သိပ္ပံ ပညာရှင်များက EGCg နှင့် ကင်ဆာဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ပိတ်ဆို့တတ်သော ပရိုတိန်းတစ်မျိုးတို့ကို ဖန်တီး၍ ကင်ဆာကျိတ်များတွင် အသုံးပြုကြည့်ကြသည်။ ထိုအခါ ယင်းသို့ သုတေသနပြု စမ်းသပ်မှုသည် အရေပြားကင်ဆာဆဲလ် ၂ မျိုးတွင် ထိရောက်သော အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ စမ်းသပ်မှု၌ အဆိုပါ အရေပြားကင်ဆာ ၂ မျိုးစလုံးတွင် ကင်ဆာကျိတ်များ၏ ၄၀ ရာခိုင်နှုန်းကို ဖယ်ရှားပစ်နိုင်သည်ကို တွေ့ရှိခဲ့ရပြီး ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းတွင် ကင်ဆာကျိတ် လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းမှာမူ ကင်ဆာကျိတ် ကြီးထွားလာခြင်း မရှိတော့သည်ကို တွေ့ရသည်ဟု ဆိုသည်။
ရတနာပုံ
http://www.facebook.com/MyawadyNews
No comments:
Post a Comment