“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, April 1, 2013

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ 

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ 

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖိုသတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီကထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။

ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြော...င်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။
အကောင်းဆုံးကတော့အစာစားပြီးတိုင်းမှာစွပ်ပြုပ်ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

-အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက်ရပ်တန့်တဲလက္ခာတွေအားလုံးမှာဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။

-နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု နိုးထအောင်လုပ်နိုင်ပါတယ်။ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။

credit to နှင်းဆီဖူးလေးများ

Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >>  Royal Hero Media<< Thank

အဖေ ...

အဖေ ...

ကျွန်တော်

၎ နှစ်သားတုန်းက ငါ့ ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။

၅ နှစ် ... ငါ့ ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။

၆ နှစ် ... ငါ့ အဖေက မင်းအဖေထက် တတ်တယ်ကွ ။

၈ နှစ် ... တို့ အဖေက အကုန်လုံးတော့ လည်း အတိအကျ မသိဘူး ။

၁၀ နှစ် ... အဖေတို့  ငယ်ငယ်တုန်းကနဲ့  အခုနဲ့ က တခြားစီပဲ ။

၁၂ နှစ် ... အင်း အဲဒါတော့အဖေလည်းဘယ်သိပါ့မလဲသူက
အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ
မမှတ်မိနိုင်တော့ ဘူး ။

၁၄ နှစ် ... အဖေတော့  ထည့်မပြောနဲ့ ၊ သူက ရှေးရိုးသမားကြီး ။

၂၁ နှစ် ... အဖိုးကြီးလား ထားပါ ၊ အောက်နေပြီ ၊ လုံးဝ အောက်နေပြီ ။

၂၅ နှစ် ... အဖေတော့  နည်းနည်းပါးပါးသိမယ်၊ မသိလို့ လဲ မဖြစ်ဘူးလေ ၊
လူကြီးပဲဟာ ။

၃၀ နှစ် ... အဖေ့ ကို နည်းနည်းပါးပါး မေးကြည့်ရင်ကောင်းမယ်ထင်တယ်၊
ဘာပဲပြောပြောသူက အတွေ့ အကြုံ အများကြီးရှိတယ် ။

၃၅ နှစ် ... အဖေနဲ့  တိုင်ပင်ပြီးမှ ဒီကိစ္စကို ငါ တစ်ခုခုလုပ်နိုင်မယ် ။

၄၀ နှစ် ... အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး
သူက အတွေ့ အကြုံစုံတယ် ၊
အမြော်အမြင်လည်း ရှိတယ် ။

၅၀ နှစ် ... ဒီကိစ္စ အခုနေသာ အဖေနဲ့  တိုင်ပင်ခွင့် ရမယ်ဆိုရင် ဘယ်လောက်
ပေးရ ပေးရငါပေးပါတယ် ၊ အဖေ့ အရည်အချင်းတွေ
သူရှိတုန်းက ကောင်းကောင်းသတိမထားမိခဲ့ တာ
သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆို ငါ့ အဖေဆီက အများကြီး
ရလိုက်ဖို့ ကောင်းတယ် ။

My father When I Was ... Ann Landers အား
ဘာသာပြန်သည် ။

ရေးမိရေးရာလေးများ

"ချီးမွမ်းထိုက်သော သားသမီး"

"ချီးမွမ်းထိုက်သော သားသမီး"
•••••••••••••••••••••••••••••••••

တခါသော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည်
အကြောင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်း
ဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး
အလိုရှိကုန်၏။
ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။

ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော, ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။

ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။

( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Young Buddhist's Association << Thank

ခဲတံ တစ်ချောင်းတည်းနှင့် ဆွဲထားသော အံ့မခန်း ပန်းချီကား

Photo: ခဲတံ တစ်ချောင်းတည်းနှင့် ဆွဲထားသော အံ့မခန်း ပန်းချီကား

ခဲတံ တစ်ချောင်းတည်းနဲ့ ယခု မြင်နေရတဲ့ ကြောင်ပုံကို Paul Lung အမည်ရ ပန်းချီဆရာက ရေးဆွဲထားတာ ဖြစ်ပါတယ်။

