Thursday, September 27, 2012

အမြန်ဆုံး ရင်ပူသက်သာအောင်


မကြာခဏ ရင်ပူတာက နေထိုင် စားသောက်မှု ပုံစံနဲ့ ဆက်စပ် နေတတ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာနဲ့ အစား အသောက်ကို နည်းနည်းနဲ့ မကြာခဏ စားတာတွေဟာ ရင်ပူတာကို သက်သာ စေနိုင်ပေမယ့် လတ်တလော ရင်ပူနေလို့ နေရတာ မသက်မသာ ဖြစ်နေရင် ပြုလုပ်သင့်တဲ့ နည်းတွေကို ရေးသားလိုက် ရပါတယ်။
ပီကေဝါးပါ
ပီကေ ဝါးတာကြောင့် တံတွေး အထွက်များကာ အစာရေမျိုပြွန်ဆီကို အစာအိမ် အက်စစ်တွေ ပြန်တက်ကာ ပူလောင်တဲ့ ခံစားချက်မျိုး မဖြစ်အောင် ဖြစ်တတ်ပါတယ်။
ချင်း(ဂျင်း) စားပါ
ချင်းတက်ဟာ ရိုးရာ အစာအိမ် ဝေဒနာ သက်သာစေတဲ့ ဆေးဖက်ဝင် အစာပါ။ ရင်ပူနေချိန်မှာ ချင်းပါးပါး တစ်လွှာ ဒါမှမဟုတ် ချင်းခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို မှီဝဲပေးပါ။
မုန်ညင်းရွက်စားပါ
အဝါရောင် မုန်ညင်းမှုန့်ကို လက်ဖက်စားဇွန်း တစ်ဇွန်းလောက် စားပေးတာက ရင်ပူတာကို သက်သာစေပါတယ်။
ဗာဒံစေ့စားပါ
ထမင်းစားပြီး ဗာဒံစေ့ နှစ်စေ့၊ သုံးစေ့လောက် စားပေးတာက ရင်ပူ သက်သာစေပါတယ်။

ကေအမ် (Ref;RD)
By Good Health
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7996475&xgs=1&xg_source=msg_share_post

No comments:

Post a Comment