ဘုရားကို စင်လေးနဲ့ တင်ပြီးကိုးကွယ်တာကို ဘုရားစင်...
ဘုရားကို အခန်းတစ်ခန်း သီးသန့်ဖွဲ့ပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားခန်း...
ဘုရားကို ကျောင်းဆောင်လေး တစ်ဆောင်သီးသန့် ထားပြီး ကိုး
ကွယ်တာမျိုးကျတော့ ဘုရားကျောင်း...
အသီးသီး ခေါ်ဆိုကြပါတယ်...
ခုခေတ်တော့ တချို့ က ဘုရားစင်လို့ မခေါ်ကောင်းဘူး...
နတ်စင်နဲ့ အခေါ်အဝေါ်တူနေလို့ ဘုရားကျောင်းလို့ ခေါ်ရမယ်...
ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာပါတယ်...
ဒီနေရာမှာ ပြောစရာရှိတာက အခန်းတစ်ခန်း သီးသန့်ထားပြီး ကိုးကွယ်တဲ့
အခန်းလေးနဲ့၊ အဆောင်လေးတစ်ဆောင် သီးသန့် ဆောက်ပြီး ကိုးကွယ်တဲ့
ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီလေးတွေကိုတော့ ဘယ်သူမှ ဘုရားစင်လို့
ခေါ်မှာမဟုတ်ပါဘူး၊ဘုရားခန်း၊ဘုရားကျောင်းလို့ပဲ ခေါ်ကြမှာပါ။
သို့သော်လည်း တချို့အိမ်များမှာ ကျယ်ကျယ်ဝန်းဝန်းနေရာ မရှိတဲ့ အတွက်
ဘုရားရှင်ကိုစင်လေးနဲ့ပဲတင်ပြီး ပူဇော်ကြရပါတယ်၊ ဒါမျိုးကျတော့
ဘုရားစင်လို့ပဲ ခေါ်ကြမှာပါ...
တကယ်တော့ ဘုရားစင်၊
ဘုရားကျောင်း၊ ဘုရားခန်းဆိုတာတွေဟာ အမည်ပညတ်မ
ျှသာဖြစ်ပြီးအနှစ်သာရကတော့ကိုးကွယ်ဆည်းကပ်မှုသာဖြစ်ပါတယ်။ ကိုယ်က
နေရာကျယ်ကျယ် မရှိလို့ စင်လေးနဲ့ပဲ ကိုးကွယ်ထားပြီး၊ အမည်ကိုလည်း
ဘုရားစင်လို့ပဲ ခေါ်ပါတယ်၊ ဒါပေမယ့် ဘုရားကို သက်ရှိထင်ရှား
ဘုရားလို့ပဲ စိတ်မှာမှန်းပြီး ဆွမ်း၊ ပန်း၊ ရေချမ်း အမြဲမပြတ်
ဆက်ကပ်လှူဒါန်းနေမယ်ဆိုရင်...
သမေ စိတ္တေသမံဖလံ...
ကြည်ညိုတဲ့ စိတ်တူတဲ့ အတွက် တူညီတဲ့ အကျိုးပေးမှာပါ...
ဘုရားကို စင်နဲ့ ကိုးကွယ်ထားတယ်၊ ခေါ်တာတော့ ဘုရားစင်လို့ မခေါ်ဘူး၊
ဘုရားကျောင်းလို့တော့ ခေါ်ပါရဲ့၊ ဒါပေမယ့် ဘုရားကို ဆွမ်းမှ မှန်မှန်
မကပ်ဘူးဆိုရင်ဘာအကျိုးမှ ရမှာမဟုတ်ပါဘူး...
ဘုရားစင်လို့ပဲ
ခေါ်ခေါ်၊ဘုရားကျောင်းလို့ပဲ ခေါ်ခေါ်၊ဘုရားခန်းလို့ပဲ ခေါ်ခေါ်
တကယ်ကြည်ညိုတဲ့ အနှစ်သာရကသာ အဓိကကျပါတယ်၊ အခေါ်အဝေါ်ဟာ အပေါ်ယံ ပညတ်မျှသာ
ဖြစ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးအတွက် သိပ်ပြီးအထောက်အပံ့ မဖြစ်လှပါဘူး...
လိုရင်းကတော့ ...
အခန်းနဲ့ ကိုးကွယ်ရင် ဘုရားခန်း...
အဆောင်နဲ့ ကိုးကွယ်ရင် ဘုရားကျောင်းဆောင်...
စင်နဲ့ ကိုးကွယ်ရင် ဘုရားစင်... ခေါ်နိုင်ပါတယ်...
ဘယ်လိုပဲ ခေါ်ခေါ် ကုသိုလ်စိတ်နဲ့ ဆည်းကပ်ပူဇော်မှုသာ လိုရင်းပါ...
(အရှင်တေဇာနန္ဒ - ရွှေဘုန်း ( 3Oct,2013 )