“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, May 14, 2012

ရန်ငြိုးဖြေဖျောက်နည်း(၁၀)နည်း


(၁) မေတ္တာဈာန်ဝင်စား၍ ရန်ငြိုးဖြေဖျောက်ခြင်း။

(၂) ဒေါသအပြစ်တို့ကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။

(၃) ရန်သူ၏ အကျင့်ကောင်းများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။

(၄) ကရုဏာဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။

(၅) ဘုရားရှင်ဟောကြားတော်မူသည့် တရားတော်များ၊ သြဝါဒများကို ဆင်ခြင်ပွားများ၍ မိမိကိုယ်ကိုမိမိ ဆုံးမကာ ရန်ငြိုးဖြေဖျောက်ခြင်း။


ဟာသတိုများ(၆)

ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ်

လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ
ကြားလိုက်ရပါတယ်။ “မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို
အုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။ အသံကြောင့် လူလည်း
လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ
အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။

အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ
ထွက်လာပြန်ပါတယ်။ “ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း
လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။” လူလည်း
အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက်
ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား
ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။ အသံက “ငါက မင်းရဲ့
ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့
မေးလိုက်ပါတယ်... “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက
ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ.....”

လိုက်ခဲ့မလား
လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက

`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။

ဒီတော့ ခရီးသည်က

`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

ဆက်စပ်နေတာကိုး

လူနာ။ ။"ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။

ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး

ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း မ၀ဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ်

ဒေါက်တာရယ် "

ဆရာဝန်။ ။ "နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်"

လူနာ ။ ။ "မလှုံပါဘူး ဆရာ"

ဆရာဝန်။ ။"ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်"
လူနာ ။ ။"ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ "
ဆရာဝန်။ ။"ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်"

လူနာ။ ။ "မအိပ်ပါဘူးဆရာ"

ဆရာဝန်။ ။"ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို အပြစ်တင်တယ် ထင်တယ်"

လူနာ။ ။"ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ"

ဆရာဝန်။ ။"အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ"

လူနာ။ ။ "မီးသတ်သမားပါ"

သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ

ငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

"ဘာဖြစ်လာတာလဲဗျ"

"လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ"

"အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ် စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား

သိနေတာပဲ"

"ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ"

စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။"မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား"

မိန်းမ။ ။"မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ"

http://mmsat-team.forumotion.info/f38-jokess မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်...

Saturday, May 12, 2012

ဗုဒ္ဓဘာသာ (၅)မျိုးထဲက သင်ဘယ်လို ဗုဒ္ဓဘာသာလဲ

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်းမသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကို သိလို မြတ်စွာဘုရားက“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်” ဟုဟောတော်မူခဲ့ ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓ ဘာသာဖြစ်လာရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလ ဗုဒ္ဓဘာသာပေါ့။

ဟာသတိုများ(၅)

နောက်မဖြစ်အောင်
ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။ ဒီတော့ဆရာဝန်က.....
“ဘယ်လိုဖြစ်တာလဲ”
“ကားတံခါးဆွဲပိတ်လိုက်တာ လက်ညပ်သွားလို့ ”
“ခင်ဗျားမူးနေရင်တော့ဒီလို ခဏခဏဖြစ်နေမှာပဲ”
“နောက်မဖြစ်တော့ပါဘူး ဆရာ”
“အရက်ဖြတ်မယ်ပေါ့”
“ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ
ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက
ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ
ကျွမ်းကျင်ရာလိမ္မာ
ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦးသည် သူ၏လည်စည်းကိုတပ်ဆင်ရာ စိတ်တိုင်းမကျဖြစ်နေ
သည်။ ထိုစဉ် သူ့ အခန်းရှေ့မှ ဖြတ်လျှောက်သွားသောသူတစ်ဦးကို တွေ့သဖြင့်လှမ်းခေါ်ပြီး…

“ကျွန်တော့်ကို ကျေးဇူးပြုပြီး ဟောဒီလည်စည်းလေး စည်းပေးပါဗျာ။”
“ရပါတယ်ဗျာ၊ ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ။”
ထို့နောက် ထိုလူက ကျွမ်းကျင်စွာပင် လည်စည်းကို စည်းပေးလိုက်၏။
“ကျေးဇူးပဲဗျာ၊ ခင်ဗျား စည်းပေးလိုက်မှ စတိုင်လ်ကျသွားတော့တယ်။

ဒါနဲ့ ခင်ဗျားက ဘာလို့ မတ်တပ်စည်းမပေးဘဲ အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ။”
“ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကို ပြင်ဆင်ပေးရတဲ့သူမို့ပါ”
လူမှန်နေရာမှန်
“မောင်ဘမောင်… မင်း ဘယ်လို ယောက်ျားလဲကွယ့်။ မင်းမိန်းမကတော့ ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။

မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး မယ်ဒလင် ထိုင်တီးနေတယ်”

“မတတ်နိုင်ဘူး ဒေါ်ဒေါ်… သူမှ မယ်ဒလင် မတီးတတ်တာ။”
အတုံ့အလှည့်
မော်စကိုမြို့၏ တစ်ခုသောအရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး၊ ဘီယာတစ်ခွက် မှာသည်။ ဘောက်ချာပေး
ရန်လည်း ပြောသည်။ လူကြီးသည်အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့၂၇ စေ့ကိုထုတ်လိုက်ပြီး စားပွဲထိုး၏လက်ထဲ
မအပ်ဘဲ ဘားကောင်တာရှိရာ ဘေးဘက်သို့ပစ်ပေးလိုက်သည်။ ပိုက်ဆံများပြန့်ကျဲသွားသည်။

ဘားမင်း၏မျက်နှာ ဒေါသရောင်သန်းသွားသည်။ သို့သော် ဧည့်သည်ကို မည်သို့မှ ပြန်မပြောချေ။ ပိုက်ဆံများကို ကောက်
သိမ်းသည်။ စိတ်ထဲကတော့ မကျေနပ်။ နောက်တစ်နေ့တွင် မနေ့ကလူကြီး ရောက်လာပြန်ပြီး ဘီယာမှာသည်။ ၂၇ရူဘယ်
ပင်ကျရာ လူကြီးသည် အိတ်ထဲမှ ၅၀ရူဘယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး ဘားမင်းကို လှမ်းပေးသည်။

