“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, May 2, 2012

Websites အညွှန်းများ

Antivirus software websites
ကွန်ပျူတာဗိုင်းရပ်စ်သတ် ဆော့ဖ်ဝဲ၀က်ဘ်ဆိုက်များ


Do it yourself websites
ကိုယ်တိုင်ဝင်ရောက် စမ်းသပ်နိုင်တဲ့ ၀က်ဘ်ဆိုက်များ


eBook websites
အီးဘုတ်ခ် ၀က်ဘ်ဆိုက်များ


Educations websites
ပညာရေး ၀က်ဘ်ဆိုက်များ


Horoscope and Tarot websites
ဗေဒင်နှင့် တားရော့ ၀က်ဘ်ဆိုက်များ


Handmade websites
လက်မူပညာ ၀က်ဘ်ဆိုက်များ


job websites
အလုပ်အကိုင်ဆိုင်ရာ ၀က်ဘ်ဆိုက်များ


Learning websites
သင်ကြားရေး ၀က်ဘ်ဆိုက်များ


Library websites
စာကြည့်တိုက် ၀က်ဘ်ဆိုက်များ


Mobile phone websites
မိုဘိုင်းဖုန်း သက်ဘ်ဆိုက်များ


Movies websites
ရုပ်ရှင် ၀က်ဘ်ဆိုက်များ


Music websites
သီချင်း ၀က်ဘ်ဆိုက်များ


News[local] websites
ပြည်တွင်းသတင်း ၀က်ဘ်ဆိုက်များ


လူမှုကွန်ရက် ၀က်ဘ်ဆိုက်များ

မူရင်း ... http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1526414&xgs=1&xg_source=msg_share_post

စာအုပ်တွေကို (Free....Free)ဆိုပြီး ဒေါင်းချင်တဲ့သူတွေအတွက် သိသမျှ Best sites (၁၈) ခု

စာအုပ်တွေကို (Free....Free)ဆိုပြီး ဒေါင်းချင်တဲ့သူတွေ ရှာဖွေဖတ်ရှု ချင်တဲ့သူတွေ အတွက် http://www.myanmaritresource.info က ရှာတွေ့တာလေးကို မသိသေူသူတွေ သိအောင် Share လိုက်ပါတယ်ဗျာ..... စာဖတ်ဝါသနာရှင်များ တစ်စုတစ်စည်းတည်း ရှာနိုင်အောင် အောက်က လင့်ခ် တွေကို အလည်သွားကြနော်....
၁ ။ Code: http://www.freebookspot.in
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် ...
၂ ။ Code: http://www.free-ebooks.net
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..
၃ ။ Code: http://manybooks.net
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ ဖတ်နိုင်ပါတယ် ..
၎ ။ Code: http://www.getfreeebooks.com
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..
၅ ။ Code: http://freecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.. ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် ... ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များများ ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၆ ။ Code: http://www.freetechbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ..
၇ ။ Code: http://www.scribd.com
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ ... မြန်မာလိုစာအုပ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့ Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် ...
၈ ။ Code: http://knowfree.net
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။
၉ ။ Code: http://www.onlinefreeebooks.net
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။
၁၀ ။ Code: http://www.memoware.com
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။
၁၁ ။ Code: http://www.zillr.org
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၂ ။ Code: http://www.onlinecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၃ ။ Code: http://www.snipfiles.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..Smile
၁၄ ။ Code: http://www.bookyards.com
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..
၁၅ ။ Code: http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် ...
၁၆ ။ Code: http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ် ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၁၇ ။ Code: http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် ...
၁၈ ။ Code: http://www.ebooklobby.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..
လိုအင်ဆန္ဒ ပြည့်စုံကြပါစေဗျာ..............

မူရင်း ....  http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1194951&xgs=1&xg_source=msg_share_post

Webstie တွေမပွင့်တဲ့အခါ စစ်ဆေးပေးမယ့်နေရာ

တစ်ခါတစ်ရံမှာ အင်တာနက်အသုံးပြုသူတွေအနေနဲ့ ကိုယ်ဖွင့်နေကျ Webiste က ပွင့်မလာဘဲ Error တက်နေတာမျိုး၊ ဥပမာ Server not found , Connection has time out စတဲ့ Error တွေကြုံတွေ့လာ
ရပြီဆိုရင် မိမိရဲ့စက်ကဖြစ်တာလား..ဒါမှမဟုတ်..အဲဒီ Website ကိုယ်တိုင်ကဘဲ Server ဒေါင်းနေတာလားဆိုတာကို စစ်ဆေးပေးမယ့် Website လေးတစ်ခုရှိပါတယ်..အဲဒါကတော့
www.doj.me ဆိုတဲ့ Website လေးပါ။

နောက်တစ်ခုက ပိတ်ထားသော Website များကို အလွယ်တကူ ကျော်ခွပေးနိုင့်မယ့် Website တစ်ခုပါ
အခု အချိန်အထိ Active ဖြစ်နေသေးတဲ့အတွက် ကျော်ခွဖို့လိုအပ်သူများအတွက် တင်ပေးလိုက်ပါတယ်။
Webiste ကိုဝင်လိုက်တာနဲ့ လူတကာချစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့မျက်နှာကို မြင်လိုက်ရမှာပါ။ကဲ..ကျော်နိုင်ခွနိုင်
ကြပါပြီခင်ဗျာ။

