမျဉ်းကို ဖော်ပြပေးလိုက်ပါတယ်။

Motherboard 15-30 watts
ပါဝါစားနည်းသော CPU 20-50 watts
အလယ်အလတ်နှင့် အမြင့်ဆုံးပါဝါလိုအပ်သော CPU 40-100 watts
RAM 128MB လျှင် 7 watts
PCI add-in card 5 watts
အနိမ့်ဆုံးမှ အလယ်အလတ် graphics card 20-60 watts
အမြင့်ဆုံး ပါဝါလိုအပ်သော graphics card 60-100 watts
IDE hard drive 10-30 watts
Optical drives 10-25 watts

(ကျနော်အခုရွေးချယ်ထားတဲ့ devices တွေနှင့်ဆိုလျှင် 450 W Power supply အသုံးပြုပါက လောက်ငှမှု ရှိပါတယ်)။


Casing ရွေးချယ်ရန်အတွက်

Casing ရွေးချယ်ခြင်းကတော့ မိမိကြိုက်တဲ့အရွယ်အစားနှင့် ဒီဇိုင်းပေါ်မူတည်သည့်အတွက် အများကြီးပြောစရာမရှိပါဘူး။ optical drive များများတပ်ဆင်ချင်သူအတွက် လေးခုတပ်ဆင်နိုင်သော mid tower နှင့် ခြောက်ခုနှင့်အထက် တပ်ဆင်နိုင်သော full tower များကို အသုံးပြုသင့်ပါတယ်။ mini tower တွေက optical drive အတွက်နေရာ နှစ်ခုခန့်သာ ပါဝင်ပြီး သေးငယ်ပေမယ့် အရွယ်အစား အနည်းငယ်ကြီးမားတဲ့ motherboard နှင့် VGA card တို့အတွက် အခက်အခဲရှိနိုင်ပါတယ်။ စီးပွါးရေးလုပ်ငန်းအတွက် အသုံးပြုလိုသူများနှင့် gamer များအတွက် mid tower က လေ၀င်လေထွက်ကောင်းပြီး လွတ်လပ်စွာ ဖြုတ်တပ်နိုင်အောင် ကျယ်ဝန်းသည့်အတွက် အသင့်လျှော်ဆုံးဖြစ်ပါတယ်။ Casing များမှာ power supply များပါ တပ်ဆင်ရောင်းချခြင်းဖြစ်လို့ မိမိလိုချင်တဲ့ casing မှာ လိုအပ်တဲ့ power ပမာဏ မလုံလောက်ခဲ့ရင် (သို့မဟုတ်) power supply မပါခဲ့ရင် သီးသန့် ၀ယ်ယူ တပ်ဆင်ရမှာဖြစ်ပါတယ်။


အခြားသော devices များအတွက်

Sound card, LAN card နှင့် USB port များအတွက် နောက်ဆုံးပေါ် motherboard များမှာ ထည့်သွင်းစဉ်းစားစရာမလိုပါဘူး။ Soundcard အတွက် အချို့ board များမှာ 6 channels အထိ build on ပါဝင်တဲ့အတွက် Sound Edition အတွက် Specialist မဟုတ်ခဲ့ရင် ထပ်စိုက်စရာမလိုပါဘူး။
Sound card ကဒ်စိုက်ဖို့ လိုအပ်ခဲ့မယ်ဆိုရင်လည်း motherboard ပေါ်ရှိ slot လက်ကျန်များနှင့် ကိုက်ညီအောင် ရှာဖို့ပဲ လိုပါတယ်။

TV tuner card ကဲ့သို့သော Media card များအတွက်လည်း ကျန်ရှိသော media slots နေရာလွတ်များနှင့် ကိုက်ညီဖို့သာ လိုပါတယ်။ ကီးဘုတ်နှင့် မောက်စ် အတွက်တော့ ကျနော်အထူးတလည် ရေးသားနေစရာမလိုတော့ပါဘူး။ PS 2 နှင့် USB နှစ်မျိုးသာ ရှိတော့တာ ဖြစ်ပြီး မိမိနှစ်သက်အဆင်ပြေသလို ၀ယ်ယူသုံးစွဲနိုင်ပါတယ်။


ယခုရေးသားခဲ့သော ဆောင်းပါးသည် ကွန်ပျူတာရှိ အစိတ်အပိုင်းများအား အနည်းငယ် နားလည်စေပြီး ကိုက်ညီအဆင်ပြေမှု ရှိသော PC တစ်လုံး တည်ဆောက်နိုင်ရန်အတွက် ရွေးချယ် ပြင်ဆင်မှု အပိုင်းပင်ဖြစ်ပါတယ်။ ဘယ်အမျိုးအစား၊ ဘယ်တံဆိပ်ကိုမှ ပိုကောင်းတယ်လို့ မရည်ညွှန်းခဲ့ပါဘူး။ ဒီအတိုင်း တစ်ခုချင်း အသေးစိတ်လိုက်မကြည့်ပဲ ကွန်ပျူတာ ဆင်သူတွေ များစွာရှိပါလိမ့်မယ်။ အလွဲအချော်မရှိ အတိအကျရွေးချယ်ပြီး နားလည်ချင်သူတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားရေးသားခြင်းသာ ဖြစ်ပါတယ်။ ဘာမှ မမြင်ရပဲ အချက်အလက်တွေကိုကြည့်ပြီး ၀ယ်ယူရတဲ့ Online store များမှ ၀ယ်ယူသူများအတွက် အဓိကထားရေးခဲ့ခြင်းဖြစ်ပါတယ်။ Showroom များတွင် ၀ယ်ယူပါက ဒီ့ထက်ပိုမို လွယ်ကူလိမ့်မယ်လို့ ထင်ပါတယ်။


http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7276950&xgs=1&xg_source=msg_share_post