“ ဒီလူ့ကို ငါဒီတစ်ခါ ပြန်ဆုံးမရမယ်” ဟု ဘားမင်း တွေးလိုက်ပြီး ပြန်အမ်းငွေ ၂၃ရူဘယ် ကို တစ်ရူဘယ်တန်
အကြွေစေ့တွေချည်း ပေးလိုက်သည်။ ထို့နောက် “ ရော့ ပြန်အမ်းငွေ ” ဟုပြောကာ အခန်းထဲသို့ ပစ်ပေးလိုက်သည်။
ပိုက်ဆံများ ပြန့်ကျဲသွားသည်။ လူကြီးသည် စက္ကန့်ပိုင်းမျှ စဉ်းစားပြီး ချက်ချင်းပင်အိတ်ထဲမှ တစ်ရူဘယ်တန်အကြွေစေ့
၎စေ့ ထုတ်ကာ ဘားမင်းကို လှမ်းပြောသည်။

“ နောက်ထပ် ဘီယာတစ်ခွက် ”
စေတနာရှင်
တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက် မြက်စားနေတာကို
တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို
မေးပါတယ်။“မင်းဘာလို့ မြက်တွေ စားနေတာလဲ။

”“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။ အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး
၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့ ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို
ရောက်တော့မြက်စားနေတဲ့လူက “ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာအလွန်
ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်
တွေက ၁ ပေလောက်ရှည်တယ်”လို့ ပြန်ပြောလိုက်ပါတယ်။
လဲမယ်လေ........
တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့
တာနဲ့ မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး
ချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကို မိန်းမပိန်ပိန်
တစ်ယောက်ဖြတ်လာတယ်။
သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့
အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်..." အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။
ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင်..." လို့မေးတယ်။ အဖေကလည်း
" ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကို ချက်စားကြတာပေါ့သားရယ် …"
မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "

" ပါးကျိုးမယ် " တဲ့
ပါကင်ပိတ်
ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။

သူ ဆုံးသွားတော့ ဂူလုပ်သူက သူ့တပည့်တွေကို အပျိုကြီးရဲ့ဆန္ဒအတိုင်း မှတ်တိုင်လုပ်ပေးဖို့ပြောတယ်။ အဲဒီမှာ မှတ်တိုင်ထွင်းသူက မှတ်တိုင်မှာ စာရှည်ရှည်ကြီးမထွင်းချင်လို့ သူ့သဘောနဲ့သူ ထွင်းပေးလိုက်တယ်။ "ပါကင်ပိတ် ပြန်အမ်းသည်"
http://www.facebook.com/htoohtoo.kh မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်ဗျ..

နည်းပညာအပိုင်းအစများ

ကီးဘုတ်ကနေ ရှော့ကတ်ကီးလေး သုံးကြည့်ကြရအောင်


၁။ ၀င်းဒိုးကီးရယ်၊ E ကီးရယ်ကို နှိပ်ရင် My Computer ကို ဖွင့်တာပါ။(၀င်းဒိုးကီး = Ctrl ကီးနဲ. Alt ကီးကြားထဲက ခလုပ် )


၂။ ၀င်ဒိုးကီးရယ်၊ R ကီးရယ်က Run Box ပါ။


၃။ ဖွင့်ထားတဲ့ Program တွေကို ပိတ်ချင်ရင်တော့ Alt နဲ. F4 ကီးပါ။


၎။ ဖွင့်ထားသမျှ Programs တွေအားလုံးကို တချိန်တည်းမှာ minimize လုပ်ချင်ရင် ၀င်းဒိုးကီးနဲ. D နဲ.။


၅။ Mozilla firefox မှာ New Tab ဖွင့်ချင်ရင် Ctrl နဲ. T ၊ Tab တွေကို ပြန်ပိတ်ချင်ရင် Ctrl နဲ. W ပါ။ Ctrl နဲ. N နဲ့က နောက်ထက် Mozilla window အသစ်ခေါ်တာပါ။



၆။ ကိုယ်က Program windows တွေအများကြီး ဖွင့်ထားရင် Alt ကို နှိပ်ထားပြီး Tab ကီးကို တစ်ချက်ခြင်းစီနှိပ်ပြီး ကိုယ်လိုချင်တဲ့ Program window ကို အလွယ်တကူ သွားလို.ရပါတယ်။

လူ့ဘ၀ဧ။်အကြီးမားဆုံးသောအသိတရား(၁၂)ချက်

၁။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင်ပင်ဖြစ်သည်။
၂။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။
၃။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေခြင်း ဖြစ်သည်။
၎။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသောစိတ်ကြောင့်ဖြစ်သည်။
၅။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ် ကျဆင်းခြင်းကြောင့် ဖြစ်သည်။
၆။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၇။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှုဖြစ်သည်။
၈။  လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။
၉။  လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ်မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။
၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေးကောင်းမွန်ခြင်းဖြစ်သည်။
၁၁။  လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေးအကြွေးသံသရာဖြစ်သည်။
၁၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သောစိတ်ဓာတ် ဖြစ်သည်..


မူရင်း ... http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1186179&xgs=1&xg_source=msg_share_post#ixzz1uiQXL19d

Thursday, May 10, 2012

"မေမေသို့"

ဆောင်းမှ နွေသို့ ကူးပြောင်းခဲ့ပြီ .....

ရာသီစက်ဝန်း ပြောင်းခဲ့ပေမယ့်
မပြောင်းလဲတဲ့ မေမေ့မေတ္တာ
သမီးရင်ထဲ အမြဲစီးဆင်း
အေးမြနေပြီ မေမေ .....

ပျော်ရာမှာမနေ တော်ရာမှာနေ
ဆုံးမစကား နာခဲ့ရပေမယ့်
မလိမ္မာတဲ့ မေ့သမီး
ပူလောင်ခြင်းတွေ လောင်မြိုက်နေပြီ .....

ကြည်နူးစေတဲ့ ပျားရည်စကား
ချိုသကာ လူးထားလေတော့
အမေ့ရဲ့ ဆုံးမစကား
တမာလို ခါးခဲ့ပြီ .....

လျှောက်ရမယ့် အနာဂတ်လမ်း
ယောင်ဝါးဝါး လှမ်းတော့မှ
လိုချင်တဲ့ အာပေးမှု
တွေ့ချင်တဲ့ နွေးထွေးအပြုံး
အားလုံးဟာ မေမေ့မေတ္တာ .....