သူဆွဲလိုက်တဲ့ ပန်းချီတိုင်းဟာ ဓာတ်ပုံနဲ့ ထင်ရောင်ထင် မှား ဖြစ်လောက်အောင် လက်စွမ်းထက်သူ ဖြစ်ပါတယ်။ ယခု ကြောင်ပုံကိုလည်း တစ်ထိုင်တည်း ဆွဲထားတာ မဟုတ်ပါဘူး။ တစ်ရက်ကို နာရီအနည်းငယ်စီ အချိန်ကုန်ခံပြီး စုစုပေါင်း နာရီပေါင်း ၆၀ ကြာအောင် ဆွဲရတဲ့ ကြောင်ပုံ ဖြစ်ပါတယ်။

ဒီမှာ ပိုထူးခြားတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အချိန်ကြာကြာယူပြီး ဆွဲထားတဲ့ ယခု ကြောင်ပုံမှာ ခဲဖျက်လုံးဝ မသုံးထားဘူးလို့ သိရပါတယ်။
---
Ref: maseworld
ရိုးရာလေး အနုပညာ
Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>YoYarLay<< Thank

သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးများ

Photo: သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးများ
----------------------------------------------------------------

သွားကိုက်တယ်ဆိုတာ သွားနဲ့မေးရိုးတစ်ဝိုက်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာခံစားရတာပါပဲ... သွားကိုက်ရတဲ့အကြောင်းရင်းကတော့ အများကြီးရှိပါတယ်... သွားအခေါင်းပေါက်တွေ၊ ကျိုးနေတဲ့သွားတွေ၊ ပိုးစားထားတဲ့သွားတွေ၊ သွားအရင်းထဲကနာတာတွေနဲ့ သွားဖုံးရောဂါစတာတွေတို့ကြောင့်ဖြစ်ပါတယ်...

ပထမနည်းလမ်းကတော့ လက်မနဲ့လက်ညိုးကြားကနေရာကို ရေခဲတုံးနဲ့ ၅ မိနစ်ကနေ ၇ မိနစ်လောက်ပွတ်ပေးပါတဲ့... အဲ့ဒါဆိုရင် အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေတယ်လို့သိရပါတယ်...

နောက်တစ်နည်းကတော့ ကြက်သွန်ဖြူတစ်မြွှာကို ဆားနည်းနည်းဖြူးပြီး ကိုက်နေတဲ့သွားမှာကပ်ထားလိုက်ရင် သွားကိုက်ပျောက်စေတယ်လို့လည်းသိရပါတယ်... ဒါမှမဟုတ်ရင်လည်း ကြက်သွန်ဖြူတစ်မြွာကို နေ့စဉ်ဝါးစားခြင်းဖြင့် သွားကိုက်ခြင်းမှကင်းဝေးစေတယ်လို့လည်း ဆိုထားပါတယ်...

သွားကိုက်ဝေဒနာက လက်ငင်းသက်သာပျောက်ကင်းစေတဲ့ ကောင်းမွန်တဲ့အိမ်တွင်းကုထုံး နောက်တစ်မျိုးကတော့ ကိုက်နေတဲ့သွားအပေါ်ကို vanilla အရည် နှစ်စက်သုံးစက်လောက်ချပေးခြင်းပဲဖြစ်ပါတယ်...

နောက်ထပ်တစ်နည်းကတော့ ပရုတ်ဆီပါးပါးကို သွားကိုက်တဲ့ဘက်ကမျက်နှာပြင်ပေါ် လိမ်းပြီး တစ်သျှူးစက္ကူနဲ့အပေါ်ကဖုံးအုပ်ကာ အိပ်ယာပေါ်လဲလျောင်းနေရပါမယ်... ပရုတ်ကအပူကို အရေပြားကစုပ်ယူသွားပြီး သွားကိုက်တာက သက်သာလာပါလိမ့်မယ်...

နောက်ဆုံးတစ်နည်းကတော့ အာလူးကိုတစ်စိပ်လာက်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားပေါ် ၁၅ မိနစ်လောက်ထားထားလိုက်ရင်လည်း သွားကိုက်ပျောက်စေတယ်လို့သိရပါတယ်...