Wednesday, August 22, 2012

အရက်ကို တာရှည် အလွန်အမင်းသောက်ခြင်း၏ ကျန်းမာရေးဆိုးကျိုး ၁၂ ရပ်


 
အရက် အလွန်အကျွံသောက်ပြီး အမူးလွန်တာကြောင့် အသည်းခြောက် ရောဂါလို ရောဂါတွေအပြင် ကားတိုက်တာကြောင့် ထိခိုက်မှုတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။လေ့လာမှုတွေအရ အရက်ကို အချိန်ကြာကြာနဲ့ အလွန်အကျွံ သောက်တာကြောင့် အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
၁. သွေးအားနည်းရောဂါ
အရက်ကို အလွန်အမင်း သောက်တာကြောင့် သွေးနီဥကနေ အောက်ဆီဂျင် သယ်ယူနိုင်မှု ပမာဏ ပုံမှန်အောက် လျော့နည်းသွားနိုင်ပါတယ်။ ဒီအခြေအနေကို သွေးအားနည်းရောဂါလို့ ခေါ်ပြီး ပင်ပန်းနုံးချည့်တာ၊ အသက်ရှူမဝတာနဲ့ ခေါင်းထဲ ရီတီတီ ဖြစ်တာစတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
၂. ကင်ဆာရောဂါ
“အရက်ကို အလေ့အထ တစ်ရပ်လို ပုံမှန်သောက်နေရင်တောင် ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်” လို့ တိုရွန်တိုတက္ကသိုလ်က ဂျာဂန်က ရှင်းပြပါတယ်။ ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ကင်ဆာဖြစ်စေနိုင်တဲ့ အစီတယ်ဒီဟိုက်အဖြစ် ကူးပြောင်းတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်တာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ အရက်ကို အလွန်အမင်း သောက်သူတွေရဲ့ ပါးစပ်၊ လည်ချောင်း၊ အသံအိုး၊ အစာရေမျိုပြွန်၊ အသည်း၊ ရင်သားနဲ့ အူမကြီးနေရာတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးလိပ်သောက်တဲ့ အရက် အလွန်အကျွံသောက်သူတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်တက်နေပါတယ်။
၃. နှလုံးသွေးကြောရောဂါ
အရက် အလွန်အကျွံ သောက်တာကြောင့် အဆီခဲတွေ စုပုံပြီး သွေးကြောတွေမှာ သွေးခဲစုပုံနိုင်ခြေများကာ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်စေနိုင်ပါတယ်။ အရက်ကို အလွန်အမင်း သောက်တာကြောင့် အရင်က နှလုံးရောဂါထပြီး အသက်ရှင်ခဲ့သူတွေမှာ သေဆုံးနိုင်ခြေ နှစ်ဆပိုများတယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။
၎. အသည်းခြောက်ရောဂါ
အယ်လ်ကိုဟောဟာ အသည်းဆဲလ်တွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အရက်ကို အလွန်အမင်း သောက်သူတွေမှာ အသည်းက ပုံမှန်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်ဘဲ အကြီးအကျယ် ထိခိုက်ကာ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
၅. သက်ကြီးအတိတ်မေ့ရောဂါ
အသက်ကြီးလာတဲ့အခါ ဦးနှောက် အရွယ်အစားက ယေဘုယျအားဖြင့် ကျုံ့လာပါတယ်။ ယေဘုယျအားဖြင့် တစ်ရာစုကြာတိုင်း ၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ကျုံ့လာနေပါတယ်။ ဒါက ပုံမှန်ပါပဲ။ အရက်ကို အလွန်အမင်း သောက်သူတွေမှာတော့ ဦးနှောက် အဓိက နေရာတွေမှာ ပိုကျုံ့လာပြီး မှတ်ဉာဏ်ဆုံးရှုံးမှုနဲ့ သက်ကြီး အတိတ်မေ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။
၆. စိတ်ဓာတ်ကျခြင်း
အရက် အလွန်အမင်းသောက်တာနဲ့ စိတ်ဓာတ်ကျတာက အပြန်အလှန် ဆက်စပ်မှု ရှိနေပါတယ်။ သီအိုရီတစ်ခု အရ စိတ်ဓာတ်ကျနေတဲ့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ကုသနိုင်ဖို့ မိမိဘာသာ အရက်နဲ့ ကုသဖို့ ကြိုးစားတတ်ကြပါတယ်။ တကယ်တော့ အရက်ကို စွဲသွားပြီး အလွန်အကျွံ သောက်တာကြောင့် စိတ်ဓာတ်ကျဝေဒနာ ဖြစ်တတ်ပါတယ်။
၇. တက်ခြင်း
အရက် အလွန်အကျွံ သောက်တာက အတက်ရောဂါ (Epilepsy) ဖြစ်နိုင်တဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပြီး အတက်ရောဂါ (Epilepsy) မရှိတဲ့သူတွေမှာတောင် တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ အတက်ရောဂါ ကုသရာမှာ သုံးတဲ့ ဆေးဝါးတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း အဟန့်အတား ဖြစ်စေနိုင်လို့ပါ။
၈. ဂေါက်အဆစ်ရောင်နာ
အရက်နဲ့ အစားအသောက် တချို့ကလည်း ဂေါက်အဆစ်ရောင်နာနဲ့ ဆက်စပ်မှု ရှိပါတယ်။ အယ်လ်ကိုဟောဟာ ဂေါက်အဆစ်ရောင်ရောဂါ ရှိသူတွေမှာ ဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။
၉. သွေးတိုးခြင်း
အယ်လ်ကိုဟောဟာ စိတ်ဖိစီးမှု တုံ့ပြန်ဖို့ သွေးကြောတွေကို ကျဉ်းလိုက်၊ ကျယ်လိုက်လုပ်တာနဲ့ အပူချိန်ကို ထိန်းချုပ်တဲ့ Sympathetic Nervous System ကို ဟန့်တားနိုင်ပါတယ်။ အရက် အလွန်အမင်း သောက်တာကြောင့် သွေးဖိအားကို တိုးစေနိုင်ပါတယ်။ သွေးတိုးတာ ကြာလာရင် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်တာစတဲ့ ကျန်းမာရေး ပြဿနာတွေကို ဆက်ဖြစ်လာစေနိုင်ပါတယ်။
၁၀. ကူးစက်ရောဂါများ
အရက်ကို အလွန်အမင်းသောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ဖိနှိပ်ထားတဲ့အပြင် ဆင်ခြင်ထိန်းချုပ်နိုင်စွမ်း လျော့နည်းကာ တီဘီ၊ နမိုးနီးယား၊ HIV နဲ့ တခြား လိင်မှတစ်ဆင့် ကူးစက်ပိုးတွေကို ကူးစက်ခံရနိုင်ပါတယ်။
၁၁. နာ့ဗ်ကြောထိခိုက်ခြင်း
အရက် အလွန်အကျွံ သောက်တာကြောင့် နာ့ဗ်ကြော ထိခိုက်မှု ဖြစ်စေနိုင်ပြီး ခြေလက်တွေမှာ အပ်နဲ့ ထိုးသလို ကြွက်သားအားနည်းတာ၊ ဝမ်းချုပ်တာ၊ ဆီးမထိန်းနိုင်တာ၊ ပန်းသေပန်းညှိုးဖြစ်တာနဲ့ တခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အရက်ကြောင့် နာ့ဗ်ကြောဆဲလ်တွေ ထိခိုက်ရတဲ့ အကြောင်းရင်းက အရက် အလွန်အမင်းသောက်သူတွေမှာ အာဟာရချို့တဲ့မှုဖြစ်ပြီး နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်လို့ပါ။
၁၂. ပန်ကရိယရောင်ခြင်း
အရက် အလွန်အမင်း သောက်တာကြောင့် အစာအိမ်ရောင်စေတဲ့ အပြင် ပန်ကရိယကိုလည်း ရောင်ရမ်းစေနိုင်ပါတယ်။ ပန်ကရိယ ရောင်ရမ်းတာကြောင့် အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်ပြီး ဗိုက်အောင့်တာနဲ့ ဝမ်းလျှောတာတို့ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ပန်ကရိယ ရောင်ရမ်းမှု တချို့ဟာ သည်းခြေကျောက်တည်တာကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။
ကေအမ်
Good Health Journal

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7267034&xgs=1&xg_source=msg_share_post

ဒူဘိုင်းတွင် တည်ဆောက်မည့် ရေအောက်ဟိုတယ်

Deep Ocean Technology မှ ဒီဇိုင်းဆွဲ ဖန်တီးထားခြင်း ဖြစ်ပြီး
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ မှာ တည်ဆောက်မယ့်
ရေအောက် ဟိုတယ်ဖြစ်ပါတယ်။

 
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1697390&xgs=1&xg_source=msg_share_post