(ခင်စံပယ်ထွေး-တမူးမြို့)ရေးသားပါသည်...  jasminehtwelay@gmail.com

"လွန်ဆွဲချစ်"

မချစ်သင့်ဘူး လို့
ဦးနှောက်က တားမြစ်ပေမယ့်
မတွန်းလှန်နိုင်တဲ့
နှလုံးသားရဲ့  စကားသံကို
နင် ကြားနိုင်ပါ့မလား။
"နင့်ကိုချစ်တယ်"။

မမုန်းသင့်ဘူးလို့
နှလုံးသားက ငြင်းဆိုပေမယ့်
အယူခံမလိုတဲ့
ဦးနှောက်ရဲ့  စကားသံကိုတော့
နင် ကြားမှာပါ။
"နင့်ကိုမုန်းတယ်"။


(ခင်စံပယ်ထွေး-တမူးမြို့)ရေးသားပါသည်...  jasminehtwelay@gmail.com

Tuesday, May 8, 2012

ချစ်မျက်ဝန်း(သို့)အကြည့်တစ်ချက်

အကြည့် စူးစူး
ရင်ထိ ဆူးလို့၊
စက္ကန့် မလပ် မြင်ချင်တယ်.....။
အကြည့်တစ်ချက်
နှလုံးရပ်လို့၊
ရူးရူးမူးမူး တွယ်တာတယ်.....။
အကြည့်အပြုံး
ပန်းတိုင်းရှုံးလို့၊
အရာအားလုံးထက် မြတ်နိုးတယ်.....။
အမြင်...အကြည့်
မယှဉ်မိတော့
သခင်သိရင်လည်း ပျော်ပါတယ်......။
ချစ်သူမျက်ဝန်း
အားပိုပြင်းလို့၊ အကြည့်တစ်ချက်နဲ့
သတိရပ်ကာ၊ နှလုံးကြွေကျ
သေနိုင်တယ်............။


(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့    

ငါ့ အိပ်မက်တွေကို ဗွေမယူပါနဲ့

မုန်းလိုက်ပါ....မေ့လိုက်ပါ
အသက်ရှူလိုက်တိုင်း
ဘယ်ဘက် ရင်အုံကွဲ....မျက်ရည်ဝဲရုံကလွဲ
ငါ ပုံမှန်ပါပဲ ......။
ထားခဲ့လိုက်ပါ.....ထားခဲ့လိုက်ပါ အချစ်ရယ်
ဝေးကြပြီဆိုတဲ့ မီးအရောင်မှာ
တကူးတက မှောင် ထားရတဲ့ကောင်မို့
ဘာအရောင်မှ ထပ်မလိုဘူး.............
ဒီလိုနဲ့......
ခရီးတစ်ထောက်နဲ့တင် ရေတိမ်မှာ
ကောင်းကောင်းနစ်ခဲ့ရပြီ
ကောင်မလေးရေ...ကျေးဇူးပြုပြီး
ငါ့ အိပ်မက်တွေကို ဗွေမယူပါနဲ့
စစ်မှန်တဲ့ ချစ်ခြင်းတွေတိုင်းမှာ မထင်မှတ်တဲ့ အချိုးအကွေ့တွေရှိကြောင်း
အသည်းကွဲမှ ကောင်းကောင်းသိခဲ့ရပေါ့
ဖွဲ့နွဲ့ မပြောတော့ပါဘူး...
ခင်ဗျားကို ကျွန်တော် သေသေချာချာချစ်ခဲ့ပါတယ် အချစ်ရယ်.....။

(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့   

ရေခြားမြေခြား အလွမ်း

ကောင်းကင်လို မြင့်မား
နန်းတော်လို မခမ်းနား.....နွမ်းပါးတဲ့ ဘ၀ပါ....မေ။
ဘ၀သမားမို့....အလှစကားနဲ့
ခဏအနားမှာ မနေနိုင်
တစ်ဝမ်းတစ်ခါးအတွက်...လမ်းသလား
ဝမ်းနည်းစကားပဲ ဆိုပါရစေ......။
ကြိုးစားသမျှ အရာမထင်...
ဝေးသွားမှ ဒဏ်ရာ........မြင်
ချွေးစက်တွေကျ....သွေးမြေခလည်း
အားခဲမာန်တင်း...ရုန်းကန်ရင်း...လွမ်း
အသည်းနွမ်းပြီ....တမ်းတရသည်...ကေသရီ...။
ဘ၀အရေး...ခဏပြေးလို့
ထားခဲ့...ကျန်ရစ်....ကိုယ့်အချစ်ရေ
မျှော်လင့်စောင့်စား....သစ္စာထားလို့
လက်ချိုးရေတွက်...နေ့ရက်ဆက်လည်း
သည်းခံကျိတ်မှိတ်....လွမ်းတဲ့စိတ်နဲ့
ခံနိုင်ရည်ထား....ရေမြေခြားလည်း
ယုံကြည်စွာချစ်....တမ်းတရစ်ပါ...လွမ်းရစ်ပါ....။
တစ်ချိန်ချိန်.....ဆုံ
တစ်နေ့နေ့.....နီး
မဝေးတဲ့ ခရီးအတွက်....ယခုလို မောပန်း
ခန္ဓာနွမ်းလည်း....ဒူးထောက် သိုသိပ်
ချစ်တဲ့စိတ်နဲ့....အလွမ်းကို....ပိုက်
အသည်း...ခိုက်လည်း
အတူတကွ....နေခွင့်ရဖို့...
ဆုံစည်းရက်ရှည် လက်ချိုးရေ...ငါတို့ဘ၀တွေ နီးပါရစေ.....။
( ဘ၀အရေးအတွက် ရေခြားမြေခြားမှာ ချစ်သူနဲ့ခွဲပြီး ကြိုးစားရုန်းကန်နေသူများကို ရည်ရွယ်ပါတယ် )

ခိုးကြည့်တော့မယ် အချစ်ရယ်

ပွင့်လင်းမှုမရှိတဲ့ ဆွံ့အခြင်းများနဲ့
 ခွေ....ခေါက်နေခဲ့တာ ကြာပြီ..............။
ရဲရဲမကြည့်...ရဲဘူး...
 သေသေချာချာ....မမြင်ရဲဘူး....
ထွန့်ထွန့်လူးနေတာတောင်
မင်းရဲ့ ငြင်းပယ်ခြင်း ခံရမှာစိုးလို့
 အစမပျိုးခဲ့ဘူး..............။
ဖိုသီဖတ်သီနိုင်လွန်းတဲ့ ငါ့....
တမ်းတခြင်းမှာ ရုန်းထွက်ဖို့ မကြိုးစားမိတာကိုက
 ကြီးမားတဲ့ လာဘ်တစ်ပါး.......။
တကယ်တော့ ငါဆိုတဲ့ကောင်ဟာ
အိပ်မက်ကို ညနဲ့ ဆန့်အောင် မမက်နိုင်လို့
 နေမြင့်ခဲ့ရတာတွေ များပြီ.....။
ဒီလိုနဲ့ပဲ...မနက်ဖြန်တိုင်းကို
ချစ်တဲ့စိတ်နဲ့ နိုးထခဲ့ပေါ့.....
ကဲ...ဒီနေ့လည်း...အရင်နေ့တွေလို
 “ခိုးကြည့်တော့မယ်” အချစ်ရယ်.....။

(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့ 

ချစ်တယ်.....

