အပွင့်ပွင့်တဲ့
ပန်းပင်ကိုင်းချိုးခံရတယ်..
အသီးသီးတဲ့သစ်ပင်
ခဲပစ်ခံရတယ်..
အလုပ်လုပ်တဲ့လူ
အပြောအဆိုခံရတယ်..
ဒါသဘာဝပဲ မဟုတ်လား..
အဲ့ဒီသဘာဝကို သိရက်သားနဲ့
အလုပ်လုပ်လို့ အပြောအဆို အဝေဖန်ခံရတာကို
မင်းက ရေးကြီးခွင်ကျယ်လုပ်ပြီး
ညည်းညူမနေစမ်းပါနဲ့ကွာ..
မင်းကိုထပ်ပြီး အမြင်ကတ်နေပါဦးမယ်..
ငါကစေတနာနဲ့ ပြောတာနော်.စိတ်ဆိုးမနေနဲ့ဦး...
!-kp-3နည်းပညာ-http:>
Friday, January 13, 2012
အားနာလို့
တစ်ခါက အလွန်အားနာတတ်သော မောင်တုတ်ဆိုသူတစ်ယောက်ရှိသည်..
တစ်နေ့တွင် မောင်တုတ်သည် ရွာတစ်ရွာသို့အလည်သွားရင်း၊ အသိအိမ်တစ်အိမ်၌ ခဏ၀င်နားသည်..
ထိုအိမ်တွင် အိမ်ရှင်မရှိဘဲ အိမ်ရှင်၏ သမီးပျိုလေးသာရှိနေသည်..
“ အဘတို့တော့ ဟိုဘက်အိမ်သွားကြတယ် ”
ခဏအကြာတွင် မိန်းမပျိုက ထမင်းပွဲပြင်ပြီး.
“ မောင်ကြီး ထမင်းစားရအောင် ”
မောင်တုတ်သည် ဆာသော်လည်း အားနာသဖြင့် -
““ ရပါတယ်..ကျွန်တော်မဆာသေးပါဘူး””
“ လာပါ..မောင်ကြီးအတွက်ပါခူးထားပါတယ်.အားမနာပါနဲ့ ”
““ ရပါတယ်ဗျာ ””
မိန်းမပျိုမှာ ခေါ်မရ၍ တစ်ယောက်တည်း စားလိုက်လေသည်..
သို့သော် မောင်တုတ်မှာ တအားဆာလာသဖြင့် အားမနာနိုင်တော့ဘဲ လက်ဆေးပြီး ထမင်းစားပွဲနားတွင် မတ်တပ်ရပ်လိုက်သည်..
ထိုအခါ မိန်းမပျိုက မောင်တုတ်အား..
“ မောင်ကြီး.. ပြန်တော့မှာလား ”
ဤတွင် မောင်တုတ်သည် ရှက်ရှက်ဖြင့် ပြန်သွားလေတော့သတည်း..
““ ဟုတ်ကဲ့.ပြန်လိုက်ပါဦးမယ်..ဟီးးးး ””

မနက်ဖြန်မှ
တစ်ခါက ဦးကြီးတစ်ယောက်ဟာ ဘုရားဖူးဖို့. မြို့ကိုတက်လာသတဲ့.
ဘုရားဖူးပြီးတဲ့အခါ ထမင်းဆာတာနဲ့ ထမင်းဆိုင်တစ်ဆိုင်ထဲ ၀င်သွားတယ်..
“ ကမ္ဘာရှား . ထမင်းဆိုင် ”
ပြီးတော့-
““ ဟေ့. မောင်ရင်. ထမင်းတစ်ပွဲဘယ်လောက်လဲ ”
“ တစ်ရာ ”
““ ဒါဆို..အ၀စား ဘယ်လောက်လဲ ””
“ နှစ်ရာ ”
““ အေး.အေး.. အ၀ စားပွဲပြင်လိုက် ””
ထမင်းပွဲရောက်လာတဲ့အခါ ဆာဆာနဲ့တအားကျုံးစားတော့သတဲ့..
စားကောင်းကောင်းနဲ့စားလိုက်တာ ဘေးမှာ ပန်းကန်တွေတစ်ထပ်ကြီးဖြစ်နေတော့တယ်..
ထမင်းဆိုင်က လူတွေ အံ့သြလန့်ဖျပ်ကုန်သတဲ့..
“ ဟိုက် !! စားလှချည်လား ”
နောက်ဆုံးတော့ မဖြစ်ချေဘူးဆိုပြီး.......
“ ဘကြီး..ထမင်းတွေ.ဟင်းတွေကုန်သွားပါပြီ ”
“ ဟောဒီမှာ ထမင်းအိုး ဟင်းအိုးတွေ ”
ဒီအခါ ဦးကြီးက.
““ အေး .. ဒါဆိုလည်း နောက်နေ့မှ လာပြီးဆက်စားမယ်ကွယ် ””