Website Error စစ်ဆေးပေးမယ့်နေရာ.. www.doj.me

ကျော်ဖို့ခွဖို့အတွက်နေရာ………. http://free-myanmar.appspot.com/

မူရင်း ... http://www.lwanthunalmyay.com/profiles/blog/show?id=6467116%3ABlogPost%3A65213&xgs=1&xg_source=msg_share_post

အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သည့် အစားအစာ (၂)မျိုး


ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှု တွေ လုပ်ပါတော့တယ်။သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ)အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။

ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးနဲ့ မသေဆုံးခင်က ခံစားခဲ့ ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့ ခဲ့ သူတွေကို သေချာမေးမြန်းခဲ့ ပါတယ်။ပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင်
့ခဲ့ ရတာပါ၊ “ လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။

မိမိGmail Addressရဲ. နာမည်ကိုမကျန်ခဲ့စေအောင်


ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်ခဲ့စေအောင်သုံးတဲ့နည်းလေပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk၀င်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။စလုပ်လိုက်ရအောင်။

Email ကို Back up လုပ်နည်း



Email ကို Back up လုပ်တဲ့ စနစ်လေးပါ။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။

ငှက်ပျောသီးကို နေ့စဉ် စားသင့်သော အကြောင်းရင်း (၁၂) ချက်

(၁) ငှက်ပျောသီးကို သင် နေ့စဉ် ပုံမှန်စားတဲ့ အကျင့် ပြုလုပ်ထားရင်  လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ New England ဆေးပညာ ဂျာနယ်မှ လေ့လာမှု အရ သိရပါတယ်။

(၂) ငှက်ပျောသီးမှာ အဓိကအားဖြင့် သကြား (ဂလူးကို့စ်၊ ဖရပ်တို့စ်နဲ့ ဆူးကရို့စ်) ပါဝင်တာကြောင့် စွမ်းအင်ကို ချက်ချင်း ပေးနိုင်သလို စွမ်းအင် တာရှည်စွာ ရရှိစေနိုင်ပါတယ်။

(၃) ငှက်ပျောသီးမှာ ပါဝင်တဲ့ Tryptophan ခေါ်တဲ့ Aminoacid ဟာ Serotonin အဖြစ် ပြောင်းလဲနိုင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓာတ် ကျဆင်းမှု လျော့နည်းစေပါတယ်။

(၄) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက ဝမ်းနုတ်ဆေး အပျော့စားလို ပြုလုပ်နိုင်တာကြောင့် ဝမ်းချုပ်သူတွေ အတွက် အသုံးဝင်ပါတယ်။

Thursday, April 26, 2012

Gmail ဖြင့် ဖိုင့်ဆိုဒ်ကြီးကြီးပို့ချင်တယ်ဆိုရင်

ဘယ်သူ့ဆီကိုပဲဖြစ်ဖြစ် အီးမေးလ်ထဲကနေ ကြီးမားတဲ့ ဖိုင်ဆိုဒ်တွေ (သို့) ဗီဒီယို ဖိုင်တွေ ကို ပို့ချင်ပြီတယ်ဆိုရင် အလွန် အခက်တွေ့စေပါတယ် ။
အခုအောက်မှာပေးထားတဲ့ ဆိုဒ်လေးတွေကနေ ပို့လို့ရနေပါတယ်။
http://www.yousendit.com/ (can send Max file Size 100 MB)
http://www.sendthisfile.com/ (need register)
http://www.gigasize.com/ (need register and Max file size 300 MB, 10 files max )
http://www.4shared.com/ (need register)
http://www.send6.com/
http://www.sendspace.com/ (Max file size 300 MB)
http://www.pando.com/ (Max file size 1GB)
http://drop.io/ (Max file size 100 MB)
မိမိကြိုက်နှစ်သက်ရာ လင့်လေးတွေသုံးပြီး ပို့ချင်တဲ့သူတွေဆီ ပို့လို့ရပါပြီ။

10GB Free

ဒီနေရာလေးနော်
https://www.cx.com/ ဒီနေရာလေးမှာအကောက်ဝင်လိုက်ရင်ရပြီး ပိုက်ဆံရှိယင်တော့
175 GB တောင်နော်

Hard Disk Patition ကို Format ချနည်း

ဒီနည်းလေးကို ကိုနေရိုင်းက Cbox မှာ တောင်းထားတာနဲ့ တခြားမသိသေးတဲ့ သူများအတွက်ပါ ရည်ရွယ်ပြီး  အရင်တင်ပေးလိုက်ပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာထဲက Patition လို့ ခေါ်တဲ့ Hard Disk ကို အပိုင်းတွေခွဲပြီး ဝင်းဒိုးနှစ်ခု၊ သုံးခုတင်လို့ ရသလို တခြား မိမိတို့ သိမ်းထားချင်တဲ့ ဖိုင်တွေ ၊ ဆော့ဝဲလ်တွေ ၊ ရုပ်ရှင်တွေ ၊ ဓါတ်ပုံ သီချင်း အားလုံးကို ၄င်း Patition တွေထဲမှာ သိမ်းထားလို့ ရပါတယ်..။ အကြောင်းတခုခုကြောင့် ဝင်းဒိုးကျသွားတဲ့အခါ မိမိတို့ သိမ်းထားတဲ့ ဟာတွေအားလုံး ပျက်မသွားပါဘူး..။ ပြန်ယူလို့ရပါတယ်..။ အခုဒီနည်းကတော့ အဲဒီ Patition တွေကို ဖျက်မှာဖြစ်တဲ့အတွက် အရင်ဆုံး မိမိတို့ လိုချင်တာလေးတွေကို တနေရာရာကို ပြောင်းပြီး သိမ်းထားဖို့ မမေ့ပါနဲ့..။ မလိုတာတွေဆိုရင်တော့ တခါထဲ ဖျက်တဲ့ထဲမှာ ထည့်ဖျက်လိုက်လို့ ရပါပြီ..။ Windows7 အတွက်ဖြစ်ပါတယ်..။