Ref: The Unknown; but not hidden.
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>နှိုင်းရင့်နွေ<< Thank

မျှစ်၏ ကျန်းမာရေးစွမ်းပကား

Photo: မျှစ်၏ ကျန်းမာရေးစွမ်းပကား

့ မြန်မာလူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက်တတ်ကြပါတယ်။ ဒါပေမဲ့ မျှစ်တွေကို ဆေးဆိုးထားတယ်ဆိုတဲ့ သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့်သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုးထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသားလိုက်ရပါတယ်။

(၁) အစာခြေစနစ် ကျန်းမာခြင်း

မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ်ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

(၄) သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရောအဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှု များပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။

(၆) ဝမ်းမှန်မှန်သွားစေခြင်း

မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေးရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေပါတယ်။

(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်းမှန်စေခြင်း

မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန်လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း

ရိုးရာဆေးနည်း အနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့ရာအတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသုံးပြုခဲ့ကြပါတယ်။

(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း

မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်ကို ဒဏ်ရာပေါ် လိမ်းပေးရင် အနာအကျက်မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။

(၁ဝ) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း

လိပ်ခေါင်းက သွေးထွက်နေရင်၊ ဂနိုဆီးပူညောင်းကျ ရောဂါ ဖြစ်နေရင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။

Good Health

မြ၀တီ

ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ

Photo: ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ

အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်းလမ်းကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အသုံးများပါတယ်။ အက်ဆစ်ရည်ထက် ကိုကာကိုလာ အချိုရည်က ဈေးသက်သာနေကြလို့လည်း ဖြစ်ပါ တယ်။ နေရာတိုင်း မှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် ဖြစ် ပါတယ်။

အန္တရာယ်ရှိတဲ့ ထုံးရည်၊ အက်ဆစ်ရည် မသုံးပဲ ကိုကာကိုလာအချိုရည် ကို ကြေခွက်ထဲ ထည့်ပြီး အနည်းငယ် ပွတ်တိုက် လိုက်ရုံနဲ့ ကြွေများ ပြောင် လက်သွားတယ်လို့ ဆိုပါတယ်။ ကြွေနဲ့ လုပ်ထားတဲ့ အင်္ဂဒေ၊ ကြွေပြား၊ အိမ်သာများကို ကိုကာကိုလာ အချိုရည်နဲ့အလွယ်တကူ ဆေးကြောနိုင် တာကို လေ့လာတွေ့ရှိထားကြပါတယ်။

ဆင်ထိန်းကြိုး

Photo: ဆင်ထိန်းကြိုး

တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင် ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။ အဲ့ဒီမှာ ဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။ သူငယ်လေးလည်း အံသြသွားပါတယ်။ ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကို ထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။ ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။

ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့ ကြိုးလေးတွေနဲ့ ချည်ထားပေမယ့် ရုန်းထွက်ဖို့ မကြိုးစားကြတာလဲ။ ဆင်ထိန်းကပြန်ဖြေသတဲ့။ ကောင်းပြီ၊ ဒီဆင်တွေ ငယ်ငယ်ကလေးကထဲက ဒီအရွယ်အစားကြိုးနဲ့ပဲ ချည်လာတာလေ။ အဲ့ဒီအချိန်တုန်းကတော့ ဒီဆင်ပေါက်စလေးတွေဟာ ဒီကြိုးက ရုန်းထွက်ဖို့ အင်အားမရှိဘူးပေါ့။ ဒါပေမယ့် သူတို့ ကြီးလာတော့လည်း ဒီရုန်းမထွက်နိုင်တဲ့ အခြေအနေကို ဆက်လက်ပြီး လက်ခံကြတယ်။ ဒီကြိုးလေးကနေ သူတို့ ရုန်းမထွက်နိုင်ဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ မရုန်းကြတော့တာပေါ့ ပြန်ဖြေပါသတဲ့။

လူငယ်ကလေးလည်း တော်တော်ကို အံအားသင့်သွားပြီး ဒီယုံကြည့်မှု့ကြောင့် ဒီဆင်တွေက ရုန်းဖို့ ထပ်မကြိုးစားကြတော့ပဲ ဒီလိုနေရာမှာပဲ နေကြရတယ်ပေါ့။

အဲ့ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း အဖြစ်နိုင်ဘူးလို့ ယုံကြည့်ထားတဲ့ အရာတွေအောက်မှာ ဘယ်နှစ်ယောက်လောက် ပိတ်မိနေပြီလဲ? သေချာတာကတော့ သူတို့တွေဟာ ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ကြရလို့ပါ။