ဘာနဲ့မှ မလဲဖယ်နိုင်ရလောက်အောင်
အသည်းပေါက်မတတ်ချစ်မိတယ်.....။
တကယ်ချစ်ရဲ့လားလို့ မမေးနဲ့
ငါ့ ကိုယ်...စိတ်...နှလုံး သုံးပါးစလုံးက
နင့် နာမည်ကိုပဲ ရေရွတ်နေတယ်....။
ငါ တစ်ကောင်လုံးရဲ့ တစ်ကိုယ်လုံးမှာ
င့ါနှလုံးသားကပဲ နင့်ကို ကွက်ပြီးချစ်ရတာ
အားမရဘူးဟာ.....။
ချစ်တယ်လို့
အသံတိတ် ရင်ထဲက
အော်ဟစ်နေမိသမျှ
နှလုံးသားက လွမ်းဖျားလွမ်းနာကျတယ်.....။
ကဲ ကောင်မလေးရေ
ဘာဘာသာစကားမှ မပါဘူး၊ ဘာအထင်ကရမှ မရှိဘူး
ငါကတော့
ကံ၊ ကတ္တားမခွဲဘဲ နင့်ကို ချစ်တယ်...

(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့

Sunday, May 6, 2012

ဟာသတိုများ(၄)

လူပေါင်းမှားလို့
လူကြီးတယောက်ဟာ လမ်းလျှောက်လာရင်း ခြံတခြံရဲ့ လူခေါ်ဘဲလ်ကို မမှီတမှီနှိပ်နေတဲ့ ကလေးတယောက်ကိုတွေ့တော့
“ငါ့တူက ဘဲလ်ကို နှိပ်ချင်တာလား။”
ကလေးက ခေါင်းညိမ့်ပြတယ်။ ဒါနဲ့ လူကြီးက ဘဲလ်ကို ၃ ချက်လောက် နှိပ်ပေးလိုက်တယ်။
“ကဲ နှိပ်ပြီးပြီ ငါ့တူ”
“နှိပ်ပြီးရင် ပြေးကြစို့ ဦးလေး” ဆိုပြီး တခါတည်း ထွက်ပြေးပါလေရော။

မနက်စာ
“ဟေ့ စားပွဲထိုး…။ မင်းတို့ဟိုတယ်ရဲ့ မနက်စာက ညံ့လှချည်လားကွ။ မန်နေဂျာကို ခေါ်စမ်းကွာ”
“မန်နေဂျာ မရှိဘူး ခင်ဗျ”
“ဘယ်သွားသလဲ”
“အပြင်မှာ မနက်စာ သွားစားပါတယ်”

လူမှားခြင်း 
တနေ့မှာ အမျိုးသမီးတယောက်ဟာ နေမကောင်းတဲ့ လသားအရွယ်ကလေးငယ်ကို ဆေးခန်း လာပြတယ်။ ဆရာဝန်က ကလေးကို စမ်းသပ်တဲ့အခါ ကလေးဟာ နို့မ၀လို့ နေမကောင်း ဖြစ်နေတာကို သိလိုက်တယ်။
“ကလေးကို နို့မတိုက်ဘူးလား”
“နို့လည်းတိုက်တယ်။ နို့မှုန့်လည်း ဖျော်တိုက်တယ် ဆရာ”
“ကျနော် ခင်ဗျားကို နည်းနည်း စမ်းသပ်ကြည့်ချင်တယ်”
ဆရာဝန်ရဲ့ စကားကိုကြားတော့ အမျိုးသမီးက ရှက်ကို့ ရှက်ကန်းနဲ့…
“ဟို ဟို ကျမကလေ…ကျမက…”
“မရှက်ပါနဲ့ ခင်ဗျ။ ကျနော်က စမ်းသပ်ရုံပါပဲ။ ခဏလေးပါ”
အဲဒီလိုပြောပြီး စမ်းသပ်ခန်းထဲမှာ အမျိုးသမီးရဲ့ နို့တိုက် အင်္ဂါတွေကို ဆရာဝန်က
စမ်းသပ်လိုက်တယ်။ ခဏကြာတော့ ဆရာဝန်က အမျိုးသမီးကို အပြစ်တင်တဲ့လေသံနဲ့
ပြောတယ်။
“ကလေးက ဘယ်လိုလုပ် နို့ဝမလဲဗျ။ ခင်ဗျားရဲ့ နို့တိုက်အင်္ဂါတွေမှာ နို့ရည်မှ မရှိတာ”
အဲဒီမှာ အမျိုးသမီးက ဒေါသထွက်ထွက်နဲ့ ဆရာဝန်ကို ပြန်ပြောလိုက်တယ်။
“ဘယ်လိုလုပ် နို့ရည်ရှိနိုင်မလဲ။ ကျမက သူ့အဒေါ်ရှင့်…”

မိန်းမပေးစားနည်း
ဖခင် ။   ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား ။   ။ ကျနော်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ အဖေရ။
ဖခင် ။   ။  ကောင်မလေးက ဘီလ်ဂိတ် သမီးနော်။
သား ။   ။ အော် ဒီလိုလား… ဒါဆိုရင်တော့ အဖေ့ စကားနားထောင်မယ်ဗျာ။ထို့နောက် ဖခင်သည် ဘီလ်ဂိတ် ထံသို့သွား ပြီး….
ဖခင် ။    ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ကောင်လေးတစ်ယောက် တွေ့ထားတယ်။
ဘီလ်ဂိတ် ။    ။ ကျွန်တော့်သမီးလေးက ငယ်ပါသေးတယ်ဗျာ။
ဖခင် ။    ။ နေအုံး… ဟိုကောင်လေးက ကမ္ဘာ့ဘဏ်ရဲ့ ဒု ဥက္ကဌ ဗျ။
ဘီလ်ဂိတ် ။   ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာပေါ့ဗျာ။နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားကာ
ဖခင် ။    ။ ဥက္ကဌ ကြီးခင်ဗျား… လစ်လပ်နေတဲ့ ဒု – ဥက္ကဌ ရာထူးအတွက်အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ ။   ။ ကျွန်တော်မှာ အဲဒီရာထူးအတွက် ရွေးစရာလူတွေ လိုတာထက် ပိုများနေပါတယ်။
ဖခင် ။  ။ သူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးနော်။
ဥက္ကဌ ။ ။ ဒီလိုလား…ဒါဆိုရင်တော့  ရပါတယ်ဗျာ။