*ဦးနှောက်ကိုထိခိုက်ပျက်စီးစေသောအမူအကျင့်(၉)ချက်*

*နံနက်စာ မစားသုံးခြင်း။*
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယိုယွင်းစေပါတယ်။
*
**အစားအလွန်အကျွံစားသုံးခြင်း။*
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။
*
**ဆေးလိပ်သောက်ခြင်း။*
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။
*သကြားအများအပြားစားသုံးခြင်း။*
သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေလို့ အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို
အနှောင့် အယှက်ဖြစ်စေပါတယ်။
*လေထုညစ်ညမ်းခြင်း။*
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို
အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်
ပါ တယ်။
*အိပ်ရေးပျက်ခြင်း။*
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ
ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။
*ခေါင်းစွပ်နှင့်အိပ်ခြင်း။*
ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး
အောက်စီဂျက်စုစည်းမှုကို လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို
ဖြစ်စေနိုင်ပါတယ်။
*နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။*
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်
ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။
*
**နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။*
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
ဖတ်ဖူးတာလေးတွေကိုဝေမျှတာပါ

လေ့လာချင်သူများအတွက် အသုံးဝင်သော ဆိုဒ်များ

ဓါတ်ပုံ၊ ဖက်ရှင်၊ ဒီဇိုင်းနှင့် ဂရပ်ဖစ်စ်



korea အနုပညာရှင်များအကြောင်းလေ့လာရန်ဖြစ်သည်။



စင်္ကာပူတစ်ဝှမ်းမှ အလှပုံများရယူခံစားနိုင်ပြီး၊ မိမိ၏ထူးခြားသောလက်ရာပုံများပေးပို့ကာ ပညာရှင်အခငွေရယူနိုင်သည်။



အာဆီရန်နိုင်ငံများမှ အနုပညာမျိုးစုံကိုလေ့လာနိုင်သည်။



korea အနုပညာရှင်များအကြောင်းလေ့လာရန်ဖြစ်သည်။



ရှားပါသောဓါတ်ပုံများ ရယူနိုင်ပြီး မိမိ၏ဓါပုံများ ကိုလည်း လွှတ်တင်ထားနိုင်သည်။



Designer ကောင်းတစ်ယောက်ဖြစ်ချင်သူများလေ့လာရန်ဖြစ်သည်။



photoshop ကိုအဓိကထားလေ့လာသင်ယူရန်အတွကိုဖြစ်သည်။



ဓါတ်ပုံများစွာကို လက်ရာစုံစွာလေ့လာနိုင်သည်။



ဒီဇိုင်းရေးဆွဲပြီးသာမျိုးစုံကို ရယူနိုင်သည်။Clipart များကိုအရေအတွက်များစွာတွေ့နိုင်သည်။


မြန်မာပန်းချီဒှီဇိုင်းပညာရှင်များမှ လွှတ်တင်ထားသည်။ပန်းချီပညာလေ့လာနိုင်သည်။



screensaver များအပါအ၀င် ဒီဇိုင်းမျိုးစုံကို အလွယ်တကူရယူနိုင်သည်။
အဆင့်မြင့်အရည်အသွေးရနိုင်သည်။



နာရီဒီဇိုင်းမျိုးစုံ၊ တီထွင်မှုမျိုးစုံကိုတွေ့ရမည်။



ကိုယ်ပိုင် ပန်ချီပြခန်းဖွင့်နိုင်သည်။ ပညာရှင်များ၏ လက်ရာပန်းချီများကိုလည်းလေ့လာနိုင်သည်။



အိမ်တွင်းပန်းအလှဆင်နည်းပညာများအကြောင်းလေ့လာနိုင်သည်။



ဂျပန်ပန်းချီ၊ ဒီဇိုင်းများ၊ ဓါတ်ပုံများရယူနိုင်သည်။



ကိုယ်ပိုင်သုံးဝက်ဆိုက်အတွက်အသင့်သုံး ဒိဇိုင်းများရယူနိုင်သည်။



ဖက်ရှင်ဆိုင်ရာ လေ့လာစရာနေရာတစ်ခုဖြစ်သည်။အ၀က်နှင့်အထည်နှင့် အခြားဖက်ရှင်စုံလင်လှသည်။



ဓါတ်ပုံကို အထူးပြုလုပ်ပြုပြင်ဖန်တီးချင်သူများ အတွက်လေ့လာသင်နေရာတစ်ခုဖြစ်သည်။



လှုပ်ရှားမှုဒီဇိုင်းများကို အမျိုးစုံလင်စွာတွေ့မြင်ရသည်။အလွယ်တကူ ရရှိကူယူနိုင်သည်။