ထူးထူးဆန်းဆန်းကျောက်တောင်ကြီးအတွင်းကဟိုတယ်

Cappadocia ဒေသဟာ တူရကီနိုင်ငံရဲ့ အလည်မှာတည်ရှိပြီး လေရေ တိုက်စားမှုကြောင့် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ မျက်စိတစ်ဆုံး ကြည့်၍ မဆုံးနိုင်အောင် များပြား လှတဲ့ ကျောက်ဆောင် ကျောက်သားများ၊ ကျောက် တိုင်ကြီးများကို တွေ့ရှိနိုင်တဲ့ ထူးဆန်းသော ဒေသဖြစ်ပါတယ်။ အချို့သော ကျောက်ဆောင်များဟာ သဘာဝရေကန်များ၊ စမ်းချောင်းများထဲမှာပါ ဖြစ်ပေါ် တည်ရှိနေကြပါတယ်။ Cappadocia ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်လောက် ကတည်းက လူတွေ အခြေချ နေထိုင်ခဲ့ကြပြီလို့ ဆိုပါတယ်။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံများဟာ ခပ်ပျော့ပျော့ ဖြစ်နေတဲ့ ကျောက်သား ကျောက်ဆောင်များကို ထွင်းထုပြီးမှ နေအိမ်များ၊ ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေး အဆောက်အဦးများ၊ ဟိုတယ်များ အဖြစ် ဆောက်လုပ်နေထိုင် အသုံးပြုကြပါတယ်။ ၄င်းဒေသမှာ အင်မတန်မှ သာယာတဲ့ ရှုခင်းများက ဝိုင်းရံလို့ နေပါတယ်။
Cappadocia ဒေသမှာ ရှိတဲ့ ဟိုတယ်တွေထဲမှာ ကျောက်တောင်ကိုထွင်းဖောက်လို့ တည်ဆောက်ထားတဲ့ Elkep Evi ဟိုတယ်ဟာ အကောင်းဆုံး ဟိုတယ်တစ်ခုအဖြစ် ပါဝင်ပါတယ်။ ၄င်းဟိုတယ်မှာ ခန်းနားလှပတဲ့ အခန်းအပြင် အဆင်များရှိပါတယ်။ Elkep Evi လှိုဏ်ဂူဟိုတယ်ရဲ့ ကျောက်တောင်နံရံကို ထွင်းထားတဲ့ အခန်းများဟာ ပျားရည်ဆမ်းခရီး ထွက်ကြတဲ့ မင်္ဂလာမောင်မယ်များ၊ အပန်းဖြေအနားယူကြတဲ့ မိသားစုများ၊ သဘာဝရှုခင်း လေ့လာလိုသူများ၊ ကျန်းမာရေးအတွက် လေကောင်းလေသန့် ရှုရှိုက်လိုသူများ အတွက် အလွန်အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။
Elkep Evi ကျောက်ဂူဟိုတယ်မှာ ကျောက်ထွင်းဂူ အိမ်များသဖွယ် ပြင်ဆင်ထားတဲ့ အခန်းနဲ့အတူ အဆင့်အတန်းမီ အိပ်ရာအသုံးအဆောင် ပစ္စည်းများကို ထားရှိပါတယ်။ အိပ်ခန်းများသာမက၊ ဧည့်ခန်း၊ စားသောက်ခန်း စသည်တို့ဟာလည်း ကျောက်တောင်ကြီးအတွင်းမှာ တည်ရှိပါတယ်။ တူရကီလူမျိုးတွေရဲ့ ရိုးရာ အစားအစာများဖြစ်တဲ့ အိမ်တွင်းဖြစ် တူရကီပဲန်ကိတ်၊ သံလွင်သီး၊ ချိစ်၊ လတ်ဆတ်သောပေါင်မုန့် ယိုမျိုစုံနဲ့ လတ်လတ် ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည်၊ လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီတို့ကို နံနက်ခင်းစာအဖြစ် ဟိုတယ်ရဲ့ အမြင့်ဆုံးကုန်းထိပ်မှာ တည်ရှိတဲ့ ဥယျာဉ်ထဲမှာ စားသောက်နိုင်မှာ ဖြစ်ပါတယ်။ Cappadocia ကို ရောက်သူတိုင်း သဘာဝရဲ့ အလှအပများကို လှည့်လှည်ကြည့်ရှုရင်း တူရကီအစားအစာများကို စားသောက်ရတာဟာ အင်မတန်မှ နှစ်သစ်ဖို့ ကောင်းပြီး မမေ့နိုင်အောင် ဖြစ်ရပါတယ်လို့ ဆိုကြပါတယ်။





http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1391919&xgs=1&xg_source=msg_share_post

နံပတ်တွေရဲ့ဗေဒင်

တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၁) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၂) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၃) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၄) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၅) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၆) သမား...

ဘ၀နဲ့ရင်းပြီးကောက်ရခဲ့တဲ့.ဒသနစာစုများ

(၁) အမြင့်ရောက်လို့အမြင်ကျယ်တာထက်...အမြင်ကျယ်ပြီးအမြင့်ရောက်တာ...ပိုကောင်းပါတယ်...
 (၂) ကောင်းတဲ့အလုပ်ကို...လုပ်ဖို့ဆိုရင်..ဘယ်တော့မှ...အချိန်နောက်မကျဘူး...
  (၃) လုပ်သင့်တာကို...မလုပ်မိရင်...မလုပ်သင့်တာတွေ..လုပ်မိသွားတတ်တယ်..
  (၄) အရာရာကိုအောင်မြင်ဖို့...မိမိရဲ့အရာရောက်မှုကို...မြှင့်တင်ပေးရမယ်...
   (၅) မေတ္တာပို့နေရုံနဲ့...မရဘူး..ရင်ထဲမှာမေတ္တာဓါတ်...အရင်ရှိအောင်လုပ်ပါ...
   (၆) ဖြစ်ချင်တာတွေ..ဦးစားပေးလွန်းလို့...ဖြစ်သင့်တာတွေဆုံးရှုံးခဲ့ပြီးပြီ..ဖြစ်သင့်တာကို..ဦးစားပေးမှ
        ဖြစ်ချင်တာတွေ..တဖြည်းဖြည်း..ဖြစ်လာမှာပါ...
   (၇) အခက်ခဲဆိုတာ..ဥာဏ်နည်းတဲ့သူတွေအတွက်..ဘ၀တစ်ခုလုံးကျိုးပြတ်သွားနိုင်ပေမဲ့..ဥာဏ်ထက်တဲ့
         သူတွေတွက်တော့...တိုးတက်သွားနိုင်တဲ့..လှေခါးထစ်ဖြစ်တယ်...
   (၈) ဘာမဆို...ရှုပ်လို့ရှင်းရတာထက်...မရှုပ်အောင်နေတာ..အကောင်းဆုံးပဲ...
   (၉) စဉ်းစားတယ်ဆိုတာ..မသိသေးလို့ပါ...သိတဲ့သူက..မစဉ်းစားတော့ဘူး...
   (၁၀) အခြေအနေကပေးလာတဲ့...ဘ၀အသိကို..အသုံးချနိုင်တဲ့..လက်တွေ့ အသိဖြစ်အောင်ကြိုးစားပါ..
   (၁၁) မသင့်တော်တဲ့..နေရာရောက်နေရင်တောင်..သင့်တော်တဲ့..ဘ၀ထဲကအသိနဲ့အကျင့်ကောင်းကို..
          လွှင့်မပစ်ပါနဲ့...
   (၁၂) ပညာဆိုတာကောင်းပေမဲ့...ပညာရှိချင်တာလား...ပညာပြချင်တာလား..ခွဲခြားသိပါ...
   (၁၃) ငယ်ငယ်တုန်းကထမင်းဝါးပြီးခွံ့ ကျွေးတာသိရဲ့နဲ့..ကြီးလာတော့မိဘတွေရဲ့..ပါးစပ်ကအစာကို..
           အန်ဖတ်ထင်သွားတတ်တယ်...
   (၁၄) သနားစရာကို..သနားတာဟာကောင်းတဲ့အလုပ်ပါ..ဒါပေမဲ့..ဟန်ဆောင်တာကို...မသိရင်တော့..
          လူညံ့ဖြစ်သွားပြီနော်...
   (၁၅) အလုပ်ဆိုတာ..မပျော်ရင်..မအောင်မြင်ဘူး..ပျော်လွန်းရင်လဲ..အလုပ်မဖြစ်တော့ဘူး...
   (၁၆) အသိပေးဆုံးမမဲ့သူကို..ရှာပါ...ကိုယ့်စကားနားထောင်မဲ့သူကို...မရှာပါနဲ့...
   (၁ရ) အပြစ်ရှိလို့..ကဲ့ရဲ့တာနဲ့...လူကိုကဲ့ရဲ့တာ...ခွဲခြားသိပါ...
   (၁၈) အပြစ်ဆိုတာ..မကောင်းပါဘူး..ကောင်းချင်ရင်တော့..အပြစ်မလုပ်မိစေနဲ့...
   (၁၉) ချိန်ဆတတ်တာကောင်းပါတယ်..သူများနဲ့ချိန်ဆရင်...မာန..မိမိဘာသာချိန်ဆရင်...ပညာ....
   (၂၀) မိမိအားနည်းချက်ကို..ကြည့်ပြီး..စိတ်မပျက်မိစေနဲ့..မိမိအားသာချက်ကိုကြည့်ပြီး..အထင်မကြီးမိစေနဲ့..
          အရာရာတိုင်း..သူ့တန်ဖိုးနဲ့သူ...ရှိတယ်...