ရှုံးနိမ့်မှု့ဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သင်ယူဖို့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဘယ်တော့မှ လက်မြှောက်အရှုံးပေးလို့ မရပါဘူး။ ဒါမှ နောက်ထပ် နောက်ထပ်သော စိန်ခေါ်မှု့တွေကို ရင်ဆိုင်နိုင်မှာပါ။ လမ်းလျှောက်ရင် လဲမှာကြောက်လို့ လမ်းမလျှောက်ရဲ့တဲ့ ကလေးငယ်ဟာ ဘယ်တော့မှ လမ်းလျှောက်တပ်လာမှာမဟုတ်ပါဘူး။ လဲရင်ပြန်ထ နောက်ထပ်တစ်လှမ်း၊ နောက်ထပ်တစ်လှမ်းနှင့် အောင်မြင်မှု့ပန်းတိုင်ဆီကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။ တစ်နေ့ သင်လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့၊ အောင်မြင်စွာကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲမှတ်တိုင်တွေကို ပြန်ကြည့်ရတာလောက် ချိုမြိန်တဲ့ ကျေနပ်မှု့မျိုးဟာ ဘာနှင့်မှ မလဲနိုင်ပါဘူး။

Ref; Inspirational Stories

တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင် ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။ အဲ့ဒီမှာ ဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။ သူငယ်လေးလည်း အံသြသွားပါတယ်။ ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကို ထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။ ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။

ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့

ရှန်ဟိုင်းမှ ကမ္ဘာ့အလှဆုံး ဂုံးတံတား

Photo: ရှန်ဟိုင်းမှ ကမ္ဘာ့အလှဆုံး ဂုံးတံတား
Monday, April 1, 2013 

ကားသွားလို့ရတဲ့ ဂုံးတံတားတော့ မဟုတ်ပါဘူး။ လူသီးသန့်သွားဖို့အတွက် တည်ဆောက်ပေးထားတဲ့ ဂုံးတံတား ဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့ Pudong District မှာ တည်ရှိပြီး လမ်းငါးဆုံပေါ်မှာ တည်ဆောက် ထားတာ ဖြစ်ပါတယ်။ လူစည်ကားရာ မြို့ လယ်ခေါင် အဝိုင်းလည်း ဖြစ်တဲ့ အတွက် ပတ်ပတ်လည်မှာ စားသောက်ဆိုင်၊ အအေးဆိုင် နဲ့အခြားသော အပန်းဖြေ စရာနေရာများလည်း တံတားအထွက်တွေမှာ ဖန်တီးပေးထား ပါတယ်။

ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွင့်မှု လျော့နည်းဖို့နဲ့ သဘဝပတ်ဝန်းကျင် လှပရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ။ ၂၀၁၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး ယနေ့မှာဆိုရင် ကမ္ဘာ့အလှဆုံး နဲ့ အထူးခြားဆုံး ဂုံးတံတား များထဲမှာပါဝင်လာကြောင်း သိရပါတယ်။
--
Ref: trufacts
ColayOnline:Automobile

ပြောင်းဖူးနှင့် နှလုံးရောဂါ

Photo: ပြောင်းဖူးနှင့် နှလုံးရောဂါ

ပြောင်းဖူး စားသုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်သည်ဟု ကနေဒါ ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။

ပြောင်းဖူးသည် ပူနွေးစိုစွတ်သော ရာသီဥတုတွင် ဖြစ်ထွန်းသော အသီးအနှံတမျိုး ဖြစ်သည်။ ပြောင်းဖူးသည် ချိုသော အရာသာရှိသည့်အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။

ပြောင်းဖူးတွင် ဗီတာမင် ဘီ1၊ ဗီတာမင် ဘီ5၊ ဗီတာမင် စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။ ထို့အပြင် အမိုင်နိုအက်ဆစ်နှင့် အသားဓာတ်များလည်း ပါဝင်သည်။

ပြောင်းဖူး ပုံမှန် စားသုံးပေးပါက နှလုံးသွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။ ထို့အပြင် အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချနိုင်သည်ဟု အဆိုပါ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြောင်းဖူး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ရုံသာမက ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်ဟု ကနေဒါဆေးသိပ္ပံ ပညာရှင်များက ပြောကြား ခဲ့သည်။

မင်းစောထက်

အရက်သောက်ရင်(ဟာသ)

Photo: အရက်သောက်ရင်
Monday, April 1, 2013

ဓါတုဗေဒဆရာက....သူ၏ကျောင်းသားများအားအရက်သောက်ခြင်းရဲ့ဆိုးကျိုးတွေကိုလက်တွေ့စမ်းသပ်မှုတခုလုပ်ပြတယ်။

သူက အရက်တခွက်.....ရေတခွက်...နဲ့...သန်ကောင်နှစ်ကောင်ယူ
လာတယ်...

