
ကျွန်တော်နည်းပညာနဲ့ ပါတ်သက်တဲ့ပို့ စ်တွေလည်းမတင်ဖြစ်တာကြာပါပြီ
ဒါပေမဲ့မေးလ်ထဲကိုစာပို့ ပြီး
မေးမြန်းနေသူတွေကိုတော့ အတတ်နိုင်ဆုံးမိမိသိမိမှတ်သားမိသလောက်ကိုပြန်လည်
ဖြေကြားပေးနေဖြစ်
ပါတယ်။ဟိုနေ့ ကလည်း ညီမလေးတစ်ယောက်က ကွန်ပျူတာမော်နီတာမှာ လှုပ်ရှားနေတဲ့
Wallpapers
လေးတွေနဲ့ အလှဆင်ချင်လို့  ကူညီပါဆိုတာနဲ့ ကျွန်တော်ရှာကြည့်လိုက်တော့ ဒီ Dream
Scene Seven
ဆိုတဲ့ကောင်လေးကိုတွေ့ ပါတယ်။ဒီကောင်လေးက ကျွန်တော်အခြားသုံးဖူးတာလေးတွေထက်
အသုံးပြုရ
တာပိုမိုရိုးရှင်းလွယ်ကူတာမို့  အသုံးလိုသူတွေ မိမိကွန်ပျူတာကို
လှုပ်ရှားသက်ဝင်နေတဲ့ Wallpapersလေး
တွေနဲ့ အလှဆင်လိုသူများအတွက် ထပ်မံဝေငှပေးလိုက်ပါတယ်။

(၁) အသုံးပြုပုံမှာ ဆော့ဖ်ဝဲလ်လေးကိုအရင် မိမိစက်ထဲကို Install
လုပ်လိုက်ပါ။Software ကို
ဒီနေရာမှာ
ယူလိုက်ပါ။(လင့် ၆ ခုမှတင်ပေးထားပါတယ်) မူရင်းလင့်
ဒီနေရာမှာ လည်းယူနိုင်
လေ့လာနိုင် ပါတယ်။
(၂) မိမိအသုံးပြုလိုသည့် ဗီဒီယိုဖိုင်ကို စက်အတွင်းဒေါင်းယူထားပါ။
ဒီနေရာလေးမှာ အသင့်သုံးဗီဒီယိုဖိုင်လေး
များကိုရယူနိုင်ပါတယ်။မိမိကိုယ်တိုင်ပြုလုပ်ထားသောဖိုင်များကိုအသုံးပြုလိုပါက
WMV / Movie Clip /
MPG ဖိုင်အမျိုးအစားများကိုအသုံးပြုရပါမည်။Converter တစ်မျိုးမျိုးကို
အသုံးပြု၍ဖိုင်အမျိုးအစား ပြောင်း
လိုက်ရင် အဆင်ပြေမှာပါ။
(၃) အသုံးမပြုလိုတော့သောအခါ ဒတ်စတော့ပေါ်ရှိ ၄င်း Shortcut ကလေးအား Run ၍
Uninstall လုပ်
လိုက်လျှင်၎င်း ရပ်ထားလိုသောအခါ ဒတ်စတော့ပေါ်တွင် ညာကလစ်ပေးပြီး Pause Dream
Scene ကိုက
လစ်လိုက်လျှင်ရပ်သွားမည်ဖြစ်ပြီး ညာကလစ်ပေး၍ Play Dream Scene ကိုကလစ်လိုက်ပါက
ဆက်၍လှုပ်
ရှားနေမည်ဖြစ်ပါသည်။

(၄) ၄င်းနောက်မိမိစက်အတွင်းရှိ ဗီဒီယိုဖိုင်ပေါ်တွင် ညာကလစ်ထောက်လျှက် Set as
Desktop Background
အား Click ပေးလိုက်ပါက လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါသည်။
မူရင်းလင့်မှာလည်း
ဗီဒီယိုဖိုင်နှင့်တစ်ကွ ရှင်းပြ
ထားပါတယ်ခင်ဗျာ။အဆင်ပြေနိုင်ကြပါစေ။
ပြတိုက်မှ သူငယ်ချင်းများ နည်းပညာအသိသုတကြွယ်ဝနိုင်ကြပါစေ။
စေတနာများစွာဖြင့်..............