Animation ပညာလေ့လာသူများ၊ အသင့်သုံးရန်ရယူလိုသူများအတွက် နာမည်နေရာတစ်ခုဖြစ်သည်။



စာလုံးပုံစံ၊ ဒီဇိုင်းစုံ တစ်သောင်းကျော်ပါဝင်သည်။အလွယ်တကူ ရယူနိုင်သည်။



ပန်းချီကားကောင်းကောင်းတွေကို လက်ရာ အဆင့်မြင့်မြင့် တွေ့မြင်နိုင်သည်။
အခြားသော အနုပညာရှင်များ လည်း တွေ့ ရသည်။



အနုပညာဆိုင်ရာ လက်ရာများနှင့် ပန်းချီ၊ဓာတ်ပုံအဟောင်းများ ရှာဖွေရယူနိုင်သည်။



ပန်းချီပညာကို သင်ကြားပေးနေသော အထင်ကရ လိပ်စာတစ်ခုဖြစ်သည်။



အနုပညာဆိုင်ရာ သတင်းနှင့် လက်ရာများ တွေ့နိုင်သည်။



အနုပညာဆိုင်ရာ ဒီဇိုင်းများ၊ နာမည်ကျော် ဖန်တီးရှင်များကို ထိုဆိုက်မှတစ်ဆင့် အလွယ်တကူရှာဖွေနိုင်သည်။



ဓါတ်ပုံများကို ရုပ်ရှင်အဖြစ်ဖန်တီးပြီး ဘလော့ခ်အဖြစ် တင်ထားနိုင်သည်။
Flashplayer version 9 ကိုတော့ရှိထားရမည်။



မျက်နှာစာ Screen saver ပြုလုပ်နိုင်သော ဆော့ဖ်ဝဲ များစွာကို စုစည်းထားသည်။
ဓာတ်ပုံများကိုလည်း Slideshow ပြုလုပ်နိုင်သော ဆော့ဖ်ဝဲများကိုလည်း ရယူနိုင်သည်။



ထိုင်းနိုင်ငံ၏ ဖက်ရှင်ဆိုင်ရာ မဂ်ဂဇင်းလိပ်စာဖြစ်ပါသည်။



ဒီဇိုင်းပညာရပ်များကို လေ့လာ၊ လေ့ကျင့်နိုင်သည်။ဝက်ဘ်ဆိုက်များကို ကိုယ်တိုင်လေ့လာရေးဆွဲနိုင်သည်။
ဝက်ဘ်ဒီဇိုင်းနာများ လေ့လာသင့်သော နေရာတစ်ခုဖြစ်သည်။

ဟာသတိုများ(၃)

မလောနဲ့လေ
အမူးသမား၂ယောက် အထပ် ၁၀၀ ရှိသော အဆောက်အဦးပေါ်မှ ချော်ကျသွားသည်။
တစ်ဦးကပြောသည် 
"အထပ်၁၀၀ ရှိတဲ့ အဆောက်အဦးပေါ်က ပြုတ်ကျတာ ဘာမှလည်း မဖြစ်ပါလား"
"ခဏစောင့်ဦးလေ မြေကြီးနဲ့မှ မထိသေးတာ"
လိုချင်ဆောင်ထား
ညဆယ်နာရီခန့်တွင်  အိမ်နီးချင်းမိန်းမက အမောတကောရောက်လာသည်။
"မတစ် ဒယ်အိုးခဏ ငှားစမ်းပါ"
မတစ်က မနှစ်ကို ပြန်ပြောသည်။
"အောင်မာ သုံးချင်ရင် ကိုယ့်ဘာကိုယ် ၀ယ်ထားပါလား ၊ မပေးနိုင်ဘူး ၊ ကျွန်မလည်း ကျွန်မယောင်္ကျား ပြန်လာရင် ထုဖို့စောင့်နေတာ"

ခုန်ကိုက်လိုက်မယ်
အမူးသမားတစ်ဦး နဖူးတွင် သွားဒဏ်ရာ နှစ်ချက်နှင့် အိမ်ပြန်ရာက်လာ၏။
သူ့မိန်းမက မနှစ်မြို့စွာနှင့်မေး၏။
"ဒါက ဘယ်လိုဖြစ်လာတာလဲ"
"ဒီလိုပါပဲကွာ"
"နဖူးပေါ်က သွားဒဏ်ရာတွေက ဘယ်ကောင်မ ကိုက်လိုက်တာလဲ"
အမူးသမားက ဇဝေဇ၀ါနှင့် ပြန်ဖြေ၏။
"ကိုယ့်ကိုကိုယ် ကိုက်မိတာပါကွ"
"သောက်ငမူး ကိုယ့်နဖူးကိုယ် ဘယ်လိုပြန်ကိုက်မလဲ"
"ဟော့သလို ခုန်ကိုက်တာပေါ့ဟဲ့ ငတုံးမရဲ့"
တန်ဖိုးကြီးကျောက်တုံး
လမ်းဘေးမှာလည်း ကောက်ယူလို့ရလို့ ကျူပ်ကျောက်တုံးကို တန်ဖိုးမရှိဘူးလို့ မပြောပါနဲ့။သိပ်တန်ဖိုးရှိတာပေါ့ဗျာ။ဒီကျောက်တုံးနဲ့ ကျူပ်ယောက္ခမကို ထုခဲ့တာကလား။
အမိန့်
မိန်းမဖြစ်သူ၏ တိုင်ကြားချက်အရ ဦးဇံသည် တစ်ချိန်လုံး အရက်မူးပြီး  မိန်းမကို ဆဲဆိုရိုက်နှက်ခဲ့ကြောင်း ထင်ရှားသဖြင့် ရုံးတော်သို့ ဒဏ်ငွေ ၅၀၀၀ ပေးဆောင်စေ။ထို့ပြင် ဦးဇံသည် တစ်နေ့လုံး ဘာအလုပ်မှမလုပ် ၊ အရက်သာသောက်နေသူဖြစ်သဖြင့် ၀င်ငွေမရှိကြောင်းသိရသည်။ ထို့ကြောင့် ထိုဒဏ်ငွေကို သူ၏မိန်းမ လစာငွေမှ ဖြတ်တောက်စေ။
ဟားခလုတ်မှ ကောက်နှတ် တင်ပြခြင်း ဖြစ်ပါသည်။