Wednesday, January 11, 2012
အသစ်ရှာပြီး စွန့်ပစ်သွားသော မိမိချစ်သူက ထိုအသစ်ကို အဆက်အသွယ်ဖြတ်ပြီး မိမိအနားကို အမြန်ဆုံး ပြန်ကပ်လာစေဖို့
အချို့ဆိုရင် ဒီထက်လဲ ပိုများပြားတတ်တယ်..ချစ်သူ(ရည်းစား)များပြီး မိမိကို မိမိချစ်သူက သိပ်ပြီး အရေးမထားဘဲ စိမ်းစိမ်းကား ကား မေ့မေ့ ပျောက်ပျောက်လုပ်တာကို မခံစားနိုင်ဘူးဆိုသူများက ဒီအစီအမံကို ဆောင်ရွက်ကြည့်ပါ..
အဓိက လိုအပ်တဲ့ ပစ္စည်းကတော့ ခွေးတောက်နွယ်ရဲ့ အရွက်နဲ့ ခံတက်ပင်ရဲ့ အရွက်တို့သာ ဖြစ်ပါတယ်.အဲဒီအရွက်တွေကို ဈေးမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်..
စန်းပွင့်သူရဲ့ ချစ်သူအဖြစ် ရွေးချယ်ခံရဖို့.
အချို့သော အမျိုးသားဖြစ်စေ၊ အချို့သော အမျိုးသမီးဖြစ်စေ အချစ်ရေးမှာ ထူးထူးခြားခြား စန်းပွင့်တတ်ကြတယ်..ချစ်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေပြီး တစ်ဦးတည်းမူပိုင်ချစ်သူအဖြစ် ရွေးချယ်ဖို့တောင် အတော်ခက်နေတတ်တယ်..အဲ့ဒီလို အယှဉ်အပြိုင်တွေ များတဲ့ကြားက မိမိကို ချစ်သူအဖြစ် အမြန်ဆုံးရွေးချယ်စေဖို့ အလိုရှိတယ်ဆိုရင် ဒီအစီအမံကို ယုံယုံကြည်ကြည်နဲ့ လုပ်ကြည့်ပါ..
ဒီအစီအမံရဲ့ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ မြန်မာတိုင်းရင်းဆေးအခေါ် “ရှားစောင်းသိင်္ဂနိက်”၊ အပြင်အရပ်အခေါ် “ကစ်စ်မီကွစ်”(Kiss Me Quick)ရဲ့ အရွက်(၂)ရွက် ဖြစ်ပါတယ်..ကစ်စ်မီကွစ် အသေးစားရဲ့ အရွက်မဟုတ်ဘူး..အလတ်စားအရွက် ဖြစ်ပါတယ်..
အဲ့ဒီအပင်ကို အိမ်တွေ၊ ပန်းခြံတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ပန်းအလှစိုက်ပျိုးကြတဲ့အတွက် အသေးစား၊ အလတ်စား၊ အကြီးစားဆိုပြီး အမျိုးမျိုးရှိသလို အဲဒီပန်းပင်ရဲ့ အပွင့်ကလဲ အဖြူရောင်၊ အနီရောင်၊ အညိုရောင်၊ ပန်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ရှိတယ်..အရွက်ကတော့ အစိမ်းရောင် ဖြစ်ပါတယ်..အပင်မှာ ဆူးတွေရှိတယ်..
ခူးတဲ့အခါ ရွက်ညှာမှာ အဖြူရောင်အစေးတွေ ထွက်တဲ့အတွက် ခူးပြီးရင် ရေထဲမှာ ခဏစိမ်ထားရမယ်..