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A724387&xgs=1&xg_source=msg_share_post

နုပျိုချင်ရင် ဒါတွေကိုစား

ခန္ဓာကိုယ် အိုမင်းရင့်ရော်ခြင်းကို တားဆီးရန် ပဉ္စလက်နည်းတွေ မရှိပါဘူး။ အသက်ကြီးလာတာနဲ့အမျှ စိုးရိမ်ရတဲ့
ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ရာ ထာဝရနုပျိုစေတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနေခြင်း
ထက် မှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသောက်ခြင်းက ပိုပြီးကာကွယ်နိုင်ပါတယ်။

လူတွေဟာ အိုမင်းရင့်ရော်လာတဲ့ ဖြစ်စဉ်ကို တတ်နိုင်သမျှ နှေးကွေးအောင် လုပ်ချင်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာ
အတွင်းမှာ ရင့်ရော်လာတဲ့ မျက်နှာအရေးအကြောင်းတွေအတွက် အဆင့်မြင့် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လိမ်းဆေးတွေအပေါ်မှာ အချိန်ရော ငွေပါ အများကြီး မြှုပ်နှံရင်းနှီးခဲ့ကြသော်လည်းပဲ ခန္ဓာကိုယ် ရင့်ရော်အိုမင်းမှုကို ထူးခြားစွာနှေးကွေးစေနိုင်မှာဖြစ်တဲ့ အစားအစာများ အပေါ်မှာတော့ ငွေကြေးအနည်းငယ်မျှသာ သုံးစွဲခဲ့ကြပါတယ်။


ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းနှင့် ဆေးလိပ်မသောက်ခြင်းတို့ဟာ သင့်ကို ကျန်းမာစွာ ရှိနေစေမှာတော့ သိသာထင်ရှားမှာပါပဲ။ ဒါပေမယ့်---အဲဒါဟာ အပြီးသတ်ကျရင် အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးသော အရေးကြီးအာဟာရဓာတ်များ ပါဝင်သော အစားအစာများကို စားခြင်းဖြင့်သာ ရရှိနိုင်ပါတယ်။ အများသိပြီးဖြစ်တဲ့ ဖျော်ဖြေရေးသရုပ်ဆောင် အနုပညာရှင်တွေရဲ့ ကောင်းမွန်တဲ့ စားသောက်မှုပုံစံ တခုရဲ့ အဓိက အချက်များကတော့ အဲဒီအစာထဲမှာရောဂါများကို ခုခံတိုက်ခိုက်ပေးသော သတ္တိထူးများရှိပြီး ကင်ဆာ နှလုံးရောဂါ စသည်တို့ကို ကာကွယ်ပေးနိုင်ကြောင်းသက်သေအထောက်အထားများ ရရှိပြီးဖြစ်တဲ့ အစားအစာများ ဖြစ်ပါတယ်။ အဲဒီ အစားအစာတွေထဲက အကောင်းဆုံး၁၀-မျိုးကို ရွေးချယ် ထားပါတယ်။ အဲဒီ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခရမ်းချဉ်သီး---
ခရမ်းချဉ်သီးထဲမှာ ရောဂါတွေကို ခုခံတိုက်ခိုက်ပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်တဲ့ လိုင်ကိုပင်း Lycopene ဆိုတဲ့ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေတဲ့ ပစ္စည်းပါဝင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခရမ်းချဉ်သီး စားရမှာလား၊“ခရမ်းချဉ်သီးဆော့စ်ကို စားရမှားလား”ဆိုတဲ့ မေးခွန်းကို ဖြေရရင် အံ့သြစရာ ကောင်းတာကတော့ ခရမ်းချဉ်သီးကို ချက်ပြုတ်ခြင်း သို့မဟုတ်-တာရှည်ခံအောင် ပြုပြင်ထုတ်လုပ်ထားခြင်းကသာလျှင် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး စားသောက်နည်း ဖြစ်နေတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးကို အပူပေးပြီး ချက်ပြုတ်ခြင်းက လိုင်ကိုပင်းဓာတ်ကို ထွက်စေပါတယ်။ခရမ်းချဉ်သီးဆော့စ်လို တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေထဲမှာ လိုင်ကိုပင် မြောက်များစွာ ပါဝင်ပါတယ်။အဲဒီထဲကို သံလွင်ဆီ နည်းနည်းလောက် ခပ်ထည့်ပြီးစားရင် အစာလမ်းကြောင်းမှ လိုင်ကိုပင်း စုပ်ယူမှုကို ပိုမိုများပြား စေကြောင်း တွေ့ရှိထားပါတယ်။ သူစားတဲ့အစာထဲမှာ လိုင်ကိုပင်း ပါဝင်မှုနည်းတဲ့ သက်လတ်ပိုင်း အရွယ်ရှိတဲ့ ယောက်ျားတယောက်ဟာ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းကို သုံးဆမျှပိုပြီး ခံစားရတတ်ပါတယ်။ ဂျာမဏီနိုင်ငံမှာ လေ့လာမှုအရလည်း လိုင်ကိုပင်းဟာ အရေပြားရင့်ရော်မှုကို ကာကွယ်နိုင်ကြောင်းတွေ့ရှိထားရပါတယ်။ ခရမ်းချဉ်သီးအနှစ် တနေ့လျှင် ၃၃-ဂ၇မ်=၂-ကျပ်သားခန့် စားသုံးပေးလျှင်နေလောင်ဒဏ်ကြောင့် အရေပြားပျက်စီးခြင်းကို ၄၀% အထိ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားရပါတယ်။

