Sunday, February 24, 2013

ဆယ်ကျော်သက်အရွယ်တွင် ဆေးလိပ်သောက်သူများ အရိုးပါးရောဂါဖြစ်နိုင်ခြေများ

Photo: ဆယ်ကျော်သက်အရွယ်တွင် ဆေးလိပ်သောက်သူများ အရိုးပါးရောဂါဖြစ်နိုင်ခြေများ   .................

ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်သူတွေဟာ အရိုးထုစုဆောင်းမှု နည်းစေတာကြောင့် ကြီးလာရင် အရိုးပါးရောဂါဖြစ်နိုင်ခြေ မြင့်မားကြောင်း အမေရိကန်မှ လေ့လာမှုအရ တွေ့ရှိတာကို အရွယ်ရောက်သူများဆိုင်ရာ ကျန်းမာရေးဂျာနယ်မှာ ဖော်ပြထားပါတယ်။ သုတေသနပြုသူတွေက အရိုးပါးရောဂါရှိတဲ့ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ အရိုးကျိုးနိုင်ခြေများတဲ့ ခါးရိုးနဲ့ပေါင်နေရာရဲ့ အရိုးသိပ်သည်းဆကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။

မိန်းကလေးတွေရဲ့ ပထမဆုံးဓမ္မတာ စက်ဝန်းပေါ်ပြီး နှစ်နှစ်အတွင်းမှာ အရိုးသိပ်သည်းဆ မြင့်မားပြီး အသက်၃၀အရွယ် နောက်ပိုင်းမှာ အရိုးထုတွေစတင် ဆုံးရှုံးတတ် ပါတယ်။ လေ့လာသူတွေက အသက်၁၁နှစ်မှ ၁၉နှစ်ကြား ဆေးလိပ်နဲ့ အရက်သောက်ပြီး စိတ်ကျဝေဒနာ လက္ခဏာရှိသူ မိန်းကလေးတွေရဲ့ အရိုးသိပ်သည်းဆကို လေ့လာခဲ့ပါတယ်။

အသက် ၁၁နှစ်မှ ၁၉နှစ်ကြား ဆေးလိပ်မကြာခဏ သောက်သူတွေရဲ့ ခါးရိုးအောက်ပိုင်းနဲ့ ပေါင်ရိုးရဲ့ အရိုးသိပ်သည်းဆ နည်းပါးကြောင်းနဲ့ စိတ်ကျဝေဒနာရှိသူတွေရဲ့ အသက်အရွယ်မရွေးမှာ ခါးရိုးအောက်ပိုင်း အရိုးသိပ်သည်းဆနည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆေးလိပ်သောက်တာနဲ့ အရိုးသိပ်သည်းဆ ဆက်စပ်မှုမရှိကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

http://www.facebook.com/mg.mandalay

No comments:

Post a Comment