ဟာသတိုများ(၂)

ကျော်သွားမှာစိုးလို့
၅နှစ်အရွယ်နှင့် ၇နှစ်အရွယ် ညီအစ်ကို ကလေးနှစ်ယောက်တို့
တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့ တီဗွီ ခလုတ်ကို ပိတ်ရတာလဲ”
“ငါ ရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”
ချစ်ရတဲ့ မြေးလေး
အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”
သူဆိုရင် လက်တည့်တယ်
“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့
လှမ်းပေါက်တာ ခင်ဗျားသားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
ယုံကြည်လာသူ
“ငါ့မိန်းမက ငါ့ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယ်ဆိုတာ ငါမယုံခဲ့ဘူးလေ”
သမက်ရဲ့စေတနာ
“ယောကျာ်ားရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့
အူတက်ပြီး သေမတက်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”
ပေါက်ကရမပြောနဲ့
ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”

အေးအေးလေးနဲ.ပြုံး -- ဟာသ

နှလုံးရောဂါ
နယူးယောက်မြို့အရှေ့ပိုင်းရှိ လူအိုရုံတခုတွင် နေထိုင်နေ သော အသက် ၈၀အရွယ် ဒေါ်မာဂရက် တွင် ၀ါသနာ တခုရှိသည်။

ယင်းမှာ အပတ်စဉ် ထီမထိုးရ မနေနိုင်ခြင်း ဖြစ်သည်။

သူမထိုးလိုသော ထီနံပါတ်ကို လူအိုရုံရှိ ဆရာမလေး ဆိုဖီယာကအမြဲဝယ်ပေးရ၏။

တရက်တွင် ဒေါ်မာဂရက် ထီ ဒေါ်လာသန်း ၅၀ပေါက် ပါသည်။ သို့သော် ထီလက်မှတ်က ဆရာ မလေး ဆိုဖီယာထံတွင် ရှိနေသေး၍ ဒေါ်မာဂရက် မသိ
သေးပေ။ သူ့ကို အသိပေးရမည် ဖြစ်သည်။

အပတ်စဉ် ကြည့်ရှုစစ်ဆေး၍ ဆေးကုသပေးနေသော ဒေါက်တာ ကင်းက အကြံပေးသည်။

“အဖွားကြီးကို သူထီပေါက်တယ်ဆိုတာ တိုက်ရိုက်သွားမပြောပြနဲ့။ သူ့မှာ နှလုံးရောဂါရှိတယ်။ တော်ကြာ ၀မ်းသာလုံးဆို့ပြီး သေသွားနိုင်တယ်။”

“ဒီလိုဆို ဘယ်လို ပြောရမလဲဆရာ။ ”ဆရာမတယောက်က မေးသည်။

တခြားဆရာမတယောက်က “ဒါဆို ဆရာပဲ သွားပြောလိုက်ပါ။ ကျမတို့ထက် ဆရာက သူနဲ့ပိုရင်းနှီးတာပဲ ဥစ္စာ။ ”

သို့နှင့် ဒေါက်တာကင်းသည် ဒေါ်မာဂရက်ထီပေါက်ကြောင်း အင်မတန်သိမ်မွေ့စွာနှင့် သတင်းသွားပေးပါတော့သည်။

“အဖွား ဒီတပတ် ထီထိုးထားသေးသလား။ ”

“ထိုးတာပေါ့။ ကျမက အပတ်တိုင်း တစောင်တစောင်ထိုးနေကျ။ အခုဆို နှစ် နှစ်ဆယ်ကျော် ပြီဟာ။”

“အဖွားက ထီပေါက်ရင် ဘာတွေလုပ်မယ် စိတ်ကူးထားလဲ။”

“ဒီအသက်အရွယ်ရောက်မှတော့ ကျမမှာ ဘာရည်ရွယ်ချက်မှ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။ ထီပေါက်ရင် လူအိုရုံကို လှုမယ်။ မိဘမဲ့ကလေးတွေအတွက် ကျောင်းတွေဖွင့်မယ်။ ဒီလောက်ပါပဲ။”

“အို ၀မ်းသာစရာပဲ။ အဖွားလုပ်ချင်တာတွေ တကယ်လုပ်ရတော့မယ် သိလား။ အဲ တကယ်လို့ အဖွားပေါက်တဲ့ ထီက ဒေါ်လာသန်း ၅၀လောက်ဖြစ်နေမယ်ဆိုရင် အဖွား ဘာတွေ ဆက်လုပ်အုံးမလဲ။”