မြန်မာ့အစားအစာဖြစ်တဲ့ ခရမ်းချဉ်သီးချက်မှာ ဆီအနည်းငယ်မျှသာပြန်အောင် ချက်စားပါက
လိုင်ကိုပင်း စုပ်ယူမှု ပိုကောင်းစေပါတယ်။



ထောပတ်သီး---
ထောပတ်သီးဟာ ပိုတက်ဆီယမ်သတ္တုဓာတ် ကြွယ်ဝစွာပါဝင်သော အစားအစာများထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ဟင်းနုနွယ်ရွက်နှင့် ဟင်းသီးဟင်းရွက် အစိမ်းရင့်များ သစ်သီးခြောက်များထဲမှာလည်း ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ကသွေးပေါင်ချိန်ကို ထူးထူးခြားခြား ကျစေတဲ့အပြင် လေဖြတ်ခြင်းအန္တရာယ်ကိုလည်း လျော့ပါးစေပါတယ်။ အမျိုးသား၈၀၀-နဲ့ အမျိုးသမီး ၅၀-တို့ရဲ့ အစားအစာ စာရင်းကို လေ့လာချက်အရ နေ့စဉ်စားတဲ့ အစားအစာထဲမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်အောင် အနည်းငယ်လောက် ပိုထည့်လိုက်ခြင်းဖြင့် လေဖြတ်ပြီး သေဆုံးတဲ့ အန္တရာယ် ၄၀% ကျသွားကြောင်းတွေ့ရပါတယ်။ ထောပတ်သီးထဲမှာ ကိုလက်စထရော လျော့နည်းစေသော သတ္တိလည်းရှိတယ်။ အိုမင်းရင့်ရော်မှုကို နှေးစေသော ဗီတာမင်အီးလည်း ပါရှိတယ်။


အစေ့အဆန်များ---
အစေ့အဆန်တွေထဲမှာ ကယ်လိုရီအများကြီးပါပြီး အဆီဓာတ်တွေ အပြည့်လည်း ဖြစ်တယ်။ သတင်းတခုတွင် ဖော်ပြချက်အရ ၂၀%-ထက် နည်းသော လူတွေဟာ ဆားမပါတဲ့ အစေ့အဆန်တွေကို ပုံမှန်စားနေကြကြောင်း သိရပါတယ်။ဒါတောင်မှ အဲဒီလူတွေမှာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာကြောင်းနဲ့ အိုမင်းရင့်ရော်မှု နှေးကွေးစေခြင်းဆိုတဲ့အကျိုးကျေးဇူးတွေ ရရှိလာကြောင်းအထောက်အထားတွေတွေ့နေရပါတယ်။ အမေရိကန် ဆေးပညာအသင်း ဂျာနယ်ထဲမှာ ဖော်ပြထားချက်အရ အစေ့အဆန်နေ့စဉ်စားသုံးသူတွေမှာ ဆီးချို၊ သွေးချို၊ ရောဂါအမျိုးအစား နံပါတ် ၂-ဖြစ်ပွားမှုအန္တရာယ်နည်းပါးခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။ အမျိုးသမီး (၈၃၀၀၀)ကျော်ကို ၁၄-နှစ်ကြာ လေ့လာပြီးတဲ့နောက် တပတ်လျှင် အနည်းဆုံး အစေ့အဆန် (၂၅)ဂရမ် စားသူတွေဟာ ဆီးချို သွေးချိုရောဂါအမျိုးအစားအမှတ်(၂)ဖြစ်ပွားမှု ၂၀%-လျော့နည်းကြောင်း တွေ့ရှိထားတယ်။ နှလုံးရောဂါ ကာကွယ်နိုင်ကြောင်းကိုလည်းလော့လာမှုများစွာက ညွှန်ပြနေတယ်။ အချို့သော အစေအဆန်များဟာ ထူးခြားတဲ့ ကာကွယ်မှုသတ္တိရှိတယ်။ ဗန္ဓာစေ့ထဲမှာ ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သူငယ်ပြန်ရောဂါတမျိုးဟာလည်း ဗီတာမင်အီး နေ့စဉ်စားသုံးသူတွေထဲမှာ ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ထားရတယ်။


ဟင်းနုနွယ်ရွက်---
သက်ကြီးရွယ်အို အချို့ မျက်စိအမြင် ချို့ယွင်းပြီး မျက်လုံးကွယ်သည်အထိ ဖြစ်စေရတဲ့ ပြဿနာဟာ အသက်ကြီးသူတွေရှောင်လွှဲလို့မရနိုင်သော ကိစ္စတရပ်အဖြစ် ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဟင်းနုနွယ် ရွက်ဟာ အဲဒီလို အဖြစ်မျိုးကိုကာကွယ်ဖို့အတွက် အရေးပါသော နေရာမှ ပါဝင်လျက်ရှိနေပါတယ်။ ဟင်းနုနွယ် ရွက်ထဲမှာ ကာရိုတင်နိုက်-လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တယ်။ ဒီပစ္စည်းတွေဟာ မျက်လုံးရဲ့ မြင်လွှာနဲ့ မျက်လုံးမှန်ဘီလူးထဲမှာတွေ့ရလေ့ရှိသော ပစ္စည်းများဖြစ်တယ်။ အမေရိကန်မှာ လုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ကာရိုတင်နိုက် များစွာပါဝင်သောအစားအစာတွေကို စားပေးခြင်းနှင့် အသက်ကြီးလို့ မြင်လွှာပျက်စီးပြီး မျက်စိကွယ်ရတဲ့ရောဂါ AGE RELATEDMACULAR DEGENERATION ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီရောဂါဟာ အသက် ၅၀-ကျော် လူတွေမျက်စိကွယ်ရခြင်းရဲ့ ဦးဆောင်အကြောင်းရင်းတခု ဖြစ်ပါတယ်။ အခြားသော လေ့လာချက်များအရလည်း
ကာရိုတင်နိုက်ပါတဲ့ အစားအစာများ စားပေးခြင်းဖြင့် အတွင်းတိမ်ဖြစ်ပွားမှု အန္တရာယ်လျော့ပါးသွားကြောင်းလည်း သိရပါတယ်။ အတွင်းတိမ်ဆိုတာကတော့ အသက် ၇၅-နှစ်ကျော်လာတဲ့ သူတိုင်း ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။


လက်ဖက်၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်---
မကြာသေးမီ အချိန်များကစပြီး လက်ဖက်ရည်ဟာ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းတို့အတွက် အံ့သြဖွယ်ရာ
ကောင်းလောက်အောင် အထောက်အကူပေးနိုင်သော ပစ္စည်းတခုအဖြစ် ကျော်ကြားလာပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် သော့ချက်ကျတဲ့ သတင်းအချက်အလက်တခုကတော့ လူတိုင်းမသိကြသေးခြင်းပဲ ဖြစ်နေပါတယ်။ အဲဒါကတော့လက်ဖက်ခြောက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ၃-မိနစ်မှ ၅-မိနစ်ခန့် နှပ်ထားပြီးမှသာ အကောင်းဆုံးအကျိုးကျေးဇူးကိုရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