မိမိကို ချစ်သူရဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးတို့က အမြန်ဆုံး အမြင်ကြည်လင် ချစ်ခင်သဘောကျလက်ခံလာစေဖို့

အလားတူ မိမိချစ်သူကို မိမိရဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးတို့က အမြင်မကြည်သဘောမကျဖြစ်တာမျိုးဆိုရင်လဲ ဒီအစီအမံကို မိမိချစ်သူက ဆောင်ရွက်နိုင်ပါတယ်..
အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ စတီးဖလားတစ်လုံးနဲ့ ရေထိရင် မင်မပျက်တဲ့ အပြာရောင် ဆော့ပင်တစ်ချောင်း ဖြစ်ပါတယ်.
စတီးဖလားရဲ့အတွင်း ဘက် အောက်ခြေမှာ ဆော့ပင် မင်ပြာရောင်နဲ့ မွေးနံကို အတွင်းမိတ်+အပြင်မိတ်အုပ်တဲ့ ဂဏန်းတွေ ရေးရမှာပါ.. အလွယ်တကူရေးနိုင်အောင် ဖော်ပြထားတဲ့ ပုံတွေကို ကြည့်ပါ..
ရှင်းလင်းချက်
တနင်္ဂနွေနေ့ဖွားဆိုရင်
“၁”ဂဏန်းကို ပထမစတင်ရေးရမယ်.ထို့နောက်မှ “၆”ဂဏန်းကို “၁”ပေါ်အုပ်ရေးရမယ်.နောက်ဆုံးမှာ “၅”ဂဏန်းကို ရေးရမယ်.
တနင်္လာနေ့ဖွားဆိုရင်
“၂”ဂဏန်းကို ပထမရေး၊ “၈”ဂဏန်းကို ဒုတိယရေး၊ “၄”ဂဏန်းကို နောက်ဆုံးရေးရမယ်.
အင်္ဂါနေ့ဖွားဆိုရင်
“၃”ဂဏန်းကို ပထမရေး၊ “၅”ဂဏန်းကို ဒုတိယရေး၊ “၆”ဂဏန်းကို နောက်ဆုံးရေးရမယ်.
မိမိချစ်သူနဲ့ အမြန်ဆုံးစေ့စပ်ရဖို့၊ မိမိချစ်သူနဲ့ အမြန်ဆုံး လက်ထပ်ရဖို့၊ စေ့စပ်ထားသူနဲ့ အမြန်ဆုံး လက်ထပ်ရဖို့
အမြန်ဆုံး စေ့စပ်၊
လက်ထပ်၊ ပေါင်းသင်းရဖို့ကိစ္စအတွက်ဆိုရင် ဒီအစီအမံကို
ဆောင်ရွက်နိုင်ပါတယ်..ဒီအစီအမံအတွက် အဓိက လိုအပ်မယ့် ပစ္စည်းကတော့ ခရေရွက် (၂)ရွက်သာ ဖြစ်ပါတယ်.
ပထမတစ်ရွက်ပေါ်မှာ အညှာဘက်မှ အဖျားဘက်ကို ပုံမှာပြထားတဲ့အတိုင်း အနီရောင်(သို့မဟုတ်)ပန်းရောင်ဘောလ်ပင်နဲ့ စာတန်းရေးပါ.. ဒုတိယတစ်ရွက်မှာတော့ အဖျားဘက်မှ အညှာဘက်ကို စာရေးပါ..
ပထမတစ်ရွက်ကို ရေးတဲ့အခါ အမျိုးသားနာမည်ကို ထိပ်မှာထားပြီးရေးရမယ်..ဒုတိယတစ်ရွက်ကို ရေးတဲ့အခါ အမျိုးသမီးနာမည်ကို ထိပ်မှာ ထားပြီးရေးရမယ်.(ဥပမာ ကိုကျော်စွာနဲ့ မခင်စိန်တို့ အမြန်ဆုံး လက်ထပ်ရဖို့အတွက် စာရေးပုံကို ကြည့်ပါ။)
ခရေရွက်တွေရဲ့ အတွင်းဘက်မျက်နှာပြင်မှာ ရေးရမယ်..စာရေးပြီးရင် အရွက်နှစ်ရွက်ကို တစ်ရွက်ကအဖျား၊ တစ်ရွက်က

မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ် အမြန်ဆုံးပြန်ရဖို့(သို့မဟုတ်)မိမိချစ်သူ(ရည်းစား)က မိမိထံကို အဆက်အသွယ် ပြန်လုပ်စေဖို့
အကြောင်းအမျိုးမျိုးကြောင့် မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ်ပြတ်နေရသူတွေက ဒီအစီအမံကို လုပ်နိုင်ပါတယ်.အဓိက လိုအပ်မယ့် ပစ္စည်းကတော့ စတီးလင်ပန်းငယ်တစ်ချပ်ရယ်၊ စွယ်တော်ကိုင်း(၁၀)လက်မခန့် အရှည်(လုံးပတ် ခဲတံလုံးခန့်)တစ်ကိုင်းရယ် ဖြစ်ပါတယ်. စတီးလင်ပန်းငယ်ကတော့ အချင်း(၆)လက်မဆိုရင် ရပါတယ်.
စတီးလင်ပန်းငယ်ရဲ့ အလယ်ဗဟိုမှာ မိမိကို အဆက်အသွယ်လုပ်စေချင်သူရဲ့ နာမည်ကို ရေးရမယ်..စတီးလင်ပန်းအတွင်း အနားပတ်လည်မှာ အောက်ပါစာတန်းကို ရေးရမယ်.(ပုံမှာ ပြထားတဲ့အတိုင်း နမူနာ ကြည့်ရေးပါ).
“ ဥုံ အဆက်အသွယ် အမြန်ဆုံး ပြန်ရပါစေ”
(သို့မဟုတ်)
“ ဥုံ အဆက်အသွယ် အမြန်ဆုံး ပြန်လုပ်ပါစေ”
(လင်ပန်းထဲမှာ ဆော့ပင်နဲ့ ရေးရမှာပါ)
စွယ်တော်ကိုင်းပေါ်မှာလဲ ဆော့ပင်နဲ့ပဲ အဲဒီ စာတန်းကို ရေးရမယ်..

အချစ်ရေး အဆင်ပြေဖို့(သို့မဟုတ်)အချစ်ရေးပြန်အဆင်ပြေစေဖို့
ချစ်သူ(ရည်း စား) ဘ၀ မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန် အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..
သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ

မိမိချစ်သူက မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်း သစ္စာရှိနေဖို့.
အချို့အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လက္ခဏာနဲ့ ဇာတာအရ ချစ်သူ(ရည်းစား)များချင်တဲ့ ပင်ကိုဗီဇမျိုး ရှိတတ်ကြတယ်.အချို့ကတော့ ပင်ကို ဗီဇကောင်းပေမယ့် အခြေအနေနဲ့ ပတ်ဝန်းကျင်ကြောင့် ချစ်သူ(ရည်းစား)တစ်ယောက်ထက် ပိုထား မိတာမျိုး ကြုံတတ်ပါတယ်.
ဘယ်လိုပဲဖြစ်ဖြစ်လေ မိမိချစ်သူ(ရည်းစား)က မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်းပြီး ထာဝရ သစ္စရှိနေဖို့ လိုအပ်တယ်ဆိုရင် ဒီ အစီအမံ ကို လုပ်ကြည့်ပါ.
အဓိက လိုအပ်တဲ့ပစ္စည်းကတော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်တစ်ရွက်သာဖြစ်ပါတယ်. စွယ်တော်ရွက်ရဲ့ အတွင်းဘက်မျက်နှာမှာ ဘောလ်ပင်နဲ့ အောက်ပါအတိုင်း စာရေးရပါမယ်.(ပုံကိုကြည့်ပါ)
အညှာဘက် စတင်ရေးရမယ်.စာရေးပြီးရင် အဲဒီနှစ်လွှာကို ပိတ်လိုက်ပါ စာရေးထားတဲ့ အတွင်းမှာ ရှိနေရမယ်.
“ ချစ်ခင်စွဲလမ်း” ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိရဲ့နာမည်ကိုရေးရမယ်.“ သစ္စာရှိစေ”ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေပြထားတဲ့ နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ရေးရပါမယ်.

ချစ်သူ(ရည်းစား) အမြန်ဆုံးရရှိဖို့

အဓိကလိုအပ်တဲ့ပစ္စည်းကတော့ သစ်ခွပန်းရဲ့ အရွက်နှစ်ရွက် ဖြစ်ပါတယ်. အရွက်ရဲ့အကျယ်(အနံ)က တစ်လက်မမှ တစ်လက်မခွဲ အတွင်း၊ အရွက်ရဲ့အရှည်(အလျား)က လေးလက်မမှ ခြောက်လက်မခန့်အတွင်း ရှိရင် ပိုကောင်းပါတယ်.
သစ်ခွရွက် ပထမတစ်ရွက်ပေါ်မှာ ဘောလ်ပင်နဲ့ အညှာဘက်မှ အရွက်ဖျားဘက်ကို “ ချစ်သူ အမြန်ဆုံးရရှိပါစေ”ဆိုတဲ့ စာတမ်းရေး ရမယ်.
သစ်ခွရွက် ဒုတိယတစ်ရွက်ပေါ်မှာတော့ အရွက်ဖျားမှ အရွက်ညှာဘက်ကို အဲဒီစာတန်း ရေးရမယ်.သစ်ခွရွက်ရဲ့ အပေါ်ဘက်လှည့်တဲ့ မျက်နှာပြင်မှာရေးရပါမယ်.(ပုံမှာ ကြည့်ပါ)
Subscribe to:
Posts (Atom)