ဒေါ်မာဂရက်က ခပ်တိုးတိုးတချက် ရယ်ပါသည်။

“ဒေါ်လာသန်း ၅၀ဆိုရင် တ၀က်ကို လှုမယ်။ ကျန်တဲ့ ဒေါ်လာ၂၅သန်းကို နေအုံး ကျမစဉ်းစားအုံးမယ်။ -------------------- အဲ ကျမမှာ သားသမီးတို့ ဆွေမျိုးတို့ဆိုတာလဲ တယောက်မှ ရှိတာမဟုတ်ဘူး။ ကျမဒီမှာ နေလာတဲ့ ကာလတလျောက်လုံး ကျမကို ဒေါက်တာကပဲ အနီးကပ် ပြုစုစောင့်ရှောက်လာတာဆိုတော့----”

“ဟုတ်- ဟုတ်ကဲ့ အဖွား --ဆက်--ဆက်ပြောပါအုံး။”

“အဲဒါဆိုတော့ ဒေါက်တာကိုပဲ အမွေ ပေးရမှာပေါ့။”

ထိုစဉ် ၀ုန်းဆိုသော အသံကြားလိုက်ရသည်။ ဒေါက်တာကင်း ပစ်လဲကျသွားခြင်း ဖြစ်သည်။ စမ်းသပ်ကြည့်သောအခါ အသက်မရှိတော့။

ဒေါက်တာကင်းတွင် နှလုံးရောဂါရှိကြောင်း ဒေါ်မာဂရက်သိလျှင် ထိုသို့ ပြောဖြစ်မည်မဟုတ်ဟု အားလုံးက သုံးသပ်ကြပါသည်။

(၁)--------------------------------------------------------------------------------------------------------------------------------------------------------
ဖြစ်နိုင်ချေ


လူနှစ်ယောက် အရက်ဘားတွင် အရက်သောက်နေကြသည်။ ရေချိန်အတော်လေး ကိုက်လာသောအခါ ပထမလူက
“ဟေး ငါ့မျက်လုံးကို ငါကိုက်ပြမယ်ဆို မင်းယုံမလား။”
ဒုတိယလူက သူညာဖက်မှာထိုင်နေတဲ့ ပထမလူကို တချက်ကြည့်လိုက်တယ်။ နောက် ဒီလူမူးနေပြီလို့ တချက်တွေး လိုက်ရင်း
“မယုံဘူးဗျာ။”
“ဒါဆို အရက်တပုလင်းကြေးလောင်းမလား။”
“လောင်းတယ်ဗျာ။စိန်လိုက်။”
ပထမလူက သူ့ရဲ့ ဘယ်ဖက်က မျက်လုံးအတုကို ထုတ်ပြီး ကိုက်ပြလိုက်သည်။ သို့ဖြင့် ဒုတိယလူက အရက်တလုံး ပေးလိုက်ရသည်။ ပထမလူက အရက်ဆက်သောက်ရင်း ပုလင်းတ၀က်ကျိုးတဲ့အခါမှာ
“ဟေး ကျန်တဲ့ မျက်စေ့တလုံးကို ငါထပ်ကိုက်ပြမယ်ဆိုရင်ကော မင်းလောင်းအုံးမလားကွ။”
ဒုတိယလူက ပထမလူကို တချက်ထပ်ကြည့်လိုက်သည်။ ပထမလူကတော်တော်ကြီးမူးနေပြီ။ နောက် ဒီလူ မျက်လုံးနှစ်လုံး စလုံးတော့ အတုမဖြစ်နိုင်ဘူးဟု တွေးလိုက်သည်။ သို့နှင့်
“လောင်းမယ်။ ဒီတခါ အရက် နှစ်လုံးကြေး”
ဒုတိယလူစကားဆုံးသည်နဲ့ ပထမလူက “အိုကေ။” ဟုဆိုလိုက်သည်။
ထို့နောက် သွားအတုတွေကို ထုတ်ပြီး ကျန်မျက်လုံးကို ထပ်ကိုက်ပြလိုက်သည်။
--------------------------------------------------------------------------------------------------------------------------------------------------------
တိုက်ဆိုင်လိုက်ရင်တော့ သေပြီ
ဇူလိုင်လ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
သူငယ်ချင်းသုံးယောက် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြရင်း တိုက်ဆိုင်မှုအကြောင်း ပြောနေကြသည်။
ပထမတယောက်က ပြောသည်။
“လောကကြီးက အံသြစရာကြီးကွာ။ ငါ့မိန်းမ ကိုယ်ဝန်ရှိတုံးက မြို့ညီနောင်ဆိုတဲ့ ၀တ္ထု့စာအုပ်ကို ဖတ်တယ်။ မွေးလာတော့ အမွှာ ဖြစ်နေတယ်ကွာ။ ”
ထိုအခါ ဒုတိယတဦးက ထောက်ခံ၍ အခုလိုပြောသည်။
“အေးကွ။ မင်းအဖြစ်နဲ့ ငါ့အဖြစ်က တထပ်တည်းပဲကွာ။ ငါ့မိန်းမကိုယ်ဝန်ဆောင်တုံးက သူရဲကောင်း သုံးယောက်ဆိုတဲ့ စာအုပ်ကို သွားဖတ်တာ မွေးလာတော့ သုံးမွှာပူးမောင်။ တကယ်အံသြစရာပဲကွ။ ”
ဒုတိလူစကားဆုံးသွားသောအခါ တတိယလူက လက်ကျန်လက်ဖက်ရည်ကို ကတိုက်ကရိုက်မော့ချရင်း ဒရော သောပါး ထပြန်လေသည်။
ထိုစဉ်ကျန်နေသော သူငယ်ချင်းများကလှမ်းမေးကြ၏။
“ဟေ့ကောင် ဘာဖြစ်တာလဲကွ၊ ”
“ဘာဖြစ်ရမလဲကွ၊ ငါထွက်လာတော့ ငါ့မိန်းမက အလီဘာဘာနဲ့ ခိုးသားလေးဆယ် စာအုပ်ဖတ်နေ တယ်ကွ။”
------------------------------------------------------------------------------------------------------------------------
ထင်တာကတခြား
မတ်လ ၅ ရက်၊ ၂၀၀၉ ခုနှစ်။
တရားခွင်တခုတွင်ဖြစ်သည်။
တရားသူကြီး။    ။"တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှ  လုယက် သွားတယ်ဆိုတာ ဟုတ်သလား "
တရားလို။     ။ " ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
တရားသူကြီး။     ။ " ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
တရားလို။     ။ " ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "
--------------------------------------------------------------------------------------------------------------------------------------------------------
နောက်ဆုံးလက်ဆောင်
ဇွန်လ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။
အဘိုးကြီးနှင့် အဖွားကြီး လင်မယားနှစ်ယောက် စကားပြောနေကြသည်။
“မစိန် မနက်ဖြန် မင်းမွေးနေ့မှာ ငါ ဘာလက်ဆောင်ပေးရမလဲ ပြော”
“သင်္ချိုင်းမှာ ကျွန်မ အတွက် မြေတစ်နေရာ ၀ယ်ပေးထားပါတော်”
နောက်တစ်နှစ်ကြာတဲ့အခါ အဘွားကြီးက အဘိုးကြီးကို မေးပြန်သည်။
“ကိုမြ။ မနက်ဖြန် ကျွန်မ မွေးနေ့၊ အဲ့ဒါ ဘာလက်ဆောင် ပေးမလဲ ပြော”
“ဘာမှ မပေးဘူး၊ မနှစ်က ငါပေးတဲ့ လက်ဆောင်ကို မင်း အခုထိ သုံးမှ မသုံးသေးပဲ”
-------------------------------------------------------------------------------------------------------------------------