လက်ဖက်ခြောက်ဟာ အစာအိမ် ကင်ဆာ၊ အစာရေမျို ကင်ဆာ၊ အဆုတ် ကင်ဆာ ဖြစ်ပွားမှု လျော့ကျခြင်းနဲ့ ဆက်စပ်မှုရှိကြောင်းလည်း တွေ့ထားရတယ်။ ဒါ့အပြင် မကြာသေးမီကပဲ လက်ဖက်ရည်ကြမ်း သောက်တဲ့လူတွေမှာ ကင်ဆာဖြစ်ပွားမှု အန္တရာယ်နှေးကွေးစေတယ်ဆိုတာကိုလည်း သိထားရပါတယ်။ လက်ဖက်ခြောက် ထဲမှာပါတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တွေက နှလုံးကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။


တနေ့လျှင် လက်ဖက်ရည်ကြမ်း (သို့) လက်ဖက်ရည် သောက်တဲ့အခါ သကြားနဲ့ နို့ဆီမထည့်ဘဲ အချိုခြောက် သက်သက်နဲ့ နှပ်ထားတဲ့ လက်ဖက်ရည်ကို သုံးခွက်သောက်တယ်ဆိုရင်ပဲ နှလုံးတိုက်ခိုက်ခံရမှု ၁၁% ကျဆင်းသွားစေကြောင်းတွေ့ထားရတယ်လို့ ဆိုတယ်။

 
နောက်လေ့လာမှုတခုက လက်ဖက်ခြောက်ဟာ ဆီးချို သွေးချိုရောဂါကိုလည်း ကာကွယ်နိုင်သတဲ့။ အကြောင်းကတော့လက်ဖက်ခြောက်ထဲမှာ ပါတဲ့ ဓာတ်ပေါင်းတွေဟာ အင်ဆူလင်ရဲ့ အာနိသင်ကို ၁၅%-တိုးမြင့်ပေးစေနိုင်တယ်။ ဒါပေမယ့်နို့ထည့်သောက်ရင်တော့ အကျိုးသက်ရောက်မှု နည်းသွားပါတယ်။ ဒါ့အပြင် လက်ဖက်ခြောက်ဟာ အရိုးပါးရောဂါကိုလည်း ကာကွယ်နိုင်ကြောင်း သိရတယ်။ သက်ကြီးရွယ်အိုတွေထဲမှာလက်ဖက်ရည်သောက်တဲ့သူတွေကမသောက်တဲ့လူတွေထက် ကျောရိုးနဲ့ တင်ပဆုံရိုး သိပ်သည်းဆကို တိုင်းပြီးတဲ့အခါ ၅%-ပိုများတာကို တွေ့ရပါတယ်။ ဆိုလိုတာကအဲ့ဒီသူတွေဟာ အရိုးကျိုးမှု အခွင့်အလမ်း ၁၀%-မှ ၁၅%- ထိ လျော့နည်းသွားခြင်းကြောင့် ဖြစ်တယ်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1700540&xgs=1&xg_source=msg_share_post

ဘီလ်ဂိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။

သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

သိရသမျှ မျှဝေရာအရပ် မှ

စိတ်ကျရောဂါကို သက်သာလျော့ပါး စေမည့် အစားအသောက်များ

စိတ်ကျရောဂါကို သက်သာလျော့ပါး စေမည့် အစားအသောက်များ
စိတ်ညစ် စိတ်ဓါတ်ကျခြင်း ဟူသည် ပုံမှန် လူမှုဘဝတွင် တွေ့ကြုံရမည့် သာမန် အတွေ့အကြုံ တစ်ခုသာ ဖြစ်သည်။ သို့သော် စိတ်ညစ် စိတ်ပျက်ကာ လက်မှိုင်ချခြင်းများသည် အချိန်ကာလ ကြာရှည် ဖြစ်ပေါ်လာပြီး ဘဝတွင် ယခင်ကကဲ့သို့ ပျော်ရွှင်ဖွယ်ရာ ခံစားမှုမျိုးကို ပြန်မရဟု ခံစားလာရသည် ဆိုပါစို့ ၎င်းသည် စိတ်ကျရောဂါ ဖြစ်ပွားရန် အစပျိုးလာခြင်း ဖြစ်သည်။
စိတ်ကျရောဂါအား သက်သာပျောက်ကင်းရန် အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦးအား ဖွင့်ဟခြင်းမှ အစပြု၍ စိတ်ရောဂါ အထူးကု ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ခြင်းအထိ နည်းလမ်းများစွာ ရှိသလို စိတ်ကျရောဂါကို သက်သာ လျော့ပါးစေပြီး သင့်၏ ကိုယ်ရော စိတ်ပါ ကျန်းမာရေးကို အထောက်အကူ ပြုမည့် အစားအစာများ ဖြည်စွက် စားသောက်ခြင်းသည်လည်း နည်းလမ်းကောင်း တစ်ခု ဖြစ်ပါသည်။ ဆင်ဟွာ သတင်းဌာနမှ ကောက်နှုတ်ထားသော စိတ်ကျရောဂါအား သက်သာလျော့ပါးစေမည့် အစားအသောက်များကို မြို့တော်ပုသိမ် ပရိသတ်များအတွက် ဖော်ပြလိုက်ပါသည်။
ပေါင်မုန့်ညို
http://patheincity.com/news//HLIC/616304f3b492c6e8567f6e0b55b4ef26.jpg
ငါး
http://patheincity.com/news//HLIC/292793f33205ea1ee647433683688883.jpg
သောက်ရေသန့်
http://patheincity.com/news//HLIC/aa395c934a8c89e4e3037604cd8f2572.jpg
နွားနို့
http://patheincity.com/news//HLIC/7c2e5466b0bffaa194a628674f7688de.jpg
ငှက်ပျောသီး
http://patheincity.com/news//HLIC/d68e1df556ef81b142acdb963cb08c4a.jpg
ချောကလက်
http://patheincity.com/news//HLIC/e5f124c0d14c2a0b3130e167b8b8a0ae.jpg
ဘဲသွေးခဲ
http://patheincity.com/news//HLIC/3a6cfbb7d6725194fa38c20200905f72.jpg
ရွှေဖရုံသီး
http://patheincity.com/news//HLIC/7d1d1f0790c1d05b2ab79433d6fd8348.jpg
ငရုပ်သီး
http://patheincity.com/news//HLIC/5ade1b61cb6c2866ba6ff567bae1823e.jpg
ကြက်သွန်ဖြူ
http://patheincity.com/news//HLIC/b1404aecd4672b10586a22fe51f2cf1f.jpg

http://www.futuresky-peace.com/profiles/blog/show?id=6375524%3ABlogPost%3A2721847&xgs=1&xg_source=msg_share_post









