အမြင်အာရုံမျက်လုံးနှင့် အကြောပိုင်းဆိုင်ရာအားနည်းခြင်းရောဂါဝေဒနာကို
လူအများ တိုးတက်ဖြစ်ပေါ်လာနေသည့် အတွက်အသိပေး တင်ပြခြင်းဖြစ်ပါသည် ။
ကျန်းမာရေး အသိတွေရတော့ ရှောင်သင့်တာကိုရှောင်လိုက်ခြင်းဖြင့် ရောဂါများ
များပြားလာခြင်း သို့ တည်းမဟုတ် တိုးပွားနိုင်လာခြင်း လျှော့နည်းပါလိမ့်မည် ။
မြို့ ပြတောရွာမကျန် အိုင်တီခေတ်ကြောင့် နည်းပညာနှင့် အသုံးဆောင်ပစ္စည်းတွေ
သုံးစွဲမှု့ မြင့်မားလာခြင်းနှင့် အတူ မသိမသာ သုံးစွဲသူ လူတစ်ယောက်တွင်
ကျန်းမာရေးဆိုင်ရာ တစ်ချို့ တစ်လေ အားနည်းလာပါတယ် ဒါကလဲ သတိမထားမိတော့
မဖြစ်ဘူးလို့ ထင်နေကြမှာပါ ။
တစ်ချို့ မိဘတွေ
ကိုယ့်ကလေးငယ်ငယ်လေးတွေကို MP-4 နှင့် တစ်ခြား အိုင်တီခေတ်ပစ္စည်းများကို
ပေးကိုင်ခိုင်းခြင်း ပြု့ လုပ်စေပါတယ် တကယ်တမ်းမှာ ရုပ်မြင်စေသည့်
ဖန်ပြားပြင်သည့် နုနယ်သော ကလေးတွေမှာ ကြာလာသည့်နှင့် အမျှ အမြင်အာရုံကို
ချိုးတဲ့ ထိခိုက်စေပါသည် ။
ခေတ်ကာလအတွင်းက အရွယ်ရောက်
ယောင်္ကျားလေးများနှင့် မိန်းကလေးများတို့ သည့် မိမိလက်ကိုင်ဖုံးမှနေပြိး
အင်တာနက်ကို အချိန်ကြာမြင့်စွာ တစိုက်မတ်မတ် သုံးစွဲလာကြပါတယ် အဲလို
့အမြင်ကို ကျန်းမာရေးအရ ပြောရရင် မကောင်းပါဘူး လူ့ ခန္ဓာကိုယ့်
ကြာလာသည့်နှင့်အမျှ ကျန်းမာရေး ချိုးတဲ့လာဖို့ သာ ရှိပါတော့တယ်
ကျန်းမာရေးမကောင်းလာခဲ့ရင် ကျန်သည့်အသိပညာတွေ အချည်းအနှီးသာဖြစ်လာပါတယ်
ဒါကြောင့် သုံးစွဲသူများ သိရှိစေလိုပါသည် ။
မိမိ
အာရုံစူးစိုက်ကြည့်နေသည့် မြင်ကွင်းသေးသေးများကို ကြာချိန် ၁၀
မိနစ်ထက်မပိုဘဲ မျက်စိ မှစူးစိုက်စွာကြည့်ခြင်းမျိုး ရှောင်ရှားပေးပါ ။
မျက်လုံးကို တစ်နေရာသို့  မကြာမကြာလွဲပြောင်းကြည့်ပေးသင့်ပါတယ် ။
ခေါင်းငုံခြင်းဖြစ်နေသည့်အတွက် မကြာခဏ ခေါင်းမတ်ပေးခြင်း ခေါင်းကို
နောက်ပြန် အကြောပြေစေရန် လုပ်ဆောင်ပေးခြင်းမျိုးနှင့် ဦးခေါင်းကို ဘယ်ညာ
လှဲ့ ပေးခြင်း မဖြစ်မနေ လုပ်ပေးသင့်ပါသည် ။
လက်အနေအထားမှာ
ကွေးနေသည့် ပုံစံဖြင့် သုံးစွဲလွန်လာခဲ့ရင် လက်နှစ်ဖက်မှာ ထုံတာတွေ
ကျင်တာတွေ တဖြေးဖြေးဖြစ်ပေါ်လာပြီး နောက်ပိုင်း လက်လှုပ်ရှားခြင်းတွက်
မိမိကိုယ်ကိုယ့် လှုပ်ရှားမှု့ အားမရဖြစ်လာတက်ပါတယ် ဒါကြေင့်
အိုင်တီနှင့်ပတ်သက်သည့် အသုံးဆောင်များကို အချိန်ကြာမြင့်စွာ သုံးစွဲရန်
မသုံးသင့်ကြောင်ကို ကျန်းမာရေး အမြင်ဖြင့် အသိပေးပြောကြားလိုပါသည် ။
အသက်ရာကျော်ရှည်ပါစေ