“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, November 28, 2012

“““““ အလွမ်းနေ့စွဲ ””””

တစ်ဘ၀တာ မဆုံဆည်းနိုင်ပေမယ့်
ခဏတာဖြစ်ဖြစ် မင်းအပြုံးလှလှလေးတွေကို
မြင်တွေ့ခွင့်ရဖို့ မျှော်လင့်နေမိတယ် ...

မထိုက်တန်ဘူး မင်းအပြုံးနုနုတွေနဲ့ ဆိုရင်တော့
ခပ်သဲ့သဲ့ မင်းအသံလေးတွေဖြစ်ဖြစ်
ဒီလိုနေ့ညတွေ ငါမျှော်လင့်မိနေဦးမှာဘဲ ...

ငါဟာ
စိတ်ကူးယဉ်တတ်တဲ့
အိမ်မက် မက်တတ်တဲ့
ပြုံးတတ် ငိုတတ်တဲ့ လူထဲက လူဘဲမဟုတ်လား ...
(အောင်ကျော်မြင့်)
akmyint.kooo@gmail.com

No comments:

Post a Comment