အအေးမိ တုပ်ကွေး ဘယ်လိုကာကွယ်ကုသ သလဲ

အအေးမိ တုပ်ကွေး ဘယ်လို ကာကွယ်ကုသ သလဲ ........................
အခုလို ရာသီဥတု အကူးအ ပြောင်း ကာလဟာ နေမကောင်းဖြစ် ဖို့ အလွယ်ဆုံး ကာလပါ။ နေတွေ ချစ် ချစ် တောက်ပူလို့ လူက နေပူထဲ ထွက် ရင် အသားပါ စပ်ဖျင်းဖျင်း ဖြစ်တဲ့ အထိ ဖြစ်ရတယ်။ မိုးရွာ ပြန်တော့ လည်း သွန်ချ သလိုပဲ။ လေက လည်း ပါလိုက်တာ၊ မာန်အပြည့်။ လူတွေ က ပူနေရာ ကနေ ချက်ချင်း အေးသွား တော့ နေရထိုင်ရ ကမောက်က မဖြစ် ရပါတယ်။
ဘယ်လို အကြောင်းနဲ့ပဲဖြစ်ဖြစ် နေထိုင် မကောင်းဖြစ်ပြီ ဆိုရင်တော့ ကာကွယ်ဖို့ နည်းလမ်း တွေ ပြောပါ့ မယ်။ ကိုယ်တိုင် ဖြစ်နေပြီ ဆိုရင်လည်း အမြန်ဆုံး ပျောက်အောင် ချက်ချင်း လုပ်သင့် ပါပြီ။
ခန္ဓာကိုယ်ကို အနားပေးပါ
အနားယူ ပေးလိုက်တဲ့ အတွက် ခန္ဓာကိုယ် က အားပြန်ပြည့် လာပြီး ရောဂါပိုး တွေကို သူ့ဘာသာ တိုက် ထုတ် ပေးပါလိမ့်မယ်။
အစာမာမစားနဲ့
အရမ်းကို ၀ါးရတဲ့ အစားအစာ၊ ကြေခဲတဲ့ အစာတွေကို ရှောင်ပါ။ စွပ် ပြုတ် ပူပူနွေးနွေး၊ လက်ဖက်ရည်၊ အဖျော် ယမကာ တွေက အစာကျေ ညက်ဖို့ လွယ်ပါ တယ်။
အကောင်းမြင်ပါ
စိတ်ဖိစီးရင်လည်း နေမကောင်း ဖြစ်တာ မို့လို့ နေမကောင်း မဖြစ် အောင် အရာရာကို အကောင်းမြင် စိတ်နဲ့ ကြည့်ပြီး နေထိုင်တတ်ဖို့ လည်း လိုပါတယ်။
ဗီတာမင်စီ များများစားပါ
ဗီတာမင်စီက အအေးမိတုပ် ကွေး ခံစားရမှု မပြင်းထန်အောင် ကာ ကွယ်ပေး နိုင်တယ်။ ဖြစ်ရင် လည်း မြန်မြန် သက်သာ စေတယ်။
အခန်းကို စိုစွတ်အောင် လုပ်ပေးပါ
အအေးမိ တုပ်ကွေးရောဂါဖြစ် စေတဲ့ ဗိုင်းရပ်စ်က ခြောက်သွေ့တဲ့ နေရာ တွေကို ကြိုက်တတ် တာမို့ အခန်းကို စိုထိုင်းထိုင်း ဖြစ်အောင် ထားသင့် ပါတယ်။ နောက်ပြီး ခြောက် သွေ့တဲ့ လေက နှာခေါင်းပိတ်တာ၊ လည်ချောင်းယား ယံတာတို့ ဖြစ်စေ ပါတယ်။
လက်ကို မကြာခဏဆေးပေးပါ
အများသုံး ဘတ်စ်ကား စီးနေရ သူ၊ ရထားစီးနေရသူ၊ အများနဲ့ဆိုင် တဲ့ နေရာတွေမှာ အလုပ်လုပ် နေတဲ့ သူ ဆိုရင်တော့ ရောဂါပိုး တွေ ကူး စက် လွယ်တာမို့ ရောဂါ ကူးစက် နိုင်မှု ကို ကာကွယ်တဲ့ အနေနဲ့ လက်ကို မကြာခဏ ဆေးပေး ရပါမယ်။ ဆေး ကြောတဲ့ နေရာမှာလည်း ဆပ်ပြာ နဲ့ အနည်းဆုံး ၁၅ စက္ကန့်ကြာ တိုက်ရ မယ်။ လက်ဆေး ရမယ့် နည်းစနစ် အတိုင်း မှန်မှန်ကန်ကန် ဆေးရမှာ ဖြစ်ပါတယ်။
အရည်များများသောက်ပါ
အရည်ဓာတ် ခန်းခြောက်ရင် ရောဂါ အပျောက် နှေးတတ်လို့ အရည် ဓာတ် မခန်း ခြောက်အောင် ရေ၊ ဖျော် ရည်၊ ဟင်းချိုတွေ သောက် ရမှာဖြစ် ပါတယ်။ အရည် ဆိုပေမယ့် ကော်ဖီ တို့၊ အရက် တို့ကတော့ အရည်ဓာတ် ခန်းခြောက်မှု ပိုမြန်လို့ မသောက် ရပါဘူး။
လေ့ကျင့်ခန်းလုပ်ပါ
ကျန်းမာရေး လေ့ကျင့်ခန်းတွေ ဟာ နှလုံးခုန် မြန်စေပြီး အသက်ရှူ မြန်စေ ပါတယ်။ ဒါကြောင့် အဆုတ် ထဲက အောက်ဆီဂျင် တွေကို သွေး ကြောထဲ မြန်မြန် ရောက်စေ ပါတယ်။ ဒီလို လေ့ကျင့်ခန်း တွေဟာ ရောဂါ နှိမ်နင်းတဲ့ ဆဲလ်တွေကိုလည်း တိုးပွား စေပါတယ်။
နေပူစာလှုံပါ
နံနက်ခင်း နေရောင်ခြည် အောက်မှာ ခဏတဖြုတ် လမ်း လျှောက်ပေးပါ။
အနားယူပါ
စိတ်ညစ် စရာတွေ ဖြစ်လာရင် ခေါင်းထဲက မြန်မြန် ထုတ်ပါ။ ခန္ဓာ ကိုယ်ရဲ့ ရောဂါ ကာကွယ် နိုင်စွမ်းကို လျော့ကျ တာမို့ စိတ်ညစ်၊ စိတ်ဖိစီး လာရင် အသက်ပြင်းပြင်း ရှူတာ၊ ယောဂ ကျင့်တာတို့ လုပ်ပြီး စိတ်ကို သက်သာရာ ရအောင် ထားရပါမယ်။ ညဥ့်နက် အထိ အလုပ်လုပ် တာမျိုး လည်းရှောင်ပြီး အနားယူ ရပါမယ်။ စိတ်ညစ်မခံပါနဲ့။
အသားအရေထိန်းသိမ်းပါ
အပြင်မှာ အေးပြီး ကိုယ်တွင်း မှာ ပူနေရင် အသားပတ်တာ၊ နှုတ် ခမ်းကွဲ တာမျိုး ဖြစ်တတ်ပါတယ်။ လိမ်းဆေး တွေတော့ လိမ်းလို့ရပါ တယ်။ ဒါပေမယ့် အစားအသောက် ပုံစံ ပြင်တာက ပိုကောင်းပါတယ်။ ရေများများ သောက်တာ၊ ငါးစားတာ၊ နောက်ပြီး မက်မွန်စေ့ စတာမျိုးပေါ့။ ခန္ဓာကိုယ် အလေးချိန် မများတဲ့သူမျိုး ကတော့ အစာထဲမှာ အဆီဓာတ် များ တဲ့ဟာတွေ စားပေးပြီး အဆီဓာတ် ကို ထိန်းပေး သင့်ပါတယ်။ အဆီ ဓာတ်က အရေပြား ဆဲလ်အပါအ ၀င် ဆဲလ်အားလုံးကို အားဖြည့်ပေး နိုင်ပါတယ်။MG MANDALAY
အိပ်ရေး၀၀အိပ်ပါ
နေ၀င်တာနဲ့ ခန္ဓာကိုယ်က အလုပ်လုပ် နေတဲ့ဆဲလ်တွေက ရပ် လေ့ ရှိပါတယ်။ ဒါကို အနားမပေး ဘဲ ဆက်လုပ် နေရင် ခန္ဓာကိုယ် ခုခံ အားကျပြီး ရောဂါအလွယ် ၀င်ရောက် နိုင်ပါတယ်။ ဒါကြောင့် စောစောအိပ်၊ စောစောထ၊ အိပ်ရေး၀၀ အိပ်လို့ ဆိုတာပါ။
ဒီနည်း တွေကတော့ ရောဂါဖြစ် လာရင် ဆေးသောက်ရင်း နဲ့ ပြုစုကု သရမယ့် အချက် တွေပေါ့။ ဆရာဝန် တွေက ဒါကို လိုက်ပြောပြ နေမှာ မဟုတ်ဘူးလေ။ ကာကွယ်နိုင်ဖို့ လည်း နည်း အချို့ပြောပြပေးပါ့မယ်။
ကာကွယ်ဖို့
အိပ်ရေး၀၀ အိပ်ပါ။ ခန္ဓာကိုယ် မှာ လိုအပ်တာ တွေကို အိပ်ချိန်မှာ သူ့အလိုလို ပြုပြင်မှာမို့ အနားယူဖို့ လိုပါတယ်။
အစာစား ရင် အချဉ်ဖောက် တဲ့ အစာ၊ (အချဉ် ဆိုပေမယ့် သန့်ရှင်း တာမျိုးပါ။ သရက်သီး၊ သံပရာသီး၊ လက်လုပ် ချဉ်ဆိုလည်း သန့်ရှင်းရင် ခန္ဓာကိုယ်အတွက် စားပေး သင့်ပါ တယ်) အရည်ပါတာ စားပေးရပါ မယ်။ ဒါတွေက အစာခြေ စနစ်ကို ကောင်းမွန်စေပါတယ်။
ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မော မောနေပါ။ အနည်းဆုံး တစ်နေ့တစ် ခေါက် နှစ်နှစ်ခြိုက်ခြိုက် ရယ်ပါ။ ခန္ဓာကိုယ် ကိုယ်ခံအား ကို တိုးပွားစေ ပါတယ်။
အချိုတွေ၊ အက်ဆစ်ဖြစ်စေ တာကို ရှောင်ပါ။
ဗီတာမင်စီ ကြွယ်ဝတဲ့အစား အစာ စားပေးပါ။ ဗီတာမင်စီ ဆေး လုံးတွေထက် ဗီတာမင်စီကြွယ်ဝတဲ့ အစား တွေက ပိုကောင်းပါတယ်။
ဒီလောက်ဆို မိုးရာသီ အတွက် ဘယ်လို နေထိုင်သင့်တယ် ဆိုတာကို သိလောက်ပါပြီ။ ရောဂါ ကင်းရှင်းပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင် နိုင်ဖို့ ဒီနည်း တွေကို သုံးဖြစ် အောင် သုံးကြည့်ပါ နော်။


