သူငယ်ချင်းတွေအတွက် လူချစ်လူခင်ပေါစေမယ့် 
အရိုးရှင်းအလွယ်ကူဆုံးနည်းလမ်းကောင်းလေးတစ်ခုကို ဖတ်မှတ်မိသလောက် ပြန်လည် 
မျှဝေလိုက်ပါတယ်ဗျ..
  လုပ်ရမယ့် အချိန်ကတော့ မနက်မိုးလင်းအိပ်ယာကထလို့ မျက်နှာသစ်တဲ့အချိန်လေးမှာပါ.
  ပထမဆုံးကိုယ်မျက်နှာသစ်ဖို့ရေတစ်ခွက်ကိုခပ်လိုက်ပါ..ပြီးရင် 
ရေခွက်ကိုကိုင်ရင်း သရနဂုံသုံးပါးကို ရွတ်ဆိုပါ..ပြီးရင် အောက်ပါအတိုင်း 
မျက်နှာကို ရေနဲ့တစ်ခါပွတ်တိုင်း တစ်ခု အစဉ်အတိုးရွတ်ဆိုမေတ္တာပို့ပါ..
 ၁။  မိမိကိုယ်မိမိ ဆုတောင်းပါ..
 ၂။ မိမိချစ်ခင်သူကို မေတ္တာပို့ ဆုတောင်းပါ..
 ၃။ မိမိအားမုန်းသူ/မလိုသူကို မေတ္တာပို့ ဆုတောင်းပါ..
 ဥပမာ - ၁။ ဤရေ အေးမြသလို အကျွန်ုပ်လည်း အေးမြပါစေ..
၂။ ဤရေအေးမြသလို အကျွန်ုပ်ချစ်ခင်နှစ်သက်သော ----- လည်း အေးမြပါစေ..
၃။ ဤရေအေးမြသလို အကျွန်ုပ်အား မုန်းသော မလိုသော ----- လည်း အေးမြပါစေ..
   (ကွပ်လပ်နေရာတွင် နာမည်ကို ဖြည့်စွက်ရွတ်ဆိုပါ)
 မိမိအား မုန်းသူ/မလိုသူအား ဆုတောင်းမေတ္တာပို့သတဲ့ အချိန်ခဏမှာ 
မိမိ၏စိတ်မှ ထိုသူအား ဘယ်လောက်နာကျည်းမုန်းတီးသည်ဖြစ်စေ သူ့အတ္တ သူစာရိတ္တအား
 နားလည်ခွင့်လွှတ်နိုင်သည့်ဘက်မှ နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားပြီး 
အမှန်တကယ် ထိုသူအား သာယာအေးချမ်းစေလိုသော မေတ္တာစိတ်ဖြင့်ဆုတောင်းပါ..