ကျေးဇူးရှင်
စာပေစကားဝိုင်းတခုတွင် စာရေးဆရာပေါက်စတဦးက စကားပြောရင်း သူ့အကြောင်းကို
ထည့်သွင်းပြောဆိုရာတွင်…
“စာပေကို မြတ်နိုးတဲ့စိတ်ကြောင့် ဆေးပညာကို စွန့်လွှတ်ပြီး စာပေလောကထဲကို ခြေစုံပစ်
ဝင်ခဲ့တာပဲဗျာ။ ဆရာဝန်တစ်ယောက်ထက် စာရေးဆရာတယောက်အနေနဲ့ ပြည်သူလူထုကို
ပိုပြီး အကျိုးပြုနိုင်မယ်လို့ ကျနော်ယုံကြည်ထားတယ်”
စကားဆုံးတော့ လူတစ်ယောက်က ထပြောလိုက်တယ်။
“ဆေးပညာ စွန့်လွှတ်လိုက်တာနဲ့တင် ပြည်သူလူထုအတွက် တော်တော်လေး အကျိုးပြုပြီးသား
ဖြစ်သွားပါပြီဗျာ”

စောင့်နေသူ
တခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီးက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက်
စမ်းသပ်မှုတခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ
ပေးလိုက်တယ်။
“ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ”
လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး
အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ပုံစံလုပ်လိုက်ပြီးတော့…
“ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံးသောက်လို့ရပြီ” လို့ ပြောလိုက်တယ်။
လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။
အဲဒီအထဲမှာ လူနာတယောက်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို
ဆေးရုံအုပ်ကြီးကမြင်တော့ “အင်း ဒီလူနာကတော့ အတော်လေး ရောဂါ
သက်သာသွားပြီ ထင်တယ်”လို့ တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။
“သူများတွေ အားလုံး လ္ဘက်ရည်သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ
လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ”
လူနာက ပြန်ဖြေလိုက်တယ်။
“ပူနေသေးလို့ ခင်ဗျ”

လွယ်လွန်းလို့
ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသား မောင်လှကို ကျောင်းမတက်တဲ့ သူငယ်ချင်း
မောင်မြက မေးတယ်။
မောင်မြ ။   ။ ” ကျောင်းမှာ ဘာတွေသင်သလဲကွ”
မောင်လှ ။   ။ “မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ”
မောင်မြ ။   ။ “ဒါဆို မင်းက အင်္ဂလိပ်စကား တတ်သလား”
မောင်လှကလည်း ခပ်ကြွားကြွားနဲ့ ပြန်ဖြေတယ်။
“တတ်တာပေါ့ကွ”
မောင်မြ ။   ။ “ဒါဆို ဒီကိုလာ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ”
မောင်လှ ။   ။ “ဒါလေးများ လွယ်လွန်းလို့။ Come here လို့ ပြောရတယ်”
မောင်မြ ။   ။ “အလဲ့ တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွား ဆိုရင်ရော”
ဆရာမ သင်ပေးတဲ့အထဲမှာ အဲဒါမပါသေးတော့ မောင်လှအခက်တွေ့ သွားတယ်။
ဒါပေမယ့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်။
“ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကိုသွားပြီးတော့ Come here လို့ ပြောလိုက်”

မူရင်း .. http://mandalaygazette.com

ည၀တ် အချစ်အင်္ကျီ

အသက်အတော်ကြီးပြီဖြစ်တဲ့ အဘွားအိုတယောက်ဟာ သူ့ရဲ့ တဦးတည်းသောသားကို အိမ်ထောင်ချပေးပြီးတဲ့နောက် တလလောက်ကြာတော့ အိမ်ခွဲနေတဲ့ သားဖြစ်သူရဲ့အိမ်ကို သွားလည်တယ်။
အဘွားအိုဟာ အိမ်တံခါးကို ခေါက်လိုက်တယ်။
“ဒေါက်” “ဒေါက်” “ဒေါက်”
မကြာခင် ချွေးမဖြစ်သူက တံခါးလာဖွင့်တယ်။  သူ့ချွေးမကို ကြည့်လိုက်တော့ အဘွားအို အံ့သြသွားတယ်။
“ဟဲ့ နင်က ဘာမှလည်း ၀တ်မထားပါလား”
“ဒါက ယောက်ျားတွေ သိပ်နှစ်သက်တဲ့ ည၀တ်အချစ်အင်္ကျီလို့ ခေါ်တယ် အမေရဲ့”
ချွေးမစကားကိုကြားတော့ အဘွားအိုက သိပ်သဘောကျသွားပြီး အိမ်ထဲ မ၀င်တော့ဘဲ ပြန်သွားတယ်။ အိမ်ရောက်တော့ ရေမိုးချိုး၊ အမွှေးနံ့သာတွေ လိမ်းပြိး ည၀တ် အချစ်အင်္ကျီနဲ့
သူ့ယောက်ျားအဘိုးကြီး ပြန်အလာကို စောင့်နေတယ်။
မကြာခင်မှာပဲ တံခါးခေါက်သံကြားလို့ တံခါ်းသွားဖွင့်တော့ အဘိုးကြီးက သူ့မိန်းမကိုမြင်ပြီး အံ့သြစွာနဲ့ …
“မင်းက ဒီနေ့ ဘာစိတ်ကူးတွေ ပေါက်နေတာလဲ”
အဘိုးကြီးအမေးကို အဘွားကြီးက ပြုံးစစနဲ့ ပြန်ဖြေတယ်။
“ဒါက ည၀တ်အချစ်အင်္ကျီလို့ခေါ်တယ် အဖေကြီးရဲ့”
အဘွားကြီးစကားကိုကြားတော့ အဘိုးကြီးက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
“မင့် အင်္ကျီက မီးပူထိုးဖို့ လိုအပ်နေပြီကွ။ ဟိုမှာကြည့်ပါဦး။  ကြယ်သီးနှစ်လုံးကလည်း  ပြုတ်ထွက်တော့မယ်”
(မဇ္ဈိမဂျာနယ်က ဟာသတခုပါ။)


မူရင်း .... http://mandalaygazette.com

Saturday, May 5, 2012

မိန်းမများရဲ.ညို.ချက် ၈ ချက်

ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)
ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)
ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်
တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ
(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)
ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက
ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း
ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး
မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)
ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်
နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့
လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)
ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကို
ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုး
ခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)
ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)
ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်
တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
 