http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7271761&xgs=1&xg_source=msg_share_post
Health

Sunday, August 19, 2012

အရေးပေါ် ဖုန်းအားသွင်းဖို့ လိုအပ်နေရင်


ဖုန်းသုံးနေတဲ့ သူတွေအတွက်ပေါ့အားကုန်နေတဲ့ အချိန်မှာ အားသွင်းဖို့အခက်အခဲရှိရင်လေ
အင်တာနတ်ထဲကရတဲ့ သတင်းလေးပါအားကုန်နေတဲ့ ဘက်ထရီကိုထုတ်လိုက်ပါ
ပြီးရင်ဆေးလိပ်ဘူးခွံ့ မှာပါတဲ့  ငွေရောင်စက္ကူနဲ့ ပတ်လိုက်ပါနေရာမလွတ်စေနဲ့ နော်ပြီးရင်

၂ မိနစ်လောက်မီးအပူပေးလိုက်ပါနေရာအနှံ့ကိုပေါ့ပြီးရင်၁၀ မိနစ်လောက် အအေးခံထား ပြီးပြန်သုံးရင်အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေအတွအတွက်ဘက်ထရီအားဟာအဆင်သင့်ဖြစ်နေတာကိုတွေ့ ရပါလိမ်မယ်အားရဲ့ ၅ ပုံ ၂ ပုံဟာပြန်ပြည့်နေတာကိုတွေ့ ရမှာပါ .

သိရသမျှ မျှဝေရာအရပ် မှပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျားး..

ကင်ဆာ ကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး




( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့စားမြန် ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ် သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ
ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံးမှန်မှန်စားပေးနိုင်ရုံနဲ့ရောဂါ လျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ရေဖျဉ်းရောဂါစွဲမှုနဲ့အသားအရေဓာတ်ဖောက် မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်းချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene
ဓာတ်သဘာဝဟာ သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ပတ်သက်တဲ့ပြဿနာအမျိုးမျိုး ကို ဖြေရှင်းပေးတတ်ပါတယ်။

သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီးဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့ အာနိသင်ကိုကောင်းစွာခံယူရရှိနိုင်တော့ မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း

ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်း တွေဟာ ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကိုကာကွယ်ပေးတတ်ပါမယ်၊ ထို့ပြင် လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့် သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်။ Capsaicin ဓာတ်ဟာ ကိုက်ခဲမှုကို ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက် စေတယ်၊ ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲကခဲကျပ်မှုတွေကိုလည်းအရည်ပျော်စေတတ် တယ်။


( ၄ ) ရှောက်၊ သံပရာ၊ အသီးအနှံ

သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့ ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊ သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊Limoneneလို့ခေါ်တဲ့ဓာတ်သဘာဝ တွေ ဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇိုင်းတွေကိုမြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့ ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။


( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ

ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာစူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊ ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့အမျှပဲကင်ဆာဖြစ် စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ဟင်းခတ်ကြက် သွန်မြိတ်တို့ကလည်း ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး

စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့် Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါ တယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေ ပါတယ်။ Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန် လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့် သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူး သဖြင့် အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။


( ၇ ) ဖရဲသီး၊ သခွားသီး

ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါမြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့ Carotenoids နှင့်Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊ တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့် မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့် ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ဖြူနဲ့ ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကိုအရည် ပျော်စေတဲ့ သဘာဝကောင်းတွေ ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကုစားရာမှာပါဆက်စပ်သုံးစွဲခဲ့ပါ တယ်။


( ၈ ) ပဲပိစပ်

ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာပါဝင်နေတာကြောင့်လည်း ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊ ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာ နိုင်တတ်မယ့် ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊ Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊ လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။


( ၉ ) လက်ဖက်

လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ကူးပြောင်းပြီးဆက် လက် ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ တွေကပဲ မပြန့်ပွားအောင်တားဆီး ကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊ ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်ပိုထက်မြက်နိုင်ပါမယ်။


( ၁၀ ) ခရမ်းချဉ်သီး

လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ကိုယ်ထဲက ဖရီးရယ်ဒီကယ်အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင် စီ ဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ အများဆုံး ပျော်ဝင်ေHနတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက်အတော်များများမှာပါဝင် နေ ပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့နိုက်ထရစ် အက်ဆစ်တွေကို ဖယ်ရှားစေမယ့်Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီးနီနီထမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်းတွေ့ နိုင်ကြောင်း
     သိရသမျှ မျှဝေရာအရပ် မှ မျှဝေလိုက်ရပါတယ်။