နှစ်နှစ်ပဲကြာကြာ
ဇွန်လ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။
ရွာတစ်ရွာတွင် အမျိုးသမီးများ စုပြီး စကားစမြည် ပြောနေကြသည်။
သားသမီးများ လမ်းစ လျောက်သည့် အကြောင်းရောက်သွားသည်။
မြနှစ်က “ငါတို့ကလေးတွေက တနှစ်လောက်ကျမှ လမ်းလျောက်တယ်။ မြင်းတွေ နွားတွေကျတော့ မွေးတာနဲ့ ချက်ချင်းပဲလမ်းလျောက်တယ်”
ဒီလိုနဲ့ ပြောကြဆိုကြရင်း ဒီကိစ္စဟာ တရားမျှတမှု မရှိဟု ယူဆကာ သိကြားမင်းထံ အရေးဆိုရန် ဆုံးဖြတ်လိုက်ကြသည်။
တောင်းဆိုချက်မှာ မိမိတို့ကို တိရစ္ဆာန်မ များနဲ့ တစ်တန်းတည်းထားရေးဖြစ်သည်။
အဖွဲ့ ခေါင်းဆောင် အဖြစ် အသွက်ဆုံး မစိန်ပုကို သိကြားမင်းနှင့် တွေ့စေသည်။
ကျန်အမျိုးသမီးများက အခန်းပြင်ပမှ နေ၍ နားစွင့်နေကြသည်။
မစိန်ပု၏ တင်ပြချက်ကို နားထောင်ပြီးသောအခါ သိကြားမင်းက ပြန်ပြောသည်။
ကိုင်း မင်းတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်။ အမျိုးသမီးများ ၀မ်းသာသွားသည်။ ကလေးများ လမ်းလျောက် ရန် တနှစ်လောက် ထိန်းကျောင်း စောင့်ဆိုင်းရန် မလိုတော့။
သို့သော်လည်း သိကြားမင်းက ဆက်ပြောသည်။ “ဒါပေမယ့် စည်းကမ်းချက် တစ်ခုကို သဘောတူရမယ်။”
အမျိုးသမီးများ ငြိမ်သွားသည်။
“မင်းတို့ဟာ တိရစ္ဆာန်တွေလို တစ်နှစ်မှာ တစ်ခါပဲ မေထုန်မှီဝဲ ကြရမယ်။”
အခန်းအပြင်မှ အမျိုးသမီးများ သံပြိုင် ၀ိုင်းအော်လိုက်ကြသည်။
“စိန်ပုရေ့ သဘောမတူနဲ့ဟေ့၊ တနှစ်မကလို့ နှစ်နှစ်ပဲ စောင့်ရစောင့်ရ”
--------------------------------------------------------------------------------------------------------------------
ကျား-မ ခွဲခြားရေး ကိရိယာ
ဇွန်လ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။
အသက် ၁၇ နှစ်အရွယ် မီးငယ်တယောက် ဖခင်မောင်းသော ကားတွင် ဘေးမှ ထိုင်လာသည်။
တစ်နေရာတွင် ဆံပင်ရှည်ရှည်နှင့် ဂျင်းဘောင်းဘီဝတ်ထားသူတယောက်ကို တွေ့သည်။
အဖေက မီးငယ်ကို မေးလိုက်သည်။
“သမီး ဟိုက ဂျင်းဘောင်းဘီနဲ့ သူက ယောက်ျားလေးလား မိန်းကလေးလား။”
မီးငယ်က “ယောကျာ်းလေးပါဖေဖေ”
“သမီးဘယ်လို သိသလဲ”
“သမီးရင်ခုန်သွားလို့ပါ”
------------------------------------------------------------------------------------------------------------------------------------------------------
ဖေဖေသင်ပေးတဲ့ ဂဏန်းသင်္ချာ