မူရင်း .... http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1208676&xgs=1&xg_source=msg_share_post

Friday, May 4, 2012

အများနဲ့နေတဲ့အခါအဆင်ပြေပြေနေတက်စေဖို့နည်းလမ်းကောင်းများ


                   
                                      ၁။ချိုပြုံးရွှင်ပြသောမျက်နှာထားရှိပါစေ။
                                      ၂။မာနနဲ့ဒေါသကိုထိန်းချုပ်ပါ။
                                      ၃။သူတစ်ပါးကိုချီးမွမ်းတက်ပါစေ။
                                      ၄။ပြုံးပြနှုတ်ဆက်ဖို့မမေ့ပါနဲ့။
                                      ၅။ဖော်ရွေကူညီတက်သူဖြစ်ပါစေ။
                                      ၆။အခွင့်ရေးယူတက်သူမဖြစ်ပါစေနဲ့။
                                      ၇။သည်းခံနိုင်အောင်ကြိုးစားပါ။
                                      ၈။စကားနည်းနည်းဘုရားမြဲပါစေ။
                                      ၉။စည်းကမ်းတကျနေထိုင်ပါ။
                                    ၁၀။လိုက်လျောညီထွေနေတက်ပါစေ။


မူရင်း .... http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A791896&xgs=1&xg_source=msg_share_post

ရယ်စရာဟာသများ

“ ရှေ့နေများနှင့် အင်ဂျင်နီယာများ ”

ရှေ့နေ သုံးယောက်နဲ့ အင်ဂျင်နီယာ သုံးယောက်တို့ အစည်းအဝေးတစ်ခုအတွက် ရထားဖြင့် ခရီးထွက်ကြသည်။ ဘူတာသို့ရောက်သောအခါ ရှေ့နေ ၃ ယောက်က လက်မှတ် ၃စောင် ဝယ်နေသည့်အချိန်တွင် အင်ဂျင်နီယာများကလက်မှတ်

တစ်စောင်ပဲ ဝယ်ကြသည်။

“ လူ ၃ ယောက်ကို လက်မှတ်တစ်စောင်တည်းနဲ့ ခရီးဘယ်လိုလုပ်သွားမလဲ ” ဟု ရှေ့နေတစ်ယောက်ကမေးလိုက်သည်။

“ စောင့်ကြည့်လိုက်စမ်းပါဗျာ ”

ဟု အင်ဂျင်နီယာတစ်ယောက်က ပြန်ပြောသည်။
ရထားပေါ်တက်ကြသည့်အခါ ရှေ့နေသုံးယောက်က ကိုယ့်သက်ဆိုင်ရာခုံနံပါတ်မှာထိုင်နေကြသည့်အချိန်တွင်
အင်ဂျင်နီယာသုံးယောက်က အိမ်သာခန်းထဲသို့ သုံးယောက်စလုံးတိုးကျိတ်ဝင်ကြပြီး တံခါးပိတ်ထားလိုက်သည်။

လက်မှတ်များ လှည့်လည်သိမ်းဆည်သောအချိန်တွင် လက်မှတ်စစ်သောသူက အိမ်သာတံခါးကိုခေါက်၍ပြောလိုက်သည်။

“ ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ ”

တံခါးနည်းနည်းလေးဟသွားပြီး လက်မှတ်ကိုင်ထားသော လက်တစ်ချောင်းထွက်လာသည်။
လက်မှတ်စစ်သူလည်း လက်မှတ်ကိုယူပြီးအဝေးသို့ထွက်သွားတော့သည်။
ထိုအဖြစ်အပျက်ကိုမြင်လိုက်သော ရှေ့နေတို့က အင်ဂျင်နီယာတို့၏ ပါးနပ်လိမ္မာမှုကို သဘောကျကြသည်။

အစည်းအဝေးပွဲမှ အိမ်အပြန်လမ်းမှာ ဒီနည်းကို သုံးဖို့သူတို့ဆုံးဖြတ်ခဲ့ကြသည်။
ဘူတာသို့ရောက်သောအခါ ရှေ့နေသုံးယောက်က လက်မှတ်တစ်စောင်ပဲဝယ်ကြသည်။ အင်ဂျင်နီယာ များက လက်မှတ်တစ်စောင်မှမဝယ်ကြပေ။ ဤသည်ကို ရှေ့နေတစ်ဦးက အံ့သြ၍

“ မင်းတို့လက်မှတ်တစ်စောင်မှမဝယ်ဘဲ ဘယ်လိုလုပ်ပြန်မလဲ ” ဟုမေးရာ

“ စောင်ကြည့်လိုက်စမ်းပါ ”

ဟုအင်ဂျင်နီယာတစ်ယောက်က ပြောပြန်သည်။

ရထားပေါ်ရောက်ကြသောအခါ
ရှေ့နေသုံးယောက်က အိမ်သာခန်းထဲသို့ သုံးယောက်စလုံးတိုးကျိတ်ဝင်ကြပြီး တံခါးပိတ်ထားလိုက်သည်။

အင်ဂျင်နီယာသုံးယောက်က တစ်ခြား အိမ်သာခန်းတစ်ခုထဲသို့ဝင်သွားကြသည်။
ရထားစထွက်ကာစမှာ အင်ဂျင်နီယာတွေထဲက တစ်ယောက်ကသူ့အခန်းထဲမှထွက်လာပြီး တစ်ခြားအိမ်သာတံခါးကို

သွားခေါက်၍ပြောလိုက်သည်။

“ ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ! ”





“ လွယ်ပါတယ်သားရယ် Facebook မှာ ဖွပေးမယ် ”

ပန်းခြံထဲကခုံလေးမှာ သားအဖနှစ်ယောက်ထိုင်နေကြသည်။ ထိုအချိန် ရေခဲမုန့်ရောင်းသူ ဖြတ်သွားလေရာ အလွန်ပူဆာတတ်သောကလေးက

“ ဖေဖေ သားရေခဲမုန့်စားချင်တယ် ”

“မစားပါနဲ့သားရယ် ချောင်းဆိုးတတ်တယ်”

ထို့နောက် လေပူပေါင်းရောင်းသူဖြတ်သွားရာ

“ဖေဖေ သားပူပေါင်းလိုချင်တယ်”

“မလိုချင်ပါနဲ့ကွာ”

ဒီလိုနှင့် သူငယ်ချင်းနှစ်ယောက်က စကားပြောရင်းလမ်းလျှောက်လာသည်။

“ငါဖွလိုက်လို့ကတော့ မင်းမြောင်းထဲရောက်သွားမယ်”

ထိုစကားကိုကြားလိုက်သောကလေးက

“ဖေဖေ သားမြောင်းထဲရောက်ချင်တယ်”

“သြော် လွယ်ပါတယ်သားရယ် အဖေ Facebook မှာ
ဖွပေးမယ် ! ! !”