" 'ကဲ တပည့်တို့ဒီသန်ကောင်နှစ်ကောင်ကို..အသေအချာကြည့်ထားနော်.".
ဟုပြောပီး ရေခွက်ထဲကိုတစ်ကောင်..

အရက်ခွက်ထဲကိုတစ်ကောင်ထည့်လိုက်တယ်။

ရေခွက်ထဲကသန်ကောင်က....ဂျွမ်းထိုးကခုန်ပီး....ပျော်ရွှင်နေတယ်။

အရက်ခွက်ထဲကသန်ကောင်ကတော့..တွန့်လိမ်ကောက်ကွေးပီး...ခဏနေတော့..ငြိမ်သက်သေဆုံးသွားတယ်။

"ကဲ တပည့်တို့တွေ့ကြတယ်မဟုတ်လား။ဒီစမ်းသပ်မှူကိုကြည့်ပီးဘယ်လိုသင်ခန်းစာယူနိုင်လဲ" ဟု ဆရာကတပည့်တွေကိုမေးတယ်။

မောင်အောင်မော်က လက်ထောင်ပီး ထဖြေတယ်။

" အရက်သောက်တဲ့သူတွေမှာသန်ကောင်မရှိနိုင်ပါဖူး ဆရာ "....တဲ့ တိန်

ရီမောပျော်ရွှင်ပါစေ...

ရန်ကုန်ကိုထွေး

"သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်"

Photo: "သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်"
Monday, April 1, 2013

ညို့ချက် (၁)

တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)

တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)

တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက် ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေ အကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)

တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)

တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)

မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)

မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)

မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေ ကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့။

Ref: General Knowledge

Model Yu Than Dar Tin

Myanmar online news

စိတ်ကျန်းမာရေးအတွက် ကျင့်သုံးလိုက်နာရမည့် အချက် ၁၀ ချက်

Photo: စိတ်ကျန်းမာရေးအတွက် ကျင့်သုံးလိုက်နာရမည့် အချက် ၁၀ ချက်

စိတ်ကျန်းမာရေးအတွက် ကျင့်သုံး လိုက်နာရမယ့် အချက် ၁၀ ချက်ဆိုပြီး နိုင်ငံတကာ စိတ်ရောဂါပညာရှင်များက ယခုလို တိုက်တွန်း ထားပါတယ်။ 

၁။ အကောင်းမြင်ပေးပါ။

၂။ အသက်ရှင်သမျှကာလပတ်လုံး ဆက်တိုက် လေ့လာသင်ကြားမှု ပြုလုပ်ပါ။

၃။ အမှားများမှ အဖြေရှာပြီး သင်ခန်းစားယူပါ။

၎။ နေ့စဉ် ကိုယ်ကာယ လေ့ကျင့်ခန်း တစ်ခုခု ပုံမှန် ပြုလုပ်ပါ။

၅။ မလိုအပ်သော အရာများဖြင့် ဘဝကို မရှုပ်ထွေးစေပါနှင့်။

၆။ အရှုံးမပေးပါနှင့်။ ဘဝ၏ အောင်မြင်မှုကို မာရသွန်ပြေးလမ်းတစ်ခုအဖြစ် မှတ်ယူပါ။

၇။ မိမိ၏ အရည်အချင်းကို စမ်းစစ်၍ ကိုယ်တိုင် လေ့ကျင့်ပြုစုပျိုးထောင်ပါ။

၈။ မိမိပတ်ဝန်းကျင်ကို နားလည်ပေးနိုင်အောင် ကြိုးစားပါ။

၉။ ဘဝအတွက် ပန်းတိုင်ထားရှိပြီး အိပ်မက်ကို အကောင်အထည်ဖော်ပါ။ 

၁၀။ ဘာသာရေး လေ့လာလိုက်စားကျင့်ကြံအားထုတ်ပါ။ 
--
Ref: positivemed
International news for myanmar

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်သူများ သတိပြုရန်

Photo: ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်သူများ သတိပြုရန်

ကိုယ်ကြပ်ဘောင်းဘီ(စကင်နီဘာင်းဘီ/ဂျင်း)များကလူငယ်များအကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။

credit to နှင်းဆီဖူးလေးများ-Love BUDS