ဇွန်လ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်သည်။
ပထမတန်းကလေးငယ်များကို ဆရာမက ဂဏန်းသင်္ချာ စတင် သင်ကြား ပေးရန်ပြင်ဆင်နေ၏။
ထိုစဉ် ခပ်စွာစွာ ကျောင်းသားလေး ဖိုးသာထူးက နောက်ဆုံးခုံတွင် အရုပ်များရေးဆွဲ နေရာမှ လှမ်းအော်ပြော သည်။
ဆရာမ တစ်။ နှစ်။ သုံး။ လေး ရေတာ သား အားလုံးအကုန်ရတယ် ဆရာမ။
ဆရာမက ကျောက်သင်ပုန်းပေါ်တွင် ဂဏန်းများရေးနေရာမှ နောက်လှည့်ကြည့်ရင်း
အို သားက သိပ်တော်တာပဲ။ သားသားကို ဘယ်သူသင်ပေးတာလဲ။
ဖိုးသာထူးက ဖေဖေသင်ပေးတာဆရာမ ဟု ဂုဏ်ယူစွာပြန်လည်ဖြေကြားလိုက်သည်။
ကဲ ဒါဆို ဆရာမမေးမယ်၊ တစ်ပြီးရင် ဘာလာမလဲ။
နှစ်ပါ ဆရာမ
နှစ်ပြီးရင်ကော
သုံး
----
------
----------
မှန်တယ်။ သားက သိပ်တော်တာပဲ။ ကဲ ကိုးပြီးရင်ကောကွယ်။
တဆယ်ပါ ဆရာမ။
ဟုတ်ပြီ။ ဒါဆို တဆယ်ပြီးရင်ကော ဘာလာမလဲကွယ့်။
ဖိုးသားထူး နည်းနည်းစဉ်းစားသည်။ ထိုနောက် အောက်ပါအတိုင်း ဖြေကြားလိုက်လေသည်။
တဆယ်ပြီး ရင် ဂျက်လာပါတယ် ဆရာမ။
----------------------------------------------------------------------------------------------------------------------------------------------------
သေချင်သေ၊ မပေးဘူး။
ဧပြီလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။
အပျိုကြီး မနှင်းမေတယောက် သူငယ်ချင်းရှိရာ ရွာသို့ အလည်သွားသည်။
ညပိုင်း မအိပ်ခင် ခြေလက်ဆေးသည့် အကျင့်က ဖျောက်မရ။
အိမ်နောက်ဖေး ရေတွင်းအနီး ခြေလက်ဆေးရင်း ရေတွင်းထဲချော်ကျသည်။
မနှင်းမေ၏ အလန့်တကြား အော်သံကြောင့် အိမ်သားများ ပြေးထွက်လာသည်။
ရေတွင်းကသိပ်မမြင့်လှသဖြင့်လက်တကမ်းလှမ်းဆွဲ၍မီနိုင်သည်။အိမ်သားများတယောက်ပြီးတယောက် မနှင်းမေ အား ဆွဲတင်ရန် ကြိုးစားကြသည်။
“လက်ပေးလိုက်။ လက်ပေးလိုက်၊” သို့သော် မနှင်းမေကား လက်မကမ်း၊ ဒီအတိုင်းဆို ရေတိမ်နစ်တော့မည်။
ဘကြီးဖြိုးလည်း ရောက်လာသည်။ အခြေအနေကို အကဲခတ်သည်၊ ထို့နောက် အနီးနားရှိ လူများကို လှမ်းပြောလိုက်သည်။
“ကဲ။ အားလုံးဖယ်။ အားလုံးဖယ်၊” ထို့နောက် ဘကြီးဖြိုးက မနှင်းမေအား တစုံတရာ လှမ်းပြောလိုက်သည်၊
ဒီတော့မှပဲ မနှင်းမေ လက်ပေါ်လာကာ လှမ်းဆွဲလိုက်သဖြင့် ရေနစ်သည့်ဘေးမှ လွတ် တော့သည်။
ဘကြီးဖြိုးပြောလိုက်တာကတော့ -
“ရော့ရော့ ငါ့တူမ ဘကြီးလက်ကိုယူလိုက်။ ဘကြီးလက်ကို ယူလိုက်၊” ဖြစ်ပါသတည်း။