“ အားတွေလျော့ ကုန်မယ် ”

ကပ်စေးနဲသောလူကို အခြားလူတစ်ယောက်ကပြောလိုက်သည်

“ နာရီထဲက ဓါတ်ခဲတွေကို ဘာဖြစ်လို့ ဖြုတ်ဖြုတ်ပြီး အပြင်မှာသိမ်းထားတာလဲဗျ ”

“ ဓါတ်ခဲသက်တမ်းအကြာကြီးခံအောင်လို့ပါ။ အချိန်ကိုသိချင်ပြီဆိုရင် ဓါတ်ခဲကိုပြန်ထည့်တယ်လေ။ ! ! !”



“ နာကြားရပြီ ”

ပထမလူ။ ။ နားကြပ်အသစ်ဝယ်ပြီးကတည်းက နှစ်ခန်းကျော်က ပြောတာတောင်ကြားရတယ်ဗျ

ဒုတိယလူ။ ။ ဟုတ်လား။ တယ်ကောင်းတာပဲ။ ဘယ်လောက်ပေးရလဲဗျ။

ပထမလူ။ ။ ၃ နာရီထိုးပါပြီ ! ! !။


“ လင်ပျောက်ရှာနေသော မိန်းမ ”

မိန်းမ >> ကျွန်မယောင်္ကျားပြောက်သွားလို့
Inspector >> သူ့အရပ်က ဘယ်လောက်လဲ

မိန်းမ >> တစ်ခါမှ သတိမထားမိဘူး
Inspector >> ပိန်ပိန်သွယ်သွယ်လား ကျန်းကျန်းမာမာလား

မိန်းမ >> မပိန်ပါဘူး ကျန်းကျန်းမာမာပါပဲ
Inspector >> မျက်လုံးကဘာရောင်လဲ

မိန်းမ >> မမှတ်မိဘူး
Inspector >> ဆံပင်ရောင်ကရော

မိန်းမ >> ရာသီအလိုက်ပြောင်းနေတာပဲ
Inspector >> ဘာဝတ်ထားလဲ

မိန်းမ >> ထသွားထလာ ဝတ်ထားတာပဲ သေချာမမှတ်မိဘူး
Inspector >> သူနဲ့အတူဘယ်သူပါသေးလဲ

မိန်းမ >> အိမ်မွေးခွေးလေပါသွားတယ်၊ နာမည်က ဆွီတီ။ ရွှေရောင်ချိန်းကြိုးနဲ့ ချည်ထားတယ်။
အရပ်က လက်မ ၃၀၊ ခန္ဓာကိုယ်က ထွားကြိုင်းတယ်၊ အပြာရောင်မျက်လုံး၊ မီးခိုးရောင်အမွှေးနဲ့၊ ဘယ်ဘက်ခြေထောာက်ရဲ့ခြေမက ခြေသည်းလေးနည်းနည်းကျိုးနေတယ်။ ဘယ်တုန်းကမှ မဟောင်ဖူးဘူး။ အပြာရောင်ဘောလုံးပါတဲ့ ရွှေရောင်ပါတ်ကြိုးလေးပါတ်ထားတယ်။ သူက အသီးအရွက်မကြိုက်ဘူး၊ ငါတို့ကအတူသွား အတူစားခဲ့ကြတာလေ
စကားပြောပြီးနောက် မိန်းမ ကစ၍ ငိုပါတော့သည်

Inspector >> ကောင်းပြီ ခွေးကို အရင်ရှာကြစို့ !!!


“ နေမကောင်းနေသောကလေးနှင့် သူ၏အမေ ”

ကလေးကသူ့အမေထံသို့ ဗိုက်နာနေကြောင်း ငိုပြီးလာပြောသည်။
အမေက

“ ဗိုက်ထဲမှာ အစာမရှိလို့နာတာ လာဒီမှာ တစ်ခုခုလာစား ”

ဟုပြောလိုက်ရာ ကလေးက နားထောင်သည်။

နောက်တစ်နေ့တွင် အမေဖြစ်သူက ခေါင်းတွေနာနေသည်။ ကလေးက ဖြေသိမ့်သည့်အနေနှင့် ပြောလိုက်သည်။

“ အဲ့ဒါ ဦးဏှောက် မရှိလို့ဖြစ်တာ ”

တစ်ကြိမ်သောအခါ၌
ကလေး >> “ အမေ့ ခေါင်းကဆံပင်တွေဘာလို့ဖြူလာတာလည်းဟင် ”

အမေ >> “ အဲ့ဒါမင်းကြောင့်ပေါ့ကွဲ့ မင်းမလိမ္မာရင်ငါ့ဆံပင်တွေဖြူကုန်ရော ”

ကလေးကရိုးသားစွားပြန်ပြောလိုက်သည်


“ အဖွားဆံပင်တွေဘာ့ကြောင့် ဖြူနေတာလည်း ကျွန်တော်အခုသိပါပြီ ! ! !”


“ ၄၅ ဘတ်စ်ကား ”

အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးသည် ပထမဆုံးအကြိမ်ရန်ကုန်သို့ အလည်အပါတ်ခရီးသွားရန် ဖိတ်ကြားခြင်းခံရသည်။ လှည်းတန်းကို သွားခဲ့ရာ ကံဆိုးချင်တော့ လှည်းတန်းလမ်းဆုံကို သူရှာမတွေ့ခဲ့ပေ။ ဒီလိုနှင့် ယဉ်ထိန်းရဲကို အကူအညီတောင်းရတော့သည်။

အမျိုးသမီး >> ကျေးဇူးပြုပြီး လှည်းတန်းကို ဘယ်လိုသွားရလည်း လမ်းညွှန်ပေးပါရှင်

ယဉ်ထိန်းရဲ >> ၄၅ ကားကိုဒီကားဂိတ်မှာစောင့်ပါ။
အဲ့ကားနဲ့ဆို လှည်းတန်းကိုရောက်ပါတယ်။

အမျိုးသမီးက ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ယဉ်ထိန်းရဲလည်း ပြန်လည်ထွက်ခွာသွားတော့သည်။

၃ နာရီလောက်ကြာသောအခါ ယဉ်ထိန်းရဲက ထိုနေရာသို့ပြန်လည်ရောက်လာသည်။ အမျိုးသမီးကထိုကားဂိတ်မှာပင်စောင့်နေဆဲဖြစ်သည်။ ယဉ်ထိန်းရဲကအမျိုးသမီးဆီသို့သွား၍ပြောသည်။

“ လှည်းတန်းကို ရောက်ဖို့ ၄၅ ကားကိုစောင့်စီးရမယ်လို့ကျွန်တော်မှာထားခဲ့တယ်နော် အခု ၃ နာရီတောင်ကြာနေပြီဗျ ဘာ့ကြောင့်အခုထိစောင့်နေတာတုန်း ”

အမျိုးသမီးကပြောလိုက်သည်

“ မစိုးရိမ်ပါနဲ့ အရာရှိကြီးရယ် သိပ်မကြာတော့ပါဘူး အခုဖြတ်သွားတဲ့ကားက အစီး ၄၀ မြောက်ပါ ! ! ! ”


ပထမလူ။ ။ ငါ့သားက ငါ့ပြောစကားနားမထောင်ဘူးကွာ

ဒုတိယလူ။ ။ သူကမလိမ္မာလို့လား?

ပထမလူ။ ။ နားပင်းနေတာကွ။


…………
မူရင်း ။ http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1279016&xgs=1&xg_source=msg_share_post

ပထမအမျိုးသမီး။ ။ ဒုက္ခပါပဲဟယ်။ ငါ့ချစ်သူနဲ့ အခုလမ်းလျှောက်လာနေတာ ငါ့ယောင်္ကျားပဲ

ဒုတိယအမျိုးသမီး။ ။ အေးဟယ် ငါလည်း နင့်လိုပါပဲ

အောင်မျိုးခန့် (မော်ကျွန်း)

အလွန်ကောင်းမွန်တဲ့ ဘဝ နေထိုင်နည်း


အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့
အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။
တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။



တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။
စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက်ပေးကမ်းစွန့်ကြဲပါ။
အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

ရီစရာလေးတွေပါ

ယာဉ်နံပါတ်နဲ့ ရင်နံပါတ်
------------------------------ -----------------
“ဟဲလို ဟဲလို ကျမကို ကူညီပါရှင်
ပလာဇာမှာဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကို
ပြန်လာတာ ကားပေါ်မှာ အ၀တ်အစားတွေ
ပါသွားလို့ အင်္ကျီတွေက တထည်ကို သုံးသောင်း
လောက်တောင် တန်တယ်ရှင့်”
“ဟုတ်ကဲ့ ကူညီပြီးရှာပေးပါ့မယ်
ဒါ့ထက် ယာဉ်နံပါတ် မသိရဘူးလား ခင်ဗျာ”
“သိပါတယ်ရှင် ရင်၃၆ ၊ ခါး၂၂ ၊ တင် ၃၈
ရှိပါတယ်ရှင်”။
+++++++++++++++++++++++

အာဂယောက္မ
------------------
“ဟင်.....ခိုးရာလိုက်တယ်လည်းဆို
သေး
ဘာမှလည်းယူမလာပါလား ”
“ဒီည တစ်ညတည်းပဲ ကိုကိုရယ် ဘာယူရ
ဦးမှာလဲ ။မေမေက မှာလိုက်တယ် ခိုးပြေးတယ်ဆို
တာ စတိလောက်ဆိုတော်ရော့ပေါ့တဲ့ မနက်ကျရင်
နှစ်ယောက်စလုံး စောစော ပြန်လာကြတဲ့ ကိုကို့
ကို ခိုင်းစရာရှိတယ်တဲ့ ”။
++++++++++++++++++++++++++

ဘယ်သူ့လက်ချက်လဲ
----------------------
“တောက်....နာသကွာ ရုပ်ရှင်ရုံထဲမှာ
ဒီလောက် မီးပျက်မယ်မှန်း သိရင် အချစ်ရဲ့
မျက်နှာလေးကို တ၀ကြီး နမ်းပစ်တာပေါ့
အခုတော့ မီးကပြန်လာနေပြီ”
“ဟင်....ဒါဖြင့် မီးပျက်တုန်းက နမ်းတာ
ကိုကို မဟုတ်ဘူးပေါ့နော် ။”
+++++++++++++++++++++++++++++++

ကင်မရာ မ၀ယ်နိုင်သူမို့
------------------------
“ဟိုလူကြီးဟာ ကန်တော်ကြီးစောင်းမှာထိုင်ပြီး
ပုံဆွဲနေတာဘာလုပ်ဖို့လည်း ဖေဖေ”
“အဲဒါ ရှုမျှော်ခင်းပုံကို ပန်းချီဆွဲနေတာ သားရဲ့
ကင်မရာမ၀ယ်နိုင်တော့လည်း ခုလိုပဲ အပင်ပန်း
ခံရတာပေါ့သားရယ် ။”
++++++++++++++++++++++++++++++++++++++++

မူရင်း ။ http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1205129&xgs=1&xg_source=msg_share_post

Wednesday, May 2, 2012

Websites အညွှန်းများ

Antivirus software websites
ကွန်ပျူတာဗိုင်းရပ်စ်သတ် ဆော့ဖ်ဝဲ၀က်ဘ်ဆိုက်များ


Do it yourself websites
ကိုယ်တိုင်ဝင်ရောက် စမ်းသပ်နိုင်တဲ့ ၀က်ဘ်ဆိုက်များ


eBook websites
အီးဘုတ်ခ် ၀က်ဘ်ဆိုက်များ


Educations websites
ပညာရေး ၀က်ဘ်ဆိုက်များ


Horoscope and Tarot websites
ဗေဒင်နှင့် တားရော့ ၀က်ဘ်ဆိုက်များ


Handmade websites
လက်မူပညာ ၀က်ဘ်ဆိုက်များ


job websites
အလုပ်အကိုင်ဆိုင်ရာ ၀က်ဘ်ဆိုက်များ


Learning websites
သင်ကြားရေး ၀က်ဘ်ဆိုက်များ


Library websites
စာကြည့်တိုက် ၀က်ဘ်ဆိုက်များ


Mobile phone websites
မိုဘိုင်းဖုန်း သက်ဘ်ဆိုက်များ


Movies websites
ရုပ်ရှင် ၀က်ဘ်ဆိုက်များ


Music websites
သီချင်း ၀က်ဘ်ဆိုက်များ


News[local] websites
ပြည်တွင်းသတင်း ၀က်ဘ်ဆိုက်များ


လူမှုကွန်ရက် ၀က်ဘ်ဆိုက်များ

မူရင်း ... http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1526414&xgs=1&xg_source=msg_share_post